ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
Han So Hee (အမည်ရင်း-Lee So-hee) (မွေး-၁၉၈၄) သည် တောင်ကိုရီးယားရုပ်ရှင်မင်းသမီးဖြစ်ပြီး Ulsan မြို့တွင် မွေးဖွားသည်။
Money Flower (၂၀၁၇) တွင် ဇာတ်ရံတစ်ဦးအဖြစ် ပါဝင်ကာ ရုပ်ရှင်လောကသို့ စတင်ခြေချခဲ့ပြီး The World of the Married (၂၀၂၀) (မြန်မာပရိသတ်များအကြား အလွန်လူကြိုက်များခဲ့သည့် ဇာတ်လမ်းတွဲဖြစ်) ၊ Nevertheless (၂၀၂၁) ၊ မှုခင်းလက်စားချေဇာတ်လမ်းတွဲ My Name (၂၀၂၁) နှင့် ဂျပန်ကိုလိုနီခေတ် နောက်ခံ GyeongSeong Creature (၂၀၂၃-၂၀၂၄) တို့တွင် အဓိကဇာတ်ကောင်နေရာများ၌ ပါဝင်သရုပ်ဆောင်ထားသည်။
((မိခင်၏ စွန့်ပစ်ခဲ့ရသည့်တိုင် မိခင်၏ အကြွေးများကို ဆပ်ပေးခဲ့ရရှာသူ))
(Photo Credit: Netflix)
ကိုရီးယား နာမည်ကြီးသတင်းထောက်/YouTuber ဖြစ်သူ Lee Jin Ho ၏ ထုတ်ဖော်ချက်အရ Han So Hee ၏ မိခင်မှာ ၅ နှစ်သမီးအရွယ် သမီးဖြစ်သူကို စွန့်ပစ်သွားခဲ့ပြီး ယင်းနောက်ပိုင်း မည်သည့်အခါမှ ကြည့်ရှုစောင့်ရှောက်ဖူးခြင်း မရှိချေ။
Han So Hee မှာ အဘွားနှင့်သာ လူလားမြောက် ကြီးပြင်းခဲ့ရသည်။
ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး အနည်းငယ်လူသိလာချိန်တွင် မိခင်ဖြစ်သူက Han So Hee ကို ဆက်သွယ်လာပြီး မိမိ၏ အကြွေးများကို ဆပ်ပေးရန် ပြောခဲ့သည်ဟု ဆိုသည်။
သတင်းထောက် Lee Jin Ho ၏ ပြောပြချက်အရ Han So Hee သည် မိခင်၏ အကြွေးကို ဆပ်ပေးနိုင်ရန် အရက်ဘားတစ်ခုတွင် ညဘက် ၁၂ နာရီလုံး မအိပ်ရဘဲ မိုးအလင်း အလုပ်လုပ်ခဲ့ရကြောင်း သိရသည်။
“သူ..တစ်ပတ်ကို ၆ ရက် အရက်ဘားမှာ အလုပ်လုပ်ခဲ့ရတယ်။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိပါ။ အလုပ်လုပ်လို့ရတဲ့ပိုက်ဆံကို စုဆောင်းပြီး သူ့မိခင်ရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့ပါတယ်” ဟု သတင်းထောက် Lee Jin Ho က ပြောသည်။
ထိုအချိန်က Han So Hee ၏ မိခင်မှာ ဝမ်ငွေ သန်း ၂၀ (ကန်ဒေါ်လာ ၁၆၂၀၀) ခန့် အကြွေးတင်နေကြောင်း လည်း သတင်းထောက် Lee Jin Ho က ပြောပြသည်။
Han So Hee က သူ၏ အဘွားကို မည်မျှချစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ဖူးသည်။
အဘွားမှာ မိမိအတွက် အရာရာဖြစ်ကြောင်း Han So Hee ပြောဖူးသည်။
Han So Hee ၏ မိခင်သည် လောင်းကစားဝိုင်းများ တရားမဝင် ဖွင့်လှစ်မှုဖြင့် ပြီးခဲ့သော စက်တင်ဘာလ အတွင်းက ဖမ်းဆီးခံထားရသည်။
