ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော Sun Hung Kai Properties က တိုက်ခန်းများကို လျှော့ဈေးအရှုံးခံ ရောင်းချပေးရာ တစ်နေ့တည်းဖြင့် ၂၀၄ ခန်း ရောင်းထွက်

ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော Sun Hung Kai Properties က တိုက်ခန်းများကို လျှော့ဈေးအရှုံးခံ ရောင်းချပေးရာ တစ်နေ့တည်းဖြင့် ၂၀၄ ခန်း ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
23 Oct 2024 10:08 am တွင် တင်ခဲ့သည်
418 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သည့် Sun Hung Kai Properties သည် ရောင်းအား မြှင့်တင်နိုင်ရန်အတွက် တိုက်ခန်းများကို လျှော့ဈေးဖြင့် ရောင်းချပေးရာ တစ်ရက်တည်းဖြင့် အခန်းပေါင်း ၂၀၀ ကျော် ရောင်းထွက်ခဲ့ကြောင်း Straits Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရောင်းထွက်ခဲ့သော အခန်းအားလုံးမှာ ယခင်က ဟောင်ကောင်၏ လေဆိပ်နေရာဟောင်းဖြစ်သော Kai Tak အရပ်တွင် အကောင်အထည်ဖော်ထားသည့် Cullinan Sky အိမ်ရာစီမံကိန်းမှ အခန်းများဖြစ်သည်။

အဆိုပါအခန်းများကို အောက်တိုဘာလ ၅ ရက်က ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Cullinan Sky အိမ်ရာတွင် အခန်းပေါင်း ၉၀၆ ခန်းပါဝင်သည်။

ပထမသုတ်လူနေခန်းများ ရောင်းချပေးသည့် ဈေးနှုန်းမှာ အနီးရှိ အခြားလူနေအိမ်ရာစီမံကိန်းသစ်များမှ အခန်းဈေးအောက် ၂၀ ရာခိုင်နှုန်းခန့် သက်သာသည်။

ဟောင်ကောင်တွင် အိမ်ခြံမြေချေးငွေ အတိုးနှုန်းကို မကြာသေးမီက လျှော့ချပေးခဲ့မှုမှာ နေအိမ်ဝယ်ယူလိုသူ များအတွက် အခြေအနေကောင်းဖြစ်သည်။

သို့သော် အိမ်ခြံမြေ developer များတွင် ရောင်းလိုအား အလွန် ပိုလျှံနေခြင်းမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

ဆယ်စုနှစ် ၂ ခုခန့် တပုံတပင်ဖြစ်နေသော အခန်းများကို လျှော့ချနိုင်ရန်အတွက် developer တို့မှာ ဈေးနှုန်းလျှော့ချပေးမှုများ ပြုလုပ်လာရသည်။

Cullinan Sky အိမ်ရာစီမံကိန်း အကောင်အထည်ဖော်သည့် မြေနေရာကို Sun Hung Kai Properties က ၂၀၁၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်ဒေါ်လာ ၂၅ ဒသမ ၂ ဘီလီယံ (စင်္ကာပူဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က စံချိန်တင် အရောင်းအဝယ်တစ်ခု ဖြစ်ခဲ့သည်။

Cullinan Sky အိမ်ရာစီမံကိန်း၏ ပထမအသုတ် လူနေခန်းများကို ခန်မှန်းတန်ကြေး ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၂၀၀၀ အောက်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

၃၈ ရာခိုင်နှုန်းအထိ လျှော့ချကာ ရောင်းချပေးခဲ့ခြင်းဖြစ်ရာ developer အနေဖြင့် အရှုံးပေါ်ဖွယ်ရှိကြောင်း Bloomberg Intelligence က ဖော်ပြသည်။

Sun Hung Kai Properties သည် Cullinan Sky အိမ်ရာစီမံကိန်း၏ ဒုတိယဆင့်ကို ဆက်လက် အကောင်အထည် ဖော်နေသည်။

ဒုတိယဆင့်တွင် အခန်းပေါင်း ၅၈၄ ခန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HK’s biggest developer sells 204 apartments in a day at discount (straitstimes)

[Zawgyi]

ေဟာင္ေကာင္၏ အၾကီးမားဆံုး အိမ္ျခံေျမ developer ျဖစ္ေသာ Sun Hung Kai Properties က တိုက္ခန္းမ်ားကို ေလွ်ာ့ေစ်းအရံႈးခံ ေရာင္းခ်ေပးရာ တစ္ေန႔တည္းျဖင့္ ၂၀၄ ခန္း ေရာင္းထြက္

