အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကျူးကျော်နေထိုင်သူတို့ကို နေအိမ်တစ်လုံးတွင် ရက် ၃၀ အထိ နေထိုင်ပြီးပါက အခြေချနေထိုင်သူအဖြစ် အသိအမှတ်ပြုပြီး၊ ၅ နှစ်ပြည့်ပါက လက်ဝယ်ပိုင်ဆိုင်သူအဖြစ် ဥပဒေအရ ခွင့်ပြုထား
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကျူးကျော်နေထိုင်သူတို့ကို နေအိမ်တစ်လုံးတွင် ရက် ၃၀ အထိ နေထိုင်ပြီးပါက အခြေချနေထိုင်သူအဖြစ် အသိအမှတ်ပြုပြီး၊ ၅ နှစ်ပြည့်ပါက လက်ဝယ်ပိုင်ဆိုင်သူအဖြစ် ဥပဒေအရ ခွင့်ပြုထား - Property News in Myanmar from iMyanmarHouse.com
22 Oct 2024 10:55 am တွင် တင်ခဲ့သည်
477 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်တွင် ကျူးကျော်များနှင့် စပ်လျဉ်းပြီး ပြည်နယ်အလိုက် ဥပဒေကွဲပြားမှုများ ရှိသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင်ဆိုလျှင် ကျူးတစ်ဦးသည် နေအိမ်တစ်လုံးကို ကျူးကျော်နေထိုင်ပြီးနောက် ရက် ၃၀ ပြည့်ပါက လက်ဝယ်ပိုင်ဆိုင်မှု (adverse possession) နှင့် အခြေချနေထိုင်သူအဖြစ် ခွင့်ပြုထားပြီး ထိုအိမ်အတွက် ၅ နှစ်တာ အခွန်ဆောင်လျှင် နေအိမ်ပိုင်ဆိုင်ခွင့်ပေးထားသည်။
ကမ္ဘာကျော်ကြယ်ပွင့်များစွာ အခြေချနေထိုင်သောနေရာဖြစ်သည့် လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးစ် အရပ်ရှိ တန်ဖိုးကြီး စံအိမ်ကြီး ၂ လုံးကို ကျူးကျော်သူတို့ ဝင်ရောက်နေထိုင်ကာ အပိုင်စီးသွားသည့်ဖြစ်ရပ်ကို Fox News သတင်းဌာနက စက်တင်ဘာလအတွင်း ဖော်ပြခဲ့ဖူးသည်။
“လော့စ်အိန်ဂျလိက ပြည်သူတွေကို ကျွန်တော်တောင်းပန်လိုပါတယ်။ အထူးသဖြင့် အိမ်နီးချင်းတွေကိုပေါ့။ ကျွန်တော်ပိုင်ဆိုင်တဲ့ နေအိမ် ၂ လုံး ဖြစ်ပျက်သွားတဲ့ကိစ္စက လက်မခံနိုင်စရာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေပဲ ရှိပါစေ ဒီအိမ် ၂ လုံးက ကျွန်တော်ပိုင်တဲ့အိမ်တွေပါ” ဟု ရုပ်ရှင်ထုတ်လုပ်သူ John Powers Middleton က ပြောသည်။
သူသည် Philadelphia Phillies ဘေ့စ်ဘောအသင်းပိုင်ရှင် John S. Middleton ၏ သားဖြစ်သည်။
(ကယ်လီဖိုးနီးယားတွင် ကျူးကျော်နေထိုင်သူတို့ တစ်လပြည့်ပါက အခြေချနေထိုင်သူအဖြစ် အသိအမှတ် ပြုသည့်အပြင် နေထိုင်မှုသက်တမ်း ၅ နှစ်ပြည့်ပါက လက်ဝယ်ပိုင်ဆိုင်သူအဖြစ် လျှောက်ထားနိုင်ကြောင်း ဥပဒေက ခွင့်ပြုထားသည်။ ဓာတ်ပုံ-iStock)
“ကျွန်တော့်အိမ်တွေ ဖြစ်ပျက်သွားတဲ့ကိစ္စက ရာဇဝတ်မှုပါ။ ဒီလိုလူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထင်ပါတယ်။ လော့စ်အိန်ဂျလိမှာ လူတိုင်းဟာ ကျူးတွေ၊ လက်သရမ်း ဖျက်ဆီးသူတွေရဲ့ ဘေးရန်နဲ့ ရင်ဆိုင်မနေရ သင့်ပါဘူး။ လက်သရမ်းဖျက်ဆီးမှုတွေဆိုရင် ထိန်းချုပ်လို့ မရနိုင်အောင် ဖြစ်နေပါတယ်” ဟုလည်း John Powers က ပြောသည်။
လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်အရပ်တွင် ဒေါ်လာ ၅ သန်းတန် နေအိမ်တစ်လုံးကို ကျူးကျော်သူတို့ ဝင်ရောက်နေထိုင်သည့်သတင်းကို Fox News သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။
အဆိုပါအိမ်ကို အရောင်းတာဝန်ယူထားသည့် အိမ်ခြံမြေအကျိုးဆောင်က ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့သော်လည်း ကျူးကျော်သူတို့က ၎င်းတို့မှာ အိမ်ငှားနေထိုင်သူများဖြစ်ကြောင်း စာချုပ်အတုများ ထုတ်ပြရာ ရဲတပ်ဖွဲ့က ထိုကိစ္စမှာ တရားမမှုသာဖြစ်ကြောင်း ပြောခဲ့သည်။
ကျူးကျော်နေထိုင်သူတို့က အိမ်ငှားစာချုပ်အတုများ ထုတ်ပြခြင်းမှာ မကြုံစဖူး ထူးထဲသည့် အကြောင်းရပ်မဟုတ်။
(ကျူးတို့မှာ အိမ်ငှားစာချုပ်အတုများ ကိုင်ထားလေ့ရှိကြသည်။ ဓာတ်ပုံ-iStock)
“ဒီကျူးတွေက တကယ့်လူပါးတွေ။ သူတို့မှာ အိမ်ငှားစာချုပ်အတုတွေ ကိုင်ထားတတ်ကြတယ်။ ဒါမှမဟုတ်ရင် သူတို့ကို ဘယ်သူက ဘယ်လိုငှားတယ်။ ဘယ်အိမ်ရှင်က ဘယ်လိုနေခွင့်ပေးတယ်ဆိုတာမျိုး ဇာတ်လမ်းအတု တွေ လုပ်ကြံပြောတတ်ကြပါတယ်” ဟု နယူးယောက်မြို့အခြေစိုက် Belkin,Burden and Goldman ဥပဒေ အတိုင်ပင်ခံအဖွဲ့မှ Daniel P.Phillips က Fox News သတင်းဌာနသိုု့ ပြောသည်။
ကယ်လီဖိုးနီးယားအခြေစိုက် ဥပဒေအတိုင်ပင်ခံအဖွဲ့များစွာ၏ ဝက်ဘ်ဆိုက်များတွင် မိမိတို့၏ နေအိမ်များတွင် ကျူးကျော်နေထိုင်သူများရှိပါက ရက်ပေါင်း ၃၀ အကြာတွင် နေအိမ်ပိုင်ဆိုင်ခွင့် မရသေးသော်လည်း အခြေချနေထိုင်သူအဖြစ် တရားဝင်အသိအမှတ်ပြုခံရမှု ရရှိမည်ဖြစ်ကြောင်း သတိပေးစာများ ရေးသားဖော်ပြထားသည်။
(ဆက်စပ်သတင်းများ)
အမေရိကန်ပြည် ၊ အတ္တလန္တာမြို့တွင် ကျူးကျော်နေထိုင်သူများက နေအိမ်ပေါင်း ၁၂၀၀ ကျော်ကို ဝင်ရောက်ကကျူးကျော်နေထိုင်ကာ အဖော်အချွတ်ကလပ်များ ဖွင့်လှစ်
https://www.imyanmarhouse.com/news/read/1099239
အမေရိကန်တွင် မိမိအိမ်အတွင်း ကျူးကျော်နေထိုင်သူများကို နှင်ထုတ်ရန် ကြိုးစားသောအိမ်ရှင် အဖမ်းခံရ
https://www.imyanmarhouse.com/news/read/1081804
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Squatter laws in California allow potential tenancy rights after 30 days in a property (foxnews)
Photo Credit-iStock
[Zawgyi]
(ဆက်စပ်သတင်းများ)
Photo Credit-iStock
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
MIngalardon Garden City
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service