အစိုးရရှေ့နေတို့၏ ပြောကြားချက်အရ Han So Hee ၏မိခင်သည် Ulsan နှင့် Wonju ပြည်နယ်တို့တွင် ၂၀၂၁ ခုနှစ်ကတည်းက ဟန်ပြလုပ်ငန်းများနောက်ကွယ်တွင် လောင်းကစားရုံ ၁၂ ခု ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ပြောသည်။
Han So Hee ၏ ကိုယ်စားလှယ်တို့က ပြောသည်မှာ “ဒါက သူ့မိခင်နဲ့ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်ပါတယ်။ မင်းသမီးက ဒီအကြောင်းကို သတင်းတွေမှာ ပါလာမှ သိရပါတယ်။ သူတော်တော်စိတ်ထိခိုက် နေပါတယ်” ဟု ပြောသည်။
((Han So Hee က ဝမ် ၅ ဒသမ ၂ ဘီလီယံ တန်ကြေးရှိ Penthouse ခန်း ဝယ်ယူလိုက်ပြီးနောက် Hyun Bin, Son Ye Jin တို့ စုံတွဲနှင့် အိမ်နီးချင်းဖြစ်လာ Credit: Arcadia Signature))
Han So Hee သည် တောင်ကိုရီးယားနိုင်ငံ၊ Gyeonggi ပြည်နယ်၊ Guri မြို့၊ Achiu-dong Artists’ Village ရှိ Luxury Penthouse ခန်းတစ်ခန်းကို ဝမ်ငွေ ၅ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းခန့်) ဖြင့် ဝယ်ယူလိုက်သည်။
Herald Economy သတင်းဌာန၏ ဖော်ပြချက်နှင့် အောက်တိုဘာ ၂၀ ရက် အိမ်ခြံမြေမှတ်တမ်းများအရ Han So Hee သည် အဆိုပါ Penthouse ခန်းကို ယခုနှစ် သြဂုတ်လ ၂၁ ရက်က ပိုင်ဆိုင်လာခဲ့ပြီး အပြီးသတ် ငွေပေးချေမှုကို စက်တင်ဘာလ ၃၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
မှတ်တမ်းများအရ Han So Hee သည် ထိုအခန်းကို ဝယ်ယူရာတွင် ဘဏ်ချေးငွေ ဝမ် ၁ ဘီလီယံ (ကန်ဒေါ်လာ ၇၄၀,၀၀၀) ရယူခဲ့သည်ဟု ဆိုသည်။
Han So Hee ဝယ်ယူလိုက်သော Penthouse ခန်းရှိသည့် The Arcadia Signature သည် high-end အဆောက်အအုံတစ်လုံးဖြစ်ပြီး အခန်း ၈ ခန်းတည်းသာ ဖွဲ့စည်းထားကာ မြေအောက်ထပ်မှသည် ၄ လွှာအထိ ဖြစ်သည်။ နေထိုင်သူများ၏ privacy အတွက် ကိုယ်ပိုင်သီးသန့် ကားအဝင်အထွက်လမ်းများရှိသည်။
Han So Hee ဝယ်ယူလိုက်သော Penthouse ခန်းမှာ duplex ဖြစ်ပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်း၊ အမိုးအောက်ထပ်ခိုး၊ အမိုးပေါ် နားနေ နေရာတို့ ပါဝင်သည်။
Rooftop terrace မှတဆင့် Achasan တောင်၊ Yongmasan တောင်နှင့် ဟန်မြစ်တို့၏ ရှုမျှော်ခင်းများကို တွေ့မြင်ရသည်။
