လက်ဝှေ့ကြယ်ပွင့် ဖလွိုက် မေဝယ်သာက နယူးယောက်ရှိ တန်ဖိုးနည်း နေအိမ်ခန်းပေါင်း ၁၀၀၀ ကို ကန်ဒေါ်လာ ၄၀၂ သန်းဖြင့် ဝယ်ယူရန် စီစဉ်
လက်ဝှေ့ကြယ်ပွင့် ဖလွိုက် မေဝယ်သာက နယူးယောက်ရှိ တန်ဖိုးနည်း နေအိမ်ခန်းပေါင်း ၁၀၀၀ ကို ကန်ဒေါ်လာ ၄၀၂ သန်းဖြင့် ဝယ်ယူရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
22 Oct 2024 11:56 am တွင် တင်ခဲ့သည်
313 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(မေဝယ်သာ ဘယ်သူလဲ))
ဖလွိုက် မေဝယ်သာ (မွေး ၁၉၇၇) သည် အမေရိကန်လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်တွင် မွေးဖွားကာ လက်ဝှေ့သမား အသိုင်းအဝန်းတွင် မွေးဖွားသူ ဖြစ်သည်။
ဖခင်နှင့် ဦးလေးတို့မှာ professional လက်ဝှေ့သမားများ ဖြစ်ကြသည်။
၂၀၁၈ ခုနှစ်အတွင်း မေဝယ်သာသည် တစ်ကမ္ဘာလုံးတွင် ဝင်ငွေအကောင်းဆုံး အားကစားသမား ဖြစ်ခဲ့ပြီး သူ၏ အရပ်ရပ်ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈၅ သန်းရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။
မေဝယ်သာသည် လက်ဝှေ့ကစားသမားဘဝတလျှောက် ရှုံးပွဲမရှိခဲ့သူဖြစ်ပြီး သူ၏ ကစားသမားဘဝ ဖြတ်သန်းမှု မှာ ၁၉၉၆ မှ ၂၀၁၇ ခုနှစ်အထိ ဖြစ်ကာ ယင်းနောက်ပိုင်းတွင် လက်ဝှေ့လောကမှ အနားယူသွားသည်။
Sportico က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ရာဇဝင်တလျှောက် ဝင်ငွေအကောင်းဆုံး အားကစားသမားများ စာရင်းကို ထုတ်ပြန်ခဲ့ရာ မေဝယ်သာမှာ နံပါတ် ၆ နေရာတွင် ရပ်တည်ခဲ့သည်။
((နေအိမ်ခန်းပေါင်း ၁၀၀၀ ဝယ်ယူမည့် မေဝယ်သာ))
လက်ဝှေ့ကြယ်ပွင့် မေဝယ်သာသည် ယခုအခါ ချန်ပီယံခါးပတ်များ မစုဆောင်းတော့ဘဲ နေအိမ် အဆောက်အအုံများ လိုက်လံစုဆောင်းနေသည်။
The Real Deal ၏ ဖော်ပြချက်အရ ရှုံးပွဲမရှိ ချန်ပီယံဟောင်း မေဝယ်သာသည် နယူးယောက်ရှိ အဆောက်အအုံပေါင်း ၆၀ ကျော်မှ တန်ဖိုးသင့် လူနေခန်းပေါင်း ၁၀၀၀ ကို ကန်ဒေါ်လာ ၄၀၂ သန်းဖြင့် ဝယ်ယူရန် စီစဉ်နေသည်ဟု ဆိုသည်။
ရောင်းချပေးမည့်သူမှာ Black Spruce Management မှ Josh Gotlib ဖြစ်သည်။
အောက်တိုဘာ ၁၆ ရက်က အရောင်းအဝယ်တစိတ်တဒေသ ပြီးမြောက်ခဲ့ပြီးဖြစ်ကာ ယခုနှစ် စတုတ္ထ ၃ လပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ကျန်ရှိသည့် အရောင်းအဝယ်ကို အပြီးသတ်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
နယူးယောက်မြို့ကြီးတွင် တန်ဖိုးနည်း လူနေခန်းများ ရှားပါးနေသည်။ တန်ဖိုးနည်း လူနေခန်းရှားပါးမှုနှင့် ကာလကြာရှည် ရင်ဆိုင်နေခဲ့ရပြီး မကြာသေးမီ နှစ်များတွင်မူ အကြောင်းအချက် များစွာကြောင့် အခြေအနေပိုမိုဆိုးရွားလာခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာကြီးက ဖော်ပြသည်။
မေဝယ်သာ ဝယ်ယူမည့် တိုက်ခန်းအများစုသည် နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်တွင် တည်ရှိပြီး မေဝယ်သာအနေဖြင့် အခွန်ကင်းလွတ်မှု ခံစားခွင့်ရယူမည်ဆိုပါက ယခုအခန်းများမှာ တန်ဖိုးသင့် လူနေခန်းများအဖြစ် ဆက်လက်တည်ရှိနေဖွယ် ရှိသည်။
မေဝယ်သာကို ရောင်းချလိုက်သည့် Black Spruce အဆောက်အအုံ အချို့သည် ပုဒ်မ ၁၁ အခွန် ကင်းလွတ်ခွင့် ရရှိထားသည်။
ထိုအဆောက်အအုံများသည် ပေါက်ဈေးအောက် ၃ ပုံ ၂ ပုံ သက်သာနေသမျှ ကာလပတ်လုံး နှစ်ပေါင်း ၄၀ အခွန်ကင်းလွတ်ခွင့် ရထားသည်။
အိမ်ခြံမြေနယ်ပယ်သည် မိမိတို့ ပိုင်ဆိုင်မှုများကို ဖြန့်ကျက်ထားနိုင်ကာ အကျိုးအမြတ်မြင့်မားကြောင်း အကျော်အမော်များနှင့် ချမ်းသာကြွယ်ဝသူများ သိထားကြသည်။
အများစုအတွက်မူ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးမှာ လက်လှမ်းမမီသော အကြောင်းရပ် ဖြစ်သည်။
သို့သော် နေအိမ်တစ်လုံးကို ပိုင်ဆိုင်ခြင်းမရှိဘဲ အိမ်ခြံမြေနယ်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် နည်းလမ်းများ ပေါ်ပေါက်နေသည်။
Arrived Homes ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက Income Fund အမည်ရှိ အစီအစဉ်တစ်ခု ဖော်ဆောင်ထားသည်။
လူနေအိမ်ပိုင်ရှင်များကို ကာလတိုချေးငွေ ထုတ်ပေးသော အစီအစဉ်ဖြစ်ပြီး ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများကို နှစ်စဉ် အမြတ်ငွေ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအကြား ပေးသည်။
အနည်းဆုံး ဒေါ်လာ ၁၀၀ ရှိလျှင်ပင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည်ဟု သိရသည်။
(ဆက်စပ်သတင်း)
ကမ္ဘာပေါ်တွင် ၂ စင်းတည်းသာရှိသော အရှားပါးဆုံးပြိုင်ကား Koenigsegg CCXR Trevita ၊ ဟဲဗီးဝိတ် ချန်ပီယံ ဖလွိုက် မေဝယ်သာက တစ်စင်း ပိုင်ဆိုင်ခဲ့
https://www.carsdb.com/en/news/291
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 'Money' Floyd Mayweather To Spend $402M On Affordable NYC Apartment Portfolio (finance)
[Zawgyi]
(မေဝယ်သာ ဘယ်သူလဲ))
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
imyanmarmarket
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service