ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ကျွန်းဟူသည်မှာ အများအားဖြင့် မိုင်ချီ ရှည်လျားသော ကမ်းခြေများ ပါဝင်လေ့ရှိသည်။
သို့သော် ကျွန်းအားလုံးတွင်ကား ထိုသို့ မဟုတ်ချေ။
ကမ္ဘာပေါ်တွင် အလွန်တရာသေးငယ်သော ကျွန်းပေါင်းများစွာ ရှိနေသည်။
Conde Nast Traveller ၏ ဖော်ပြချက်အရ နယူးယောက်ပြည်နယ်၊ Alexandria ပင်လယ်ကွေ့ရှိ Hub Island မှာ စတုရန်းပေ ၃၃၀၀ သာရှိသည်ဟု ဆိုသည်။
Hub ကျွန်းသည် ကမ္ဘာ့အသေးဆုံးကျွန်းဟု လူသိများပြီး အိမ်ငယ်တစ်လုံးနှင့် သစ်ပင်တစ်ပင်စာအတွက်သာ အကျယ်အဝန်းရှိသည်။
လက်ရှိအားဖြင့် အဆိုပါကျွန်းကို Just Room Enough ကျွန်းဟု အမည်ပြောင်းလဲထားသည်။
အမေရိကန်နှင့် ကနေဒါတို့ကြား Alexandria ပင်လယ်ကွေ့တွင် ကျွန်းပေါင်း ၁၈၆၄ ခု ရှိသည့်အနက် ယခုကျွန်းလည်း အပါအဝင် ဖြစ်သည်။
(Just Room Enough ကျွန်းသည် Thousand Islands ကျွန်းအုပ်စုတွင် ပါဝင်ပြီး အိမ်ငယ်တစ်လုံးနှင့် သစ်ပင်တစ်ပင်သာ ရှိသည်။ ဓာတ်ပုံ-Wolfgang Kaehler/ LightRocket via Getty Images)
Just Room Enough ကျွန်းကို ၁၉၅၀ ပြည့်လွန်ကာလများအတွင်း Sizeland မိသားစုက ဝယ်ယူခဲ့ကြောင်း Conde Nast Traveler က ဖော်ပြသည်။
ထိုမိသားစုက ကျွန်းပေါ်တွင် နေအိမ်တစ်လုံးဆောက်ခဲ့ပြီး သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့ကာ ယနေ့တိုင် အမည်တွင်နေသော Just Room Enough ကျွန်းဟူသောအမည်ကို ပေးခဲ့ခြင်း ဖြစ်သည်။
Just Room Enough ကျွန်းကို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှု အလွန်များပြားခဲ့သည်။
Saint Lawrence မြစ်တလျှောက် လှေဖြင့်သွားမည်ဆိုလျှင် ဤကျွန်းလေးကို အဝေးဆီမှပင် တွေ့မြင်ရသည်။
“အိမ်ပေါ်ကနေ ခြေတစ်လှမ်းမှားတာနဲ့ ရေဆင်းကူးရမှာ ဖြစ်ပါတယ်” ဟု ဝါရှင်တန်ပို့စ်သတင်းစာတွင် ရေးသားဖော်ပြခဲ့ဖူးသည်။
ကျွန်းအကျယ်အဝန်းမှာ တင်းနစ်ကွင်းတစ်ခုသာရှိကြောင်း ဝါရှင်တန်ပို့စ်က ၂၀၁၀ ပြည့်နှစ်အတွင်း ရေးသားဖော်ပြခဲ့သည်။
ယခင်က ကမ္ဘာ့အသေးဆုံးကျွန်းဟု လူသိများခဲ့သည်မှာ Bishop Rock ကျွန်း ဖြစ်သည်။
(Bishop Rock ကျွန်းကို ကမ္ဘာ့အသေးဆုံးကျွန်းဟု ယခင်က လူသိများခဲ့သည်။ ဓာတ်ပုံ-English Heritage/ Heritage Images/ Getty Images)
Bishop Rock ကျွန်းရှိ မီးပြတိုက်မှာ နောက်ပိုင်းတွင် အလိုအလျောက်စနစ်သုံး မီးပြတိုက်ဖြစ်လာရာ လူတို့ ထိန်းသိမ်းလည်ပတ်ရန် မလိုအပ်တော့ချေ။
