မြောက်အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူ ခရစ္စတိုဖာ ကိုလံဘတ်စ်၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိ၊ DNA စစ်ဆေးချက်များအရ မှန်ကန်ကြောင်း သိပ္ပံပညာရှင်များ အတည်ပြု

မြောက်အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူ ခရစ္စတိုဖာ ကိုလံဘတ်စ်၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိ၊ DNA စစ်ဆေးချက်များအရ မှန်ကန်ကြောင်း သိပ္ပံပညာရှင်များ အတည်ပြု - Property Knowledge in Myanmar from iMyanmarHouse.com
21 Oct 2024 11:06 am တွင် တင်ခဲ့သည်
351 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

သိပ္ပံပညာရှင်တို့သည် မြောက်အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူ ခရစ္စတိုဖာ ကိုလံဘတ်စ် နောက်ဆုံး ခေါင်းချခဲ့သော နေရာနှင့် ပတ်သက်ပြီး နှစ်ပေါင်း ၅၀၀ အဖြေမရှာနိုင်ခဲ့သည့် ပု စ္ဆာတစ်ရပ်ကို နောက်ဆုံးတွင် အဖြေထုတ်လိုက်နိုင်ပြီ ဖြစ်သည်။

သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် စပိန်နိုင်ငံရှိ Seville Cathedral ဘုရားကျောင်းကြီးတွင် မြှုပ်နှံထားသော လူအရိုးများကို နှစ်ပေါင်း ၂၀ ခန့် အချိန်ယူကာ DNA စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ DNA စစ်ဆေးချက်များအရ ၁၅၀၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် နယ်ပယ်သစ် စူးစမ်းလေ့လာသူ ကိုလံဘတ်စ်၏ အရိုးစုဖြစ်သည်မှာ လုံးဝသေချာကြောင်း အတည်ပြုခဲ့ပြီ ဖြစ်သည်။

သိပ္ပံပညာရှင်တို့သည် ကိုလံဘတ်စ်၏ အရိုးစုမှ DNA ကို ၎င်း၏ ဆွေမျိုးများ၊ ၎င်းမှ ဆင်းသက်သူများ၏ DNA နှင့် တိုက်ဆိုင်စစ်ဆေးမှု နှစ်ပေါင်း ၂၀ ကြာ ပြုလုပ်ခဲ့ကြသည်။

ကိုလံဘတ်စ်သည် အမေရိကတိုက်ကို ရှာဖွေပြီး စပိန်နိုင်ငံအတွက် ကမ္ဘာသစ်အဖြစ် လက်ဆောင်ပေးခဲ့သူ ဖြစ်သည်။

အမေရိကတွင် အောက်တိုဘာလ၏ ဒုတိယမြောက် တနင်္လာနေ့ကို ကိုလံဘတ်စ်နေ့အဖြစ် တရားဝင်သတ်မှတ် ပေးထားရာ ကိုလံဘတ်စ်နေ့ မတိုင်မီ သိပ္ပံပညာရှင်တို့၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကိုလံဘတ်ကွယ်လွန်ပြီးနောက် သူ၏ ရုပ်အလောင်းကို နေရာရွှေ့မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

အချို့သော ကျွမ်းကျင်ပညာရှင်များက ကိုလံဘတ်စ်၏ ရုပ်အလောင်းမှာ ဒိုမီနီကန်သမ္မတနိုင်ငံတွင် မြှုပ်နှံထားခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိရာ ထိုနိုင်ငံတွင် သူ၏ဂူသင်္ချိုင်းကို ရှာဖွေခဲ့ကြမှုများ ရှိသည်။

(ခရစ္စတိုဖာ ကိုလံဘတ်စ်အား မည်သည့်နေရာတွင် မြှုပ်နှံထားသနည်းဟူသော နှစ်ပေါင်း ၅၀၀ အဖြေရှာမရ သည့် ပု စ္ဆာကို သိပ္ပံပညာရှင်တို့ ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြသည်)

ယခုသုတေသနကို ဦးဆောင်သူ Miguel Lorente မှာ မှုခင်းဆေးပညာဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။

“ဒီနေ့မှာ နည်းပညာသစ်တွေနဲ့အတူ အတည်ပြုနိုင်ဖို့ ဖြစ်လာပါတယ်။ ယခင်က ယူဆခဲ့တဲ့ သီအိုရီဖြစ်တဲ့ Seville မှာ တွေ့ရတဲ့ အရိုးစုဟာ ခရစ္စတိုဖာ ကိုလံဘတ်ရဲ့ အရိုးစုဖြစ်တယ်ဆိုတာ သေချာပေါက် အတည်ပြု နိုင်ခဲ့ပါတယ်” ဟု Lorente က ပြောသည်။

