အကျယ် ၃ ပေသာရှိသော ကမ္ဘာ့အကျဉ်းမြောင်းဆုံးအိမ်ကလေး ယနေ့ခေတ်တွင် အိမ်တစ်လုံးပိုင်ဆိုင်ရေးမှာ အပြင်းအထန်ကြိုးစားရန် လိုအပ်မည် ဖြစ်သည်။

အကျယ် ၃ ပေသာရှိသော ကမ္ဘာ့အကျဉ်းမြောင်းဆုံးအိမ်ကလေး ယနေ့ခေတ်တွင် အိမ်တစ်လုံးပိုင်ဆိုင်ရေးမှာ အပြင်းအထန်ကြိုးစားရန် လိုအပ်မည် ဖြစ်သည်။ - Property Knowledge in Myanmar from iMyanmarHouse.com
19 Nov 2024 11:12 am တွင် တင်ခဲ့သည်
451 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ်တစ်လုံးပိုင်ဆိုင်ရန်ခက်ခဲသော ယနေ့ခေတ်တွင် ကျဉ်းမြောင်းလှသောအိမ်တစ်လုံးပင်ဖြစ်စေကာမူ သင့်အနေဖြင့် ပိုင်ဆိုင်လိုစိတ်ရှိမည်သာ ဖြစ်သည်။

ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် Keret House ဟုအမည်ပေးထားသော အိမ်တစ်လုံးမှာ အကျဉ်းဆုံးနေရာတွင် ၉၂ စင်တီမီတာ (၃ ဒသမ ၀၂ ပေ) သာရှိပြီး အကျယ်ဆုံးနေရာမှာ ၁၅၂ စင်တီမီတာ (၄ ဒသမ ၉၉ ပေ) သာရှိသည်။

ဗိသုကာပညာရှင် Jakub Szczesny က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အမြဲနေထိုင်ရန် နေအိမ်အဖြစ် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ခရီးသွားများအတွက် ယာယီတည်းခိုရာနေရာအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ကျဉ်းမြောင်းလှသောအိမ်လေးတွင် ပထမဆုံး စတင်တည်းခိုနေထိုင်ခဲ့သူမှာ စာရေးဆရာ Etgar Keret ဖြစ်ပြီး ၎င်းကို အစွဲပြုကာ Keret House ဟု အမည်ပေးခဲ့သည်။

Jakub က လမ်းလျှောက်ရင်း တစ်ရက်တွင် ယခုနေရာကို တွေ့ကာ ကျဉ်းမြောင်းသော နေအိမ်လေးတစ်လုံးဆောက်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။

(အိမ်အတွက် ပရိဘောဂတို့ကို သီးသန့်အထူးမှာယူထုတ်လုပ်ခဲ့ရသည်။ ဓာတ်ပုံ-Jakub Szczesny)

 

“ဒီနေရာမှာ ဘယ်လိုလူတွေ နေကြမလဲလို့ ကျွန်တော်တွေးကြည့်ခဲ့တယ်။ ရသေ့တစ်ပါးလို ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။ တစ်ယောက်တည်း တစ်ခုခုလုပ်ရင်း ဖြတ်သန်းလိုတဲ့သူလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘာကိုလုပ်ရင်းလဲ..” ကျဉ်းမြောင်းလှသောအိမ်လေးအတွင်း ပရိဘောဂများ မည်သို့ ထည့်သွင်းခဲ့သနည်း။

ဈေးကွက်အတွင်းရှိ ပရိဘောဂအားလုံးမှာ ယခုအိမ်လေးနှင့် မဆန့်နိုင်သည့် အရွယ်အစားများသာဖြစ်ရာ အထူးအော်ဒါမှာယူခဲ့ရခြင်းဖြစ်သည်။

(အတွင်းပိုင်းမြင်ကွင်းတစ်ခု။ ဓာတ်ပုံ-Jakub Szczesny)

 

ကျဉ်းမြောင်းသော အိမ်လေးအတွင်း အိပ်ခန်း ၁ ခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ ဧည့်ခန်းတို့ပါဝင်ပြီး အထပ် ၂ ထပ်တွင် ဖြန့်ကျက်တည်ရှိသည်။

သို့သော် အပေါ်ထပ်နှင့် အောက်ထပ်ကို လှေကားတစ်ခုမှတဆင့် တွယ်တက်ရမည် ဖြစ်သည်။

အဆောက်အအုံ ၂ ခုကြား ကျဉ်းမြောင်းသော နေရာလေးတွင် ဆောက်လုပ်ထားခြင်းဖြစ်သော်လည်း အထဲတွင် မှောင်အတိကျမနေ။ အလင်းဖောက်နိုင်သော ချပ်ပြားများ တပ်ဆင်ထားသောကြောင့် အလင်းရောင်ကောင်းစွာရှိသည်။

ဆောက်လုပ်ခဲ့သည်မှာ ၁၂ နှစ်ရှိပြီဖြစ်ပြီး Iconic Houses က ယခုအိမ်ကို ကမ္ဘာပေါ်ရှိ သတိပြုဖွယ်အကောင်းဆုံးအိမ်များတွင် တစ်ခုအပါအဝင်ဖြစ် ထည့်သွင်းထားသည်။

သို့သော် ဒေသတွင်း အဆောက်အအုံစံနှုန်းများနှင့် မကိုက်ညီသောကြောင့် အိမ်တစ်လုံးဟု သတ်မှတ်ထားခြင်းမရှိဘဲ အနုပညာ installation တစ်ခုအဖြစ်သာ သတ်မှတ်ခြင်းခံထားရသည်။

 

(art installation တစ်ခုအဖြစ်သာ သတ်မှတ်ခံထားရသည်။ ဓာတ်ပုံ-Jakub Szczesny)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The ‘thinnest house’ in the world is 3ft wide — and there’s no electricity (metro)

Photo Credit- Jakub Szczesny

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျ
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
တောင်ကိုရီးယားတွင် အမျိုးသမီးတစ်ဦးက ဝမ်ငွေ ၂၆ သန်းကို အမှိုက်များနှင့်ရောကာ မတော်တဆ လွှင့်ပစ်မိရာ စည်ပင်ဝန်ထမ်းများက ၈ န
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထ
အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service