မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ အကြောင်း

မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
27 Oct 2024 10:26 am တွင် တင်ခဲ့သည်
602 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို ၁၉၆၀ ခုနှစ်တွင် ထွက်ရှိထားပြီး အဆိုပါဥပဒေ၏ ပုဒ်မ - ၂(က) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ကိုလဲ ခန့်အပ်ထားပေးပါသည်။ အိမ်ငှားဆိုသည်မှာ မိမိကိုယ်တိုင် အတွက်ဖြစ်စေ၊ အခြားသူတစ်ဦး တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အဆောက်အအုံအား ငှားရမ်းသူ၊ ငှားရမ်းခ ပေးအပ်ရသူကို ဆိုလိုပါသည်။ ထို့ပြင် အိမ်ငှားဆိုသော စကားရပ်၌ တရားဝင် ကိုယ်စားလှယ်များ၊ အိမ်ငှားထံမှ တဆင့် အဆောက်အအုံအတွင်း နေထိုင်သူ သက်ဆိုင်သူများ အသီးသီး၊ လက်ရှိနေထိုင်သူများ အားလုံးပါဝင်ပါ သည်။

အဆောက်အအုံ၊ အဆောက်အအုံရှိနှင့်နေသော မြေအားအငှားချထားခြင်း၊ အဆောက်အဦ အစိတ်အပိုင်း အား ငှားရမ်းခြင်း၊ ဈေးဆိုင်များ ဥပစာ ငှားရမ်းခြင်းများအား ငှားရမ်းခ ကြီးကြပ်ရေးဝန်မှ ငှားရမ်းခနှုန်းထား သတ်မှတ်ပေးနိုင်ပါသည်။ ငှားရမ်းခကြီးကြပ်ရေးဝန်မှ ရန်ကုန်မြို့တော် တရားမရုံးတရားသူကြီးချုပ်၏ အမိန့်နှင့် မဆန့်ကျင်စေဘဲ ၊အခြားမြို့ပြဒေသအတွက် ပုဒ်မ-၃၂ အရ သတ်မှတ်သည့် တရားသူကြီး၏ အမိန့်နှင့် မဆန့်ကျင်ဘဲ စံရမ်းခများကို သတ်မှတ်ပေးပါသည်။

ငှားရမ်းခဝန်မှ စံရမ်းခများ သတ်မှတ်ထားပါက မြူနီစီပယ်ခွန်၊ ခိုင်ကြေး နှင့် အခြားသော အခွန်များ တိုးမြှင့်လာမှုအပေါ်မူတည်၍ အိမ်ရှင်မှလဲ စံငှားရမ်းခ တိုးမြှင့်ပေးရန် ကြီးကြပ်ရေးဝန်ထံ လျှောက်ထားခြင်းပြုနိုင်ပါသည်။ အိမ်ရှင်မှ အဆောက်အအုံအား ပြန်လည်ဆောက်လုပ်လိုပါက တရားရုံး၏ သင့်သည့်ထင်မြင်သည့် နှုန်း၊ ကာလအပိုင်းအခြားဖြင့် ခံဝန်ချုပ်ဆိုရမည်ဖြစ်ပြီး ပြုပြင်ဆောက်လုပ်ခြင်း ပြီးစီးပါကလဲ ဥပစာ အဆောက်အအုံအား အိမ်ငှားထံ ပြန်လည်ပေးအပ်ရမည် ဖြစ်ပါသည်။

အိမ်ရှင် (သို့) ၎င်း၏ အမွေဆက်ခံသူမှမှ အဆောက်အအုံအား နေထိုင်ရန်အတွက် ပြန်လည်ရယူလိုပါ ကလဲ ငှားရမ်းခြင်းသဘောတူစာချုပ်နှင့်အညီ ဖြေရှင်းနိုင်ပြီး အငြင်းပွှားမှုပေါ်ပေါက်ပါက တရားရုံးမှ ချမှတ်သော အမိန့်အနိုင်ဒီကရီအရလဲ ဖယ်ရှားနှင်ထုတ်ခြင်း ပြုနိုင်ပါသည်။

အိမ်ရှင်အိမ်ငှား ငှားရမ်းမှုအတွက် အငြင်းပွှားမှုဖြစ်ပေါ်ကာ အိမ်ငှားမှလဲ ရိုးဖြောင့်သော သဘောဖြင့် အဆောက်အအုံအား ဆက်လက်နေထိုင်လိုပါက အိမ်ငှားမှ ကြီးကြပ်ရေးဝန်ထံ တိုက်ရိုက်လျှောက်ထားမှု ပြုနိုင်ပါသည်။

