ဗဟုသုတ | Posted by စည်သူအောင်
ဥပဒေနှင့် မညီညွတ်သော အကြောင်းချင်းရာ အဖိုးစားနား၊ ရည်ရွယ်ချက်ရှိသော ကိစ္စရပ်အား ပဋိဉာဉ်ပြု၍ မရပါ။ပဋိဉာဉ်တစ်ရပ်မှာ ကတိနှင့် အဖိုးစားနားရှိရန် လိုအပ်ပြီး အပြန်အလှန်ကတိများနှင့် အဖိုးစားနားများသည် ဥပဒေနှင့်ညီညွှတ်လျှင် ပဋိညာဉ်တစ်ရပ် ဖြစ်စေပါသည်။
ပဋိညာဉ်တစ်ရပ်သည် မူလကပင် သဘောတူညီချက်များ ပျက်ပြယ်စေလျက်ရှိပြီး နောက်မှ အဆိုပါ ပျယ်ပြယ်နေသော ကိစ္စရပ်ကိုတွေ့ရှိလျှင်လဲ ပုဒ်မ - ၆၅ အရ ပျယ်ပြယ်နေသော ပဋိညာဉ်ပင် ဖြစ်ပါသည်။ ဥပဒေနှင့်အညီ ချုပ်ဆိုထားပြီး မူလက စာချုပ်အထမြောက်သော်လည်း နောက်ပိုင်း အကြောင်းအရာတစ်ခုခုကြောင့် ပျက်ပြယ်သွားရသည့် ကိစ္စရပ်များလဲရှိနိုင်ပါသည်။ ဥပမာ- ဥပဒေ တစ် ရပ်ရပ်အား ပြဌာန်းလိုက်ခြင်းကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့သော ကိစ္စရပ်များ ကြောင့် ပဋိညာဉ်ပျက်ပြယ်သည်များလဲ ရှိပါသည်။
ပဋိညာဉ်တစ်ရပ် ပျက်ပြယ်လျှင် ပဋိညာဉ်နှင့် စပ်လျဉ်း၍ အကျိုးကျေးဇူး ရရှိထားသူသည် အကြောင်းချင်းရာပေါ် မူတည်၍ တစ်ဖက်သို့ ပြန်လည်ပေးအပ်ရန် တာဝန်များရှိသလို အကျိုးအမြတ်ကို ပြန်ပေးရန်မလိုသည့်ကိစ္စရပ်များလဲ ရှိပေသည်။ ဥပမာ- ဝယ်ယူသူမှ လွှဲပြောင်းရောင်းချပိုင်ခွင့် မရှိသော ပစ္စည်းတစ်ရပ်အား ဝယ်ယူမိလျှင် ပဋိညာဉ် ပျက်ပြယ်နေခြင်းဖြစ်ပါက ပစ္စည်းတန်ဖိုးအား ပြန်လည်ရပိုင် ခွင့်ရှိသည်။
ပုဒ်မ- ၂၃ အရ တရားဥပဒေအရ တားမြစ်သောအချက်၊ ခွင့်ပြုပါက တရားဥပဒေတစ်ရပ်ရပ်၏ ပြဌာန်းချက်အား ပျက်ပြယ်စေသောအချက်၊ လိမ်လည်ရာရောက်ခြင်း၊ ပစ္စည်းကိုဖြစ်စေ၊ လူကိုဖြစ်စေ အကျိုးတစ်စုံတစ်ရာ ပျက်စီးစေခြင်း၊ အကျင့်စာရိတ္တပျက်ပြယ်စေခြင်း ၊ အများပြည်သူအား ဆန့်ကျင်စေသော ကိစ္စရပ်များအား ချုပ်ဆိုသော ပဋိညာဉ်မှာ ပျယ်ပြယ်မည် ဖြစ်ပါသည်။
ပျယ်ပြယ်သော ပဋိဉာဉ်တစ်ရပ်နှင့် စပ်လျဉ်း၍ တဖက်မှ အကျိုးအမြတ်ကို တောင်းယူခြင်းသည့် ပဋိညာဉ်ချိုးဖောက်သဖြင့် လျော်ကြေးငွေ တောင်းဆိုရခြင်းနှင့် မတူညီပါ။ ပဋိညာဉ်ချိုးဖောက်သဖြင့် လျော်ကြေးငွေတောင်းဆိုခြင်းမှာ ပုဒ်- ၇၃ နှင့် သက်ဆိုင်ပြီး ပဋိညာဉ်တစ်ရပ်ချုပ်ဆိုပြီး တဖက်မှ ဆုံးရှုံး နစ်နာမှုရှိမှ တောင်းဆိုရခြင်းဖြစ်ပါသည်။
ပျက်ပြယ်နေသော ပဋိညာဉ်ကို ဖျက်သိမ်းလိုလျှင်လဲ ပုဒ်မ-၆၆ အရ နို့တစ်စာပေးပို့ အကြောင်း ကြားခြင်း၊ စာချုပ်ဖျက်သိမ်းခြင်း၊ နုတ်သိမ်းခြင်းအား နည်းလမ်းတကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com