ဗဟုသုတ | Posted by အေးမြတ်သူ
အင်္ဂလန်သမိုင်းတစ်လျှောက်တွင် နာမည်ကြီးသော King Henery VIII ကို အိမ်ထောင်ရေး မကြာခဏဖောက်ပြန်သူ၊ မိဘုရား ခြောက်ဦးအထိ ယူခဲ့သူ၊ သားယောင်္ကျားလေး မမွေးဖွားနိုင်ခြင်းကြောင့် မိဘုရားအားကွပ်မျက်ခဲ့သူဘုရင်အဖြစ် လူအများသိကြပါတယ်။
King Henery VIII ဟာ Bloody Mary လို့ အများသိကြတဲ့ Mary I ရဲ့ ဖခင်အရင်းဖြစ်ပြီး မိခင်ကတော့ King Henery VIII ရဲ့ ပထမမြောက်မိဘုရား Queen Catherine ဖြစ်ပါတယ်။ King Henery VII ဟာ Queen Catherine နဲ့ ၂၄ နှစ်တိုင် ပေါင်းသင်းခဲ့ပြီး သားယောင်္ကျားလေး မမွေးဖွားနိုင်တဲ့အကြောင်းပြချက်နဲ့ မိဘုရားအားကွာရှင်းခဲ့ပါတယ်။ မကွာရှင်းခင်ကတည်းက Queen Catherine ရဲ့ ရံရွေတော်တစ်ဦးဖြစ်သူ Anne Boleyn နဲ့ ချစ်ခင်စုံမက်ပြီး Queen Catherine အပေါ် ဖောက်ပြန်ခဲ့ကာ ကွာရှင်းပြီးနောက်မှာ Anne Boleyn ဟာ King Henery VIII ရဲ့ ဒုတိယမြောက်မိဘုရားဖြစ်လာခဲ့ပါတယ်။
Tower of London ရဲတိုက်တွင်း အထီးကျန်စွာ နှစ်ရာချီတိုင် အထီးကျန်စွာရှင်သန်နေဆဲ ဝိညာဉ်ကတော့ မိဘုရား Anne Boleyn ရဲ့ ဝိညာဉ်ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ Anne Boleyn ကို လက်ထပ်ခဲ့ပေမယ့် မိဘုရားရဲ့ကိုယ်ဝန် မကြာခဏသားလျှောမှု၊သားယောင်္ကျားလေး မမွေးဖွားနိုင်မှု၊သမီးမိန်းကလေးတစ်ဦးထဲသာ ဖွားမြင်မှု စတဲ့အကြောင်းပြချက်တွေနဲ့ King Henery VII ဘုရင်ဟာ မိဘုရားအပေါ်စိတ်ကွက်လာခဲ့ပြီး မိဘုရားဟာ သူ့အပေါ် ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ခေါင်းဖြတ်ကွပ်မျက်ခဲ့ပါတယ်။
၁၅၃၆ ခုနှစ် Tower of London ရဲတိုက်တစ်နေရာမှာ ကွပ်မျက်ခဲ့တာဖြစ်ပြီး သနားစဖွယ် မိဘုရား Anne Boleyn ရဲ့ ဝိညာဉ်ကတော့ ခြောက်ကပ်လှတဲ့နန်းတော်ကြီးထဲမှာ အခုထိတိုင်ရှိနေသေးတာဖြစ်ပါတယ်။
Tower of London ရဲတိုက်ရဲ့ နေရာတော်တော်များများမှာ ဟိုဟိုဒီဒီသွားလာနေတဲ့ Anne Boleyn ရဲ့ ဝိညာဉ်ကို မြင်ယောင်နေသူများရှိတယ်လို့ ဆိုကြပါတယ်။ King Henery VIII လက်ထက် ဖြစ်ပေါ်ခဲ့တဲ့ နန်းတွင်းအရှုပ်အရှင်းတွေကို Netflix က ထုတ်တဲ့ The Tutor ဇာတ်လမ်းတွဲမှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com