စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ

စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
13 Nov 2024 11:17 am တွင် တင်ခဲ့သည်
346 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ရာ ၂၀၂၄ ခုနှစ်အတွင်း စင်္ကာပူ၏ ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်သွားသည်။

Hotel Properties Ltd (HPL) ၏ ကုမ္ပဏီခွဲဖြစ်သော Luxury Peak Pte Ltd က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၃ ရက်က Concorde Hotel ကို ရည်ညွှန်းဈေး စင်္ကာပူဒေါ်လာ သန်း ၈၂၀ ဖြင့် တင်ဒါခေါ်ရောင်းချခဲ့ရာ ရည်ညွှန်းဈေးထက် ဒေါ်လာ ၁ သန်း ပိုပေးကာ စင်္ကာပူ ၈၂၁ သန်း (ကန်ဒေါ်လာ ၆၂၁ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Orchard လမ်းတွင် တည်ရှိပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၉၉၆၂၃ ပေ ရှိသည်။ ဟိုတယ်၊ လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နေရာအဖြစ် ဘက်စုံသုံးရန် ပြန်လည်မွမ်းမံ ဆောက်လုပ်နိုင်သည်ဟု ဆိုသည်။

Concorde Hotel အရောင်းအဝယ်တွင် Savills Singapore က အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုအရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းအရဆိုလျှင် ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၁၈၀၄ ပေးခဲ့ရခြင်း ဖြစ်သည်။

ပြန်လည်ပြုပြင်ဆောက်လုပ်မည်ဆိုပါက ဟိုတယ် ၄၀ ရာခိုင်နှုန်း၊ လူနေ ၄၀ ရာခိုင်နှုန်းနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာနေရာ ၂၀ ရာခိုင်နှုန်း အချိုးဖြင့် အကောင်အထည်ဖော်ရမည် ဖြစ်သည်။

Concorde ဟိုတယ်ကို HPL ကုမ္ပဏီက ၉၅ ဒသမ ၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

Concorde ဟိုတယ်မှာ အဆောက်အအုံ၏ ၄ ထပ်မှ ၉ ထပ်အထိ ဖြန့်ကျက်တည်ရှိပြီး အခန်းပေါင်း ၄၀၇ ခန်း ပါဝင်သည်။

လက်လီအရောင်းဆိုင်နေရာမှာ အထပ် ၃ ထပ်တွင် ဖြန့်ကျက်တည်ရှိသည်။

ရောင်းချသူဘက်မှ ကိုယ်စားပြုခဲ့သည်မှာ Rajah & Tann မှဖြစ်သည်။

“Concorde ဟိုတယ်နဲ့ Shopping Mall ရောင်းချမှုဟာ Savills က အကျိုးဆောင်ပေးခဲ့တဲ့ အကြီးမားဆုံး အရောင်းအဝယ်ကြီးတွေမှာ စတုတ္ထမြောက်အရောင်းအဝယ်ဖြစ်ပါတယ်။ ယခင်ကလည်း Tanglin ဈေးဝယ်စင်တာ (စင်္ကာပူဒေါ်လာ ၈၆၈ သန်း၊ ၁ စတုရန်းပေလျှင် ၂၇၆၉ ဒေါ်လာ) ၊ Ming Arcade (စင်္ကာပူဒေါ်လာ ၁၇၂ သန်း၊ ၁ စတုရန်းပေလျှင် ၃၁၂၅ ဒေါ်လာ)နဲ့ Delfi Orchard (စင်္ကာပူဒေါ်လာ ၄၃၉ သန်း၊ ၁ စတုရန်းပေလျှင် ၃၃၄၆ ဒေါ်လာ) တို့ ဖြစ်ပါတယ်” ဟု Savills Singapore မှ မန်နေးဂျင်းဒါရိုက်တာ Jeremy Lake က ပြောသည်။

အဆိုပါ အရောင်းအဝယ် ၄ ခုလုံးကို Savills Singapore က အကျိုးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tycoon Ong Beng Seng’s HPL Buys Concorde Hotel Singapore In Deal Valued At $620 Million (sg.news)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...

စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...

သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြတုန်လှုပ်...

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး...

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ

ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့

သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ

BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်

စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန

ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ

ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service