အမေရိကန်ပြည်တွင် ဝိဉာဉ် ၂ ခု မကျွတ်လွတ်ဘဲ ခြောက်လှန့်နေကြောင်း သတင်းကြီးနေသော မီးပြတိုက် တစ်ခု ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သတ္တိကောင်းသူများအတွက် ညဘက်အိပ်စက်ရန် နေရာပါဝင်

အမေရိကန်ပြည်တွင် ဝိဉာဉ် ၂ ခု မကျွတ်လွတ်ဘဲ ခြောက်လှန့်နေကြောင်း သတင်းကြီးနေသော မီးပြတိုက် တစ်ခု ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သတ္တိကောင်းသူများအတွက် ညဘက်အိပ်စက်ရန် နေရာပါဝင် - Property News in Myanmar from iMyanmarHouse.com
11 Nov 2024 12:42 pm တွင် တင်ခဲ့သည်
534 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ်တွင် နှစ်ပေါင်း ၁၄၃ နှစ် သက်တမ်းရှိ မီးပြတိုက်တစ်ခု အရောင်းဈေးကွက်ဝင်လာသည်။

မီးပြတိုက်တွင် ဝိဉာဉ် ၂ ခုက မကျွတ်မလွတ်ဘဲ ခြောက်လှန့်လျက်ရှိကြောင်း သတင်းကြီးနေသည်။

ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြစ်ပြီး သမိုင်း၏ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ရမည့် ရှားပါးအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်။

Borden Flats Light ဟုအမည်ရသော မီးပြတိုက်သည် မက်ဆာချူးဆက်ပြည်နယ်၊ Somerset မြို့၊ Taunton မြစ်ဝတွင် တည်ရှိသည်။

ထိုမီးပြတိုက်သည် လူအိပ်စက်နိုင်သည့်နေရာပါသည့် ကမ္ဘာ့တစ်ခုတည်းသော မီးပြတိုက်ဖြစ်သည်ဟု ဆိုသည်။

မီးပြတိုက်ကို ၁၈၈၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၆၃ ခုနှစ်အထိ မီးပြတိုက်စောင့်တစ်ဦး အချိန်ပြည့် ခန့်ထားခဲ့သည်။

ယင်းနောက်ပိုင်းတွင်မူ အလိုအလျောက်စနစ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။

ထိုသို့ လူသူကင်းမဲ့သွားပြီးနောက်ပိုင်း မီးပြတိုက်မှာ ယိုယွင်းပျက်စီးလာခဲ့သည်။

လူသူမရှိသည့်အခြေအနေအတိုင်း ဆယ်စုနှစ်ပေါင်းများစွာရှိနေခဲ့ပြီး နောက်ပိုင်းတွင်မူ မီးပြတိုက်ကို လေလံတင်ရောင်းချခဲ့ရာ ဒေသခံတစ်ဦးဖြစ်သူ Nick Korstad က ဝယ်ယူခဲ့သည်။

Nick က ၆ နှစ်ခန့် အချိန်ယူကာ ပြန်လည်ပြုပြင်မွမ်းမံခဲ့ရာ ယခင်အတိုင်း အသစ်အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။

သို့သော် လွန်ခဲ့သော ၆ နှစ်တာအတွင်းတွင်ကား Kevin Ferias က ပိုင်ဆိုင်ခဲ့သည်။

(Borden Flats Light မီးပြတိုက်ကို ၁၈၈၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဓာတ်ပုံ-Kevin Ferias)

(ဝန်းကျင်ပင်လယ်ရှုမျှော်ခင်းများကို ကြည့်ရှုရန် နေရာကောင်းတစ်ခု။ ဓာတ်ပုံ-Kevin Ferias)

(မီးပြတိုက်ပိုင်ရှင်များဖြစ်သော Kevin နှင့် Mary တို့စုံတွဲ။ ဓာတ်ပုံ-Kevin Ferias)

Kevin သည် မီးပြတိုက်များနှင့် ပတ်သက်ပြီး အထူးဝါသနာကြီးသူဖြစ်သည်။

သူသည် ဗွီဒီယို၊ ဓာတ်ပုံသမားအဖြစ် ၄၃ နှစ်ခန့် လုပ်ကိုင်ခဲ့သူဖြစ်ကာ သူ၏ဘဝတွင် မီးပြတိုက်ပေါင်း ရာနှင့်ချီကာ ဓာတ်ပုံရိုက်ခဲ့ဖူးကြောင်း Kevin က ပြောသည်။

Kevin သည် အဆိုပါမီးပြတိုက်ကို ယခင်ပိုင်ရှင်ထံမှ ဒေါ်လာ ၂၄၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(မီးဖိုဆောင်မြင်ကွင်း။ ဓာတ်ပုံ-Kevin Ferias)

(သက်တောင့်သက်သာ အပန်းဖြေနိုင်မည့် သီးသန့်နေရာတစ်ခု။ ဓာတ်ပုံ-Kevin Ferias)

(မီးပြတိုက်ကို ဆည်းဆာအချိန်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Kevin Ferias)

ကမ္ဘာအရပ်ရပ်မှ ကမ္ဘာလှည့်ခရီးသည်များက ဤမီးပြတိုက်ကလေးတွင် လာရောက်တည်းခိုကြမှုများရှိသည်။

Kevin က ဧပြီ၊ မေ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တစ်ညလျှင် တည်းခိုခ ၅၉၅ ဒေါ်လာ ကောက်ခံပြီး ဇွန်လမှ စက်တင်ဘာလအထိကာလတွင် တစ်ညလျှင် ၆၄၉ ဒေါ်လာ ကောက်ခံသည်။

(အဏ္ဏဝါဓာတ်ပုံများ ဝန်းပတ်ထားသော အိပ်ခန်း။ ဓာတ်ပုံ-Kevin Ferias)

(မှန်နံရံတို့ ဝန်းပတ်ထားသော မီးပြခန်းမှတဆင့် ပင်လယ်ရှုမျှော်ခင်းကို အပြောကျယ်စွာ တွေ့မြင်နိုင်သည်။ ဓာတ်ပုံ-Kevin Ferias)

(မီးပြတိုက်၏ သက်တမ်းမှာ ၁၄၃ နှစ်ရှိပြီ ဖြစ်သည်။ ဓာတ်ပုံ-Kevin Ferias)

Kevin ကပြောသည်မှာ မိမိတို့အနေဖြင့် အလုပ်များမှ အနားယူရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ မိမိမှာ အသက် ၆၅ နှစ်ဖြစ်ပြီး ဇနီးမှာ ၆၆ နှစ်ဖြစ်ကြောင်း၊ မိမိတို့မှာ နုပျိုသန်စွမ်းမှု မရှိတော့ကြောင်း၊ လာမည့်နှစ်တွင် အနားယူရန် စီစဉ်ထားပြီး မီးပြတိုက်ရောင်းချရသည့်ငွေဖြင့် ကျန်ရှိသည့် ဘဝသက်တမ်းအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

မီးပြတိုက်တွင် တည်းခိုရန် ကြိုတင်စာရင်းပေးသွင်းထားသူများအလွန်များပြားပြီး နောင် ၇ နှစ်တာအတွက် ရက်ပြည့်ငှားရမ်းထားပြီးဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: For Sale: $1.25 Million ‘Haunted’ Lighthouse Where You Can Actually Sleep in the Light Tower—If You Dare (realtor)

Photo Credit- Kevin Ferias

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service