အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
10 Nov 2024 10:48 am တွင် တင်ခဲ့သည်
733 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

မေးခွန်း(၁) - လယ်ယာမြေကို အိမ်ဆောက်၊ ဆိုင်ခန်းဆောက် ၊အခြားနည်းဖြင့် အသုံးပြုရန်အတွက် မည်သို့လျှောက်ထားနိုင်ပါသနည်း။

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရယူလိုပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၃၀ နှင့် အညီ တိုင်းဒေသကြီး ၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထံ ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။

လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်လျှောက်လွှာဖြင့် အောက်ပါအချက်အလက်များ ပါဝင်ကာ သက်သေခံမြေပုံနှင့်အတူ ပုံစံ-(၁၄) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။

- လျှောက်ထားသူ၏ အမည် - မှတ်ပုံတင်အမှတ် - အဘအမည် - အလုပ်အကိုင် - အမြဲနေထိုင်သည့်နေရပ်လိပ်စာ - လျှောက်ထားသည့်မြေ၏ အကြောင်းအရာ - ရပ်ကွက်/ကျေးရွာ - ကွင်းအမှတ်/အမည် - ဦးပိုင်အမှတ် - မြေမျိုး - မူလဧရိယာ(ဧက) - လျှောက်ထားသည့်ဧရိယာ(ဧက) - အခြားနည်း အသုံးပြုလိုသည့် နည်းလမ်းများအား လျှောက်လွှာတွင် တိကျစွာရေးသား ဖော်ပြပြီး လျှောက်ထားသူမှ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။ ထို့ပြင် မြေအား လက်ရှိအသုံးပြုထားမှု အခြေအနေအားလဲ ဖော်ပြရေးသားရမည် ဖြစ်ပါသည်။

လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုရမည်ဖြစ်ပြီး လယ်ယာမြေဖြစ်ပါက တိုင်းဒေသကြီး (သို့) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ လယ်ယာမြေကို အခြားနည်းအသုံးပြုမှု ခွင့်ပြုပေးနိုင်ပါသည်။

ထို့ပြင် ပုဒ်မ- ၃၀ အရ အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပါက လယ်ယာမြေပုဒ်မ- ၃၁ အရ (၆)လ အတွင်း သတ်မှတ်ခွင့်ပြု လုပ်ငန်းစဉ်အားအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုပါသည်။ ခွင့်ပြုလုပ်ငန်းအတိုင်း လုပ်ဆောင်ခြင်းမရှိပါက အဆိုပါ လယ်ယာမြေအား သိမ်းယူသည်အထိ အရေးယူခြင်းပြုနိုင်ပါသည်။

အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင် မိမိလုပ်ဆောင်လိုသော လုပ်ငန်းများ အချက်အလက်များဖြင့် ကိုက်ညီမှုမရှိဘဲ မမှန်မကန် လိမ်လည်လျှောက်ထားခြင်းဖြစ်ပါကလဲ တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း(၂) - လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ - (၇) ရထားတဲ့သူထံက မြေကွက်ဝယ်ပြီး အကွက်ရိုက်ရောင်းချလို့ ရပါသလား။

လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်၊ စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက် သီးနှံ ၊ ပန်းမန် စိုက်ပျိုးသောသောမြေကို ဆိုလိုပြီး အဆိုပါ စကားရပ်တွင် လူနေအိမ်နှင့် ကျေးရွာ၊ မြို့နယ်နိမိတ်များ မပါဝင်ပါ။

လယ်ယာမြေစိုက်ပျိုးမြေများမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-(၇) လျှောက်ထားရယူနိုင်ပြီး အမှန်တ ကယ် လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်သော တောင်သူလယ်သမား အိမ်ထောင်စု(သို့) အိမ်ထောင်စုဝင်ကိုသာ ပုံစံ- ( ၇ ) ချထားပေးပါသည်။

လယ်ယာမြေအား ပုဒ်-၃၀(က)အရ အခြားနည်းအသုံးပြုခွင့်ကို ပုံစံ-(၁၄)ဖြင့် လျှောက်ထားရယူခြင်း မရှိဘဲ အခြားနည်း အသုံးပြုခွင့်မရှိပါ။ ပုဒ် - ၁၂(ဈ) အရလဲ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို ချန်လှပ်ထားခြင်း ပြုမရပါ။

လယ်ယာမြေကို လုပ်ပိုင်ခွင့်ရရှိထားသူ ဖြစ်ပါက အောက်ပါအချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

- လယ်ယာမြေကို အမှန်တကယ်လုပ်ကိုင်ရန် လိုအပ်ခြင်း - မြေခွန်မြေခများ မပျက်မကွက် ထမ်းဆောင်ရန် လိုအပ်ခြင်း - ရောင်းချခြင်း၊ ပေါင်နှံခြင်းပြုသည့်အခါများတွင်လဲ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခကို ပေးဆောင်ကာ မှတ်ပုံတင်ရန် လိုအပ်ခြင်း။ - တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းအားလဲ မှတ်ပုံတင်ခြင်း။ - အစိုးရဘဏ် (သို့) အစိုးရအသိအမှတ်ပြုဘဏ်တွင် စိုက်ပျိုးထုတ်လုပ်မှုအတွက် ပေါင်နှံနိုင်ခြင်း။ - အခြားနည်းအသုံးပြုခွင့်မရှိသလို၊ သီးနှံပြောင်းလဲ စိုက်ပျိုးခွင့်မရှိပါ။ လယ်ယာမြေကို ချန်လှပ်ထား ခြင်း ပြုမရသလို အငြင်းပွှားမှုဖြစ်ပွှားနေသည့်ကာလအတွင်း ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ် ခြင်း၊ ပေးကမ်းခြင်းလဲ ဆောင်ရွက်မရကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

