အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ပြန်ရောက်လာသူ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နေထိုင်သော မိုင်အမ်မီမှ ဒေါ်လာ ၂၄ သန်းတန် စံအိမ်ကြီး

အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ပြန်ရောက်လာသူ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နေထိုင်သော မိုင်အမ်မီမှ ဒေါ်လာ ၂၄ သန်းတန် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
12 Nov 2024 11:44 am တွင် တင်ခဲ့သည်
521 ကြိမ် ကြည့်ရှု့ပြီး

၂၀၂၄ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီမှ ခါမလာ ဟဲရစ်ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရကာ ဒုတိယအကြိမ် သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်သည် ဖလော်ရီဒါတွင် အောင်ပွဲခံ အခမ်းအနားကျင်းပခဲ့ရာ ၎င်း၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်မှာလည်း ဖခင်ဘေးတွင် ရပ်နေခဲ့ကာ အတှူရှိနေပြီး နိုင်ငံရေးဇာတ်ခုံပေါ်သို့ ပြန်လည်ရောက်ရှိလာသည်။

အိုင်ဗန်ကာသည် ဖခင်၏ ပထမသက်တမ်းတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ အဓိကအားဖြင့် ပညာရေးနှင့် စီးပွားရေးကဏ္ဍတို့အတွက် အကြံပေးတာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ထွက်ခွာခဲ့ချိန်ကတည်းက နိုင်ငံရေးလောကကို ကျောခိုင်းထားသူ အိုင်ဗန်ကာအတွက် အလှည့်အပြောင်းကာလတစ်ခုသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါနှစ်များအတွင်း အသက် ၄၃ နှစ်အရွယ် အိုင်ဗန်ကာသည် A-list အကျော်အမော်တစ်ဦးကဲ့သို့ ဘဝဟန်ပန်မျိုးဖြင့် နေထိုင်ဖြတ်သန်းခဲ့ရာ ကမ္ဘာတဝန်းခရီးထွက်ခြင်း၊ ကမ္ဘာကျော်ကြယ်ပွင့်များစွာ လာရောက်သည့် ကော်ဇောနီပွဲများသို့ တက်ရောက်ခြင်းတို့ ပြုလုပ်နေသည့်အပြင် မိုင်အမ်မီမှ Indian Creek Island ရှိ ဒေါ်လာ ၂၄ သန်းတန် စံအိမ်ကြီးကို ဝယ်ယူကာ ခမ်းနားစွာ ပြန်လည်မွမ်းမံခြင်းများ ပြုလုပ်နေခဲ့သည်။

သားသမီး ၃ ဦးထွန်းကားထားသူ အိုင်ဗန်ကာသည် ဖခင်ဖြစ်သူ အိမ်ဖြူတော်မှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် မိုင်အမ်မီရှိ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းပါ စံအိမ်ကြီးကို ခင်ပွန်းဖြစ်သူ ဂျရက် ကွတ်ရှ်နာနှင့်အတူ ဝယ်ယူခဲ့သည်။

ဂျရက် ကွတ်ရှ်နာသည်လည်း ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အိုင်ဗန်ကာတို့စုံတွဲ ဝယ်ယူပြီးနောက်ပိုင်း ထွက်ပေါ်လာသော ဓာတ်ပုံများအရ ထိုအိမ်ကို အခွံထည်သာ ချန်ထားပြီး ဖြိုချဖျက်သိမ်းခဲ့ကာ အခမ်းနားဆုံးစံအိမ်ကြီးတစ်လုံးအဖြစ် ပြန်လည်ဆောက်လုပ်ခဲ့သည်ကို တွေ့ရသည်။

ထိုဒေသတွင် နေထိုင်သူများမှာ အလွန်တရာ ချမ်းသာကြွယ်ဝသူများဖြစ်ခြင်းကြောင့် ထိုအရပ်မှာ Billionaire Bunker ဟု အမည်တွင်နေသည်။

(ဒေါ်နယ်ထရမ့် သမ္မတတာဝန်မှ ပြီးဆုံးကာ အိမ်ဖြူတော်မှ ထွက်ခွာချိန် ၂၀၂၁ ခုနှစ်တွင် အိုင်ဗန်ကာတို့ ဇနီးမောင်နှံက မိုင်အမ်မီရှိ စံအိမ်ကို ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Instagram/ Ivanka Trump)

(ဝယ်ယူပြီးနောက် ပြန်လည်ဆောက်လုပ်မှု ပြုလုပ်ခဲ့ရာ ၃ နှစ်ခန့် အချိန်ယူဆောက်လုပ်ခဲ့ရသည်။ ဓာတ်ပုံ-Instagram/ Ivanka Trump)

(ယခင်က နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်စံအိမ်ဖြစ်ပြီး ယခုအခါ မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Instagram/ Ivanka Trump)

(အိပ်ခန်း ၆ ခန်းပါ စံအိမ်ဖြစ်ပြီး ထိပ်တန်း amenities များ ပါဝင်သည်။ ဓာတ်ပုံ-Instagram/ Ivanka Trump)

စံအိမ်ကြီးကို ၂ နှစ်ကျော် အချိန်ယူကာ ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်းလက်စ မသတ်သေးမီ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိုင်ဗန်ကာက မွေးနေ့ပါတီပွဲကို ဤစံအိမ်တွင် ကျင်းပခဲ့သည်။

အိုင်ဗန်ကာတို့စုံတွဲသည် ဤစံအိမ်ကို ဝယ်ယူရာတွင် အိမ်ခြံမြေချေးငွေ ဒေါ်လာ ၁၅ သန်းရယူကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘီလျံနာသူဌေးကြီး Alex Meruelo နှင့် ဇနီးဖြစ်သူ Liset Meruelo တို့ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(အိုင်ဗန်ကာတို့ ဝယ်ယူခဲ့ချိန်က စံအိမ်မှာ နီယိုးကလပ်စစ်ကယ် ဗိသုကာဟန်ဖြင့် ဖြစ်သည်။ ဓာတ်ပုံ-Realtor)

(အိုင်ဗန်ကာတို့ စုံတွဲသည် စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်ရာတွင် အိမ်ရှေ့မှ ရေကန်အပါအဝင် မူရင်းလက်ရာအချို့ကိုမူ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ဓာတ်ပုံ-Realtor)

(ခမ်းနားထည်ဝါလှသော double staircase ။ ဓာတ်ပုံ-Realtor)

(စံအိမ်ဟောင်းနေရာတွင် ခေတ်မီဒီဇိုင်းလက်ရာတို့ဖြင့် ပြောင်းလဲဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ivanka Trump’s Own White House: As the First Daughter Returns to Politics, Inside the $24 Million Miami Megamansion Where She’s Been Living the High Life (Realtor) Photo Credit- Instagram/ Ivanka Trump, realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service