ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
(ခရစ္စ ပရက် ဘယ်သူလဲ)
ခရစ္စ ပရက် (Chris Pratt) (မွေး ၁၉၇၉) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး Jurassic World ဇာတ်ကားများ (၂၀၁၅-၂၀၂၂) ၊ The Magnificent Seven (၂၀၁၆) အစရှိသော ရုပ်ရှင်ဇာတ်ကားများ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
တိုင်းမ်မဂ္ဂဇင်းကြီးက ၂၀၁၅ ခုနှစ်တွင် ဖော်ပြခဲ့သော ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ခရစ္စ ပရက်ကို ထည့်သွင်းဖော်ပြခဲ့သည်။
၎င်းပါဝင်သော ရုပ်ရှင်များမှာ ကမ္ဘာတဝန်း ကန်ဒေါ်လာ ၁၃ ဘီလီယံကျော် ဝင်ငွေရရှိထားရာ ရုပ်ရှင်ရာဇဝင် တွင် ဝင်ငွေအမြင့်မားဆုံးရှာပေးနိုင်သည့် သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။
((လော့စ်အိန်ဂျလိစံအိမ် အရောင်းရုပ်သိမ်းခြင်း))
ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါဇနက်ဂါတို့စုံတွဲသည် အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့၊ Pacific Palisades အရပ်ရှိ ဒေါ်လာ ၂၅ ဒသမ ၅ သန်းဈေးခေါ်ထားသော စံအိမ်ကြီးကို အရောင်းဈေးကွက်မှ ပြန်လည် ရုပ်သိမ်းသွားသည်။
ယခင်ခေါ်ဈေးအောက် ကန်ဒေါ်လာ ၆ သန်းကျော် ဈေးလျှော့ပေးပြီး လအနည်းငယ်အကြာတွင် အရောင်းပြန်လည်ရုပ်သိမ်းသွားခြင်းလည်း ဖြစ်သည်။
အသက် ၄၅ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသား ခရစ္စ ပရက်သည် အဆိုပါစံအိမ်ကြီးကို ၂၀၁၈ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၅,၆၀၁,၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူပြီးနောက် အဆိုပါအဆောက်အအုံတစ်ခုလုံးနီးပါးကို ဖြိုချခဲ့ပြီး Luxury စံအိမ်သစ်တစ်လုံး ဆောက်လုပ်ခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းများ ကျယ်ပြန့်စွာလုပ်ဆောင်ခဲ့ရပြီး အရောင်းကြော်ငြာတွင် ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း ဖော်ပြသည်။
၂၀၂၃ ခုနှစ်တွင် ခရစ္စ ပရက်တို့စုံတွဲက ကန်ဒေါ်လာ ၃၂ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ရာ ဝယ်ဈေးထက် ၂ ဆကျော် များပြားသည့် ဈေးနှုန်းဖြစ်သည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ကန်ဒေါ်လာ ၂၅,၄၉၅,၀၀၀ သို့ ဈေးလျှော့ပေးခဲ့သည်။
ထိုသို့ ဈေးလျှော့ပေးခဲ့သော်လည်း ဝယ်လက်မပေါ်ပေါက်ခဲ့။
ကက်သရင်းမှာ ယခုအခါ တတိယမြောက်ရင်သွေးရရန်ရှိနေရာ အဆိုပါအိမ်ကို အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ပြီး ကက်သရင်း မီးဖွားပြီးချိန်အထိ ထိုအိမ်ကို ထိန်းသိမ်းထားမည် ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက Realtor သို့ ပြောသည်။
(ခရစ္စ ပရက်တို့စုံတွဲ၏ ကယ်လီဖိုးနီးယားပြည်နယ်၊ Pacific Palisades အရပ်ရှိ စံအိမ်။ ဓာတ်ပုံ-Realtor)
(စကျင်ကျောက်ပြားခင်း စားပွဲမျက်နှာပြင်ပါသော မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)
(ခမ်းနားလှပသော အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Realtor)
(မူလအိမ်ကို ဖြိုချခဲ့ပြီး စံအိမ်သစ် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Realtor)