အဆိုပါဘုရားကျောင်းမှ သင်္ချိုင်းဂူထဲတွင် ခရစ္စတိုဖာ ကိုလံဘတ်စ်၏ ရုပ်အလောင်းတည်ရှိနေသည်ဟု ကျွမ်းကျင်ပညာရှင်များက ယခင်ကတည်းက ယူဆခဲ့သော်လည်း အတည်မပြုနိုင်ခဲ့။

၂၀၀၃ ခုနှစ်တွင်မူ Lorente နှင့် သမိုင်းပညာရှင် Marcial Castro တို့ကို သင်္ချိုင်းဂူဖွင့်ကြည့်ရန် ခွင့်ပြုချက် ပေးခဲ့ရာ အရိုးစုကို တွေ့ရှိခဲ့သည့်တိုင် အတည်မပြုနိုင်ခဲ့ချေ။

ထိုကာလက DNA နည်းပညာမှာ နမူနာအနည်းငယ်မျှဖြင့် တိကျသော အဖြေရှာမပေးနိုင်သေး။

သုတေသနပညာရှင်တို့က ခရစ္စတိုဖာ ကိုလံဘတ်စ်၏ အရိုးစုကို အဖြေရှာရာတွင် ၎င်း၏ သားဖြစ်သူ Hermando နှင့် ညီဖြစ်သူ Diego တို့၏ အရိုးစုများကိုလည်း DNA စစ်ဆေးခဲ့သည်။

၎င်းတို့၏ ရုပ်အလောင်းများမှာလည်း Seville ဘုရားကျောင်းတွင်ပင် မြှုပ်နှံထားခြင်း ဖြစ်သည်။

ဆွေမျိုးတို့၏ အရိုးများမှာ ကိုလံဘတ်၏ ဂူသင်္ချိုင်းတွင် တွေ့ရသည့်အရိုးများထက် အရိုးအဆစ် ပိုမို ကြီးမားသည်ကိုလည်း တွေ့ရသည်။

ခရစ္စတိုဖာ ကိုလံဘတ်စ်သည် ၁၄၉၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်တွင် စပိန်နိုင်ငံ၊ Palos ဆိပ်ကမ်းမှ စတင် ထွက်ခွာခဲ့ပြီး ဒဏ္ဍာရီဆန်ဆန် ကြွယ်ဝချမ်းသာသော အာရှသို့ ရွက်လွှင့်ရန် ရည်ရွယ်ခဲ့သည်။

ထိုခရီးစဉ်တွင် Nina, Pinta နှင့် Santa Maria အမည်ရှိ သင်္ဘော ၃ စင်းနှင့် သင်္ဘောသား ၁၀၀ ဦး ပါဝင်ခဲ့ သည်။

၁၄၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် ယနေ့ခေတ် ဘဟားမားဟုခေါ်သောနေရာသို့ ရောက်ရှိခဲ့ပြီး ထိုလကုန်ပိုင်းတွင် ကိုလံဘတ်စ်သည် ကျူးဘားသို့ ရောက်ရှိခဲ့သည်။

ကိုလံဘတ်စ်က ကျူးဘားကို တရုတ်ပြည်ဟု မှတ်ထင်ခဲ့သေးသည်။

(Seville ဘုရားကျောင်းရှိ သင်္ချိုင်းဂူကို ဖွင့်ကြည့်ရန် သုတေသနပညာရှင်များအား ၂၀၀၃ ခုနှစ်အတွင်း ခွင့်ပြုချက်ပေးခဲ့သည်။ ဂူအတွင်း မည်သူမည်ဝါဟု မသိရသူ၏ အရိုးများကို တွေ့ရှိခဲ့ပြီး ယခုအခါတွင်မူ ကိုလံဘတ်စ်၏ အရိုးများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Christopher Columbus' remains discovered after more than 500 years DNA analysis confirms (dailymail) Photo Credit-dailymail

[Zawgyi]

ေျမာက္အေမရိကတိုက္ကို ရွာေဖြေတြ႔ရွိခဲ့သူ ခရစၥတိုဖာ ကိုလံဘတ္စ္၏ ဂူသခၤ်ဳိင္းကို ရွာေဖြေတြ႔ရွိ၊ DNA စစ္ေဆးခ်က္မ်ားအရ မွန္ကန္ေၾကာင္း သိပၸံပညာရွင္မ်ား အတည္ျပဳ

