ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
အိမ်တစ်လုံးပိုင်ရန် အဆင့်ဆင့်ကြိုးစားရသည့်ခရီးမှာ ခက်ခဲနိုင်သည်။
သို့သော် အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း တစ်ခု ပေါ်ပေါက်နေသည်။
လန်ဒန်မြို့တော်တွင် နေအိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ပေါင် ၆၉၂၈၃၂ ဖြစ်ရာ အိမ်တစ်လုံး ပိုင်ဆိုင်ရေးမှာ အလှမ်းမမှီသည့် ပန်းတစ်ပွင့်သဖွယ် ဖြစ်နေသည်။
သို့သော် လန်ဒန်၏ မြောက်ဘက် ဘုရားကျောင်းမြို့ဟု လူသိများသော Carlisle သို့သွားလျှင် နေအိမ် ၇ လုံးကို လန်ဒန်မှာ နေအိမ်တစ်လုံးဈေးအောက် ထက်ဝက်မျှဖြင့် ဝယ်ယူရရှိနိုင်သည်။
ဈေးကွက်တင်မှတ်တမ်းအရ အဆိုပါအိမ်များသည် ခေတ်မီအဆင့်မြှင့်မွမ်းမံရန် လိုအပ်သောအိမ်များဖြစ် သည်ဟု ဖော်ပြသည်။
အိမ်အိုဟောင်းများ ပြုပြင်မွမ်းမံရန် ဝါသနာကြီးသူများအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခု ဖြစ်သည်။
Cumbria လေလံကုမ္ပဏီက လေလံပွဲအားလုံးကို private လေလံများဖြင့် လေလံတင်ခြင်း ဖြစ်သည်။
ယခုရောင်းမည့်အိမ်များကို ယခင်က ၃ ခု ခွဲခြားကာ အရောင်းဈေးကွက်တင်ခဲ့သော်လည်း ယခုအခါတွင်မူ တပေါင်းတည်း ဈေးကွက်တင်လာသည်။
ထို့ကြောင့် Garden လမ်း၊ အိမ်အမှတ် ၄၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ကို တပေါင်းတည်း ဝယ်ယူနိုင်မည်ဖြစ်ပြီး အိမ်အမှတ် ၃ နှင့် ၅ တို့ကို အခြားတစ်စုအဖြစ် ဝယ်ယူနိုင်မည် ဖြစ်သည်။
သင့်အနေဖြင့် မိသားစုဝင် ညီအစ်ကို မောင်နှမများနှင့် နီးနီးကပ်ကပ် နေထိုင်လိုသည်ဆိုပါက တစ်လမ်းထဲရှိ နေအိမ်အားလုံးကို ဝယ်ယူနိုင်မည် ဖြစ်သည်။
သို့မဟုတ် အဆိုပါအိမ်များကို ကြီးမားလှသော အိမ်ကြီး ၂ လုံးအဖြစ် ပေါင်းစပ်နိုင်သည်။
(Garden လမ်းရှိ အိမ်များအနက်မှ တစ်လုံး။ ဓာတ်ပုံ-Jam Press/ Auction House Cumbria)
အိမ်နံပါတ် ၅ မှာ ပေါင် ၅၀၀၀၀၊ နံပါတ် ၃ မှာ ပေါင် ၆၀၀၀၀ သတ်မှတ်ထားသည်။
အိမ်နံပါတ် ၄၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါဝင်သော နေအိမ် ၅ လုံးမှာ ပေါင် ၂၅၀၀၀၀ ဈေးသတ်မှတ်ထားသည်။
ပြီးခဲ့သောနှစ်အတွင်း ထိုလမ်းထဲတွင် ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၇၁၂၀၀ ဖြစ်ရာ ယခုအိမ်များမှာ အလွန်တန်သည်ဟု ဆိုနိုင်သည်။
(Garden လမ်းရှိ နေအိမ်တစ်လုံး၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Jam Press/ Auction House Cumbria)
ရောင်းမထွက်ပါက အောက်တိုဘာလ ၂၄ ရက်တွင် လေလံတင်ရောင်းချတော့မည်ဖြစ်ရာ သင့်အနေဖြင့် စဉ်းစားရန် အချိန်များစွာ မရှိတော့ချေ။
Charlisle မြို့ကလေးသည် စကော့တလန်နယ်စပ်အနီး တည်ရှိပြီး နှစ်ပေါင်း ၉၀၀ သက်တမ်းရှိသော Carlisle Cathedral ဘုရားကျောင်းကြီး တည်ရှိသည်။
(သမိုင်းကြောင်း ရှည်လျားသော မြို့လေး။ ဓာတ်ပုံ-Getty Images)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You can buy a quarter of this entire street for just £360,000 (metro) Photo Credit- Jam Press/ Auction House Cumbria,Getty Images
