အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်

အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက် - Property Knowledge in Myanmar from iMyanmarHouse.com
24 Oct 2024 11:02 am တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဂျေး ချောဒရီ (Jay Chaudhry) က ဝန်ထမ်းခေါ်ယူရာတွင် မိမိအနေဖြင့် မည်သို့သောသူကို လိုချင်သည်ဆိုသည်ကို ကောင်းစွာသိသည်။

အသက် ၆၆ နှစ်အရွယ်ရှိ ဘီလျံနာကြီး ချောဒရီသည် မကြာသေးမီက တည်ထောင်ခဲ့သော cybersecurity ကုမ္ပဏီ Zscaler အပါအဝင် ကုမ္ပဏီ ၅ ခု တည်ထောင်ထားသူ ဖြစ်သည်။

Zscaler တွင် ဝန်ထမ်းပေါင်း ၇၀၀၀ ခန့်ရှိပြီး ချောဒရီက စီအီးအိုအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

ယခုလအတွင်း အချက်အလက်များအရ Zscaler ၏ တန်ကြေးမှာ ကန်ဒေါ်လာ ၂၅ ဒသမ ၄ ဘီလီယံ ရှိသည်။

ဝန်ထမ်းခန့်ထားရေးတွင် မည်သို့ရွေးချယ်သနည်းဟု ချောဒရီကို မေးမြန်းရာတွင် “ကျွန်တော် အချက် ၃ ချက်ကို ကြည့်ပါတယ်” ဟု ဖြေသည်။

ထိပ်တန်းရာထူးဖြစ်စေ၊ အောက်ခြေဝန်ထမ်းဖြစ်စေ ထို ၃ ချက်ဖြင့် တိုင်းတာကြောင်း ၎င်းက ပြောသည်။

((ဝါသနာ))

ချောဒရီအတွက် ဝန်ထမ်းခန့်ထားရေးတွင် အရေးကြီးဆုံး နံပါတ် ၁ ကြည့်ရှုသည့်အချက်မှာ ဝါသနာ ဖြစ်သည်။

“လူတွေဟာ ဝါသနာရှိရင် ခံယူချက်ရှိကြတယ်။ အလိုအလျောက် အလုပ်ကြိုးစားကြတယ်” ဟု ချောဒရီက ပြောသည်။

“ပြဿနာတွေဖြေရှင်းဖို့အတွက် သူတိို့မှာ လှုံ့ဆော်မှုခွန်အားတွေရှိကြတယ်။ အလုပ်ဟာ အလုပ်မဟုတ် တော့ဘူး။ သူတို့က ဒါကိုလုပ်ရတာ ပျော်ရွှင်နေတာကြောင့် ရလဒ်တွေက ကောင်းမွန်လာတယ်”

((လေ့လာလိုစိတ်ရှိခြင်း))

ချောဒရီ၏ ပေတံတွင် ဒုတိယအရေးအကြီးဆုံး အရည်အသွေးမှာ သိလိုစိတ်၊ လေ့လာလိုစိတ်ရှိခြင်း ဖြစ်သည်။

“ယနေ့ခေတ်ကမ္ဘာကြီးဟာ အရာရာ ပြောင်းလဲမှု မြန်ဆန်နေတယ်။ အလုပ်လုပ်တဲ့နည်းလမ်း၊ ဘယ်လို အလုပ်လုပ်တယ်၊ ဘယ်နေရာမှာ အလုပ်လုပ်တယ်…ဒါတွေအားလုံး ပြောင်းလဲနေပါတယ်”

သိလိုစိတ် ဗီဇပါသူတို့သည် အလုပ်လုပ်ကိုင်ပုံ နည်းလမ်းသစ်များကို လျင်မြန်စွာ လေ့လာနိုင်စွမ်းရှိပြီး အလုပ်ပြီးမြောက်ရေးအတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ကြသည်။ နည်းလမ်းသစ်များဖြင့် ကုမ္ပဏီအား ရှေ့သို့ပိုရောက်စေရန် အထောက်အကူပေးနိုင်ကြသည်။

ထိုအရည်အသွေးရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန်အတွက် ချောဒရီက အင်တာဗျူးလုပ်စဉ်ကာလတွင် အလုပ်လာရောက် လျှောက်ထားသူတို့ကို လေ့ကျင့်ခန်းတစ်ခု ပေး၏။

“သူတို့ အဲဒါကို သုတေသနလုပ်ကြတယ်။ အဖြေရှာဖွေကြတယ်။ ပြီးရင်ပြန်လာပြီး တင်ပြကြတယ်” ဟု ချောဒရီက ပြောသည်။