တတိယမြောက် ရင်သွေးကို မွေးဖွားပြီးပါက ခရစ္စ ပရက်တို့ စုံတွဲသည် ကယ်လီဖိုးနီးယားပြည်နယ်၊ Brentwood ရှိ အသစ်ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော စံအိမ်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ထားသည်။
Brentwood ရှိ စံအိမ်မှာ မူရင်းသမိုင်းဝင်အိမ်ကြီးကို ဖြိုချကာ အသစ်ပြန်လည်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
သမိုင်းဝင်အိမ်ကို ဖြိုဖျက်မှုအတွက် ခရစ္စ ပရက်တို့အပေါ် ဝေဖန်မှုများစွာရှိခဲ့သည်။
(စံအိမ်အတွင်း မီးလင်းဖို ၅ ခုရှိသည်။ ဓာတ်ပုံ-Realtor)
(စံအိမ်၏ luxury amenities များတွင် home theater လည်း ပါဝင်သည်။ ဓာတ်ပုံ-Realtor)
(outdoor ရေကူးကန်မှတဆင့် လော့စ်အိန်ဂျလိမြို့ကြီး၏ ရှုမျှော်ခင်းများကို တွေ့မြင်ရသည်။ ဓာတ်ပုံ-Realtor)
(စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Realtor)
(ဆက်စပ်သတင်း)
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ
https://www.imyanmarhouse.com/news/read/1108442
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: EXCLUSIVE: Chris Pratt and Katherine Schwarzenegger Take $25.5 Million L.A. Mansion Off the Market After a Year—Here’s Why (realtor) Photo Credit-realtor
[Zawgyi]
အေမရိကန္ရုပ္ရွင္မင္းသား ခရစၥ ပရက္ႏွင့္ ကက္သရင္း ရွွဝါဇနက္ဂါ (အာႏိုး၏သမီး) တို႔ ဇနီးေမာင္ႏွံက ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေဒၚလာ ၂၅ သန္းေက်ာ္ျဖင့္ အေရာင္းေစ်းကြက္တင္ထားျပီး တစ္ႏွစ္အၾကာတြင္ ျပန္လည္ရုပ္သိမ္းသြား၊ အဘယ္ေၾကာင့္နည္း
(ခရစၥ ပရက္ ဘယ္သူလဲ)
ခရစၥ ပရက္ (Chris Pratt) (ေမြး ၁၉၇၉) သည္ အေမရိကန္ရုပ္ရွင္မင္းသားျဖစ္ျပီး Jurassic World ဇာတ္ကားမ်ား (၂၀၁၅-၂၀၂၂) ၊ The Magnificent Seven (၂၀၁၆) အစရွိေသာ ရုပ္ရွင္ဇာတ္ကားမ်ား အပါအဝင္ ရုပ္ရွင္ဇာတ္ကားေပါင္း မ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ျဖစ္သည္။
တိုင္းမ္မဂၢဇင္းၾကီးက ၂၀၁၅ ခုႏွစ္တြင္ ေဖာ္ျပခဲ့ေသာ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ခရစၥ ပရက္ကို ထည့္သြင္းေဖာ္ျပခဲ့သည္။
၎ပါဝင္ေသာ ရုပ္ရွင္မ်ားမွာ ကမၻာတဝန္း ကန္ေဒၚလာ ၁၃ ဘီလီယံေက်ာ္ ဝင္ေငြရရွိထားရာ ရုပ္ရွင္ရာဇဝင္ တြင္ ဝင္ေငြအျမင့္မားဆံုးရွာေပးႏိုင္သည့္ သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ခဲ့သည္။
((ေလာ့စ္အိန္ဂ်လိစံအိမ္ အေရာင္းရုပ္သိမ္းျခင္း))
ခရစၥ ပရက္ႏွင့္ ကက္သရင္း ရွဝါဇနက္ဂါတို႔စံုတြဲသည္ အေမရိကန္ျပည္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Pacific Palisades အရပ္ရွိ ေဒၚလာ ၂၅ ဒသမ ၅ သန္းေစ်းေခၚထားေသာ စံအိမ္ၾကီးကို အေရာင္းေစ်းကြက္မွ ျပန္လည္ ရုပ္သိမ္းသြားသည္။
ယခင္ေခၚေစ်းေအာက္ ကန္ေဒၚလာ ၆ သန္းေက်ာ္ ေစ်းေလွ်ာ့ေပးျပီး လအနည္းငယ္အၾကာတြင္ အေရာင္းျပန္လည္ရုပ္သိမ္းသြားျခင္းလည္း ျဖစ္သည္။
