ရုပ်ရှင်ရိုက်နေစဉ် တွဲဖက်သရုပ်ဆောင် မင်းသမီးကြီး၏ မျက်နှာကိုတည်ကာ တမင်သက်သက် အီးပေါက်ခဲ့သူ မင်းသားကြီးအာနိုး လက်ရှိအားဖြင့် မြည်းလေးတစ်ကောင်နှင့်အတူ အထီးကျန်စွာ နေထိုင်လျက်ရှိသော လော့စ်အိန်ဂျလိစံအိမ်

ရုပ်ရှင်ရိုက်နေစဉ် တွဲဖက်သရုပ်ဆောင် မင်းသမီးကြီး၏ မျက်နှာကိုတည်ကာ တမင်သက်သက် အီးပေါက်ခဲ့သူ မင်းသားကြီးအာနိုး လက်ရှိအားဖြင့် မြည်းလေးတစ်ကောင်နှင့်အတူ အထီးကျန်စွာ နေထိုင်လျက်ရှိသော လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
5 Nov 2024 11:47 am တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့် မင်းသားကြီး အာနိုး ရှဝါဇနက်ဂါသည် သြစထရီးယားနိုင်ငံရှိ သာမန်အိမ်တစ်လေးမှ စတင်ခဲ့သော ကလေးဘဝမှသည် ဘဝခရီးရှည်ကြီး ချီတက်ခဲ့ပြီး ဖြစ်သည်။

ကာယအလှမောင်၊ ရုပ်ရှုင်သရုပ်ဆောင်၊ နိုင်ငံရေးသမား အစရှိသော ဘဝများကို ဖြတ်သန်းခဲ့သည့် နှစ်ပေါင်း ၅၀ ကာလအတွင်း အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းများဖြင့် ငွေကို တန်ဖိုးရှိရှိ အသုံးချခဲ့သည်။

အာနိုး၏ ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။

ထိုသို့ နှစ်ပေါင်းများစွာ ကာလအတွင်း အာနိုးသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့်နည်းတူ အားကျဖွယ်ကောင်းသော စံအိမ်ကြီးများတွင် နေထိုင်ခဲ့သည်။

လက်ရှိအချိန်တွင်မူ မြည်းတစ်ကောင်၊ မြင်းပုလေးတစ်ကောင်တို့ကို အဖော်ပြုကာ အထီးကျန်စွာ ဘဝဖြတ်သန်းလျက်ရှိသည်။

((လက်ရှိအားဖြင့် အာနိုးဘယ်မှာနေလဲ))

 

(ဓာတ်ပုံ-Yuichi Yamazaki/ Getty Images)

The Terminator ရုပ်ရှင်ဇာတ်ကားများဖြင့် ကမ္ဘာကျော်သူ အာနိုးသည် လက်ရှိအားဖြင့် လော့စ်အိန်ဂျလိမြို့၊ Brentwood အရပ်ရှိ ကျယ်ဝန်းလှသောစံအိမ်ကြီးတွင် နေထိုင်လျက်ရှိသည်။

အာနိုးသည် အဆိုပါစံအိမ်ကို ဇနီးဟောင်း မာရီယာ ရှရိုင်ဗာနှင့်အတူ ၂၀၀၂ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အာနိုးသည် ၂၀၂၄ ခုနှစ်၊ Forbes မဂ္ဂဇင်းကြီး၏ ကမ္ဘာ့ဘီလျံနာများစာရင်းတွင် ပါဝင်နေသည်။

အာနိုးသည် ဟောလိဝုဒ်၏ အောင်မြင်မှုအရဆုံး ရုပ်ရှင်သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်ရုံမျှမက လိမ္မာပါးနပ်သောစီးပွားရေးသမားတစ်ဦးဖြစ်သော်လည်း ရွှေလင်ဗန်းနှင့် အချင်းဆေးကာ မွေးလာသူတစ်ဦးကား မဟုတ်။

