ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ်ရက်တည်းဖြင့် ကန်ဒေါ်လာ ၂၁ ဘီလီယံ ပိုမိုချမ်းသာလာ

ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ်ရက်တည်းဖြင့် ကန်ဒေါ်လာ ၂၁ ဘီလီယံ ပိုမိုချမ်းသာလာ - Property Knowledge in Myanmar from iMyanmarHouse.com
14 Nov 2024 11:55 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးနောက် Tesla ၏ ရှယ်ယာဈေးများ မြင့်တက်လာရာ Elon Musk ၏ ကြွယ်ဝမှုမှာ စံချိန်တင်ပမာဏသို့ ရောက်ရှိဖွယ်ရာ ရှိနေသည်။

နိုဝင်ဘာ ၁၁ ရက် ၊ တနင်္လာနေ့က Tesla ၏ ရှယ်ယာဈေး ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် Elon Musk မှာ တစ်ရက်တည်းဖြင့် ကန်ဒေါ်လာ ၂၁ ဘီလီယံ ပိုမိုချမ်းသာသွားခဲ့ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၃၅ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း Bloomberg ဘီလျံနာညွှန်းကိန်းတွင် ဖော်ပြသည်။

အင်္ဂါနေ့က စတော့ဈေးကွက်မဖွင့်မီ အကြိုဈေးကွက်ရောင်းချမှုတွင် ရှယ်ယာဈေး ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဈေးကွက်ဖွင့်ပြီးချိန်တွင် လားရာပြောင်းသွားပြီး ၄ ရာခိုင်နှုန်း ကျဆင်းသည်။

 

(ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း စင်မြင့်တစ်ခုနောက်တွင် ဒေါ်နယ်ထရမ့်က Elon Musk နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးနေပုံ။ ဓာတ်ပုံ-Getty)

 

ထိုသို့ ရှယ်ယာဈေးကနဦး မြင့်တက်ခဲ့မှုများတွင် Elon Musk ၏ စာရွက်ပေါ်မှ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၄၂ ဘီလီယံအထိ ရောက်ရှိခဲ့ကာ ၂၀၂၁ ခုနှစ်အတွင်းက သူ၏ စံချိန်တင်ကြွယ်ဝမှု ပမာဏဖြစ်သော ကန်ဒေါ်လာ ၃၄၀ ဒသမ ၄ ဘီလီယံကို ဖြတ်ကျော်ခဲ့ကြောင်း Business Insider က ခန့်မှန်းသည်။

Tesla နှင့် SpaceX တို့၏ စီအီးအို Elon Musk သည် ယခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀၅ ဘီလီယံအထိ ပိုမိုချမ်းသာလာခဲ့ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ Amazon တည်ထောင်သူ Jeff Bezos ထက် ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ဖြင့် ဖြတ်ကျော်ထားခြင်း ဖြစ်သည်။

Jeff Bezos ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၂၈ ဘီလီယံ ဖြစ်သည်။

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ရာ Elon Musk မှာ ထရမ့်နှင့် အနီးကပ်ဆက်ဆံရေးရှိသူ ဖြစ်သောကြောင့် Tesla ၏ ရှယ်ယာဈေးမှာ တနင်္လာနေ့တွင် ဒေါ်လာ ၃၅၀ သို့ ရောက်ရှိခဲ့သည်။

 

(ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ လယ်ယာသုံးစက်ပစ္စည်းများ ပြသလေ့ရှိသည့် Butler Farm Show ကွင်းပြင်ရှိ စင်မြင့်ပေါ်တွင် Elon Musk က ဒေါ်နယ်ထရမ့်အား ပွေ့ဖက်ဂုဏ်ပြုနေပုံ။ ဓာတ်ပုံ-Getty)

 

ထရမ့်အတွက် ရွေးကောက်ပွဲအောင်နိုင်ရေးတွင် Elon Musk ပါဝင်ခဲ့မှုများကြောင့် Tesla ၏ ရှယ်ယာဈေးမှာ မြင့်တက်ခဲ့ကြောင်း စတော့ရှယ်ယာအကျိုးဆောင်ကုမ္ပဏီ Siebert မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရာရှိချုပ် Mark Malek က Business Insider သတင်းဌာနသို့ ပြောသည်။

