တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ်သူက တိုက်ခန်း ၃ ခန်းနှင့် မော်တော်ကားများ လက်ဆောင်ပေး သော်လည်း လက်မခံဘဲ ရိုးရှင်းသောဘဝတွင်သာ နေထိုင်ဖြတ်သန်း

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ်သူက တိုက်ခန်း ၃ ခန်းနှင့် မော်တော်ကားများ လက်ဆောင်ပေး သော်လည်း လက်မခံဘဲ ရိုးရှင်းသောဘဝတွင်သာ နေထိုင်ဖြတ်သန်း - Property Knowledge in Myanmar from iMyanmarHouse.com
18 Dec 2024 10:10 am တွင် တင်ခဲ့သည်
1376 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ရုပ်ရှင်ပရိသတ်များအနေဖြင့် ဇာတ်ဆောင်မင်းသား၊ မင်းသမီးမှာ စားရမဲ့ သောက်ရမဲ့ ဆင်းဆင်းရဲရဲ ဘဝမျိုးမှ နောင်အခါတွင် မိဘများမှာ သူဌေးကြီးများဖြစ်သည်ကို သိလိုက်ရပုံဇာတ်လမ်းများ မကြာခဏ ကြည့်ဖူးကြမည် ဖြစ်သည်။

ထိုသို့သော ဇာတ်လမ်းမျိုးမှာ စိတ်ကူးယဉ် ဝတ္ထု၊ ရုပ်ရှင်များတွင်သာ တွေ့ရသည်မဟုတ်ဘဲ အပြင်လောကတွင် လည်း ရှိနေသည်။

တကယ့်ဖြစ်ရပ်သည် ရုပ်ရှင်ထက်ဆန်းကြယ်သည်ဟူသော စကားလည်းရှိသည်။

တရုတ်ပြည်တွင် လူငယ်တစ်ဦးသည် မိဘမဲ့ဘဝဖြင့် ငယ်ဘဝကို ဖြတ်သန်းခဲ့ရပြီး မိဘများမှာ သန်းကြွယ်သူဌေးများဖြစ်ကြောင်း မကြာသေးမီက သိရှိလာသည်။

အဆိုပါလူငယ်သည် နို့စို့ကလေးအရွယ်ကတည်းက ပြန်ပေးဆွဲခံခဲ့ရပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ်ကမှ မိဘများနှင့် ပြန်လည်ဆုံစည်းခဲ့ခြင်းဖြစ်သည်။

ချမ်းသာကြွယ်ဝသော ဖခင်ကြီးက ပြန်လည်ဆုံစည်းရသောသားကို တိုက်ခန်း ၃ ခန်းနှင့် ကားတစ်စင်း ပေးခဲ့သော်လည်း လူ့ပေါ်ကြော့ မဖြစ်လိုသော လူငယ်က ငြင်းပယ်ခဲ့မှုကြောင့် သူ၏ဖြစ်ရပ်မှာ ထိပ်တန်း သတင်းတစ်ပုဒ် ဖြစ်လာသည်။

လူငယ်၏ အမည်မှာ ရှဲ့ကျင်းရွှေ (Xie Qingshuai) ဖြစ်ပြီး အသက် ၂၆ နှစ်ဖြစ်ကာ လက်ရှိအားဖြင့် တရုတ်ပြည်မြောက်ပိုင်း ဟီဘေးပြည်နယ်၊ Xingtai မြို့တွင် နေထိုင်သူ ဖြစ်သည်။

ရှဲ့ကျင်းသည် ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် ပြန်ပေးဆွဲခံခဲ့ရပြီး ထိုစဉ်က ၃ လသားအရွယ်သာ ရှိသေးသည်။

ရှဲ့ကျင်း၏ မိဘများမှာ ဆောက်လုပ်ရေးကုမ္ပဏီများစွာ ပိုင်ဆိုင်ထားသော အောင်မြင်သည့် လုပ်ငန်းရှင်များ ဖြစ်ကြသည်။

ရှဲ့ကျင်း၏ မိဘများသည် သားဖြစ်သူကို ဆယ်စုနှစ်နှင့်ချီပြီး လိုက်လံရှာဖွေခဲ့ရာတွင် ယွမ် ၁ သန်း (ကန်ဒေါ်လာ ၁၄၀၀၀၀ ) ခန့် ကုန်ကျခဲ့သည်။