((အာနိုးရှဝါဇနက်ဂါ၏ ကလေးဘဝနေအိမ်))

(ဓာတ်ပုံ-Michael Ochs Archives/ Getty Images)

 

အာနိုးကို သြစထရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ Thal ကျေးရွာလေးတွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် မွေးဖွားသည်။

ဖခင်မှာ ဒေသတွင်း ရဲအရာရှိတစ်ဦးဖြစ်ပြီး အာနိုးနှင့် အစ်ကိုဖြစ်သူ Meinhard တို့နှစ်ဦးမှာ တင်းကြပ်သော စစ်တပ်အသွင်အုပ်ချုပ်သည့်အိမ်ထောင်စုတွင် ကြီးပြင်းခဲ့ရသည်။

မိမိ၏ ငယ်စဉ်ဘဝမှာ ခက်ခဲခဲ့ကြောင်း၊ မနက်စာ စားရရန်အတွက်ပင်လျှင် ညီအစ်ကို နှစ်ဦး ထိုးသတ်ယှဉ်ပြိုင်ရကာ အနိုင်ရသူက မနက်စာစားစေရန် ဖခင်က စီစဉ်ထားကြောင်း အာနိုးက ပြောသည်ဟု ဗြိတိန်သတင်းစာ The Independent တွင် ဖော်ပြသည်။

 

(ဓာတ်ပုံ-Sean Gallup/ Getty Images)

 

အာနိုး၏ ငယ်စဉ်ဘဝတလျှောက် ၎င်းတို့မိသားစုသည် ဖခင်ဖြစ်သူ Gustav တာဝန်ထမ်းဆောင်သော ရဲစခန်းအဆောက်အအုံ၏ အပေါ်ထပ်တွင် နေထိုင်ခဲ့ကြသည်။

ရဲစခန်းအဆောက်အအုံမှာ ယခင်က မြို့စားကြီး Herberstein နေထိုင်ခဲ့သည့်နေရာဖြစ်ပြီး ၁၈၀၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

((လက်ရှိနေထိုင်သော Brentwood အရပ်စံအိမ်))

(ဓာတ်ပုံ-Google Earth)

 

အာနိုးနှင့် ဇနီးဟောင်း မာရီယာတို့သည် လော့စ်အိန်ဂျလိမြို့တွင် အကျော်အမော်များ နေထိုင်ကြရာ Brentwood အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၉ သန်းဖြင့် ဝယ်ယူကာ ကာလကြာရှည်နေထိုင်ခဲ့သော Pacific Palific အရပ်အိမ်မှ ပြောင်းရွှေ့ခဲ့သည်။

စံအိမ်၏ အသေးစိတ်အချက်အလက်များကို မသိရချေ။ ခြံဝန်းအကျယ်မှာ ၆ ဧကရှိပြီး အိမ်အကျယ် စတုရန်းပေ ၁၁၀၀၀ ရှိကာ အိပ်ခန်း ၅ ခန်း ပါဝင်ကြောင်းကိုမူ သိရသည်။

ကောင်းကင်ဓာတ်ပုံများအရ ခြံဝန်းအတွင်း တင်းနစ်ကွင်းနှင့် ရေကူးကန်လည်း တွေ့ရသည်။

 

(ဓာတ်ပုံ-@shwarzenegger/ Instagram)

 

အာနိုးသည် လက်ရှိအားဖြင့် ဝီစကီဟု အမည်ပေးထားသော မြင်းပုလေးတစ်ကောင်၊ လူလူဟု အမည်ပေးထားသော မြည်းကလေးတစ်ကောင်နှင့်အတူ နေထိုင်လျက်ရှိသည်။

 

(ဓာတ်ပုံ-@shwarzenegger/ Instagram)

 