သိပၸံပညာရွင္တို႔သည္ ေျမာက္အေမရိကတိုက္ကို ရွာေဖြေတြ႔ရွိခဲ့သူ ခရစၥတိုဖာ ကိုလံဘတ္စ္ ေနာက္ဆံုး ေခါင္းခ်ခဲ့ေသာ ေနရာႏွင့္ ပတ္သက္ျပီး ႏွစ္ေပါင္း ၅၀၀ အေျဖမရွာႏိုင္ခဲ့သည့္ ပု စၦာတစ္ရပ္ကို ေနာက္ဆံုးတြင္ အေျဖထုတ္လိုက္ႏိုင္ျပီ ျဖစ္သည္။

သိပၸံပညာရွင္အဖြဲ႔တစ္ဖြဲ႔သည္ စပိန္ႏိုင္ငံရွိ Seville Cathedral ဘုရားေက်ာင္းၾကီးတြင္ ျမွဳပ္ႏွံထားေသာ လူအရိုးမ်ားကို ႏွစ္ေပါင္း ၂၀ ခန္႔ အခ်ိန္ယူကာ DNA စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါ DNA စစ္ေဆးခ်က္မ်ားအရ ၁၅၀၆ ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည့္ နယ္ပယ္သစ္ စူးစမ္းေလ့လာသူ ကိုလံဘတ္စ္၏ အရိုးစုျဖစ္သည္မွာ လံုးဝေသခ်ာေၾကာင္း အတည္ျပဳခဲ့ျပီ ျဖစ္သည္။

သိပၸံပညာရွင္တို႔သည္ ကိုလံဘတ္စ္၏ အရိုးစုမွ DNA ကို ၎၏ ေဆြမ်ဳိးမ်ား၊ ၎မွ ဆင္းသက္သူမ်ား၏ DNA ႏွင့္ တိုက္ဆိုင္စစ္ေဆးမႈ ႏွစ္ေပါင္း ၂၀ ၾကာ ျပဳလုပ္ခဲ့ၾကသည္။

ကိုလံဘတ္စ္သည္ အေမရိကတိုက္ကို ရွာေဖြျပီး စပိန္ႏိုင္ငံအတြက္ ကမၻာသစ္အျဖစ္ လက္ေဆာင္ေပးခဲ့သူ ျဖစ္သည္။

အေမရိကတြင္ ေအာက္တိုဘာလ၏ ဒုတိယေျမာက္ တနလၤာေန႔ကို ကိုလံဘတ္စ္ေန႔အျဖစ္ တရားဝင္သတ္မွတ္ ေပးထားရာ ကိုလံဘတ္စ္ေန႔ မတိုင္မီ သိပၸံပညာရွင္တို႔၏ ေၾကညာခ်က္ ထြက္ေပၚခဲ့ျခင္းလည္း ျဖစ္သည္။

ကိုလံဘတ္ကြယ္လြန္ျပီးေနာက္ သူ၏ ရုပ္အေလာင္းကို ေနရာေရႊ႕မႈမ်ား အၾကိမ္ၾကိမ္ ျပဳလုပ္ခဲ့သည္။

အခ်ဳိ႕ေသာ ကၽြမ္းက်င္ပညာရွင္မ်ားက ကိုလံဘတ္စ္၏ ရုပ္အေလာင္းမွာ ဒိုမီနီကန္သမၼတႏိုင္ငံတြင္ ျမွဳပ္ႏွံထားျခင္းျဖစ္ေၾကာင္း ေျပာဆိုမႈမ်ားရွိရာ ထိုႏိုင္ငံတြင္ သူ၏ဂူသခၤ်ဳိင္းကို ရွာေဖြခဲ့ၾကမႈမ်ား ရွိသည္။

(ခရစၥတိုဖာ ကိုလံဘတ္စ္အား မည္သည့္ေနရာတြင္ ျမွဳပ္ႏွံထားသနည္းဟူေသာ ႏွစ္ေပါင္း ၅၀၀ အေျဖရွာမရ သည့္ ပု စၦာကို သိပၸံပညာရွင္တို႔ ေျဖရွင္းႏိုင္ရန္ ၾကိဳးစားခ့ဲၾကသည္)

ယခုသုေတသနကို ဦးေဆာင္သူ Miguel Lorente မွာ မႈခင္းေဆးပညာဆိုင္ရာ သိပၸံပညာရွင္တစ္ဦးျဖစ္သည္။

“ဒီေန႔မွာ နည္းပညာသစ္ေတြနဲ႔အတူ အတည္ျပဳႏိုင္ဖို႔ ျဖစ္လာပါတယ္။ ယခင္က ယူဆခဲ့တဲ့ သီအိုရီျဖစ္တဲ့ Seville မွာ ေတြ႔ရတဲ့ အရိုးစုဟာ ခရစၥတိုဖာ ကိုလံဘတ္ရဲ႕ အရိုးစုျဖစ္တယ္ဆိုတာ ေသခ်ာေပါက္ အတည္ျပဳ ႏိုင္ခဲ့ပါတယ္” ဟု Lorente က ေျပာသည္။

