သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့စပ်ထားသူ မိန်းကလေး ထောင်မှ လွတ်လာပါက လက်ထပ်မည်ဟု ကြေညာ၊ Lee Lung Kei က သူ၏ အိမ်ခြံမြေ ၇ ခုလုံးကို ထိုအမျိုးသမီးအား လွှဲပြောင်းပေးအပ်

သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့စပ်ထားသူ မိန်းကလေး ထောင်မှ လွတ်လာပါက လက်ထပ်မည်ဟု ကြေညာ၊ Lee Lung Kei က သူ၏ အိမ်ခြံမြေ ၇ ခုလုံးကို ထိုအမျိုးသမီးအား လွှဲပြောင်းပေးအပ် - Property Knowledge in Myanmar from iMyanmarHouse.com
6 Nov 2024 10:58 am တွင် တင်ခဲ့သည်
556 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei သည် သိမ်းငှက်သူရဲကောင်း အတွဲ-၂ (The Return of the Condor Heroes) တွင် ပါဝင်သရုပ်ဆောင်မှုဖြင့် လူသိများသူ ဖြစ်သည်။

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်သော မင်းသားကြီး လီလုံချီ (Lee Lung Kei) သည် ၎င်းနှင့်စေ့စပ်ထားသူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး Chris Wong ထောင်မှ ပြန်လည်လွတ်မြောက်လာပါက လက်ထပ်မည့် ရက်စွဲကို ထုတ်ဖော်ကြေညာလိုက်သည်။

HK01 သတင်းဌာန၏ ဖော်ပြချက်အရ အသက် ၃၇ နှစ်အရွယ်ရှိ Chris Wong သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် ထောင်မှ ပြန်လည်လွတ်မြောက်မည်ဖြစ်သည်ဟုဆိုသည်။

မင်းသားကြီး လီလုံချီက သူ၏ချစ်သူအမျိုးသမီး ထောင်မှ ပြန်လည်လွတ်မြောက်ပါက တရုတ်ပြည်၊ ရှန်ကျန်းမြို့တွင် လက်ထပ်သွားမည်ဖြစ်ပြီး မင်္ဂလာနေ့ကောင်းရက်သာ ရွေးချယ်နေသည်။

“Chris Wong ထောင်ကလွတ်လာတဲ့အခါ သူပိုလှလာအောင် ကျွန်တော်ကူညီပေးသွားပါမယ်။ ကျွန်တော်တို့ နှစ်ဦးရဲ့ နေ့ထူးရက်မြတ်မှာ သူ့အလှတွေ ဝေဖြာနေစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘဝသစ်ကို အတူစတင်ဖို့ အသင့်ဖြစ်နေပါပြီ” ဟု လီလုံချီက ပြောသည်။

 

(ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး လီလုံချီနှင့် စေ့စပ်ထားသူ အမျိုးသမီးတို့ကို ပွဲတစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ-Instagram)

 

တရုတ်ပြည်၊ ဖိုရှန်မြို့သူ Chris Wong သည် ယခုပြစ်မှုကြောင့် နောင်အခါတွင် ဟောင်ကောင်သို့ ခြေချရန် အခက်တွေ့မည်ဖြစ်သော်လည်း လီလုံချီနှင့် လက်ထပ်ခြင်းအားဖြင့် ၎င်းအတွက် ဗီဇာရရန် လွယ်ကူလာစေမည် ဖြစ်သည်။

Chris Wong သည် စာရွက်စာတမ်းအတုများဖြင့် ဟောင်ကောင်သို့ ဝင်ရောက်ရန် ကြိုးစားမှုဖြင့် ယခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခံခဲ့ရသည်။

Chris Wong ကို စာရွက်စာတမ်းအတုပြုလုပ်မှု၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုတို့ဖြင့် ဇွန်လ ၁၉ ရက်တွင် တရားရုံးက ထောင်ဒဏ် ၂၅ လ ချမှတ်ခဲ့သည်။

Chris Wong က သူ၏အပြစ်ကို ဝန်ခံခဲ့ပြီး ထောင်ဒဏ်ကို လက်ခံခဲ့သည်။ ၎င်းတို့စုံတွဲက အယူခံမတင်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

