ကမ္ဘာကျော် ကြယ်ပွင့်များစွာ နေထိုင်ရာ Hollywood Hills တွင် ကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်းတန် စံအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်နေ၊ ဝယ်ယူမည့်သူအနေဖြင့် လီယိုနာဒို ဒီကာပရီယိုနှင့် အိမ်နီးချင်း ဖြစ်ခွင့်ရမည့် အခွင့်အလမ်းရှိ

ကမ္ဘာကျော် ကြယ်ပွင့်များစွာ နေထိုင်ရာ Hollywood Hills တွင် ကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်းတန် စံအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်နေ၊ ဝယ်ယူမည့်သူအနေဖြင့် လီယိုနာဒို ဒီကာပရီယိုနှင့် အိမ်နီးချင်း ဖြစ်ခွင့်ရမည့် အခွင့်အလမ်းရှိ - Property News in Myanmar from iMyanmarHouse.com
29 Nov 2024 12:05 pm တွင် တင်ခဲ့သည်
443 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်တွင် Celebrity ကဲ့သို့ ကျော်ကြားသည့် အိမ်ခြံမြေ developer ဖြစ်သော House of Rolison မှ Amanda Leigh နှင့် Taylor Hahn တို့က လော့စ်အိန်ဂျလိမြို့၊ Hollywood Hills အရပ် ၊ Bird Street ရှိ စပိန်ဗိသုကာဟန်စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

Bird Street သည် လီယိုနာဒို ဒီကာပရီယို နေထိုင်သည့်စံအိမ်တည်ရှိရာ လမ်းလည်း ဖြစ်သည်။

လီယိုနာဒို ဒီကာပရီယိုသည် Bird လမ်းရှိ စံအိမ်တွင် ဘတ်စ်ကက်ဘောကွင်း ဆောက်လုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် အမှုဖြစ်ခဲ့ဖူးသည်။

ဘတ်စ်ကက်ဘောကွင်းဆောက်လုပ်မှုကြောင့် မိမိတို့၏ နေအိမ် structure ထိခိုက်စေသည်ဟုဆိုကာ အိမ်နီးချင်း သက်ကြီးရွယ်အို စုံတွဲက တရားစွဲခဲ့ခြင်းဖြစ်သည်။

နောင်အခါတွင် တရားရုံးပြင်ပ၌ ဖြေရှင်းကာ ပြေလည်မှုရသွားသည်ဟုဆိုသည်။

ဒီကာပရီယိုက အဆိုပါအိမ်နီးချင်း၏ နေအိမ်ကို ဝယ်ယူလိုက်ကာ သူ၏အိမ်နှင့် ခြံဝန်းချင်း ပေါင်းစပ်လိုက်ရာ Bird လမ်းတွင် အကျယ်ဝန်းဆုံး ခြံဝန်းဖြစ်လာသည်။

(ဆက်စပ်သတင်း) လီယိုနာဒို ဒီကာပရီယိုက ဘတ်စ်ကက်ဘောကွင်း ခြံထဲဆောက်သောကြောင့် အမှုဖြစ်ခဲ့ရသော အိမ်နီးချင်း၏ နေအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူ

https://www.imyanmarhouse.com/news/read/1049963

၁၉၄၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်ကာ House of Rolison က ယခုနှစ် မတ်လအတွင်း ဝယ်ယူခဲ့ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ပြန်လည်မွမ်းမံရာတွင် စံအိမ်၏ ၂၀ ရာစုအလယ်ပိုင်းလက်ရာများကို ထိန်းသိမ်းရင်း ခေတ်ပြိုင်ဗိသုကာဟန်ဖြင့် မွမ်းမံခဲ့ခြင်းဖြစ်သည်။

ပြန်လည်မွမ်းမံမှုတွင် အဖြူရောင်ဝက်သစ်ချသားနှင့် ခရမ်းရောင်သမ်းသော အီတလီထွက် စကျင်ကျောက်တို့ကို အသုံးပြုခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စံအိမ်အကျယ် ၃၈၅၅ စတုရန်းပေရှိကာ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

(Amanda Leigh နှင့် Taylor Hahn ။ ဓာတ်ပုံ-GavinCater)

(ဧည့်ခန်းမှတဆင့် အိမ်နောက်ဘက် မြေယာအလှပြုပြင်ထားသည့် ခြံဝန်းသို့ ပေါက်သည်။ ဓာတ်ပုံ-Nils Timm)

(အိပ်ခန်း ၄ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Nils Timm)

(မနက်ခင်းတွင် ကော်ဖီ သို့မဟုတ် အအေးသောက်နိုင်မည့် နေရာလေး။ ဓာတ်ပုံ-Nils Timm)

စံအိမ်တွင် သစ်သားနံရံဖြင့် အလှဆင်ထားသော အဝင်ခန်းမမှတဆင့် စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သော မီးဖိုဆောင်သို့ ရောက်ရှိမည်ဖြစ်ပြီး မီးဖိုဆောင်တွင် နံနက်စာ စားရန်နေရာပါဝင်သည်။

ကောင်းကင်အလင်းကောင်းစွာရသော ဧည့်ခန်းတွင် ဓာတ်ငွေ့သုံး မီးလင်းဖိုတစ်ခု ပါဝင်သည်။

အမိုးခုံး စင်္ကြန်လမ်းမှတဆင့် ညစာစားခန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ညစာစားခန်းတွင် စိတ်ကြိုက်ပုံဖော်ထားသော အရက်ဘားတစ်ခု ပါဝင်သည်။

အပေါ်ထပ်တွင် ပင်မအိပ်ခန်းရှိသည်။ ပင်မအိပ်ခန်းတွင် သီးသန့်လသာဆောင်ပါဝင်ကာ တိုက်ကပ်ပန်းများဖြင့် အလှဆင်ထားပြီး ရေတံခွန်တစ်ခုကို အပေါ်စီးမှ စီးမိုးတွေ့မြင်ရမည် ဖြစ်သည်။

ပင်မအိပ်ခန်းတွင် ထုတ်တန်းဖော် မျက်နှာကြက်၊ ဓာတ်ငွေ့သုံး မီးလင်းဖို၊ နားနေ နေရာနှင့် Spa အသွင် ရေချိုးခန်းတို့ ပါဝင်သည်။

(ထုတ်တန်းဖော် မျက်နှာကြက်၊ နားနေ နေရာ၊ ဓာတ်ငွေ့သုံး မီးလင်းဖိုတို့ ပါဝင်သော ပင်မအိပ်ခန်း။ ဓာတ်ပုံ-Nils Timm)

(မီးလင်းဖိုပါသော ဧည့်ခန်း။ ဓာတ်ပုံ-Nils Timm)

(လိုက်ကာနွယ်များ အုပ်ဆိုင်းနေသည့် အိမ်နောက်ဘက် ရေကူးကန်။ ဓာတ်ပုံ-Nils Timm)

ဈေးကွက်တင်ပေးသူမှာ Netflix ၏ Reality show ဖြစ်သော Buying Beverly Hills မှ စတားတစ်ဦးဖြစ်သူ Farrah Brittany ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can be Leo DiCaprio’s neighbor for $5.65M in the Hollywood Hills (nypost)

Photo Credit- GavinCater,Nils Timm

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service