သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ

သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ - Property Knowledge in Myanmar from iMyanmarHouse.com
1 Dec 2024 12:03 pm တွင် တင်ခဲ့သည်
563 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဂရန်ကိုင်ထားသူများအနေနဲ့ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားခဲ့တဲ့အခါ ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းအပါအဝင် ဗဟုသုတရဖွယ်အမေးအဖြေသုံးမျိုးကို ဒီတစ်ပတ်မှာတင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - နှစ် (၉၀) ဂရန်က သက်တမ်းကုန်သွားခဲ့ရင် ဘယ်လိုဆက်လုပ်ရတာလဲ။ အစိုးရပိုင်မြေအဖြစ်ဘဲ ပြန်သိမ်းသွားမှာလား။

ဂရန်မြေငှားစာချုပ် ချုပ်ဆိုသည့်အခါတွင် ဂရန်၌ စည်းကမ်းချက်များနှင့် ကာလသတ်မှတ် ခွင့်ပြုချက် များ အသေးစိတ်ပါရှိသည်ဖြစ်ရာ ဂရန်အမည်ပေါက်မှ အဆိုပါအချက်အလက်များအတိုင်း လိုက်နာနေထိုင်ရမည် ဖြစ်ပါသည်။

လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျ မြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ မြေအပြင်၊ ဂရန်ပေးစီမံချက် ချမှတ်ထားသော မြေကွက်များကို မြေငှားစာချုပ် လျှောက်ထားခြင်းပြုနိုင်ပါသည်။ ဂရန်မြေဆိုသည်မှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေကို ခွင့်ပြုချက်အတိုင်း သုံးစွဲရန် မြေငှားစာချုပ်ဂရန် ထုတ်ပေးထားခြင်းဖြစ်ပါသည်။ နှစ်(၃၀)ဂရန်၊ (၆၀)ဂရန်၊ (၉၀)ဂရန် ဟူ၍ ရှိပါသည်။ အဆောက်အအုံ ခိုင်မာမှု မရှိပါက (၁၀)နှစ်ဂရန်သာ ချထားပေးသည်လဲရှိပါသည်။ နှစ်ရှည်ဂရန်များမှာ နှစ်(၃၀)လျှင်တစ်ကြိမ် သက်တမ်း မကုန်ခင် (၃)လအလိုတွင် သက်တမ်းတိုး ဆောင်ရွက်ခွင့်ရှိပြီး သက်တမ်းတိုး ကျော်လွန်ကာ သက်တမ်းတိုးပါက ဂရန်ပျက်သက်တမ်းအတွက် ဒဏ်ကြေးထမ်းဆောင်ရမည်ဖြစ်ပါသည်။ ဂရန်သက်တမ်းကျော်လွန်ကာ ဂရန်သက်တမ်းတိုးလိုပါက မြေငှားစာချုပ်ဂရန်အား ပြသပြီး

- မြေငှားဂရန် အမည်ပေါက်သူ၊

- မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ

- တရားရုံးမှ ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားစာချုပ် ဂရန်သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူသည် နိုင်ငံသား၊ (၁၈)နှစ်ပြည့်ပြီးသူ၊ စိတ်ပေါ့ သွပ်သူမဖြစ်ရပါ။ နိုင်ငံပိုင်မြေအား အသုံးပြုခြင်းဖြစ်သည့်အတွက် သတ်မှတ်မြေခွန်အား ထမ်းဆောင်မှုပြုနိုင်ရပါမည်။ ဂရန်သက်တမ်းတိုး ဆောင်ရွက်မှုမပြုသည့်မြေမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားအဖြစ် ပြန်လည်ရောက်ရှိသွားမည်ဖြစ်ရာ မြေကွက်အား ဆက်လက်နေထိုင်ခြင်းပြုနေလျှင်လဲ စီမံချက်တစ်ခုခုကြောင့် ပြန်လည်သိမ်းဆည်းသည့်အချိန်တွင် မြေကွက်အတွက် မြေသိမ်းဥပဒေ၊ နည်းဥပဒေအရ သတ်မှတ်လျော် ကြေးများအား ခံစားခွင့်မရရှိဘဲ မြေကွက်မှ နှင်ထုတ်ခြင်းခံရမည်ဖြစ်ကြောင်း ရေးသား ဖြေဆိုပေးလိုက်ပါသည်။

 

မေးခွန်း (၂) - နိုင်ငံခြားရောက်ရှိနေသူသည် ရန်ကုန်ရှိ တိုက်ခန်းကို အရစ်ကျဖြင့် ဝယ်ယူလိုပါက ဘာတွေလိုအပ်ပါသလဲ။ ဝယ်ယူမည့် တိုက်ခန်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့အချက်များကို ရှင်းပြပါ။