အငှားချထားခွင့်ပြုသော လက်မှတ်အိမ်ရှင်မှ လျှောက်ထားခြင်းပြုလိုပါကလဲ အိမ်ရှင်မှ ကြီးကြပ်ရေးဝန် ထံ အောက်ပါစာရွက်စာတမ်းများဖြင့် လျှောက်ထားနိုင်သည်။

 

-  ဥပစာ၏ လိပ်စာ အပြည့်အစုံ၊ လမ်း၊ အိမ်နံပါတ်၊မြေကွက်အမှတ်၊ ဦးပိုင်အမှတ်များ တိကျစွာ ဖော်ပြရန်။

-  အိမ်ရှင်အမည်နှင့်နေရပ်၊တစ်ဆင့်ခံအိမ်ငှား (တိုက်ခန်းအပျောက်စနစ်ဖြင့် ဝယ်ယူထားသူတိုက်ခန်း ပိုင် ရှင်)၏ အမည်၊ အလုပ်၊ နေရပ်။

- လစဉ် တောင်းဆိုမည့် ငှားရမ်းခနှုန်းထား။

- ရန်ကုန်မြို့တော်မြူနီစီပယ်မှ အခွန်စည်းကြပ်ရာတွင် အခြေခံသည့်တန်ဖိုး။

- ယခုကောက်ခံသည့် လစဉ်ငှားရမ်းခ

- အဆောက်အအုံ အမျိုးအစား (တိုက်၊ပျဉ်၊ထရံ တိကျစွာဖော်ပြရန်)

- နေရာထိုင်ခင်း အမျိုးအစား (လုပ်ငန်းလုပ်ကိုင်ရန်၊ လူနေထိုင်ရန်)

- ငှားရမ်းခြင်းပြုမည့် နေ့ရက် (ခန့်မှန်းရက်)

- ဝန်ခံကတိပြုချက်တို့ လိုအပ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ၿမိဳ႕ျပဆိုင္ရာငွားရမ္းခ ႀကီးၾကပ္ေရးအက္ဥပေဒအေၾကာင္း 

ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒကို ၁၉၆၀ ခုႏွစ္တြင္ ထြက္႐ွိထားၿပီး အဆိုပါဥပေဒ၏ ပုဒ္မ - ၂(က) အရ ငွားရမ္းခ ႀကီးၾကပ္ေရးဝန္ကိုလဲ ခန္႔အပ္ထားေပးပါသည္။ အိမ္ငွားဆိုသည္မွာ မိမိကိုယ္တိုင္ အတြက္ျဖစ္ေစ၊ အျခားသူတစ္ဦး တစ္ဦးတစ္ေယာက္အတြက္ျဖစ္ေစ၊ အေဆာက္အအုံအား ငွားရမ္းသူ၊ ငွားရမ္းခ ေပးအပ္ရသူကို ဆိုလိုပါသည္။ ထို႔ျပင္ အိမ္ငွားဆိုေသာ စကားရပ္၌ တရားဝင္ ကိုယ္စားလွယ္မ်ား၊ အိမ္ငွားထံမွ တဆင့္ အေဆာက္အအုံအတြင္း ေနထိုင္သူ သက္ဆိုင္သူမ်ား အသီးသီး၊ လက္႐ွိေနထိုင္သူမ်ား အားလုံးပါဝင္ပါ သည္။

အေဆာက္အအုံ၊ အေဆာက္အအုံ႐ွိႏွင့္ေနေသာ ေျမအားအငွားခ်ထားျခင္း၊ အေဆာက္အဦ အစိတ္အပိုင္း အား ငွားရမ္းျခင္း၊ ေဈးဆိုင္မ်ား ဥပစာ ငွားရမ္းျခင္းမ်ားအား ငွားရမ္းခ ႀကီးၾကပ္ေရးဝန္မွ ငွားရမ္းခႏႈန္းထား သတ္မွတ္ေပးႏိုင္ပါသည္။ ငွားရမ္းခႀကီးၾကပ္ေရးဝန္မွ ရန္ကုန္ၿမိဳ႕ေတာ္ တရားမ႐ုံးတရားသူႀကီးခ်ဳပ္၏ အမိန္႔ႏွင့္ မဆန္႔က်င္ေစဘဲ ၊အျခားၿမိဳ႕ျပေဒသအတြက္ ပုဒ္မ-၃၂ အရ သတ္မွတ္သည့္ တရားသူႀကီး၏ အမိန္႔ႏွင့္ မဆန္႔က်င္ဘဲ စံရမ္းခမ်ားကို သတ္မွတ္ေပးပါသည္။

