ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမေရိကန်မှ Empire State မိုးမျှော်တိုက်ကြီးထက် အလုံး ၂၀ စာ ပိုမိုကြီးမားသော အဆောက်အအုံကြီးဖြစ်

ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမေရိကန်မှ Empire State မိုးမျှော်တိုက်ကြီးထက် အလုံး ၂၀ စာ ပိုမိုကြီးမားသော အဆောက်အအုံကြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
12 Nov 2024 11:56 am တွင် တင်ခဲ့သည်
687 ကြိမ် ကြည့်ရှု့ပြီး

ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး ဆောက်လုပ်မှု တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

ဆော်ဒီအာရေးဘီးယား၏မြို့တော် ရီယာ့ဒ်တွင် တည်ရှိပြီး Mukaab ဟု အမည်ပေးထားသည့် အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၅၀ ဘီလီယံအထိ အကုန်အကျခံ ဆောက်လုပ်သွားမည်ဖြစ်သည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံတဝန်းတွင် အနာဂတ်ဆန်လှသော ဆောက်လုပ်ရေးစီမံကိန်း များစွာ အကောင်အထည်ဖော်နေရာ Mukaab လည်း အပါအဝင် ဖြစ်သည်။

(ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည့် Mukaab အဆောက်အအုံကြီး၏ သရုပ်ဖော်ဓာတ်ပုံ။ ဓာတ်ပုံ-flickr/ Salman Al-Mazini)

ရီယာ့ဒ်၏ ကောင်းကင်မြင်ကွင်းကို ပြောင်းလဲစေမည့် Mukaab အဆောက်အအုံကြီးသည် အမြင့်ပေ ၁၃၀၀၊ အကျယ် ပေ ၁၂၀၀ ရှိမည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စုမှ Empire State အဆောက်အအုံကြီး အလုံး ၂၀ စာ အရွယ်အစားရှိသည်။

Mukaab အဆောက်အအုံကြီးတွင် ရုံးခန်းများ၊ လက်လီအရောင်းဆိုင်နေရာများ၊ စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး ကြမ်းခင်း စတုရန်းပေ ၂ သန်းရှိမည်ဟု ဆိုသည်။

Mukaab အဆောက်အအုံကြီးတွင် လူပေါင်းများစွာလည်း အခြေချနေထိုင်နိုင်မည်ဖြစ်ပြီး လူနေခန်းပေါင်း ၁၀၄၀၀၀ အထိ ပါဝင်မည်ဖြစ်သည့်အပြင် ဟိုတယ်ခန်းပေါင်း ၉၀၀၀ ပါဝင်မည်ဟု ဆိုသည်။

အဆောက်အအုံတွင်းရှိ မည်သည့်နေရာမှမဆို ၁၅ မိနစ်အတွင်း ရောက်နိုင်မည့် စိမ်းလန်းစိုပြေသော နေရာများလည်း ဖန်တီးပေးမည်ဖြစ်ကြောင်း developer က ပြောသည်။

Mukaab သို့ လာရောက်လည်ပတ်သူများအား ပျော်ဝင်စီးမျောနိုင်မည့် အတွေ့အကြုံမျိုးရစေရန် ဆောက်လုပ်မည့် Developer ဖြစ်သော The New Murabba Development ကုမ္ပဏီက AI နည်းပညာကို အသုံးပြုသွားမည်ဟု ဆိုသည်။

ထိုသို့သောအရာမျိုးတွင် Las Vegas Sphere ၏ စတိုင်မျိုးဖြစ်သော ကြီးမားလှသည့် screen ကြီးများလည်း ပါဝင်မည် ဖြစ်သည်။

ယခုစီမံကိန်းဖြင့် ဆော်ဒီအာရေးဘီးယားကို ပိုမိုခေတ်မီသည့် အနာဂတ်ဆီသို့ ပို့ဆောင်ပေးရန် ရည်မှန်းထားသော်လည်း ဒေသဂေဟဗေဒ၊ ဒေသဗိသုကာတို့အပေါ်တွင်သာ အခြေခံသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားထားသည်။

(Mukaab အဆောက်အအုံကြီး၏ သရုပ်ပြ နမူနာပုံ။ ရှေ့မျက်နှာစာကို ကြီးမားသည့် screen ကြီးများဖြင့် ကာရံထားမည်ဖြစ်သည်။ ဓာတ်ပုံ-Public Investment Fund)

စတုရန်းပုံ ပုံဖော်ဆောက်လုပ်မည့် အဆောက်အအုံဒီဇိုင်းမှာ ဒေသတွင်း Najdi ဗိသုကာဟန်ဖြစ်သည်။

Najdi ဗိသုကာတွင် ရွှံ့အုတ်များကို အသုံးပြုပြီး တြိဂံပုံ (သို့မဟုတ်) ထောင့်မှန်စတုဂံပုံ ပြတင်းများ၊ တံခါးများ ပါဝင်ကာ အလယ်ဗဟိုတွင် ကွက်လပ်တစ်ခု ထားလေ့ရှိသည်။

Makaab သည် ရေနံမှ မဟုတ်သော GDP ကဏ္ဍတွင် ကန်ဒေါ်လာ ၅၁ ဘီလီယံဖြည့်တင်းပေးနိုင်မည်ဟု ခန့်မှန်းထားပြီး အလုပ်အကိုင်နေရာပေါင်း ၃၃၄၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

Makaab အဆောက်အအုံကြီးကို ဆောက်လုပ်ရေးလုပ်သားပေါင်း ၉၀၀ ခန့်ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Saudi Arabia breaks ground on $50B Mukaab, the ‘world’s largest building’ — which could hold 20 Empire State Buildings (nypost) Photo Credit- flickr/ Salman Al-Mazini, Public Investment Fund

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service