ထို့ကြောင့် လယ်ယာမြေပုဒ်မ- ၁၂ (ဆ)ပါ အချက်အလက်များအတိုင်း ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေ အား အခြားသုံးစွဲလျှင် အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ပါသည်။

စာသင်ကျောင်း၊ ကျန်းမာရေး၊ ဆေးရုံ၊ ဆေး ပေးခန်း၊ ဘာသာရေး အဆောက်အအုံ စိုက်ပျိုးသီးနှံ ဂိုဒေါင်အတွက် မြေနေရာများ လိုအပ်သည့်အခါ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း ပြုနိုင်ပါသည်။ အခြားနည်းသုံးစွဲခွင့် လျှောက်ထားရယူခြင်းမရှိဘဲ အကွက်များ ခွဲစိတ်ရောင်းချခြင်းမပြုနိုင်ပါ။

လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် ချထားပေးပြီးလျှင်လဲ အမှန်တကယ် လျှောက်ထား ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ခြင်းရှိမရှိ (၆)အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စီစစ်မည်ဖြစ် ကာ (၆)လတစ်ကြိမ် လျှောက်ထားသူမှလဲ တင်ပြရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ဖြင့် သွေဖယ်ကာ အခြားနည်း အသုံးပြုမရပါ။ ငါးမွေးကန်၊ အပန်းဖြေစခန်းအတွက် ချထားပေးခြင်းဖြစ်ပါက အဆိုပါအတိုင်း ဆောင်ရွက်ရ မည်ဖြစ်ကာ လူနေထိုင်ရန် မြေကွက်အိမ်ရာများ ခွဲစိတ်ရောင်းချ၍ မရနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း (၃) - မြေလွတ် မြေရိုင်းတွေကို အရောင်းအဝယ်ပြုလုပ်လို့ ရပါသလား။

မြေလွတ်မြေလပ်ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် လုပ်ကိုင်သူ မရှိသော စိုက်ပျိုးမြေဖြစ်ကာ မြေရိုင်းဆိုသည်မှာ သစ်ပင်၊ ဝါးပင်၊ ချုံနွယ်များ ပေါက်ရောက်သည်ဖြစ်စေ၊ မြေအနေအထား ညီညာမှုမရှိသော မြေကိုဆိုလိုပါသည်။

မြေလွတ်မြေရိုင်းအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်း နှင့် အခြားသော အစိုးရခွင့်ပြု လုပ်ငန်းများ လုပ်ကိုင်အသုံးပြုခွင့် လျှောက်ထားလိုသူသည် မြေလွတ်၊မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲ‌ရေး ဗဟိုကော်မတီ တွင် လျှောက်ထားခြင်းပြုနိုင်ပါသည်။ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူဖြစ်ပါက မြန်မာနိုင်ငံ၊ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ သဘောတူညီချက် လိုအပ်ပါသည်။ မြေလွတ်မြေရိုင်းအား အသုံးပြုခွင့် ရရှိသည့်အခါတွင်လဲ အာမခံကြေးပေးသွင်းပြီးမှ ခွင့်ပြုမိန့်အား ထုတ်ယူကာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ မြေခွန်အားလဲ သီးနှံအမျိုးအစားနှင့် လုပ်ငန်းပေါ် မူတည်၍ သတ်မှတ်ထားပါသည်။

နှစ်ရှည်ပင်ဖြစ်ပါက နှစ် (၃၀)၊ မွေးမြူရေးလုပ်ငန်းအတွက် ချထားပေးခြင်းဖြစ်ပါက နှစ်(၃၀) ခွင့်ပြုကာ သက် တမ်းတိုး ခြင်းလဲ ဆောင်ရွက်သွားနိုင်ပါသည်။

ခွင့်ပြုချက်ချထားခြင်းခံရသူသည် ပုဒ်မ-၁၆ နှင့် အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ..

- ခွင့်ပြုလုပ်ငန်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း

- လုပ်ပိုင်ခွင့်ရသည်မှ (၄)နှစ်အတွင်း သတ်မှတ်ချက်အတိုင်း အကောင်အထည် ဆောင်ရွက်ပြီးစီးခြင်း

- အစိုးရမှ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း၊

ခွဲစိတ်ရောင်းချခြင်း ဆောင်ရွက်မရပါ။

- မြေပေါ်မြေအောက်ရှိ အခြားသောသယံဇာတများအားလဲ ခွင့်ပြုချက်နှင့် သွေဖယ်စွာ ထုတ်ယူခွင့်မရှိပါ။

ခွင့်ပြုချက်ချထားပေးသော လုပ်ငန်းစဉ်နှင့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက် ဆိုင်ရာဌာနများမှ ဖွဲ့စည်းထားသော ကော်မတီမှ စစ်ဆေးမည်ဖြစ်ကာ လုပ်ပိုင်ခွင့်ပြန်လည် ရုတ်သိမ်းခြင်း၊ မြေလွတ်၊ မြေရိုင်းအား သိမ်းဆည်းခြင်း၊ ဒဏ်ကြေးအဖြစ် အာမခံငွေအား သိမ်းဆည်းခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရနိုင်ပါသည်။

ထို့ကြောင့် မြေလွတ်၊ မြေရိုင်းမြေအမျိုးအစားအား တရားဝင်ခွင့်ပြုချက် တိုက်ရိုက်ရယူပြီး အသုံးပြုသင့်ကြောင်း နှင့် ပုဒ်- ၁၆ (ဂ) အရ အစိုးရ ခွင့်ပြုချက်မရရှိဘဲ တရားဝင် လွှဲပြောင်းရောင်းချခြင်း မပြုနိုင်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service