ငွားရမ္းခဝန္မွ စံရမ္းခမ်ား သတ္မွတ္ထားပါက ျမဴနီစီပယ္ခြန္၊ ခိုင္ေၾကး ႏွင့္ အျခားေသာ အခြန္မ်ား တိုးျမႇင့္လာမႈအေပၚမူတည္၍ အိမ္႐ွင္မွလဲ စံငွားရမ္းခ တိုးျမႇင့္ေပးရန္ ႀကီးၾကပ္ေရးဝန္ထံ ေလွ်ာက္ထားျခင္းျပဳႏိုင္ပါသည္။ အိမ္႐ွင္မွ အေဆာက္အအုံအား ျပန္လည္ေဆာက္လုပ္လိုပါက တရား႐ုံး၏ သင့္သည့္ထင္ျမင္သည့္ ႏႈန္း၊ ကာလအပိုင္းအျခားျဖင့္ ခံဝန္ခ်ဳပ္ဆိုရမည္ျဖစ္ၿပီး ျပဳျပင္ေဆာက္လုပ္ျခင္း ၿပီးစီးပါကလဲ ဥပစာ အေဆာက္အအုံအား အိမ္ငွားထံ ျပန္လည္ေပးအပ္ရမည္ ျဖစ္ပါသည္။

အိမ္႐ွင္ (သို႔) ၎၏ အေမြဆက္ခံသူမွမွ အေဆာက္အအုံအား ေနထိုင္ရန္အတြက္ ျပန္လည္ရယူလိုပါ ကလဲ ငွားရမ္းျခင္းသေဘာတူစာခ်ဳပ္ႏွင့္အညီ ေျဖ႐ွင္းႏိုင္ၿပီး အျငင္းပႊားမႈေပၚေပါက္ပါက တရား႐ုံးမွ ခ်မွတ္ေသာ အမိန္႔အႏိုင္ဒီကရီအရလဲ ဖယ္႐ွားႏွင္ထုတ္ျခင္း ျပဳႏိုင္ပါသည္။

အိမ္႐ွင္အိမ္ငွား ငွားရမ္းမႈအတြက္ အျငင္းပႊားမႈျဖစ္ေပၚကာ အိမ္ငွားမွလဲ ႐ိုးေျဖာင့္ေသာ သေဘာျဖင့္ အေဆာက္အအုံအား ဆက္လက္ေနထိုင္လိုပါက အိမ္ငွားမွ ႀကီးၾကပ္ေရးဝန္ထံ တိုက္႐ိုက္ေလွ်ာက္ထားမႈ ျပဳႏိုင္ ပါသည္။

အငွားခ်ထားခြင့္ျပဳေသာ လက္မွတ္အိမ္႐ွင္မွ ေလွ်ာက္ထားျခင္းျပဳလိုပါကလဲ အိမ္႐ွင္မွ ႀကီးၾကပ္ေရးဝန္ ထံ ေအာက္ပါစာ႐ြက္စာတမ္းမ်ားျဖင့္ ေလွ်ာက္ထားႏိုင္သည္။

- ဥပစာ၏ လိပ္စာ အျပည့္အစုံ၊ လမ္း၊ အိမ္နံပါတ္၊ေျမကြက္အမွတ္၊ ဦးပိုင္အမွတ္မ်ား တိက်စြာ ေဖာ္ျပရန္။

- အိမ္႐ွင္အမည္ႏွင့္ေနရပ္၊တစ္ဆင့္ခံအိမ္ငွား (တိုက္ခန္းအေပ်ာက္စနစ္ျဖင့္ ဝယ္ယူထားသူတိုက္ခန္း ပိုင္ ႐ွင္)၏ အမည္၊ အလုပ္၊ ေနရပ္။ -လစဥ္ ေတာင္းဆိုမည့္ ငွားရမ္းခႏႈန္းထား။

- ရန္ကုန္ၿမိဳ႕ေတာ္ျမဴနီစီပယ္မွ အခြန္စည္းၾကပ္ရာတြင္ အေျခခံသည့္တန္ဖိုး။

- ယခုေကာက္ခံသည့္ လစဥ္ငွားရမ္းခ

- အေဆာက္အအုံ အမ်ိဳးအစား (တိုက္၊ပ်ဥ္၊ထရံ တိက်စြာေဖာ္ျပရန္)

- ေနရာထိုင္ခင္း အမ်ိဳးအစား (လုပ္ငန္းလုပ္ကိုင္ရန္၊ လူေနထိုင္ရန္)

- ငွားရမ္းျခင္းျပဳမည့္ ေန႔ရက္ (ခန္႔မွန္းရက္)

- ဝန္ခံကတိျပဳခ်က္တို႔ လိုအပ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
ထရမ့်ဂျူနီယာ (ဒေါ်နယ်ထရမ့်၏ သားကြီး) ၏ ဇနီးဟောင်းနှင့် တိုက်ဂါးဝုဒ်တို့ ချစ်ကြိုက်နေသည်ဟု သတင်းများ ဟိုးလေးတကြော်ထွက်ပေါ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service