အသက္ ၄၅ ႏွစ္အရြယ္ရွိ ရုပ္ရွင္မင္းသား ခရစၥ ပရက္သည္ အဆိုပါစံအိမ္ၾကီးကို ၂၀၁၈ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၁၅,၆၀၁,၅၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ဝယ္ယူျပီးေနာက္ အဆိုပါအေဆာက္အအံုတစ္ခုလံုးနီးပါးကို ျဖိဳခ်ခဲ့ျပီး Luxury စံအိမ္သစ္တစ္လံုး ေဆာက္လုပ္ခဲ့သည္။
ေဆာက္လုပ္ေရးလုပ္ငန္းမ်ား က်ယ္ျပန္႔စြာလုပ္ေဆာင္ခဲ့ရျပီး အေရာင္းေၾကာ္ျငာတြင္ ေဖာ္ျပခ်က္အရ ၂၀၂၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေၾကာင္း ေဖာ္ျပသည္။
၂၀၂၃ ခုႏွစ္တြင္ ခရစၥ ပရက္တို႔စံုတြဲက ကန္ေဒၚလာ ၃၂ သန္းေစ်းေခၚကာ အေရာင္းေစ်းကြက္တင္ခဲ့ရာ ဝယ္ေစ်းထက္ ၂ ဆေက်ာ္ မ်ားျပားသည့္ ေစ်းႏႈန္းျဖစ္သည္။
ယင္းေနာက္ ၂၀၂၄ ခုႏွစ္၊ ဇြန္လတြင္ ကန္ေဒၚလာ ၂၅,၄၉၅,၀၀၀ သို႔ ေစ်းေလွ်ာ့ေပးခဲ့သည္။
ထိုသို႔ ေစ်းေလွ်ာ့ေပးခဲ့ေသာ္လည္း ဝယ္လက္မေပၚေပါက္ခဲ့။
ကက္သရင္းမွာ ယခုအခါ တတိယေျမာက္ရင္ေသြးရရန္ရွိေနရာ အဆိုပါအိမ္ကို အေရာင္းေစ်းကြက္မွ ျပန္လည္ရုပ္သိမ္းရန္ ဆံုးျဖတ္လိုက္ျပီး ကက္သရင္း မီးဖြားျပီးခ်ိန္အထိ ထိုအိမ္ကို ထိန္းသိမ္းထားမည္ ျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက Realtor သုိ႔ ေျပာသည္။
(ခရစၥ ပရက္တို႔စံုတြဲ၏ ကယ္လီဖိုးနီးယားျပည္နယ္၊ Pacific Palisades အရပ္ရွိ စံအိမ္။ ဓာတ္ပံု-Realtor)
(စက်င္ေက်ာက္ျပားခင္း စားပြဲမ်က္ႏွာျပင္ပါေသာ မီးဖိုေဆာင္။ ဓာတ္ပံု-Realtor)
(ခမ္းနားလွပေသာ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု-Realtor)
(မူလအိမ္ကို ျဖိဳခ်ခဲ့ျပီး စံအိမ္သစ္ ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-Realtor)
တတိယေျမာက္ ရင္ေသြးကို ေမြးဖြားျပီးပါက ခရစၥ ပရက္တို႔ စံုတြဲသည္ ကယ္လီဖုိးနီးယားျပည္နယ္၊ Brentwood ရွိ အသစ္ေဆာက္လုပ္ျပီးစီးေနျပီျဖစ္ေသာ စံအိမ္သို႔ ေျပာင္းေရႊ႕ေနထုိင္ရန္ စီစဥ္ထားသည္။
Brentwood ရွိ စံအိမ္မွာ မူရင္းသမိုင္းဝင္အိမ္ၾကီးကို ျဖိဳခ်ကာ အသစ္ျပန္လည္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။
သမိုင္းဝင္အိမ္ကို ျဖိဳဖ်က္မႈအတြက္ ခရစၥ ပရက္တို႔အေပၚ ေဝဖန္မႈမ်ားစြာရွိခဲ့သည္။ (စံအိမ္အတြင္း မီးလင္းဖို ၅ ခုရွိသည္။ ဓာတ္ပံု-Realtor)
(စံအိမ္၏ luxury amenities မ်ားတြင္ home theater လည္း ပါဝင္သည္။ ဓာတ္ပံု-Realtor)
(outdoor ေရကူးကန္မွတဆင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီး၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ရသည္။ ဓာတ္ပံု-Realtor)
(စံအိမ္၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-Realtor)
(ဆက္စပ္သတင္း)
အေမရိကန္ရုပ္ရွင္မင္းသား ခရစၥ ပရက္ႏွင့္ ကက္သရင္း ရွဝါ ဇနက္ဂါ (မင္းသားၾကီး အာႏိုး၏ သမီး) တို႔စံုတြဲ ၾကီးက်ယ္ခမ္းနားေသာ စံအိမ္ၾကီးတစ္လံုး ေဆာက္လုပ္ရန္အတြက္ သမိုင္းဝင္အိမ္တစ္လံုး ျဖိဳခ်မႈ ေဝဖန္ခံရလ်က္ရွိ
https://www.imyanmarhouse.com/news/read/1108442
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: EXCLUSIVE: Chris Pratt and Katherine Schwarzenegger Take $25.5 Million L.A. Mansion Off the Market After a Year—Here’s Why (realtor) Photo Credit-realtor