ဝယ်ယူမည့်တိုက်ခန်းနှင့်မှာ တရားဝင်ဆောက်လုပ်ခွင့် ပါမစ်တင်၍ ဆောက်လုပ်သောအဆောက်အုံ ဟုတ်မဟုတ် စစ်ဆေးရမည်ဖြစ်သည်။ BCC အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုမှု လက်မှတ်ရရှိရန် လိုအပ်ပါသည်။ ဘဏ်များမှ Home Loan အိမ်ရာချေးငွေစနစ်ဖြင့် အရစ်ကျဝယ်ယူခြင်းဖြစ်ပါက ဘဏ်ရှေ့ နေများမှ မိမိဝယ်ယူလိုသော တိုက်ခန်းအဆောက်အအုံအား ပိုင်ဆိုင်မှု ခိုင်မာခြင်းရှိမရှိ စစ်ဆေးပေး မည်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိပါ။ နိုင်ငံခြားမှ ဝင်ငွေရလမ်းမှာ ဘဏ်သတ်မှတ်ချက်ဖြင့် ညီညွတ်ပါက ဘဏ်မှ နှစ်ရှည်အရစ်ကျ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမှာပဲဖြစ်ပါတယ်။ နိုင်ငံအတွင်း တွဲဖက်လျှောက် ထားမှုအနေဖြင့် မိသားစုများထဲမှ တစ်ဦးအား ချေးငွေအတွက် ပါဝင်လက်မှတ် ရေးထိုးစေခြင်းများလဲရှိပါသည်။

ထို့ပြင် ချေးငွေလျှောက်ထားချိန်တွင် တစ်ကြိမ်ချေးငွေအား ထုတ်ပေးချိန်တွင် တစ်ကြိမ် နိုင်ငံခြားမှ လူကိုယ်တိုင်လာရောက် လက်မှတ်ရေးထိုးမှုပြုရန် ဘဏ်မှ တောင်းဆိုမှုတော့ရှိပါသည်။ မိမိရောက်ရှိနေသော နိုင်ငံမှာ သံရုံးရှိသော နိုင်ငံဖြစ်ရန်လဲ လိုပါသည်။ ဘဏ်တစ်ခုခုနှင့် တစ်ခုခု ညွှန်ကြားပုံများနှင့် စာရွက်စာတမ်း သတ်မှတ်ချက်များမှာ မတူညီပါ။ မည်သည့် ဘဏ်တွင်မဆို ကနဦးပေးသွင်းငွေမှာ ဝယ်ယူသည့်တိုက်ခန်း၏ အနည်းဆုံး (၃၀%) ပေးသွင်းရမည်ဖြစ်ပါသည်။ ဝင်ငွေရလမ်းတိကျစွာ ဖော်ပြပေးနိုင်သော တရားဝင်နိုင်ငံခြား ကုမ္ပဏီမှ ရရှိသောလစာ ဝင်ငွေဖြစ်ပါက မိမိလျှောက်ထားသည့် ဘဏ်ပေါ်မူတည်၍ ခွင့်ပြုပေးနိုင်ပါသည်။ အောက်ပါစာရွက်စာတမ်းများမှာ အရစ်ကျအိမ်ဝယ်ယူရာတွင် လိုအပ်သော စာရွက်စာတမ်းများဖြစ်ပါသည်။

ချေးငွေလျှောက်လွှာ၊ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်နေထိုင် ကြောင်း ထောက်ခံချက်၊ ဝန်ထမ်းဖြစ်ပါက လက်ရှိ အလုပ်လစာနှင့် ပတ်သတ်၍ ထောက်ခံစာ၊ လစာ (၃)လစာ စာရင်း၊ (၃)လစာအတွက် ဘဏ်စာရင်းရှင်းတမ်း လိုအပ်မည်ဖြစ်ပါသည်။

ကိုယ်ပိုင်လုပ်ငန်းဆိုပါက လုပ်ငန်းလိုင်စင်၊ လုပ်ငန်း၏ အသိအမှတ်ပြုလက်မှတ်များ၊ နောက်ဆုံး အခွန်ကြီးကြပ်မှု ပြေစာ၊ လုပ်ငန်း၏ ဘဏ္ဍာရေးရှင်းတမ်း၊ အရောင်းစာရင်းများ၊ ဘဏ်စာရင်းတစ်နှစ်စာ၊ ငွေလွှဲ ငွေပို့ ဘဏ်စာရင်း၊ ဓာတ်ပုံများ၊ ဘဏ်စာရင်းရှင်းတမ်း အနည်းဆုံး(၁)နှစ်စာ တို့ပြပေးရန် လိုအပ်သည်။

ကုမ္ပဏီအနေဖြင့်ဆိုပါကလဲ သက်တမ်းရှိကုမ္ပဏီလိုင်စင်၊ Form (E) ,VI, XXVI မိတ္တူ၊ သင်းဖွဲ့စည်း မျဉ်းမှတ်တမ်း၊ Import/ Export လိုင်စင် ၊ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း၊ နောက်ဆုံးအခွန် စည်းကြပ် မှုပြေစာ(၁)နှစ်စာ၊ ဘဏ္ဍာရေးရေးရှင်းတမ်း အရှုံးအမြတ်စာရင်း(၁)နှစ်စာ၊ အရောင်းစာရင်းများ၊ ငွေလွှဲငွေပို့ ထားသည့် စာရင်းများ ဖော်ပြပေးရန် လိုအပ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်သွင်းလျှင် မည်သည့်အချက်အလက်များ စိစစ်သနည်း။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ တန်ဖိုးငွေ (၁) သိန်း နှင့် အထက်ရှိသော ပစ္စည်းများအား ရောင်းချ ခြင်း၊ ကြေညာ ခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်း တို့ပြုသည့်အခါတိုင်း ခိုင်မာမှုရှိစေရန် ပုဒ်-(၁၆) မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် ပုဒ်မ-(၁၈) နှင့်အညီ အောက်ပါအချက်အလက်များ လိုအပ်သည်။