ယခု Penthouse ခန်းကို မဝယ်မီက Han So Hee သည် Achiu-dong Artists’ Village တွင်ပင် တည်ရှိသော luxury အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း Han So Hee က အဆိုပါအိမ်ကို ဝမ် ၁ ဒသမ ၉၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၄၅ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ရာတွင် ငွေသားဖြင့် ပေးချေဝယ်ယူခဲ့မှုမှာလည်း ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
Achiu-dong Artists’ Village သည် Artists’ Village ဟူသော နာမည်နှင့် လိုက်ဖက်စွာဖြင့် Hyun Bin နှင့် Son Ye-jin တို့စုံတွဲ၊ ရုပ်ရှင်မင်းသမီး Oh Yeon-seo ၊ အဆိုတော်/ရုပ်ရှင်မင်းသား Park Jin-young တို့အပါအဝင် အကျော်အမော်များစွာ နေထိုင်သော နေရာဖြစ်သည်။
(ဆက်စပ်သတင်း)
မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကားတွင် တွဲဖက်ညီခဲ့သော Hyun Bin နှင့် Son ye jin တို့ စံအိမ်
https://www.imyanmarhouse.com/news/read/1015770
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Han So Hee Buys $3.8 Million Penthouse, Joins Hyun Bin and Son Ye Jin as Neighbors (lovekpop95)
[Zawgyi]
၅ ႏွစ္အရြယ္ကတည္းက မိခင္၏ စြန္႔ပစ္ခံရကာ အဘြားႏွင့္ ေနထိုင္ခဲ့ရျပီး နာမည္ေက်ာ္ၾကားစျပဳခ်ိန္တြင္ မိခင္က ဆက္သြယ္လာကာ သူ၏ အေၾကြးမ်ား ဆပ္ေပးခိုင္းသျဖင့္ အရက္ဘားတြင္ တစ္ညလံုးအလုပ္လုပ္ျပီး အေၾကြးဆပ္ေပးခဲ့ရွာသူ Han So Hee ၊ ယခုအခါ ဝမ္ ၅ ဒသမ ၂ ဘီလီယံတန္ Penthouse ခန္း ထပ္မံဝယ္ယူ
Han So Hee (အမည္ရင္း-Lee So-hee) (ေမြး-၁၉၈၄) သည္ ေတာင္ကိုရီးယားရုပ္ရွင္မင္းသမီးျဖစ္ျပီး Ulsan ျမိဳ႕တြင္ ေမြးဖြားသည္။
Money Flower (၂၀၁၇) တြင္ ဇာတ္ရံတစ္ဦးအျဖစ္ ပါဝင္ကာ ရုပ္ရွင္ေလာကသို႔ စတင္ေျခခ်ခဲ့ျပီး The World of the Married (၂၀၂၀) (ျမန္မာပရိသတ္မ်ားအၾကား အလြန္လူၾကိဳက္မ်ားခဲ့သည့္ ဇာတ္လမ္းတြဲျဖစ္) ၊ Nevertheless (၂၀၂၁) ၊ မႈခင္းလက္စားေခ်ဇာတ္လမ္းတြဲ My Name (၂၀၂၁) ႏွင့္ ဂ်ပန္ကိုလိုနီေခတ္ ေနာက္ခံ GyeongSeong Creature (၂၀၂၃-၂၀၂၄) တုိ႔တြင္ အဓိကဇာတ္ေကာင္ေနရာမ်ား၌ ပါဝင္သရုပ္ေဆာင္ထားသည္။
((မိခင္၏ စြန္႔ပစ္ခဲ့ရသည့္တိုင္ မိခင္၏ အေၾကြးမ်ားကို ဆပ္ေပးခဲ့ရရွာသူ))
ကိုရီးယား နာမည္ၾကီးသတင္းေထာက္/YouTuber ျဖစ္သူ Lee Jin Ho ၏ ထုတ္ေဖာ္ခ်က္အရ Han So Hee ၏ မိခင္မွာ ၅ ႏွစ္သမီးအရြယ္ သမီးျဖစ္သူကို စြန္႔ပစ္သြားခဲ့ျပီး ယင္းေနာက္ပိုင္း မည္သည့္အခါမွ ၾကည့္ရႈေစာင့္ေရွာက္ဖူးျခင္း မရွိေခ်။