ေဟာင္ေကာင္၏ အၾကီးမားဆံုး အိမ္ျခံေျမ developer ျဖစ္သည့္ Sun Hung Kai Properties သည္ ေရာင္းအား ျမွင့္တင္ႏိုင္ရန္အတြက္ တိုက္ခန္းမ်ားကို ေလွ်ာ့ေစ်းျဖင့္ ေရာင္းခ်ေပးရာ တစ္ရက္တည္းျဖင့္ အခန္းေပါင္း ၂၀၀ ေက်ာ္ ေရာင္းထြက္ခဲ့ေၾကာင္း Straits Times သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေရာင္းထြက္ခဲ့ေသာ အခန္းအားလံုးမွာ ယခင္က ေဟာင္ေကာင္၏ ေလဆိပ္ေနရာေဟာင္းျဖစ္ေသာ Kai Tak အရပ္တြင္ အေကာင္အထည္ေဖာ္ထားသည့္ Cullinan Sky အိမ္ရာစီမံကိန္းမွ အခန္းမ်ားျဖစ္သည္။

အဆိုပါအခန္းမ်ားကို ေအာက္တိုဘာလ ၅ ရက္က ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း ကုမၸဏီ၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

Cullinan Sky အိမ္ရာတြင္ အခန္းေပါင္း ၉၀၆ ခန္းပါဝင္သည္။

ပထမသုတ္လူေနခန္းမ်ား ေရာင္းခ်ေပးသည့္ ေစ်းႏႈန္းမွာ အနီးရွိ အျခားလူေနအိမ္ရာစီမံကိန္းသစ္မ်ားမွ အခန္းေစ်းေအာက္ ၂၀ ရာခုိင္ႏႈန္းခန္႔ သက္သာသည္။

ေဟာင္ေကာင္တြင္ အိမ္ျခံေျမေခ်းေငြ အတိုးႏႈန္းကို မၾကာေသးမီက ေလွ်ာ့ခ်ေပးခဲ့မႈမွာ ေနအိမ္ဝယ္ယူလိုသူ မ်ားအတြက္ အေျခအေနေကာင္းျဖစ္သည္။

သို႔ေသာ္ အိမ္ျခံေျမ developer မ်ားတြင္ ေရာင္းလိုအား အလြန္ ပိုလွ်ံေနျခင္းမွာ စိန္ေခၚမႈတစ္ရပ္ ျဖစ္ေနသည္။

ဆယ္စုႏွစ္ ၂ ခုခန္႔ တပံုတပင္ျဖစ္ေနေသာ အခန္းမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္အတြက္ developer တို႔မွာ ေစ်းႏႈန္းေလွ်ာ့ခ်ေပးမႈမ်ား ျပဳလုပ္လာရသည္။

Cullinan Sky အိမ္ရာစီမံကိန္း အေကာင္အထည္ေဖာ္သည့္ ေျမေနရာကို Sun Hung Kai Properties က ၂၀၁၈ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ေဟာင္ေကာင္ေဒၚလာ ၂၅ ဒသမ ၂ ဘီလီယံ (စကၤာပူေဒၚလာ ၄ ဒသမ ၂ ဘီလီယံ) ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ထိုအခ်ိန္က စံခ်ိန္တင္ အေရာင္းအဝယ္တစ္ခု ျဖစ္ခဲ့သည္။

Cullinan Sky အိမ္ရာစီမံကိန္း၏ ပထမအသုတ္ လူေနခန္းမ်ားကို ခန္မွန္းတန္ေၾကး ၁ စတုရန္းေပလွ်င္ ေဟာင္ေကာင္ေဒၚလာ ၃၂၀၀၀ ေအာက္ျဖင့္ ေရာင္းခ်ေပးခဲ့ျခင္း ျဖစ္သည္။

၃၈ ရာခုိင္ႏႈန္းအထိ ေလွ်ာ့ခ်ကာ ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ရာ developer အေနျဖင့္ အရံႈးေပၚဖြယ္ရွိေၾကာင္း Bloomberg Intelligence က ေဖာ္ျပသည္။

Sun Hung Kai Properties သည္ Cullinan Sky အိမ္ရာစီမံကိန္း၏ ဒုတိယဆင့္ကို ဆက္လက္ အေကာင္အထည္ ေဖာ္ေနသည္။

ဒုတိယဆင့္တြင္ အခန္းေပါင္း ၅၈၄ ခန္း ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HK’s biggest developer sells 204 apartments in a day at discount (straitstimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြတုန်လှုပ်...
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြတုန်လှုပ်...
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး...
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး...
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ...
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
imyanmarmarket
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service