ဗဟုသုတ | Posted by အေးမြတ်သူ
မြေငှားဂရန်လျှောက်ထားမည်ဆိုပါက အသက်(၁၈)နှစ်ပြည့်သူ၊ စိတ်ပေါ့သွပ်သူမဖြစ်ရပါ။ မြေငှားဂရန် လျှောက်ထားခွင့်ရှိသူသည် နိုင်ငံသားဖြစ်ရမည်ဖြစ်ကာ သတ်မှတ်ထားသော မြေငှားခအားလဲ ပေးဆောင်နိုင် သူဖြစ်ရမည်ဖြစ်ပါသည်။
မြေငှားစာချုပ်များ ထုတ်ပေးသည့်အခါ နှစ်ရှည်နှင့် နှစ်တိုစည်းကမ်း သတ်မှတ်ချက်များဖြင့် ထုတ်ပေးခြင်းဖြစ်ကာ အောက်ပါမြေအမျိုးအစားများမှာ မြေငှားဂရန်ထုတ်ပေးနိုင်သော မြေအမျိုးအစားများ ဖြစ်ပါသည်။
- ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ဥပဒေနှင့်အညီ လွှဲပြောင်းရယူထားပြီး ကော်မတီအမည်ပေါက် ရှိပြီးမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျမြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊ ဂရန်ပေးစီမံချက်မြေတို့ကို မြေငှားဂရန် လျှောက်ထားခွင့်ရှိပါသည်။
၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်း ဥပဒေအရ ပြုလုပ်သော နည်းဥပဒေ ၄၄(က)(၂) အရ လည်းကောင်း၊ အောက်မြန်မာနိုင်ငံတွင် ၁၈၉၈ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ အရပြုလုပ်သော နည်းဥပဒေ-၁၇အရ လည်းကောင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက်ဖြစ်ပါက ၁၉၁၃ ခုနှစ် မြို့နှင့် ကျေးရွာမြေများဆိုင်ရာ အမိန့်ဆင့်ဆိုချက် ၄၅(ခခ)အရလည်းကောင်း ၊ မြေငှားရမ်းခ နှုန်းထားများကို မြေ၏ကာလတန်ဘိုး၊ ငှားရမ်းခတန်ဖိုးတို့ဖြင့် သင့်လျော်စွာ မြေငှားခရမ်းခနှုန်းထား ကောက်ခံခြင်းဖြစ်ပါသည်။
မြေငှားဂရန်လျှောက်ထားမှုပြုလျှင် မြေပိုင်ဆိုင်မှုစာချုပ်စာတမ်း (သို့) မြေပိုင်ဆိုင်မှု အထောက်အထား မူရင်းများ၊ တရားရုံးအမိန့်များ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံ ချက်(သို့)မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်းပြေစာတို့ အထောက်အထားဖြင့် တင်ပြနိုင်ရမည်ဖြစ်ပါသည်။
မြေဧရိယာ (၁) ဧကအထိကို ခရိုင်အုပ်ချုပ်ရေးမှူး ( ကော်လိတ္တော်အရာရှိ )မှ ခွင့်ပြုချက်ထုတ်ပေးနိုင်ပြီး၊ (၅) ဧကအတွင်းဖြစ်ပါက တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ စီစစ်ခွင့်ချက်ဖြင့် ၁၈၈၉ ခုနှစ် အထက်မြန် မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၅၁(ခ) နှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ-၉ တို့အရ မြေငှားဂရန်ထုတ်ပေးပါသည်။ မြေဧရိယာ(၅)ဧက အထက်ဖြစ်ပါက ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်လိုအပ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com