Han So Hee မွာ အဘြားႏွင့္သာ လူလားေျမာက္ ၾကီးျပင္းခဲ့ရသည္။
ရုပ္ရွင္ေလာကသို႔ စတင္ဝင္ေရာက္ခဲ့ျပီး အနည္းငယ္လူသိလာခ်ိန္တြင္ မိခင္ျဖစ္သူက Han So Hee ကို ဆက္သြယ္လာျပီး မိမိ၏ အေၾကြးမ်ားကို ဆပ္ေပးရန္ ေျပာခဲ့သည္ဟု ဆိုသည္။
သတင္းေထာက္ Lee Jin Ho ၏ ေျပာျပခ်က္အရ Han So Hee သည္ မိခင္၏ အေၾကြးကို ဆပ္ေပးႏိုင္ရန္ အရက္ဘားတစ္ခုတြင္ ညဘက္ ၁၂ နာရီလံုး မအိပ္ရဘဲ မိုးအလင္း အလုပ္လုပ္ခဲ့ရေၾကာင္း သိရသည္။
“သူ..တစ္ပတ္ကို ၆ ရက္ အရက္ဘားမွာ အလုပ္လုပ္ခဲ့ရတယ္။ ညေန ၆ နာရီကေန မနက္ ၆ နာရီအထိပါ။ အလုပ္လုပ္လို႔ရတဲ့ပိုက္ဆံကို စုေဆာင္းျပီး သူ႔မိခင္ရဲ႕ အေၾကြးေတြကို ဆပ္ေပးခဲ့ပါတယ္” ဟု သတင္းေထာက္ Lee Jin Ho က ေျပာသည္။
ထိုအခ်ိန္က Han So Hee ၏ မိခင္မွာ ဝမ္ေငြ သန္း ၂၀ (ကန္ေဒၚလာ ၁၆၂၀၀) ခန္႔ အေၾကြးတင္ေနေၾကာင္း လည္း သတင္းေထာက္ Lee Jin Ho က ေျပာျပသည္။
Han So Hee က သူ၏ အဘြားကို မည္မွ်ခ်စ္ေၾကာင္း လူမႈကြန္ရက္တြင္ ေရးသားခဲ့ဖူးသည္။
အဘြားမွာ မိမိအတြက္ အရာရာျဖစ္ေၾကာင္း Han So Hee ေျပာဖူးသည္။
Han So Hee ၏ မိခင္သည္ ေလာင္းကစားဝိုင္းမ်ား တရားမဝင္ ဖြင့္လွစ္မႈျဖင့္ ျပီးခဲ့ေသာ စက္တင္ဘာလ အတြင္းက ဖမ္းဆီးခံထားရသည္။
အစိုးရေရွ႕ေနတို႔၏ ေျပာၾကားခ်က္အရ Han So Hee ၏မိခင္သည္ Ulsan ႏွင့္ Wonju ျပည္နယ္တို႔တြင္ ၂၀၂၁ ခုႏွစ္ကတည္းက ဟန္ျပလုပ္ငန္းမ်ားေနာက္ကြယ္တြင္ ေလာင္းကစားရံု ၁၂ ခု ဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္း ေျပာသည္။
Han So Hee ၏ ကိုယ္စားလွယ္တို႔က ေျပာသည္မွာ “ဒါက သူ႔မိခင္နဲ႔ဆိုင္တဲ့ ကိုယ္ေရးကိုယ္တာကိစၥ ျဖစ္ပါတယ္။ မင္းသမီးက ဒီအေၾကာင္းကို သတင္းေတြမွာ ပါလာမွ သိရပါတယ္။ သူေတာ္ေတာ္စိတ္ထိခိုက္ ေနပါတယ္” ဟု ေျပာသည္။
((Han So Hee က ဝမ္ ၅ ဒသမ ၂ ဘီလီယံ တန္ေၾကးရွိ Penthouse ခန္း ဝယ္ယူလိုက္ျပီးေနာက္ Hyun Bin, Son Ye Jin တို႔ စံုတြဲႏွင့္ အိမ္နီးခ်င္းျဖစ္လာ))
Han So Hee သည္ ေတာင္ကိုရီးယားႏိုင္ငံ၊ Gyeonggi ျပည္နယ္၊ Guri ျမိဳ႕၊ Achiu-dong Artists’ Village ရွိ Luxury Penthouse ခန္းတစ္ခန္းကို ဝမ္ေငြ ၅ ဒသမ ၂ ဘီလီယံ (ကန္ေဒၚလာ ၃ ဒသမ ၈ သန္းခန္႔) ျဖင့္ ဝယ္ယူလိုက္သည္။
