ဗဟုသုတ | Posted by နှင်းအိခင်
Banwol ကျွန်းရဲ့နောက်နာမည်တစ်မျိုးမှာ လခြမ်းကျွန်းဖြစ်ပါတယ်။ လူဦးရေတစ်ရာကျော်ခန့်သာ နေထိုင်တဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ခဲ့ပြီး အလေ့ကျပေါက်တဲ့ခရမ်းရောင်ခေါင်းလောင်းပန်းများ တစ်စတစ်စနေရာကျယ်ပြန့်စွာ ဖူးပွင့်လာတဲ့အခါမှာတော့ ကိုရီးယားအစိုးရအဖွဲ့မှ Banwol ကျွန်းမြို့လေးကို ခရမ်းရောင်မြို့လေးအဖြစ်အသွင်ပြောင်းဖို့ စိတ်ကူးရခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံရပ်ခြားခရီးသွားတွေရဲ့ အာရုံစိုက်မှုရရှိဖို့ပါပဲ။
ရွာသားတွေရဲ့ကိုယ်ထူကိုယ်ထ ပြင်ဆင်မွမ်းမံမှုဖြင့် နှစ်အနည်းငယ်အတွင်းမှာပဲ ခရမ်းရောင်မြို့လေးအဖြစ် ကူးပြောင်းလာခဲ့ပါတယ်။ ပုံလေးတွေမှာကြည့်မယ်ဆိုရင် တကယ့်ကို ရိုမန်တစ်ဆန်ဆန်ခရီးသွားလာနိုင်တဲ့ ကျွန်းလေးသဖွယ်ဖြစ်လာတာကို မြင်တွေ့ရမှာပါ။
ကျွန်းမှာရှိတဲ့အဆောက်အဦး ၄၀၀ ကျော်ရဲ့အိမ်ခေါင်မိုးများကိုခရမ်းရောင်ဆေးသုတ်ထားပြီး လမ်းမ၊တံတား၊အိမ်ခေါင်မိုး၊ဘက်စ်ကား၊ဈေးဆိုင်၊ လမ်းမပေါ်က ကြော်ငြာဆိုင်းဘုတ်၊ လှေ၊ လမ်းညှန်ဆိုင်းဘုတ်များအားလုံးကို ခရမ်းရောင်ဆေးများသုတ်ကာ ခရမ်းရောင်ကျွန်းလေးအသွင်ပြောင်းလဲခဲ့ပါတယ် ၂၀၁၅ ခုနှစ်လောက်ထဲက Purple Project ကိုစတင်ခဲ့တာဖြစ်ပါတယ်။
ပန်းပွင့်တဲ့ပွင့်လင်းရာသီရောက်လာပြီမို့ Banwol Island ကျွန်းမြို့လေးမှာလည်း ခရမ်းရောင်ခေါင်းလောင်းပန်းများ သံပြိုင်ဖူးပွင့်တဲ့အချိန်ရောက်နေပါပြီ။ ကိုရီးယားကိုခရီးထွက်ဖြစ်တယ်ဆို Banwol ကမ်းခြေလေးကို မဖြစ်မနေသွားကြည့်ဖို့ပြောချင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: theplanetcompass