ဗဟုသုတ | Posted by ဇာနည်ကျော်
လိုင်စင်မြေအား အမည်ပေါက် ချထားပေးခြင်းခံရသူ၊ (၁)နှစ်တစ်ကြိမ်ဖြင့် (၃)နှစ်သက်တမ်းတိုး ဆောင်ရွက်ပြီးသူမှ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေငှားဂရန် လျှောက်ထားခြင်းပြုနိုင်ပါသည်။ လူနေထိုင်ရန် အိမ်ရာအဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုထားသော လိုင်စင်မြေကို သာ မြေငှားဂရန် လျှောက်ထားခြင်း ပြုနိုင်ပါသည်။ (၁)နှစ် ခွင့်ပြုထားသော ယာယီလိုင်စင်မြေအား သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ လိုင်စင် အမည်ပေါက် ချထားပေးခြင်းခံရသူ (သို့) အသင်းအဖွဲ့အမည်ဖြင့် ချထားပေးပါက အဆိုပါ အသင်းအဖွဲ့ (သို့) ဌာနဆိုင်ရာအမည်ဖြင့် ချထားပေးပါက အဆိုပါဌာနဆိုင်ရာမှ သက်တမ်းတိုး လျှောက်ထားခွင့်ရှိပါသည်။ ထို့ပြင် အသင်းအဖွဲ့ အမည်ပေါက်ဖြင့် သက်တမ်းတိုးခြင်းများ၌ အစည်းအဝေးမှတ်တမ်းပါ တင်ပြပေးရမည်။
လိုင်စင်မြေအား သက်တမ်းတိုးရာတွင် အောက်ပါစာရွက်စာတမ်းများလိုအပ်ပါသည်။
- လိုင်စင်လက်မှတ်မိတ္တူ - နိုင်ငံသားမှတ်ပုံတင်မိတ္တူ - မြေပိုင်ဆိုင်မှုနှင့် ပတ်သတ်သော တရားရုံးအမိန့်၊ အနိုင်ဒီဂရီရှိလျှင် မိတ္တူ
လိုင်စင်မြေအား မြေငှားဂရန် လျှောက်ထားရာတွင် ...
- လိုင်စင်မိတ္တူ(မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးပြီး) - လျှောက်ထားသူ၏ မှတ်ပုံတင် - ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ တရားရုံးအမိန့်၊ အနိုင်ဒီဂရီ၊ - မြေငှားခနောက်ဆုံး ပေးဆောင်ပြီးသော ပြေစာမိတ္တူ (သို့) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်တို့ လိုအပ်ပါသည်။
စာရွက်စာတမ်းများ ပြည့်စုံပါက ဌာနမှ မြေတိုင်း မြေရာဇဝင် အစီရင်ခံစာနှင့် မြို့မြေစာရင်း အမည် ပေါက်၊ လိုင်စင်ပါ အမည်ပေါက်တို့ တူညီမှုရှိမရှိ စစ်ဆေးမည်ဖြစ်ပါသည်။ အမည်ပေါက် မှန်ကန်မှုရှိလျှင် မြေငှားဂရန် လျှောက်ထားရာ၌ ကန့်ကွက်ရှိမရှိ ကန့်ကွက်စာကို မြေပေါ်တွင် (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်ပေးပို့စေကာ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင် လျှောက်ထားသူအား ပြန်လည် ပေးပို့စေမည်ဖြစ်ပါသည်။
လိုင်စင်မူရင်း တင်ပြနိုင်ခြင်းမရှိဘဲ မြေငှားဂရန်လျှောက်ထားပါက အမှန်တကယ် ပျောက်ဆုံးကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ကျမ်းကျိန်လွှာတို့ပါ ပူးတွဲတင်ပြ၍ မြေငှားဂရန် လျှောက်ထားရမည် ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com