သိမှတ်စရာ တိုက်ခန်းများနေထိုင်ရန် BCC မကျတဲ့အခါ...

သိမှတ်စရာ တိုက်ခန်းများနေထိုင်ရန် BCC မကျတဲ့အခါ... - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2024 11:55 am တွင် တင်ခဲ့သည်
579 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

(BCC) လျှောက်ထားပြီး ခွင့်ပြုချက်မကျသေးပါက အဘယ်သို့ဆက်လက်ဆောင်ရွက်ရမည်နည်းဆိုတဲ့ မေးခွန်းအပါအဝင် သိမှတ်ဖွယ်ရာမေးခွန်းသုံးခုကို ဒီတစ်ပတ်အတွက် တင်ဆက်ပေးထားပါတယ်ရှင်။

မေးခွန်း (၁) - တစ်ဖက်ခြံမှ မိမိပိုင်နက်မြေကို ကျူးကျော်တိုးချဲ့လာခြင်း၊ မိမိ၏မြေသည်တစ်ဖက်သို့ပါသွားခြင်းတို့အတွက် မည်သို့ ဖြေရှင်းဆောင်ရွက်နိုင်သနည်း။

မိမိပိုင်မြေအား မြေငှားဂရန် လျှောက်ထားခြင်း၊ အမည်ပြောင်း ဆောင်ရွက်ခြင်း၊ သက်တမ်းတိုးခြင်း၊ မြေကွက်ခွဲစိတ်ခြင်းတို့ ဆောင်ရွက်သည့်အခါ မြေကွက်နယ်နိမိတ် တိုင်းတာရခြင်းများရှိပြီး ဌာနဆိုင်ရာမှာ ကွင်း ဆင်းတိုင်းတာသည့်အချိန် သတ်မှတ်မြေပုံ၊ မြေကွက်မူလ အကျယ်အဝန်းပေ မပြည့်သည်များလဲ ကြုံရတတ်ပါသည်။ မိမိမြေမှာ တဖက်ခြံမှ အဆောက်အအုံဆောက်လုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းထဲ ပါဝင်နေလျှင်လဲ နည်းလမ်းတကျဖြေ ရှင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြေနယ်နိမိတ် အငြင်းပွှားမှုအား သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များမှ တဆင့်ကွင်းဆင်းဖြေရှင်း ဆောင်ရွက်ပေးသည့်အခါများတွင်လဲ အဆင်ပြေကြသည်များ ရှိပါသည်။ အငြင်းပွှားသူ နှစ်ဖက်သဘောတူညီမှု ဖြင့် လိုင်စင်ရ မြေတိုင်းစာရေးအား ခေါ်ယူကာ စစ်ဆေးတိုင်းတာခြင်းလဲ ရှိကြပါသည်။

ထို့သို့ ဆောင်ရွက်အဆင်မပြေပါက မြေစာရင်းရုံးသို့ ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထား မူရင်း များ ပြသပြီး တဖက်သတ် မြေကွက်တိုင်းတာရန် ပုဂ္ဂလိက မြေတိုင်းတာခြင်း လျှောက်ထားနိုင်ပါသည်။ မိမိ ပိုင်ဆိုင်သည့် မြေကွက် အစိတ်အပိုင်းအတွက် အထောက်အထားစာရွက်စာတမ်း မူရင်းများပြသရန်တော့ လိုပါ သည်။ မြေစာရင်းအရာရှိများသည် အထူးမြေတိုင်းတာခြင်း ဆောင်ရွက်ရာ၌ ကြေးတိုင်နှင့် မြေစာရင်းမင်း ကြီး၏ သီးခြားအခွင့်အမိန့် လိုအပ်ပါသည်။ အထူးမြေတိုင်းတာခြင်းမှာ သာမာန်အပိုင်ဂရန်၊ အငှားဂရန် လျှောက်ထားမှုများတွင် မြေတိုင်းတာခြင်းကဲ့သို့ မဟုတ်ပါ။ မြေတိုင်းတာခြင်း လျှောက်ထားသည့်သူသည် မြေတိုင်းတာရန် အမိန့်တောင်းခံသည့်အခါ တိုင်းတာခြင်း ပြုလုပ်ရမည့် အထူးအကြောင်းအရာကို ရှင်းလင်းစွာဖော်ပြပေးရန် လိုပါသည်။ ထို့အပြင် မြေတိုင်းတာခြင်း ပြုလိုသည့် မြေတည်နေရာ၊ တိုင်းတာလိုသည့်ဧရိယာ၊ စကေးနှင့် တိုင်းတာလိုခြင်း အမျိုးအစားကို တိကျစွာ ဖော်ပြ လျှောက်ထားမှုပြုရပါမည်။