Elon Musk သည် ရွေးကောက်ပွဲကာလက နည်းပညာလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ America PAC (Political Action Committee) ကို တည်ထောင်ခဲ့ပြီး ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိရေး အတွက် ဒေါ်လာ သန်း ၂၀၀ ခန့် သုံးစွဲကာ စည်းရုံးလှုပ်ရှားပေးခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

 

(ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် နယူးယောက်မြို့၊ Madison Square Garden တွင် Elon Musk က ဒေါ်နယ်ထရမ့်ဘက်မှ ထောက်ခံပြောကြားခဲ့ပုံ။ ဓာတ်ပုံ-AFP Via Getty)

 

မည်သည့်ပါတီအတွက်မှ အမာခံမဟုတ်သည့် ပြည်နယ်များကို အဓိကထားကာ Elon Musk က ထရမ့်အတွက် မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက်တွင်လည်း ထရမ့်ကို တရားဝင်လူသိရှင်ကြား ထောက်ခံခဲ့သူ ဖြစ်သည်။

((ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းနေရာတစ်ခုခန့်အပ်))

Elon Musk ၏ ထောက်ခံအားပေးမှုများနှင့် စပ်လျဉ်းပြီး ထရမ့်ကလည်း Elon Musk အနေဖြင့် အစိုးရအဖွဲ့တွင် ကုန်ကျစရိတ်များ လျှော့ချရေးနှင့် ဗျူရိုကရေစီစနစ် ဖြတ်တောက်ရေးအတွက် ကော်မတီတစ်ခုကို ဦးဆောင်လုပ်ကိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။

ယခုအခါ ထရမ့်က အစိုးရအဖွဲ့ထိရောက်မှုရှိရေးဆိုင်ရာ ဌာနသစ်တစ်ခု ဖွဲ့စည်းပြီး Elon Musk ကို ကြီးကြပ်ကွပ်ကဲစေရန် ခန့်အပ်ကြောင်း တရားဝင်ကြေညာသည်။

ထရမ့်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် Elon Musk နှင့် ရီပတ်ဘလီကန်ပါတီပါ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးသူ Vivek Ramaswamy တို့သည် အစိုးရအဖွဲ့တွင် ဗျူရိုကရေစီစနစ်များ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မလိုအပ်သော လုပ်ထုံးလုပ်နည်းများကို ဖြတ်တောက်ပစ်ကာ၊ ဖြုန်းတီးသကဲ့သို့ဖြစ်နေသည့် အသုံးစရိတ်များကို လျှော့ချစေမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်စေမည်ဖြစ်ကြောင်း ဖော်ပြသည်။

Tesla ၏ ကုမ္ပဏီတန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံကျော်ရှိလာရာ Warren Buffett ၏ ကန်ဒေါ်လာ ၁ ထရီလီယံ တန်ကြေးရှိသော Berkshire Hathaway ကို ဖြတ်ကျော်သွားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk is close to breaking his $340 billion wealth record as Tesla stock keeps rising (businessinsider) Photo Credit- AFP Via Getty, Getty

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
မလေးရှားတွင် အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက အနိစ္စရောက်သွားပြီဖြစ်သော ဖခင်ကြီး၏ ကားနံပါတ်ကို ထီထိုးရာ ရင်းဂစ် ၆ ဒသမ ၇ သ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အခြေအတင် စကားများခဲ့သော အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဝါရှင်တန် ဒီစီရှိ စံအိမ်ကို ကန်ဒေါ်လာ
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
အိမ်ထောင်သက် ၈၄ နှစ်၊ ၇၇ ရက်ရှိသော ဘရာဇီးမှ ဇနီးမောင်နှံ ကမ္ဘာ့အိမ်ထောင်သက်အရှည်ဆုံး စုံတွဲအဖြစ် ဂင်းနက်စ်စံချိန်တင်
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရ
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service