Bishop Rock ကျွန်းသည် စစ္စလီကျွန်း၏ အနောက်ဘက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသည်။
သေးငယ်လှသော ကျွန်းများတွင် Sea Lion ကျွန်းနှင့် Dangar ကျွန်းတို့လည်း ပါဝင်သည်။
(Sea Lion ကျွန်းသည် ကျွန်းငယ်ကလေးဖြစ်သော်လည်း လာရောက်လည်ပတ်သူတို့အတွက် တောရိုင်းသဘာဝ အတွေ့အကြုံများ ရရှိစေမည်ဖြစ်သည်။ ဓာတ်ပုံ-Sharpshooters/ VWPics/ Universal Images Group via Getty Images)
Sea Lion ကျွန်းသည် Falkland ကျွန်းဆွယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိမ်ငယ်တစ်လုံးပါဝင်ကာ တောရိုင်းသဘာဝတို့ကြောင့် လူသိများသည်။
Dangar ကျွန်းမှာ သြစတေးလျနိုင်ငံတွင် တည်ရှိပြီး အကျယ်အဝန်း ၇၅ ဧကခန့်ရှိကာ လူဦးရေ ၃၀၀ ခန့် နေထိုင်လျက် ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World’s smallest inhabited island features a single home and tree (foxnews)
Photo Credit- Wolfgang Kaehler/ LightRocket via Getty Images, English Heritage/ Heritage Images/ Getty Images, Sharpshooters/ VWPics/ Universal Images Group via Getty Images
[Zawgyi]
အိမ္တစ္လံုးႏွင့္ သစ္ပင္တစ္သာရွိေသာ ကမၻာ့အေသးဆံုးကၽြန္းကေလး
ကၽြန္းဟူသည္မွာ အမ်ားအားျဖင့္ မိုင္ခ်ီ ရွည္လ်ားေသာ ကမ္းေျခမ်ား ပါဝင္ေလ့ရွိသည္။
သို႔ေသာ္ ကၽြန္းအားလံုးတြင္ကား ထိုသို႔ မဟုတ္ေခ်။
ကမၻာေပၚတြင္ အလြန္တရာေသးငယ္ေသာ ကၽြန္းေပါင္းမ်ားစြာ ရွိေနသည္။
Conde Nast Traveller ၏ ေဖာ္ျပခ်က္အရ နယူးေယာက္ျပည္နယ္၊ Alexandria ပင္လယ္ေကြ႔ရွိ Hub Island မွာ စတုရန္းေပ ၃၃၀၀ သာရွိသည္ဟု ဆိုသည္။
Hub ကၽြန္းသည္ ကမၻာ့အေသးဆံုးကၽြန္းဟု လူသိမ်ားျပီး အိမ္ငယ္တစ္လံုးႏွင့္ သစ္ပင္တစ္ပင္စာအတြက္သာ အက်ယ္အဝန္းရွိသည္။
လက္ရွိအားျဖင့္ အဆိုပါကၽြန္းကို Just Room Enough ကၽြန္းဟု အမည္ေျပာင္းလဲထားသည္။
အေမရိကန္ႏွင့္ ကေနဒါတို႔ၾကား Alexandria ပင္လယ္ေကြ႔တြင္ ကၽြန္းေပါင္း ၁၈၆၄ ခု ရွိသည့္အနက္ ယခုကၽြန္းလည္း အပါအဝင္ ျဖစ္သည္။
(Just Room Enough ကၽြန္းသည္ Thousand Islands ကၽြန္းအုပ္စုတြင္ ပါဝင္ျပီး အိမ္ငယ္တစ္လံုးႏွင့္ သစ္ပင္တစ္ပင္သာ ရွိသည္။ ဓာတ္ပံု-Wolfgang Kaehler/ LightRocket via Getty Images)