ရှဲ့ကျင်းနှင့် သူ၏ မိဘများသည် ဆယ်စုနှစ် ၂ ခုကျော်အကြာ ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင်မှ ပြန်လည်ဆုံစည်းခဲ့ကြသည်။

ဒီဇင်ဘာ ၅ ရက်တွင် ရှဲ့ကျင်းသည် “ရှန်တုံ ရေဒီယိုနှင့် ရုပ်မြင်သံကြား” ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖခင်ဖြစ်သူက တိုက်ခန်းများနှင့် မော်တော်ကား ပေးခဲ့သော်လည်း မိမိက ငြင်းပယ်ခဲ့ကြောင်း ထုတ်ဖော်ပြောပြခဲ့သည်။

ရုတ်တရက်ကြွယ်ဝချမ်းသာသွားမှုကို လက်ခံလိုက်လျှင် မိမိ၏ ခံယူရပ်တည်ချက်များကို ပြောင်းလဲသွားစေ နိုင်ပြီး မဆင်မခြင် သုံးဖြုန်းနေထိုင်သည့် လူ့ပေါ်ကြော့တစ်ဦး ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ရှဲ့ကျင်းက ပြောသည်။

(ရုတ်တရက် ချမ်းသာသွားမှုသည် ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် ခံယူချက်ပြောင်းလဲသွားမည်ကို ရှဲ့ကျင်းက ရတက်မအေးဖြစ်နေသည်။ ဓာတ်ပုံ-Baidu)

“ဒါတွေကို လက်ခံလိုက်ရင် ကျွန်တော့်ရဲ့ ခံယူချက် ပြောင်းလဲသွားမှာ စိုးရိမ်ပါတယ်။ ရုတ်တရက် သူဌေးသား လူ့ပေါ်ကြော့ ဖြစ်သွားတာဟာ Hello Mr Billionaire ရုပ်ရှင်ဇာတ်ကားက ဇာတ်လိုက်မင်းသားကို သတိရစေပါတယ်။ ဆင်းဆင်းရဲရဲကနေ ရုတ်တရက်ချမ်းသာသွားပြီး သုံးဖြုန်းပျော်ပါးနေတဲ့ ဇာတ်လမ်းပါ။ ကျွန်တော် အဲ့လိုဘဝမျိုးနဲ့ အဆုံးသတ်ရမလား” ဟု ရှဲ့ကျင်းက ပြောသည်။

(Hello Mr Billionaire သည် ၂၀၁၈ ခုနှစ်က ရုံတင်ခဲ့သော တရုတ်ဟာသဇာတ်မြူးရုပ်ရှင်ဖြစ်သည်။ အောင်မြင်မှုမရသော ဂိုးသမား၊ ဘောလုံးသမားဘဝဖြင့် ဖြတ်သန်းနေရသော ဇာတ်ဆောင်သည် ဘီလျံနာ သူဌေးကြီးတစ်ဦး၏ အမွေခံဖြစ်ကြောင်း သိလာရသည်။ ထိုသို့ သိလာရပြီးနောက် ယွမ် ၃၀ ဘီလီယံ အမွေကို ဆက်ခံနိုင်ရန်အတွက် ရက်ပေါင်း ၃၀ အတွင်း ယွမ် ၁ ဘီလီယံကို သုံးဖြုန်းပြရပုံ ရိုက်ကူးထားခြင်း ဖြစ်သည်)

ရှဲ့ကျင်းက ချစ်သူမိန်းကလေးနှင့် လက်ထပ်လိုကြောင်း၊ မိမိ၏ ဝင်ငွေမှာ ယွမ် ထောင်ဂဏန်းမျှသာရှိသော်လည်း မိမိဘာသာ ကားဝယ်နိုင်ကြောင်း ဖခင်အား ပြောကြားခဲ့သည်။

(မိသားစုနှင့် ပြန်လည်ဆုံစည်းပြီးနောက် ရှဲ့ကျင်းသည် live-streaming အလုပ် လုပ်ကိုင်လျက်ရှိသည်။ ဓာတ်ပုံ-Baidu)

သူ၏ ပထမဆုံး live-stream ၅ ခုမှာ ကြည့်ရှုမှုအကြိမ်ရေ သန်း ၂၀ ကျော်ရှိခဲ့ပြီး ယွမ်ငွေ သန်း ၅၀ ကျော် (ကန်ဒေါ်လာ ၇ သန်း) ဖိုး ရောင်းချခဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese man reunites with millionaire parents after 26 years, rejects wealth to stay humble (scmp) Photo Credit-Baidu

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service