[Zawgyi]
အဂၤလန္တြင္ လမ္းတစ္လမ္းလံုး၏ ၄ ပံု ၁ ပံုကို ေပါင္ ၃၆၀,၀၀၀ မွ်ျဖင့္ အေရာင္းေစ်းကြက္တင္လာ
အိမ္တစ္လံုးပိုင္ရန္ အဆင့္ဆင့္ၾကိဳးစားရသည့္ခရီးမွာ ခက္ခဲႏိုင္သည္။
သို႔ေသာ္ အဂၤလန္တြင္ လမ္းတစ္လမ္းလံုး၏ ၄ ပံု ၁ ပံုကို ေပါင္ ၃၆၀,၀၀၀ မွ်ျဖင့္ ပိုင္ဆိုင္ႏုိင္မည့္ အခြင့္အလမ္း တစ္ခု ေပၚေပါက္ေနသည္။
လန္ဒန္ျမိဳ႕ေတာ္တြင္ ေနအိမ္တစ္လံုး၏ ပ်မ္းမွ်ေစ်းႏႈန္းမွာ ေပါင္ ၆၉၂၈၃၂ ျဖစ္ရာ အိမ္တစ္လံုး ပိုင္ဆိုင္ေရးမွာ အလွမ္းမမွီသည့္ ပန္းတစ္ပြင့္သဖြယ္ ျဖစ္ေနသည္။
သို႔ေသာ္ လန္ဒန္၏ ေျမာက္ဘက္ ဘုရားေက်ာင္းျမိဳ႕ဟု လူသိမ်ားေသာ Carlisle သို႔သြားလွ်င္ ေနအိမ္ ၇ လံုးကို လန္ဒန္မွာ ေနအိမ္တစ္လံုးေစ်းေအာက္ ထက္ဝက္မွ်ျဖင့္ ဝယ္ယူရရွိႏိုင္သည္။
ေစ်းကြက္တင္မွတ္တမ္းအရ အဆိုပါအိမ္မ်ားသည္ ေခတ္မီအဆင့္ျမွင့္မြမ္းမံရန္ လိုအပ္ေသာအိမ္မ်ားျဖစ္ သည္ဟု ေဖာ္ျပသည္။
အိမ္အိုေဟာင္းမ်ား ျပဳျပင္မြမ္းမံရန္ ဝါသနာၾကီးသူမ်ားအတြက္ အေကာင္းဆံုးရင္းႏွီးျမွဳပ္ႏွံမႈ အခြင့္အလမ္းတစ္ခု ျဖစ္သည္။
Cumbria ေလလံကုမၸဏီက ေလလံပြဲအားလံုးကို private ေလလံမ်ားျဖင့္ ေလလံတင္ျခင္း ျဖစ္သည္။
ယခုေရာင္းမည့္အိမ္မ်ားကို ယခင္က ၃ ခု ခြဲျခားကာ အေရာင္းေစ်းကြက္တင္ခဲ့ေသာ္လည္း ယခုအခါတြင္မူ တေပါင္းတည္း ေစ်းကြက္တင္လာသည္။
ထို႔ေၾကာင့္ Garden လမ္း၊ အိမ္အမွတ္ ၄၊ ၆၊ ၇၊ ၈ ႏွင့္ ၉ တို႔ကို တေပါင္းတည္း ဝယ္ယူႏိုင္မည္ျဖစ္ျပီး အိမ္အမွတ္ ၃ ႏွင့္ ၅ တို႔ကို အျခားတစ္စုအျဖစ္ ဝယ္ယူႏိုင္မည္ ျဖစ္သည္။
သင့္အေနျဖင့္ မိသားစုဝင္ ညီအစ္ကို ေမာင္ႏွမမ်ားႏွင့္ နီးနီးကပ္ကပ္ ေနထုိင္လိုသည္ဆိုပါက တစ္လမ္းထဲရွိ ေနအိမ္အားလံုးကို ဝယ္ယူႏိုင္မည္ ျဖစ္သည္။
သို႔မဟုတ္ အဆိုပါအိမ္မ်ားကို ၾကီးမားလွေသာ အိမ္ၾကီး ၂ လံုးအျဖစ္ ေပါင္းစပ္ႏိုင္သည္။
(Garden လမ္းရွိ အိမ္မ်ားအနက္မွ တစ္လံုး။ ဓာတ္ပံု-Jam Press/ Auction House Cumbria)
အိမ္နံပါတ္ ၅ မွာ ေပါင္ ၅၀၀၀၀၊ နံပါတ္ ၃ မွာ ေပါင္ ၆၀၀၀၀ သတ္မွတ္ထားသည္။
အိမ္နံပါတ္ ၄၊ ၆၊ ၇၊ ၈ ႏွင့္ ၉ တို႔ပါဝင္ေသာ ေနအိမ္ ၅ လံုးမွာ ေပါင္ ၂၅၀၀၀၀ ေစ်းသတ္မွတ္ထားသည္။
ျပီးခဲ့ေသာႏွစ္အတြင္း ထိုလမ္းထဲတြင္ ပ်မ္းမွ်အိမ္ေစ်းမွာ ေပါင္ ၇၁၂၀၀ ျဖစ္ရာ ယခုအိမ္မ်ားမွာ အလြန္တန္သည္ဟု ဆိုႏိုင္သည္။
(Garden လမ္းရွိ ေနအိမ္တစ္လံုး၏ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု-Jam Press/ Auction House Cumbria)
ေရာင္းမထြက္ပါက ေအာက္တိုဘာလ ၂၄ ရက္တြင္ ေလလံတင္ေရာင္းခ်ေတာ့မည္ျဖစ္ရာ သင့္အေနျဖင့္ စဥ္းစားရန္ အခ်ိန္မ်ားစြာ မရွိေတာ့ေခ်။
Charlisle ျမိဳ႕ကေလးသည္ စေကာ့တလန္နယ္စပ္အနီး တည္ရွိျပီး ႏွစ္ေပါင္း ၉၀၀ သက္တမ္းရွိေသာ Carlisle Cathedral ဘုရားေက်ာင္းၾကီး တည္ရွိသည္။
(သမုိင္းေၾကာင္း ရွည္လ်ားေသာ ျမိဳ႕ေလး။ ဓာတ္ပံု-Getty Images)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: You can buy a quarter of this entire street for just £360,000 (metro) Photo Credit- Jam Press/ Auction House Cumbria,Getty Images