တရားရုံးတွင်လဲ လက်ရှိပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာခြင်း၊ ကျူးကျော်သော အစိတ်အပိုင်းအား ဖယ်ရှားပေးစေလိုမှု၊ မြေကွက်လက်ရောက်ပေးစေမှုဖြင့် တရားမမှုစွဲဆိုနိုင်ပြီး တရားရုံးအမိန့်အရ မြေစာရင်းမှ အခကြေးငွေယူ၍ မြေတိုင်းတာပေးခြင်းလဲ ဆောင်ရွက်ပေးနိုင်ပါသည်။ တရားရုံးမှ ဖြေရှင်းဆောင်ရွက်ပေး သော မြေယာအငြင်းပွှားများတွင် မြေတိုင်းကော်မရှင်အဖွဲ့လဲ ထားရှိပေးပြီး မြေတိုင်းတာချက်များအား ထည့် သွင်းကာ တရားရုံးမှ အမိန့်တစ်ရပ် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း (၂) - လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)မူရင်း ပျက်စီး၊ ပျောက်ဆုံးလျှင် အသစ်ပြန်လျှောက်လို့ရ/မရ သိလိုပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ-(၇) ချထားပေးခြင်းခံရသူသည် လယ်ယာမြေမှ ရရှိသော အကျိုးအမြတ် အား ခံစားပိုင်ခွင့်၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခွင့် ရှိပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-(၇)အမည်ပေါက်ရရှိသူမှာ မြေခွန်နှင့် အခြားအခွန်အခ အရပ်ရပ်အား ထမ်းဆောင်ရန် တာဝန်ရှိပါသည်။

ထို့ကြောင့် အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-(၇)မှာ သဘာဝဘေးအန္တရာယ်၊ မီးဘေး၊ ရေဘေး၊ ရန်သူမျိုးငါးပါးဘေးမှ ပုံစံ(၇) ပျက်စီး၊ ပျောက်ဆုံးပါကလဲ ဒုတိယမူရင်းခွဲ မိတ္တူမှန် လျှောက်ထားခြင်း ပြုနိုင်ပါသည်။

ထို့သို့လျှောက်ထားရာ၌ မိမိတို့ လယ်ယာမြေ တည်ရှိရာအရပ်ဒေသရှိ လယ်ယာမြေဥပဒေပုဒ်မ - (၁၆) အရ ဖွဲစည်းထားသော ရပ်ကွက် / ကျေးရွာ လယ်ယာ မြေစီမံခန့်ခွဲမှုကော်မတီသို့ အကြောင်းကြားပြီး မြို့နယ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ဌာနသို့ သတ်မှတ်ပုံစံဖြင့် တိုက်ရိုက် လျှောက်ထားခြင်းပြုရမည်ဖြစ်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-(၇)မှာ လယ်ယာမြေနှင့် ပတ်သတ်သည့် အငြင်းပွှားမှုများအတွက် ဖြေရှင်းဆောင်ရွက်နိုင်သည့် သက်သေအထောက်အထားပင်ဖြစ်ကာ လယ်ယာမြေလုပ်ပိုင်ခွင့်မှာ လယ် ယာမြေပုဒ်မ-(၉)(ဂ)အရ အမွေဆက်ခံနိုင်သည့် အခွင့်အရေးလဲရှိပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-(၇)အား ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းများ ပြုလုပ်သည့်အခါ အငြင်းပွှားမှု မပေါ်ပေါက်စေရန် အခွန် ဆောင်၍ မိမိအမည်ပြောင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ထားရမည်ဖြစ်ပါသည်။

ပျောက်ဆုံး/ပျက်စီးခြင်း လျှောက်ထားလွှာတွင် ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ မှန်ကန်ကြောင်း ထောက်ခံချက်နှင့်အတူ ကျေးရွာရှိ လယ်ယာမြေမှတ်ပုံတင်စာရင်း ပုံစံ- (၁၁) ဖြန့်ဝေလွှာအား မိမိမှတ်ပုံတင်ရှိသည့် စာမျက်နှာကို မိတ္တူကူးရယူကာ လျှောက်လွှာ၌ ပူးတွဲပါဝင်တင်ပြ ပေးရန် လိုအပ်သည်။