လီလုံချီသည် သိမ်းငှက်သူရဲကောင်းများ (The Return of the Condor Heroes) ၊ အနောက်သို့ ခရီးသွားခြင်း၊ The Heaven Sword and Dragon Saber (နဂါးနိုင်ဓား) အစရှိသော အလွန်အောင်မြင်ကျော်ကြားသည့် ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ကာ လူသိများခဲ့သူဖြစ်ပြီး မကြာသေးမီနှစ်များအတွင်းကလည်း Forensic Heroes 2020 နှင့် Sinister Beings တို့တွင် ပါဝင်သရုပ်ဆောင်ထားသည်။

ဤမျှအသက်အရွယ်ကြီးသူနှင့် တွဲခြင်းမှာ ငွေမက်သောကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများအပေါ် လီလုံချီက အကာအကွယ်ပေးခဲ့သည်။

လီလုံချီသည် ယခင်က အိမ်ထောင်ရှိပြီး သားသမီး ၃ ဦးလည်းရှိကာ သူ၏ သားသမီးများမှာ ယခုလက်ထပ်ရန် စီစဉ်နေသည့် အမျိုးသမီးထက် အသက်ကြီးသူများချည်း ဖြစ်သည်။

((ပိုင်ဆိုင်သည့် အိမ်ခြံမြေ ၇ ခုလုံးကို လက်ထပ်မည့်အမျိုးသမီးအား ပိုင်ဆိုင်မှုလွှဲပြောင်းပေးထား))

၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အင်တာဗျူးတစ်ခုတွင် လီလုံချီက ပြောခဲ့သည်မှာ မိမိပိုင်ဆိုင်သော အိမ်ခြံမြေ ၇ ခုလုံးကို အသက် ၃၆ နှစ်အရွယ် ချစ်သူအမျိုးသမီး Chris Wong အား လွှဲပြောင်းပေးအပ်ထားကြောင်း ပြောဖူးသည်။

လက်ထပ်ပြီးနောက်ပိုင်း Chris Wong ၏ အနာဂတ်လုံခြုံစေရန်အတွက် ထိုသို့လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း လီလုံချီက ပြောသည်မှာ China Press က ဖော်ပြသည်။

အလွန်အသက်ကွာခြားကြသော်လည်း ပြီးခဲ့သော ၄ နှစ်တာအတွင်း ၎င်းတို့ကြားအချစ်ရေးမှာ တည်ငြိမ်ခဲ့ကြောင်း၊ ထိုသို့အချစ်ရေးတည်ငြိမ်ခြင်းမှာ စိတ်ဝင်စားမှု တူညီကြခြင်းကြောင့်ဖြစ်ကြောင်း လီလုံချီက ပြောသည်။

လေကြောင်းနယ်ပယ်ကို စိတ်ဝင်စားမှုမှာ နှစ်ဦးလုံးတူညီနေသည်။

လီလုံချီသည် အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်သော လေယာဉ်များနှင့် ပတ်သက်ပြီး ဝါသနာကြီးသူတစ်ဦး ဖြစ်ပြီး ဟောင်ကောင်ကို ကိုယ်စားပြုကာ ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ဖူးသကဲ့သို့ Chris Wong မှာ လေကြောင်းအင်ဂျင်နီယာတစ်ဦး ဖြစ်သည်။

လီလုံချီ၏ ကိုယ်ဝန်လွယ်ထားရချိန် ၂၀၂၀ ပြည့်နှစ်အတွင်း Chris Wong ကိုယ်ဝန်ပျက်ကျခဲ့သည့်ဖြစ်ရပ် မှစတင်ကာ ၎င်းတို့နှစ်ဦးကြား အချစ်ရေး လူသိထင်ရှားဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Condor Heroes' actor Lee Lung Kei sets wedding date with 37-year-younger fiancée after prison release (thestar)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါဇနက်ဂါ (အာနိုး၏သမီး) တို့ ဇနီးမောင်နှံက လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါဇနက်ဂါ (အာနိုး၏သမီး) တို့ ဇနီးမောင်နှံက လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service