အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအိမ်တစ်လုံးကို ဆောက်လုပ်

အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအိမ်တစ်လုံးကို ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
28 Oct 2024 12:36 pm တွင် တင်ခဲ့သည်
694 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သင်ငှားရမ်းနေထိုင်သော မြို့ပြတိုက်ခန်းမှာ ကျဉ်းမြောင်းသည်ဟု ယူဆပါသလား။

ယခုအခါ အမျိုးသားတစ်ဦးက ကမ္ဘာ့အသေးငယ်ဆုံး နေအိမ်တစ်လုံးကို ဆောက်လုပ်လာပြီး အကျယ်အဝန်းမှာ ၁၉ ဒသမ ၄၆ စတုရန်းပေသာ ရှိသည်။ (၄ ပေ× ၆ ပေပင် မရှိသော အကျယ်အဝန်းဖြစ်သည်)

အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ်ရှိ လီဗိုင်း ကယ်လေဟူသော အမျိုးသားက ဂင်းနက်စ်စံချိန်တင်ရန်အတွက် သေးငယ်သော အိမ်ကလေးတစ်လုံးဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

အလွန်သေးငယ်လှသော အိမ်ကလေးတစ်လုံးဆိုသော်လညး် ကုန်ကျစရိတ်ကား မသက်သာ။

ပုံမှန်နေအိမ်တစ်လုံးတွင် ရှိအပ်သည့်အရာအားလုံး ထည့်သွင်းပေးထားရာ အိပ်ယာ၊ မီးဖိုဆောင်၊ ရေပူစနစ်၊ အိမ်သာ၊ ရေပန်းနှင့် လေအေးပေးစက်တို့ အပါအဝင် ဖြစ်သည်။

အိမ်ငယ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ နိုင်ငံတကာ လူနေအိမ် စံနှုန်းအရ စတုရန်းပေ ၄၀၀ ထက် မကြီးမားသော အိမ်များကို ရည်ညွှန်းသည်။

ကယ်လေက နေအိမ်အတွင်း အသက်ရှူချောင်စေရန်အတွက် ခေါက်သိမ်းနိုင်သောအိပ်ရာ၊ ရွှေ့ပြောင်း၍ ရသော အိမ်သာတို့ကို ထည့်သွင်းပေးထားသည်။

 

 

(ကယ်လေ၏ အိမ်ငယ်လေးတွင် ပုံမှန်အိမ်တစ်လုံး၌ ရှိအပ်သည့် function အားလုံး ထည့်သွင်းထားသည်။ ဓာတ်ပုံ-Jam Press Vid/ Levi Kelly)

ကယ်လေက နေရာပိုထွက်လာစေရန်အတွက် ရေပန်းကို အိမ်အပြင်တွင် ထုတ်ထားသည်။

အိပ်ရာတွင် အိပ်စက်မည့်သူအနေဖြင့် ၅ ပေ ၁၀ အောက် အရပ်အမြင့်ရှိသူများသာ အိပ်နိုင်ကြောင်း ကယ်လေက ပြောသည်။

အရပ်ရှည်သူများအတွက် စိတ်မကောင်းဖွယ်ပင်။

ကမ္ဘာ့အသေးဆုံးအိမ်ငယ်လေးကို ကယ်လေက ၎င်းအသုံးပြုနေသည့် ကားနောက်တွဲယာဉ်ဟောင်းတစ်ခုကို အသုံးပြုခဲ့ပြီး ဆောက်လုပ်စရိတ် ပေါင် ၃၈၄၆ ဒသမ ၄၀ (ကန်ဒေါ်လာ ၅၀၀၀) ကုန်ကျခဲ့သည်။

“ကိုယ်ထည် ဖရိန်ကို စတင်ဆောက်လုပ်ခဲ့ပြီး ပုံမှန်အိမ်တစ်လုံးအတိုင်းပါပဲ” ဟု ကယ်လေက What’s The Jam သို့ ပြောသည်။

