ငှက်ပျောသီးကြောက်သော ဆွီဒင်အစိုးရအဖွဲ့မှ အမျိုးသမီးဝန်ကြီး၊ နေအိမ်ထဲသို့ မဝင်မီ အိမ်အလုပ်သမားများက နေအိမ်ထဲတွင် ငှက်ပျောသီး ကင်းရှင်းကြောင်း နေ့စဉ် စစ်ဆေးကြည့်ရှုပေးရ

ငှက်ပျောသီးကြောက်သော ဆွီဒင်အစိုးရအဖွဲ့မှ အမျိုးသမီးဝန်ကြီး၊ နေအိမ်ထဲသို့ မဝင်မီ အိမ်အလုပ်သမားများက နေအိမ်ထဲတွင် ငှက်ပျောသီး ကင်းရှင်းကြောင်း နေ့စဉ် စစ်ဆေးကြည့်ရှုပေးရ - Property Knowledge in Myanmar from iMyanmarHouse.com
5 Dec 2024 10:13 am တွင် တင်ခဲ့သည်
311 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဆွီဒင်အမျိုးသမီးဝန်ကြီးတစ်ပါး ငှက်ပျောသီး အလွန်ကြောက်သည့် အကြောင်းရပ်မှာ ဆွီဒင်တွင် တစ်နိုင်ငံလုံး ဆွေးနွေးစရာ ကိစ္စဖြစ်လာနေသည်။

ပေါက်ကြားလာသော အီးမေးလ်များအရ သူ၏ ဝန်ထမ်းတို့သည် အခန်းများအတွင်းသို့ သူ မဝင်မီတွင် ငှက်ပျောသီးကင်းရှင်းကြောင်း စစ်ဆေးပေးရသည်ဟု ဆိုသည်။

ပေါ်လီနာ ဘရန်းဘာ့ဂ် (Paulina Brandberg) (ဆွီဒင် အသံထွက်အားဖြင့် ပေါ်လီနာ ဘရောင်ဘာ့) သည် ဆွီဒင်အစိုးရအဖွဲ့မှ ကျားမ သာတူညီမျှရှိရေးနှင့် အလုပ်ခွင်ဘဝဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးဖြစ်သည်။

ပေါ်လီနာက ၎င်းတွင် ငှက်ပျောသီးကြောက်သည့်ရောဂါရှိကြောင်း ယခင်ကလည်း ထုတ်ဖော်ပြောကြားခဲ့ဖူးရာ ကမ္ဘာ့အထူးဆန်းဆုံး အကြောက်ရောဂါဟု ဆိုနိုင်သည်။

နိုဝင်ဘာလလယ်ပိုင်းတွင် ပေါက်ကြားလာသော အီးမေးလ်များအရ ဝန်ကြီး၏ ဝန်ထမ်းများသည် ဝန်ကြီးနှင့် ငှက်ပျောသီး ထိပ်တိုက်မတွေ့ဆုံမိစေရန် အမြဲဂရုစိုက်စစ်ဆေးကြရသည်ဟု ဆိုသည်။

Expressen သတင်းစာမှ ဖော်ပြသော အီးမေးလ်တစ်စောင်တွင် “ဝန်ကြီးနှင့် အပေါင်းပါတစ်ဦး အစည်းအဝေးမတက်မီ အခန်းထဲတွင် ငှက်ပျောသီးနှင့် ပတ်သက်သည်များ မရှိစေရ။ ပြင်းထန်သည့် ဓာတ်မတည့်မှုကြောင့် ဖြစ်သည်” ဟု ဖော်ပြထားသည်။

အခြားအီးမေးလ်များတွင် ဖော်ပြချက်များအရ ဝန်ကြီးတက်သည့် ပွဲတိုင်းတွင် သွားလာသည့်နေရာတိုင်း၌ ငှက်ပျောသီးမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

“ကွန်ဖရင့်ခန်းမတစ်ခုလုံးမှာ ငှက်ပျောသီးမရှိအောင် ကျွန်တော်တို့ ရှင်းလင်းစစ်ဆေးမှု ဆောင်ရွက်ထားပါမယ်” ဟု တုံ့ပြန်ဖြေကြားထားသည်ကိုလည်း တွေ့ရသည်။

ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ပြောသည်မှာ ဝန်ကြီး ပေါ်လီနာ၏ အခက်အခဲမှာ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို မထိခိုက်ကြောင်း ပြောသည်။

“လူတိုင်းမှာ မတူတဲ့ အကြောက်တရားတွေရှိတယ်ဆိုတာ ကျွန်တော်သိရှိနားလည်ထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ဝန်ကြီး ပေါ်လီနာက သူ၏သတင်းများနှင့် စပ်လျဉ်းပြီး The Guardian သတင်းဌာနကို မှတ်ချက်ပြုရန် ငြင်းပယ်ခဲ့သည်။

သို့သော် ပေါ်လီနာက Expressen သတင်းဌာနသို့ ပြောခဲ့သည်မှာ အဆိုပါပြဿနာကို တတ်သိနားလည်သူတို့၏ အကူအညီဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း ပြောသည်။

ဆွီဒင်ပညာရေးဝန်ကြီး Johan Pehrson က ပြောသည်မှာ ဝန်ကြီးပေါ်လီနာနှင့် ပတ်သက်သည့် အီးမေးလ်များ ပေါက်ကြားမှုအပေါ် မီဒီယာက အာရုံစိုက်နေသည်မှာ မိုက်မဲကြောင်း ပြောသည်။

“သူက လစ်ဘရယ်အမာခံတစ်ယောက်ပါ။ အားနည်းတဲ့ မိန်းမသားတွေဘက်မှာ အမြဲရပ်တည်ခဲ့သူပါ။ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့ အာရုံစိုက်သင့်ပါတယ်” ဟု Pehrson က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အတိုက်အခံပါတီကလည်း ပေါ်လီနာဘက်မှ ရပ်တည်ကြသည်။

ဆိုရှယ်ဒီမိုကရက်ပါတီမှ ဥပဒေမူဝါဒရေးရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Teresa Carvalho က မိမိတွင်လည်း ပေါ်လီနာကဲ့သို့ ငှက်ပျောသီးကြောက်ရောဂါရှိကြောင်း ပြောသည်။

“သူနဲ့ ကျွန်မတို့ကြားမှာ လုပ်ငန်းခွင် အခြေအနေပြဿနာနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ဘုံရန်သူကို ဆန့်ကျင်ဖို့ ကျွန်မတို့ စည်းလုံးစွာ ရပ်တည်ပါတယ်” ဟု Teresa က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Banana-phobe Swedish minister’s staff insisted on ‘no traces in the room’ (theguardian)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
Neighbourhood
Property & Car - Christmas

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service