၎င်းတို့၏ အဖြေများကို ကြည့်ရှုလျှင် ၎င်းတို့၏ အရည်အသွေးကို အကဲဖြတ်နိုင်လေသည်။

((အလိုက်သင့်ပြောင်းလဲတတ်ခြင်း))

ချောဒရီ နောက်ဆုံးကြည့်သည့်အချက်မှာ အလိုက်သင့်ပြောင်းလဲတတ်ခြင်း ဖြစ်သည်။

“တခြားကုမ္ပဏီမှာ အလုပ်လုပ်ခဲ့သူတွေကို ခန့်ထားဖို့ စီစဉ်တဲ့အခါ..ကျွန်တော်သူတို့ကို ပြောလေ့ရှိတစ်ခု ရှိပါတယ်။ …အရင်ကုမ္ပဏီမှာ လုပ်ခဲ့ရတာတွေရဲ့ တစ်ဝက်လောက်က ဒီမှာ အလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ဝက်လောက်ကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကွဲပြားတဲ့ဝန်းကျင်ရှိလို့ပါပဲ..လို့ ပြောလေ့ရှိပါတယ်”

ထို့ကြောင့် အလိုက်သင့် ပြောင်းလဲနိုင်စွမ်းရှိခြင်းမှာ အရေးကြီးသည်။

ကုမ္ပဏီတိုင်းတွင် ကိုယ်ပိုင်လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ပုံများ ကိုယ်စီရှိကြသည်။

အလိုက်သင့်ပြောင်းလဲနိုင်သော ဝန်ထမ်းများကို ချောင်ဒရီက လိုချင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 3 traits this billionaire looks for when hiring people: They work for ‘a very top level job’ or ‘an entry level job’ (cnbc)

[Zawgyi]

အေမရိကန္ ဘီလ်ံနာၾကီး Jay Chaudhry ဝန္ထမ္းေခၚယူရာတြင္ အဓိကၾကည့္သည့္ အခ်က္ ၃ ခ်က္

ေဂ်း ေခ်ာဒရီ (Jay Chaudhry) က ဝန္ထမ္းေခၚယူရာတြင္ မိမိအေနျဖင့္ မည္သို႔ေသာသူကို လိုခ်င္သည္ဆိုသည္ကို ေကာင္းစြာသိသည္။

အသက္ ၆၆ ႏွစ္အရြယ္ရွိ ဘီလ်ံနာၾကီး ေခ်ာဒရီသည္ မၾကာေသးမီက တည္ေထာင္ခဲ့ေသာ cybersecurity ကုမၸဏီ Zscaler အပါအဝင္ ကုမၸဏီ ၅ ခု တည္ေထာင္ထားသူ ျဖစ္သည္။

Zscaler တြင္ ဝန္ထမ္းေပါင္း ၇၀၀၀ ခန္႔ရွိျပီး ေခ်ာဒရီက စီအီးအိုအျဖစ္ တာဝန္ယူေဆာင္ရြက္ေနသည္။

ယခုလအတြင္း အခ်က္အလက္မ်ားအရ Zscaler ၏ တန္ေၾကးမွာ ကန္ေဒၚလာ ၂၅ ဒသမ ၄ ဘီလီယံ ရွိသည္။

ဝန္ထမ္းခန္႔ထားေရးတြင္ မည္သို႔ေရြးခ်ယ္သနည္းဟု ေခ်ာဒရီကို ေမးျမန္းရာတြင္ “ကၽြန္ေတာ္ အခ်က္ ၃ ခ်က္ကို ၾကည့္ပါတယ္” ဟု ေျဖသည္။

ထိပ္တန္းရာထူးျဖစ္ေစ၊ ေအာက္ေျခဝန္ထမ္းျဖစ္ေစ ထို ၃ ခ်က္ျဖင့္ တိုင္းတာေၾကာင္း ၎က ေျပာသည္။

((ဝါသနာ))

ေခ်ာဒရီအတြက္ ဝန္ထမ္းခန္႔ထားေရးတြင္ အေရးၾကီးဆံုး နံပါတ္ ၁ ၾကည့္ရႈသည့္အခ်က္မွာ ဝါသနာ ျဖစ္သည္။

“လူေတြဟာ ဝါသနာရွိရင္ ခံယူခ်က္ရွိၾကတယ္။ အလိုအေလ်ာက္ အလုပ္ၾကိဳးစားၾကတယ္” ဟု ေခ်ာဒရီက ေျပာသည္။