အဆိုပါဘုရားေက်ာင္းမွ သခၤ်ဳိင္းဂူထဲတြင္ ခရစၥတိုဖာ ကိုလံဘတ္စ္၏ ရုပ္အေလာင္းတည္ရွိေနသည္ဟု ကၽြမ္းက်င္ပညာရွင္မ်ားက ယခင္ကတည္းက ယူဆခဲ့ေသာ္လည္း အတည္မျပဳႏိုင္ခဲ့။

၂၀၀၃ ခုႏွစ္တြင္မူ Lorente ႏွင့္ သမိုင္းပညာရွင္ Marcial Castro တို႔ကို သခၤ်ဳိင္းဂူဖြင့္ၾကည့္ရန္ ခြင့္ျပဳခ်က္ ေပးခဲ့ရာ အရိုးစုကို ေတြ႔ရွိခဲ့သည့္တိုင္ အတည္မျပဳႏိုင္ခဲ့ေခ်။

ထိုကာလက DNA နည္းပညာမွာ နမူနာအနည္းငယ္မွ်ျဖင့္ တိက်ေသာ အေျဖရွာမေပးႏိုင္ေသး။

သုေတသနပညာရွင္တို႔က ခရစၥတိုဖာ ကိုလံဘတ္စ္၏ အရိုးစုကို အေျဖရွာရာတြင္ ၎၏ သားျဖစ္သူ Hermando ႏွင့္ ညီျဖစ္သူ Diego တို႔၏ အရိုးစုမ်ားကိုလည္း DNA စစ္ေဆးခဲ့သည္။

၎တို႔၏ ရုပ္အေလာင္းမ်ားမွာလည္း Seville ဘုရားေက်ာင္းတြင္ပင္ ျမွဳပ္ႏွံထားျခင္း ျဖစ္သည္။

ေဆြမ်ဳိးတို႔၏ အရိုးမ်ားမွာ ကိုလံဘတ္၏ ဂူသခၤ်ဳိင္းတြင္ ေတြ႔ရသည့္အရိုးမ်ားထက္ အရိုးအဆစ္ ပိုမို ၾကီးမားသည္ကိုလည္း ေတြ႔ရသည္။

ခရစၥတိုဖာ ကိုလံဘတ္စ္သည္ ၁၄၉၂ ခုႏွစ္၊ ၾသဂုတ္လ ၃ ရက္တြင္ စပိန္ႏိုင္ငံ၊ Palos ဆိပ္ကမ္းမွ စတင္ ထြက္ခြာခဲ့ျပီး ဒ႑ာရီဆန္ဆန္ ၾကြယ္ဝခ်မ္းသာေသာ အာရွသို႔ ရြက္လႊင့္ရန္ ရည္ရြယ္ခဲ့သည္။

ထိုခရီးစဥ္တြင္ Nina, Pinta ႏွင့္ Santa Maria အမည္ရွိ သေဘၤာ ၃ စင္းႏွင့္ သေဘၤာသား ၁၀၀ ဦး ပါဝင္ခဲ့ သည္။

၁၄၉၂ ခုႏွစ္၊ ေအာက္တိုဘာလ ၁၂ ရက္တြင္ ယေန႔ေခတ္ ဘဟားမားဟုေခၚေသာေနရာသို႔ ေရာက္ရွိခဲ့ျပီး ထိုလကုန္ပိုင္းတြင္ ကိုလံဘတ္စ္သည္ က်ဴးဘားသို႔ ေရာက္ရွိခဲ့သည္။

ကိုလံဘတ္စ္က က်ဴးဘားကို တရုတ္ျပည္ဟု မွတ္ထင္ခဲ့ေသးသည္။

(Seville ဘုရားေက်ာင္းရွိ သခၤ်ဳိင္းဂူကို ဖြင့္ၾကည့္ရန္ သုေတသနပညာရွင္မ်ားအား ၂၀၀၃ ခုႏွစ္အတြင္း ခြင့္ျပဳခ်က္ေပးခဲ့သည္။ ဂူအတြင္း မည္သူမည္ဝါဟု မသိရသူ၏ အရိုးမ်ားကို ေတြ႔ရွိခဲ့ျပီး ယခုအခါတြင္မူ ကိုလံဘတ္စ္၏ အရိုးမ်ားျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့သည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Christopher Columbus' remains discovered after more than 500 years DNA analysis confirms (dailymail) Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service