ကယ်လေသည် အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်တွင် နေထိုင်သူ ဖြစ်သည်။

“အပြင်ဘက်မှာ တောင်တမာသားကို သုံးထားပါတယ်။ ဒါက အပူကာပေးပါတယ်။ အလေးချိန်ပေါ့ပါးစေဖို့အတွက် ၂ × ၃ လက်မပြားတွေ သုံးထားပါတယ်”

သူ၏ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုမှာ နေအိမ်ကို ဝင်ရောက်ကြည့်ရှုရာတွင် များစွာအံ့သြသွားခဲ့ကြသည်။

ကျဉ်းမြောင်းလှသော အိမ်ကလေးတွင် အားလုံး ထည့်သွင်းပေးထားနိုင်သည်ကို အထင်ကြီးသွားကြကြောင်း ကယ်လေက ပြောသည်။

 

(နေအိမ်အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Jam Press Vid/ Levi Kelly)

 

ယခုအိမ်ကို ကယ်လေက ဇနီးဖြစ်သူ ဆဗားနား၊ အသက် ၃ လနှင့် ၉ လ အသီးသီးရှိသော သားသမီး ၂ ဦး အပန်းဖြေရာနေရာအဖြစ် အသုံးပြုသွားရန် ရည်ရွယ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Ref: Man builds world’s smallest tiny home measuring just 19.46 sq ft — but the shower is outside (metro)

Photo Credit- Jam Press Vid/ Levi Kelly

 

 

[Zawgyi]

အေမရိကန္ျပည္၊ အေနာက္ဗာဂ်ီးနီးယားျပည္နယ္မွ အမ်ဳိးသားက ဂင္းနက္စ္စံခ်ိန္တင္ႏိုင္ရန္ စတုရန္း ၁၉ ေပသာရွိေသာ ကမၻာ့အေသးဆံုးေနအိမ္တစ္လံုးကို ေဆာက္လုပ္

သင္ငွားရမ္းေနထိုင္ေသာ ျမိဳ႕ျပတိုက္ခန္းမွာ က်ဥ္းေျမာင္းသည္ဟု ယူဆပါသလား။

ယခုအခါ အမ်ဳိးသားတစ္ဦးက ကမၻာ့အေသးငယ္ဆံုး ေနအိမ္တစ္လံုးကို ေဆာက္လုပ္လာျပီး အက်ယ္အဝန္းမွာ ၁၉ ဒသမ ၄၆ စတုရန္းေပသာ ရွိသည္။ (၄ ေပ× ၆ ေပပင္ မရွိေသာ အက်ယ္အဝန္းျဖစ္သည္)

အေမရိကန္ျပည္ေထာင္စုတြင္ ေနထုိင္သူ အသက္ ၂၇ ႏွစ္အရြယ္ရွိ လီဗိုင္း ကယ္ေလဟူေသာ အမ်ဳိးသားက ဂင္းနက္စ္စံခ်ိန္တင္ရန္အတြက္ ေသးငယ္ေသာ အိမ္ကေလးတစ္လံုးေဆာက္လုပ္ရန္ ဆံုးျဖတ္ခဲ့သည္။

အလြန္ေသးငယ္လွေသာ အိမ္ကေလးတစ္လံုးဆိုေသာ္လညး္ ကုန္က်စရိတ္ကား မသက္သာ။

ပံုမွန္ေနအိမ္တစ္လံုးတြင္ ရွိအပ္သည့္အရာအားလံုး ထည့္သြင္းေပးထားရာ အိပ္ယာ၊ မီးဖိုေဆာင္၊ ေရပူစနစ္၊ အိမ္သာ၊ ေရပန္းႏွင့္ ေလေအးေပးစက္တို႔ အပါအဝင္ ျဖစ္သည္။

အိမ္ငယ္ဟူေသာ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ ႏိုင္ငံတကာ လူေနအိမ္ စံႏႈန္းအရ စတုရန္းေပ ၄၀၀ ထက္ မၾကီးမားေသာ အိမ္မ်ားကို ရည္ညႊန္းသည္။