- မှတ်ပုံတင်သော စာချုပ်စာတမ်းအား မြန်မာစာဖြင့် ရေးသားသော စာချုပ်စာတမ်းဖြစ်ရန် လိုသည်။ - မြန်မာစာဖြင့် ရေးသားခြင်းမဟုတ်ပါက နိုတြိပဗ္ပလစ်က မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ဘာသာပြန်ချက်ပါ ပူးတွဲတင်ပြရပါမည်။ - စာချုပ်စာတမ်းတွင် ချုပ်ဆိုသူများ ပြည်စုံစွာ လက်မှတ်ရေးထိုးထားသော စာချုပ်စာတမ်းဖြစ်ရမည်။ - စာချုပ်ပါ ရေးသားချက်အား ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း၊ ချန်လှပ်ခြင်း (သို့) ပယ်ဖျက်ခြင်း ပြုလျှင် စာချုပ်ချုပ်သူတို့၏ လက်မှတ်တို (သို့) လက်မှတ်ရှည် ရေးထိုးရပါမည်။ - မှတ်ပုံတင်အရာရှိမှလဲ စာချုပ်တွင် ပြင်ဆင်ရာ၊ ဖျက်ရာ၊ ဖြည့်စွက်ချက်ရှိကာ မှတ်ပုံတင်စာအုပ်တွင် မှတ်တမ်းတင်ထားရှိရမည် ဖြစ်ပါသည်။ - မရွှေ့မပြောင်းပစ္စည်းစာရင်းအား အမျိုးအစား၊ ပုံ​သ​ဏ္ဌာန်တန်၊ အရွယ်အစားနှင့် တည်နေရာ ရှင်းလင်းစွာ ဖော်ပြရမည် ဖြစ်ပြီး သက်သေခံမြေပုံနှင့် မြေရာဇဝင်အား တင်ပြပေးရန်လဲ လိုပါသည်။ ပစ္စည်းအထောက်အထား တိကျရှင်းလင်းစွာ ဖော်ပြရမည်။ - မရွှေ့မပြောင်းနိုင်သောပစ္စည်းအား လွှဲပြောင်းရောင်းချခြင်းများ၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်းများတွင် ကာလတန်ဖိုးစီစစ်ရေးအဖွဲ့၏ ပုံစံ(၃) တန်ဖိုးဖြတ်မှတ်တမ်းလဲ ပူးတွဲတင်ပြပေးရမည်။ - မှတ်ပုံတင်စာချုပ်တစ်စောင်အား ချုပ်ဆိုသည့်ရက်မှ ရက်ပေါင်း- (၁၂၀) အတွင်း မှတ်ပုံတင်ပြရန်လိုအပ်ပါသည်။ - နှစ်ဦးထက်ပို၍ ချုပ်ဆိုသော စာချုပ်များတွင် လက်မှတ်ရေးထိုးချိန်ကွဲပြားပါက နောက်ဆုံး လက်မှတ်ရေးထိုးသည့်နေ့ ရက်မှ ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင်ရန်လိုပါသည်။ - မှတ်ပုံတင်ရန် ပျက်ကွက်သည်မှာ ရက်ပေါင်း - (၁၂၀)ထက် မပိုလျှင်လဲ ဒဏ်ကြေးထမ်းဆောင်ကာ မှတ်ပုံတင်ရန် လျှောက်ထားနိုင်သည်။ - နိုင်ငံခြားတွင် ချုပ်ဆိုခြင်းဖြစ်ပါက နိုင်ငံအတွင်းရောက်ရှိသည့်ရက်မှ ရက်ပေါင်း-(၁၂၀)အတွင်း တင်ပြပေးရမည်ဖြစ်သည်။ - ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ မှတ်ပုံတင်ရုံးတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းအား မှတ်ပုံတင်ရမည်။ - ချုပ်ဆိုသူတစ်ဦးဦးမှ စစ်ဆေးမေးမြန်းစဉ် ငြင်းဆိုခြင်း၊ ဝန်မခံခြင်းရှိပါကလဲ မှတ်ပုံတင်၍ ရမည်မဟုတ်ပါ။ - ချုပ်ဆိုသူများသည် (၁၈)နှစ် ပြည့်ပြီး အရွယ်ရောက်သူ၊ ရူးသွပ်သူမဖြစ်ရ။ အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက ပုဒ်မ-(၂၄) (ခ)အရ မှတ်ပုံတင်အရာရှိမှ မှတ်ပုံတင်ပေးခြင်း ပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်သည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service