ဗဟုသုတ | Posted by ဇာနည်ကျော်
ကွန်ကရစ်ဖျော်ရာမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် ဘယ်လောက်ကုန်မလဲ ❓
အကြမ်းဖျင်းလေး တွက်ကြည့်ရအောင် ....
✅ လိုချင်တဲ့ကွန်ကရစ်ရဲ့ထုထည်က ရေရောပြီးသားကွန်ကရစ်အစိုပါ။ ၁:၁:၂ ဆိုတဲ့ထုထည်အချိုးကအခြောက် ပွနေတဲ့အချိုး။ ဆိုတော့ အပွနဲ့သိပ်သည်းကွန်ကရစ်အစိုကြားက ဆက်သွယ်မှုတခုဖြစ်တဲ့ ..... wet concrete × 1.54 = dry concrete သဘောက ကွန်ကရစ်က ဖျော်ပြီးလို့ သိပ်သည်းသွားရင် ထုထည်တဝက်နီးပါးလောက်ထိကျသွားတယ်ပေါ့လေ ။ အဲ့တော့ လိုချင်တဲ့ကွန်ကရစ်အစိုကို အခြောက်အခြေအနေပြောင်းဖို့ 1.54 နဲ့မြှောက်ပါမယ် ။ 100 × 1.54 = 154 Cuft
✅ ၁၅၄ ကုဗပေရပါတယ်။ အဲ့တော့ ၁:၁:၂ အချိုးမှာ ဘိလပ်မြေဘယ်လောက် ၊ သဲဘယ်လောက် ၊ ကျောက်ဘယ်လောက်ဆိုတာကို ခန့်မှန်းကြည့်ပါမယ်။ ၁+၁+၂ = ၄
✅ ဘိလပ်မြေပမာဏ = (၁÷၄)×၁၅၄ = ၃၈.၅ကုဗပေ ၁၀% အလေအလွင့် = ၃၈.၅×၀.၁ = ၃.၈၅ ဘိလပ်မြေပမာဏ = ၃၈.၅+ ၃.၈၅= ၄၂ ကုဗပေ ( 50 kg ဘိလပ်မြေတအိတ်ရဲ့ထုထည်က ၁.၂ကုဗပေ လောက်ရှိပါတယ် )
✅ သဲပမာဏ = ၃၈.၅ + ၃.၈၅ = ၄၂ ကုဗပေ ( သဲ၁ကျင်းမှာ ၁၀၀ ကုဗပေရှိပါတယ်) ဒီတော့ ... သဲကျင်းအရေအတွက် = ၄၂÷၁၀၀ = ၀.၄၂ကျင်း ( ကျင်းဝက်ခန့် ) ကျောက်ပမာဏ= (၂÷၄)×၁၅၄ = ၇၇ ကုဗပေ ၁၀% အလေအလွင့် = ၇၇×၀.၁ = ၇.၇
✅ ကျောက်ပမာဏ = ၇၇+၇.၇ = ၈၄.၇ ကုဗပေ ( ကျောက် ၁ ကျင်းမှာ ၁၀၀ ကုဗပေရှိပါတယ်) ဒီတော့ ... ကျောက်ကျင်းအရေအတွက် = ၈၄.၇÷၁၀၀ = ၀.၈၄၇ကျင်း (၁ကျင်းခန့် ) ဒီတော့ ၁:၁:၂ ထုထည်အချိုးနဲ့ ၁၀၀ ကုဗပေ ထုထည်ပမာဏရှိတဲ့ကွန်ကရစ်ရဖို့ ...... ဘိလပ်မြေ = ၃၅ အိတ်ခန့် သဲ= ကျင်းဝက်ခန့် ကျောက်= ၁ ကျင်းခန့် ကုန်မယ်လို့ ခန့်မှန်းရရှိပါတယ်။
❗ မှတ်ချက်အနေနဲ့ ထုထည်အချိုးထက် အလေးချိန်အချိုးနဲ့ ဖျော်စပ်သွန်းလောင်းတာက ပိုကောင်းပါတယ်။ လက်ဖျော်ထက် စက်ဖျော်က ကွန်ကရစ်မွှေရာမှာ ပိုပြီးနှံ့စပ်စေပါတယ်။
အခုမျှဝေပေးခဲ့တာက ကွန်ကရစ်ဖျော်စပ်တဲ့အခါ အချိုးအားဖြင့် ခန့်မှန်း ဘိလပ်မြေဘယ်လောက်၊ သဲဘယ်လောက်၊ ကျောက်ဘယ်လောက် ထည့်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ပြန်လည်ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: original writer