ကယ္ေလက ေနအိမ္အတြင္း အသက္ရွဴေခ်ာင္ေစရန္အတြက္ ေခါက္သိမ္းႏိုင္ေသာအိပ္ရာ၊ ေရႊ႕ေျပာင္း၍ ရေသာ အိမ္သာတို႔ကို ထည့္သြင္းေပးထားသည္။

 

(ကယ္ေလ၏ အိမ္ငယ္ေလးတြင္ ပံုမွန္အိမ္တစ္လံုး၌ ရွိအပ္သည့္ function အားလံုး ထည့္သြင္းထားသည္။ ဓာတ္ပံု-Jam Press Vid/ Levi Kelly)

ကယ္ေလက ေနရာပိုထြက္လာေစရန္အတြက္ ေရပန္းကို အိမ္အျပင္တြင္ ထုတ္ထားသည္။

အိပ္ရာတြင္ အိပ္စက္မည့္သူအေနျဖင့္ ၅ ေပ ၁၀ ေအာက္ အရပ္အျမင့္ရွိသူမ်ားသာ အိပ္ႏိုင္ေၾကာင္း ကယ္ေလက ေျပာသည္။

အရပ္ရွည္သူမ်ားအတြက္ စိတ္မေကာင္းဖြယ္ပင္။

ကမၻာ့အေသးဆံုးအိမ္ငယ္ေလးကို ကယ္ေလက ၎အသံုးျပဳေနသည့္ ကားေနာက္တြဲယာဥ္ေဟာင္းတစ္ခုကို အသံုးျပဳခဲ့ျပီး ေဆာက္လုပ္စရိတ္ ေပါင္ ၃၈၄၆ ဒသမ ၄၀ (ကန္ေဒၚလာ ၅၀၀၀) ကုန္က်ခဲ့သည္။

“ကုိယ္ထည္ ဖရိန္ကို စတင္ေဆာက္လုပ္ခဲ့ျပီး ပံုမွန္အိမ္တစ္လံုးအတိုင္းပါပဲ” ဟု ကယ္ေလက What’s The Jam သို႔ ေျပာသည္။

ကယ္ေလသည္ အေမရိကန္ျပည္၊ အေနာက္ဗာဂ်ီးနီးယားျပည္နယ္တြင္ ေနထုိင္သူ ျဖစ္သည္။

“အျပင္ဘက္မွာ ေတာင္တမာသားကို သံုးထားပါတယ္။ ဒါက အပူကာေပးပါတယ္။ အေလးခ်ိန္ေပါ့ပါးေစဖို႔အတြက္ ၂ × ၃ လက္မျပားေတြ သံုးထားပါတယ္”

သူ၏ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ မိသားစုမွာ ေနအိမ္ကို ဝင္ေရာက္ၾကည့္ရႈရာတြင္ မ်ားစြာအံ့ၾသသြားခဲ့ၾကသည္။

က်ဥ္းေျမာင္းလွေသာ အိမ္ကေလးတြင္ အားလံုး ထည့္သြင္းေပးထားႏိုင္သည္ကို အထင္ၾကီးသြားၾကေၾကာင္း ကယ္ေလက ေျပာသည္။

 

(ေနအိမ္အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု-Jam Press Vid/ Levi Kelly)

ယခုအိမ္ကို ကယ္ေလက ဇနီးျဖစ္သူ ဆဗားနား၊ အသက္ ၃ လႏွင့္ ၉ လ အသီးသီးရွိေသာ သားသမီး ၂ ဦး အပန္းေျဖရာေနရာအျဖစ္ အသံုးျပဳသြားရန္ ရည္ရြယ္ထားသည္။

 

Ref: Man builds world’s smallest tiny home measuring just 19.46 sq ft — but the shower is outside (metro)

Photo Credit- Jam Press Vid/ Levi Kelly

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service