ဗဟုသုတ | Posted by ရွှေစင်ဝင်း
လူတစ်ယောက် အရမ်းပင်ပန်း နွမ်းနယ်နေပြီဆိုရင် အိပ်ယာပေါ်မှာ လှဲလိုက်ရရင် အရမ်းကိုသက်သောင့်သက်သာ ဖြစ်စေပါတယ်။ သင့်အိပ်ခန်းက ဟောင်းနွမ်းနေပြီ ရှုပ်ပွနေရင် သင့်ရဲ့ ပင်ပန်းတဲ့ စိတ်ကိုပိုဆိုးစေပါတယ်။ ဒါကြောင့် မိမိအိပ်ခန်းကို အသစ်စက်စက်အခန်းမှာပြောင်းနေလိုက်ရသလို ခံစားမှုကိုရရှိစေဖို့ လိုအပ်တဲ့ပြင်ဆင်မှုလေးတွေကို ဖော်ပြပေးလိုပါတယ်။
သင့်ရဲ့အိပ်ယာခင်းတွေဟာဟောင်းနွမ်းကြာမြင့်နေပြီဆို ကျန်းမာရေးနဲ့လဲမသင့်တော်တဲ့အတွက် အသစ်လဲလှယ်အသုံးပြုသင့်ပါတယ်။သာမာန်သုံးနေကျအရောင်မျိုး မဟုတ်ပဲ Bright ဖြစ်တဲ့အရောင်လေးတွေ မျက်စိအေးစေမဲ့ အိပ်ယာခင်းမျိုးနဲ့လဲလှယ်လိုက်ပါ။
သင့်ကုတင်ရဲ့ နံရံအလည်တည့်တည့်မှာ သင်နှစ်သက်တဲ့ ပန်းချီကား ဒါမှမဟုတ် နံရံကပ်အလှဆင်တဲ့ အရာတစ်ခုခုကိုထားလိုက်ပါ။
အိပ်ခန်းရဲ့ ထောင့်တစ်နေရာရာမှာစာဖတ်ဖို့ ဒါမှမဟုတ် ကွန်ပျူတာအသုံးပြုနိုင်မဲ့အသေးစားနေရာလေး တစ်ခုပြင်ဆင်လိုက်ပါ။သင့်အခန်းကိုအသစ်ကဲ့သို့ခံစားရစေမဲ့ အချက်တစ်ခုပါပဲ။
ပြတင်းတံခါးမှာတပ်ဆင်တဲ့လိုက်ကာတွေကိုလဲ အသစ်ဝယ်ဖို့အစီအစဉ်ရှိလျင်လဲလှယ်တပ်ဆင်ပါ။ ဒါမှမဟုတ် လျှော်ဖွတ်ပြီးနေရာအပြောင်းအလဲဖြစ်အောင် တပ်ဆင်ပါ။
ပန်းအိုးလှလှလေးတွေထားရှိတာ နံရံမှာမှန်တပ်ဆင်တာ နံရံမှာ ပို့စ်ကတ်တွေ ဓာတ်ပုံလေးတွေ ချိတ်ပေးတာမျိုးကလည်း သင့်အခန်းကိုအသစ်ကဲ့သို့ပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမဲ့ အခန်းကို အရမ်းရှုပ်ထွေးအောင်မပြင်ဆင်ဖို့လဲလိုပါတယ်။
အခန်းကို လေဝင်လေထွက်ကောင်းမွန်အောင်ပစ္စည်းတွေထားတဲ့အခါ ဂရုစိုက်ပါ။ နံရံကပ်စာအုပ်စင် အသေးစားလေးတွေထားရှိပါ။ မလိုအပ်တဲ့ပစ္စည်းတွေကို ရှင်းထုတ်လိုက်ပါ။တစ်ခါတစ်ရံ အသုံးမလိုတဲ့ပစ္စည်းတွေဟာ အခန်းကိုရှုပ်ထွေး ညစ်နွမ်းစေပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: phoenix-emperor