Herald Economy သတင္းဌာန၏ ေဖာ္ျပခ်က္ႏွင့္ ေအာက္တိုဘာ ၂၀ ရက္ အိမ္ျခံေျမမွတ္တမ္းမ်ားအရ Han So Hee သည္ အဆိုပါ Penthouse ခန္းကို ယခုႏွစ္ ၾသဂုတ္လ ၂၁ ရက္က ပိုင္ဆိုင္လာခဲ့ျပီး အျပီးသတ္ ေငြေပးေခ်မႈကို စက္တင္ဘာလ ၃၀ ရက္တြင္ ျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ျပသည္။
မွတ္တမ္းမ်ားအရ Han So Hee သည္ ထိုအခန္းကို ဝယ္ယူရာတြင္ ဘဏ္ေခ်းေငြ ဝမ္ ၁ ဘီလီယံ (ကန္ေဒၚလာ ၇၄၀,၀၀၀) ရယူခဲ့သည္ဟု ဆိုသည္။
Han So Hee ဝယ္ယူလိုက္ေသာ Penthouse ခန္းရွိသည့္ The Arcadia Signature သည္ high-end အေဆာက္အအံုတစ္လံုးျဖစ္ျပီး အခန္း ၈ ခန္းတည္းသာ ဖြဲ႔စည္းထားကာ ေျမေအာက္ထပ္မွသည္ ၄ လႊာအထိ ျဖစ္သည္။ ေနထိုင္သူမ်ား၏ privacy အတြက္ ကိုယ္ပိုင္သီးသန္႔ ကားအဝင္အထြက္လမ္းမ်ားရွိသည္။
Han So Hee ဝယ္ယူလိုက္ေသာ Penthouse ခန္းမွာ duplex ျဖစ္ျပီး အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္း၊ အမိုးေအာက္ထပ္ခိုး၊ အမိုးေပၚ နားေန ေနရာတို႔ ပါဝင္သည္။
Rooftop terrace မွတဆင့္ Achasan ေတာင္၊ Yongmasan ေတာင္ႏွင့္ ဟန္ျမစ္တို႔၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ရသည္။
ယခု Penthouse ခန္းကို မဝယ္မီက Han So Hee သည္ Achiu-dong Artists’ Village တြင္ပင္ တည္ရွိေသာ luxury အိမ္တစ္လံုးတြင္ ေနထိုင္ခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း Han So Hee က အဆိုပါအိမ္ကို ဝမ္ ၁ ဒသမ ၉၅ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၄၅ သန္းခန္႔) ျဖင့္ ဝယ္ယူခဲ့ရာတြင္ ေငြသားျဖင့္ ေပးေခ်ဝယ္ယူခဲ့မႈမွာလည္း ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့သည္။
Achiu-dong Artists’ Village သည္ Artists’ Village ဟူေသာ နာမည္ႏွင့္ လိုက္ဖက္စြာျဖင့္ Hyun Bin ႏွင့္ Son Ye-jin တုိ႔စံုတြဲ၊ ရုပ္ရွင္မင္းသမီး Oh Yeon-seo ၊ အဆိုေတာ္/ရုပ္ရွင္မင္းသား Park Jin-young တို႔အပါအဝင္ အေက်ာ္အေမာ္မ်ားစြာ ေနထိုင္ေသာ ေနရာျဖစ္သည္။
(ဆက္စပ္သတင္း)
ေျမာက္ကိုရီးယားဗိုလ္ၾကီးဇာတ္ကားတြင္ တြဲဖက္ညီခဲ့ေသာ Hyun Bin ႏွင့္ Son ye jin တို႔ စံအိမ္
https://www.imyanmarhouse.com/news/read/1015770
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Han So Hee Buys $3.8 Million Penthouse, Joins Hyun Bin and Son Ye Jin as Neighbors (lovekpop95)