Just Room Enough ကၽြန္းကို ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း Sizeland မိသားစုက ဝယ္ယူခဲ့ေၾကာင္း Conde Nast Traveler က ေဖာ္ျပသည္။
ထိုမိသားစုက ကၽြန္းေပၚတြင္ ေနအိမ္တစ္လံုးေဆာက္ခဲ့ျပီး သစ္ပင္တစ္ပင္ စိုက္ပ်ဳိးခဲ့ကာ ယေန႔တိုင္ အမည္တြင္ေနေသာ Just Room Enough ကၽြန္းဟူေသာအမည္ကို ေပးခဲ့ျခင္း ျဖစ္သည္။
Just Room Enough ကၽြန္းကို ကမၻာလွည့္ခရီးသြားမ်ား စိတ္ဝင္စားမႈ အလြန္မ်ားျပားခဲ့သည္။
Saint Lawrence ျမစ္တေလွ်ာက္ ေလွျဖင့္သြားမည္ဆိုလွ်င္ ဤကၽြန္းေလးကို အေဝးဆီမွပင္ ေတြ႔ျမင္ရသည္။
“အိမ္ေပၚကေန ေျခတစ္လွမ္းမွားတာနဲ႔ ေရဆင္းကူးရမွာ ျဖစ္ပါတယ္” ဟု ဝါရွင္တန္ပို႔စ္သတင္းစာတြင္ ေရးသားေဖာ္ျပခဲ့ဖူးသည္။
ကၽြန္းအက်ယ္အဝန္းမွာ တင္းနစ္ကြင္းတစ္ခုသာရွိေၾကာင္း ဝါရွင္တန္ပို႔စ္က ၂၀၁၀ ျပည့္ႏွစ္အတြင္း ေရးသားေဖာ္ျပခဲ့သည္။
ယခင္က ကမၻာ့အေသးဆံုးကၽြန္းဟု လူသိမ်ားခဲ့သည္မွာ Bishop Rock ကၽြန္း ျဖစ္သည္။
(Bishop Rock ကၽြန္းကို ကမၻာ့အေသးဆံုးကၽြန္းဟု ယခင္က လူသိမ်ားခဲ့သည္။ ဓာတ္ပံု-English Heritage/ Heritage Images/ Getty Images)
Bishop Rock ကၽြန္းရွိ မီးျပတိုက္မွာ ေနာက္ပိုင္းတြင္ အလိုအေလ်ာက္စနစ္သံုး မီးျပတိုက္ျဖစ္လာရာ လူတို႔ ထိန္းသိမ္းလည္ပတ္ရန္ မလိုအပ္ေတာ့ေခ်။
Bishop Rock ကၽြန္းသည္ စစၥလီကၽြန္း၏ အေနာက္ဘက္ အတၱလႏၱိတ္သမုဒၵရာအတြင္း တည္ရွိသည္။
ေသးငယ္လွေသာ ကၽြန္းမ်ားတြင္ Sea Lion ကၽြန္းႏွင့္ Dangar ကၽြန္းတို႔လည္း ပါဝင္သည္။
(Sea Lion ကၽြန္းသည္ ကၽြန္းငယ္ကေလးျဖစ္ေသာ္လည္း လာေရာက္လည္ပတ္သူတို႔အတြက္ ေတာရိုင္းသဘာဝ အေတြ႔အၾကံဳမ်ား ရရွိေစမည္ျဖစ္သည္။ ဓာတ္ပံု-Sharpshooters/ VWPics/ Universal Images Group via Getty Images)
Sea Lion ကၽြန္းသည္ Falkland ကၽြန္းဆြယ္၏ အစိတ္အပိုင္းတစ္ခုျဖစ္ျပီး အိမ္ငယ္တစ္လံုးပါဝင္ကာ ေတာရိုင္းသဘာဝတို႔ေၾကာင့္ လူသိမ်ားသည္။
Dangar ကၽြန္းမွာ ၾသစေတးလ်ႏိုင္ငံတြင္ တည္ရွိျပီး အက်ယ္အဝန္း ၇၅ ဧကခန္႔ရွိကာ လူဦးေရ ၃၀၀ ခန္႔ ေနထိုင္လ်က္ ရွိသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: World’s smallest inhabited island features a single home and tree (foxnews)
Photo Credit- Wolfgang Kaehler/ LightRocket via Getty Images, English Heritage/ Heritage Images/ Getty Images, Sharpshooters/ VWPics/ Universal Images Group via Getty Images