အီဂျစ်နိုင်ငံတွင် မြေဧကပေါင်း ၂၅၀၀ ခန့်ကို developer တို့အား အစိုးရမှ ရောင်းချမည်ဟုဆို

အီဂျစ်နိုင်ငံတွင် မြေဧကပေါင်း ၂၅၀၀ ခန့်ကို developer တို့အား အစိုးရမှ ရောင်းချမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Dec 2016 11:10 am တွင် တင်ခဲ့သည်
866 ကြိမ် ကြည့်ရှု့ပြီး
အီဂျစ်အစိုးရသည် လာမည့်ဘဏ္ဍာရေးနှစ်တွင် မြို့ပြသစ်အသိုက်အ၀န်းအာဏာပိုင်အဖွဲ့ (Nuca) ၏ ဘဏ္ဍာငွေကို အီဂျစ်ငွေ ၅၀ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၂၄ ဘီလီယံ) အထိ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မြို့သစ်များရှိ မြေဧကပေါင်း ၂၅၀၀ ခန့်ကို developer တို့အား ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

အီဂျစ်အိုးအိမ်ဝန်ကြီးဌာနသည် လက်ရှိအားဖြင့် စီမံကိန်းကြီး ၂ ခု အကောင်အထည်ဖော်လျက်ရှိသည်။
ပထမတစ်ခုမှာ အုပ်ချုပ်ရေးမြို့သစ်ဖြစ်ပြီး မြေဧကပေါင်း ၁၆၈၀၀၀ ခန့်ပေါ်တွင် တည်ဆောက်လျက်ရှိရာ ယင်းအကျယ်အဝန်းမှာ ကိုင်ရိုမြို့သစ်ထက် နှစ်ဆခန့် ကျယ်ဝန်းသည်။

ဒုတိယစီမံကိန်းမှာ အီဂျစ်နိုင်ငံကို နိုင်ငံတကာတွင် အချက်အခြာတစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ မြို့သစ်များ ဆောက်လုပ်ရန် ဖြစ်သည်။

အုပ်ချုပ်ရေးမြို့သစ်တည်ဆောက်မှုကို ကန့်ကွက်မှုများရှိသော်လည်း ယင်းမှာအလွန်အရေးကြီးကြောင်း အိုးအိမ်ဝန်ကြီး မော့စ်တာဖာ မက်ဒ်ဘူလီက ပြောကြားသည်။

အုပ်ချုပ်ရေးမြို့သစ်စီမံကိန်းကို Nuca က ဘဏ္ဍာငွေထုတ်ပေးခြင်းဖြစ်ပြီး ယခင်ငါးနှစ်တာကာလအတွင်း အီဂျစ်ငွေ ၅ ဘီလီယံ (ကန်ဒေါ်လာ ၃၂၅ သန်း) သာ ရန်ပုံငွေရှိခဲ့ရာမှ လက်ရှိဘဏ္ဍာရေးနှစ်တွင် အီဂျစ်ငွေ ၃၇ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ) အထိ မြင့်တက်လာရာ ဘဏ္ဍာငွေများစွာတောင့်တင်းသွားပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ် ၅၀ အတွင်း အုပ်ချုပ်ရေးမြို့သစ်တည်ဆောက်ရန် နှောင့်နှေးခဲ့ရခြင်းမှာ အီဂျစ်တွင် နိုင်ငံဧရိယာ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းတွင်သာ လူနေထိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ယခုအခါတွင်မူ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီဖြစ်သောကြောင့် သတ်မှတ်ချိန် ပြီးစီးအောင် ဆောက်လုပ်နိုင်ရန် အဆောတလျင် တည်ဆောက်လျက်ရှိကြောင်းလည်း မက်ဒ်ဘူလီက ပြောကြားသည်။

“၂၀၅၂ ခုနှစ်မတိုင်မီ အီဂျစ်မှာ လူအခြေချနေထိုင်တဲ့ဧရိယာကို ၁၂ ရာခိုင်နှုန်းအထိ ၂ ဆ မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။ မြေဧက ၅၀၀၀ ကနေ ၈၀၀၀ ကြားမှာ လူနေအိမ်တွေ ဆောက်လုပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု ၀န်ကြီးက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

Villa Shukhinthar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service