((End of Days ရုပ်ရှင်ကားရိုက်ကူးစဉ် တွဲဖက်သရုပ်ဆောင်၏ မျက်နှာတည်ကာ တမင်အီးပေါက်ခဲ့ခြင်း))

အက်ရှင်ကြယ်ပွင့်ကြီး အာနိုးသည် ရုပ်ရှင်လောက ဖြတ်သန်းခဲ့သည့် နှစ်ပေါင်းများစွာကာလတလျှောက် အမှတ်တရများစွာရှိခဲ့သည်။

သူ၏ ရုပ်ရှင်များအနက် End of Days သည် ရိုက်ကူးစရိတ် ဒေါ်လာ သန်း ၁၀၀ ကုန်ခဲ့ပြီး ဒေါ်လာ ၂၁၂ သန်း ပြန်ရခဲ့ရာ စီးပွားရေးအရ အောင်မြင်ခဲ့သော ဇာတ်ကားဖြစ်သည်။

ထိုရုပ်ရှင်တွင် အမှတ်ရဖွယ်များစွာအနက် အထူးခြားဆုံးမှာ အာနိုးက တွဲဖက်သရုပ်ဆောင်သူ၏ မျက်နှာကို တည်ကာ တမင်သက်သက် အီးပေါက်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။

အာနိုး၏ အီးဒဏ်ခံခဲ့ရသူမှာ ဗြိတိန်မင်းသမီးကြီး Miriam Margolyes ဖြစ်ပြီး ဟယ်ရီပေါ်တာ ဇာတ်ကားများ တွင် ပါမောက္ခ Sprout အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသူ ဖြစ်သည်။

မင်းသမီးကြီး Miriam သည် သူ၏စိတ်ထဲတွင်ရှိသည့်အတိုင်း ဘွင်းဘွင်းကြီး ပြောတတ်မှုဖြင့် ထင်ရှားသူလည်း ဖြစ်သည်။

မင်းသမီးကြီး Miriam က End of Days ဇာတ်ကားတွင် အာနိုးက မိမိအား မည်သို့လုပ်ခဲ့သည်ကို I’ve got news for you အမည်ရှိ poscast တွင် ဘွင်းဘွင်းကြီး ထုတ်ပြောချခဲ့သည်။

“သူ..ကျွန်မရဲ့ မျက်နှာကို အီးပေါက်ခဲ့ပါတယ်။ ကျွန်မလည်း အီးပေါက်တတ်ပါတယ်။ ဒါပေမယ့် တခြားသူရဲ့ မျက်နှာကိုတည်ပြီး အီးမပေါက်ဖူးပါဘူး။ သူ..ကျွန်မ မျက်နှာကိုတည်ပြီး တမင်သက်သက် အီးပေါက်ခဲ့ပါတယ်”

“အဲဒီဇာတ်ကားမှာ ကျွန်မက မိ စ္ဆာရဲ့ ညီမအဖြစ် သရုပ်ဆောင်ရပြီး ဇာတ်လမ်းအရ သူက ကျွန်မကို သတ်ဖို့ ကြိုးစားနေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတဲ့အချိန်ပါ။ ကျွန်မက ကြမ်းပြင်ပေါ်မှာ လဲနေပြီး ခန္ဓာကိုယ် အနေအထားအရ ကျွန်မ ချောင်ပိတ်မိနေပါတယ်။ အဲဒီအချိန်မှာ သူက ကျွန်မ မျက်နှာတည့်တည့်ကို အီးပေါက်ထည့်ခဲ့တာပါ”

သင့်မိတ်ဆွေသူငယ်ချင်းများထဲတွင် မကြာခဏ အီးပေါက်တတ်သူ ရှိပါသလား။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tour Arnold Schwarzenegger's mansion he shares with a donkey, plus his other amazing homes (uk.style)

Photo Credit-@shwarzenegger/ Instagram, Yuichi Yamazaki/ Getty Images, Michael Ochs Archives, Sean Gallup/ Getty Images, Google Earth

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service