“ျပႆနာေတြေျဖရွင္းဖို႔အတြက္ သူတိုိ႔မွာ လံႈ႔ေဆာ္မႈခြန္အားေတြရွိၾကတယ္။ အလုပ္ဟာ အလုပ္မဟုတ္ ေတာ့ဘူး။ သူတို႔က ဒါကိုလုပ္ရတာ ေပ်ာ္ရႊင္ေနတာေၾကာင့္ ရလဒ္ေတြက ေကာင္းမြန္လာတယ္”

((ေလ့လာလိုစိတ္ရွိျခင္း))

ေခ်ာဒရီ၏ ေပတံတြင္ ဒုတိယအေရးအၾကီးဆံုး အရည္အေသြးမွာ သိလိုစိတ္၊ ေလ့လာလိုစိတ္ရွိျခင္း ျဖစ္သည္။

“ယေန႔ေခတ္ကမၻာၾကီးဟာ အရာရာ ေျပာင္းလဲမႈ ျမန္ဆန္ေနတယ္။ အလုပ္လုပ္တဲ့နည္းလမ္း၊ ဘယ္လို အလုပ္လုပ္တယ္၊ ဘယ္ေနရာမွာ အလုပ္လုပ္တယ္…ဒါေတြအားလံုး ေျပာင္းလဲေနပါတယ္”

သိလိုစိတ္ ဗီဇပါသူတို႔သည္ အလုပ္လုပ္ကိုင္ပံု နည္းလမ္းသစ္မ်ားကို လ်င္ျမန္စြာ ေလ့လာႏိုင္စြမ္းရွိျပီး အလုပ္ျပီးေျမာက္ေရးအတြက္ အဆင့္ျမွင့္တင္မႈမ်ား ျပဳလုပ္ႏိုင္ၾကသည္။ နည္းလမ္းသစ္မ်ားျဖင့္ ကုမၸဏီအား ေရွ႕သို႔ပိုေရာက္ေစရန္ အေထာက္အကူေပးႏိုင္ၾကသည္။

ထိုအရည္အေသြးရွိ၊ မရွိ ဆံုးျဖတ္ႏိုင္ရန္အတြက္ ေခ်ာဒရီက အင္တာဗ်ဴးလုပ္စဥ္ကာလတြင္ အလုပ္လာေရာက္ ေလွ်ာက္ထားသူတို႔ကို ေလ့က်င့္ခန္းတစ္ခု ေပး၏။

“သူတို႔ အဲဒါကို သုေတသနလုပ္ၾကတယ္။ အေျဖရွာေဖြၾကတယ္။ ျပီးရင္ျပန္လာျပီး တင္ျပၾကတယ္” ဟု ေခ်ာဒရီက ေျပာသည္။

၎တို႔၏ အေျဖမ်ားကို ၾကည့္ရႈလွ်င္ ၎တို႔၏ အရည္အေသြးကို အကဲျဖတ္ႏိုင္ေလသည္။

((အလိုက္သင့္ေျပာင္းလဲတတ္ျခင္း))

ေခ်ာဒရီ ေနာက္ဆံုးၾကည့္သည့္အခ်က္မွာ အလိုက္သင့္ေျပာင္းလဲတတ္ျခင္း ျဖစ္သည္။

“တျခားကုမၸဏီမွာ အလုပ္လုပ္ခဲ့သူေတြကို ခန္႔ထားဖုိ႔ စီစဥ္တဲ့အခါ..ကၽြန္ေတာ္သူတို႔ကို ေျပာေလ့ရွိတစ္ခု ရွိပါတယ္။ …အရင္ကုမၸဏီမွာ လုပ္ခဲ့ရတာေတြရဲ႕ တစ္ဝက္ေလာက္က ဒီမွာ အလုပ္ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ဝက္ေလာက္ကေတာ့ အလုပ္ျဖစ္မွာ မဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြဲျပားတဲ့ဝန္းက်င္ရွိလို႔ပါပဲ..လို႔ ေျပာေလ့ရွိပါတယ္”

ထို႔ေၾကာင့္ အလုိက္သင့္ ေျပာင္းလဲႏိုင္စြမ္းရွိျခင္းမွာ အေရးၾကီးသည္။

ကုမၸဏီတိုင္းတြင္ ကိုယ္ပိုင္လုပ္ငန္းစဥ္ႏွင့္ လုပ္ေဆာင္ပံုမ်ား ကိုယ္စီရွိၾကသည္။

အလိုက္သင့္ေျပာင္းလဲႏိုင္ေသာ ဝန္ထမ္းမ်ားကို ေခ်ာင္ဒရီက လိုခ်င္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 3 traits this billionaire looks for when hiring people: They work for ‘a very top level job’ or ‘an entry level job’ (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
magical-world
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service