ခရိုင်ရုံး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကန့်ကွက်ခြင်းရှိမရှိ စီစစ်ခြင်း ပြည်နယ်/တိုင်းဒေသကြီး ခွင့်ပြုချက်တို့ ရယူခြင်းတို့ ဆောင်ရွက်ပေးပါသည်။

သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမှ မူရင်းပုံစံ-(၇) အထောက်အထားများဖြင့် ကန့်ကွက်လာပါက လျှောက်ထားသူအား ဒုတိယမူရင်းခွဲမိတ္တူမှန် ထုတ်ပေးမှာ မဟုတ်ပါဘူး။ ကန့်ကွက်သူ မပေါ်ပေါက်သည့် အခါမှသာ ဒဏ်ကြေးနှင့် သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-( ၇ ) မူရင်းခွဲ မိတ္တူမှန်တစ်စောင်အား လျှောက်ထားသူအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ ထုတ်ပေးမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

မေးခွန်း (၃) - (BCC) လျှောက်ထားပြီး ခွင့်ပြုချက်မကျသေးပါ။မည်သို့ ဆောင်ရွက်နိုင်ပါသလဲ။

BCC ဆိုသည်မှာ စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသည့် အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြု (Building Complete Certificate)ဖြစ်ပါသည်။ အဆောက်အဦး ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိခြင်းမှာ လူနေထိုင်နိုင်ခြင်းပင်ဖြစ်သဖြင့် အရပ်ထဲတွင် လူနေထိုင်ခွင့်လက်မှတ်လို့ ခေါ်ဆိုနေကြခြင်းဖြစ်ပါသည်။

တိုက်ခန်းများ ဝယ်ယူမှုပြုသည့်အခါ ဝယ်ယူသူမှာ BCC ရရှိပြီးသော အဆောက်အအုံတိုက်ခန်း ဟုတ်မဟုတ် မေးမြန်းကြမည်သာဖြစ်ပါသည်။ လူနေထိုင်နိုင်သည့် အဆောက်အအုံဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းမရှိဘဲ မိမိမှ ဝယ်ယူနေထိုင်လျှင် ဒဏ်ကြေးထမ်းဆောင်ရခြင်း၊ ဖယ်ရှား ထွက်ခွာပေးရခြင်းတို့ နောင်တချိန်ဖြစ်ပေါ်လာနိုင်ပါသည်။

ဆောက်လုပ်ခွင့် ပါမစ်လျှောက်ထားကာ တရားဝင်မဆောက်လုပ်သော အဆောက်အအုံမှာ အစိမ်းဘုတ်၊ ဆောက် လုပ်ခွင့်ပါမစ် မရရှိသလို၊ အဆောက်အအုံပြီးစီးကြောင်း အသိအမှတ်ပြုမှု BCC လဲ ရရှိလာမည်မဟုတ်ပါ။

ဆောက်လုပ်ခွင့်ပါမစ်ချထားပေးပြီး BCC လျှောက်ထားကာ ခွင့်ပြုချက်မရရှိသေးသော အဆောက်အအုံဖြစ်ပါက ခွင့်ပြုချက်ရရှိရန်မှာ အစိမ်းဘုတ် ဆောက်လုပ်ခွင့်ပါမစ်အတိုင်း ဆောက်လုပ်မှ BCC အဆောက်အဦပြီးစီးကြောင်း အသိ အမှတ်ပြု လက်မှတ်ရရှိနိုင်မည်ဖြစ်ပါသည်။ ခွင့်ပြုပုံစံအတိုင်း ဆောက်လုပ်ပြီးစီးပါကလဲ ကာလတတန်ဖိုးစီစစ်ရေးအဖွဲ့သို့ တင်ပြကာ အခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

BCC လျှောက်ထားရာတွင် အခွန်စည်းကြပ်ပြီးကြောင်း ထောက်ခံချက်နှင့်အတူ ဆောက်လုပ်ခွင့်ပါမစ်၊ မူလဆောက်လုပ်ခွင့်ပုံစံ (Drawing) မိတ္တူ၊ လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ အဆောက်အအုံပြီးစီးဖြစ်ကြောင်း မှတ်ချက်၊ စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံဖြစ်ပါက မီးသတ်ဦးစီးဌာန ထောက် ခံချက်၊ မြေရှင်( GP/SP)များရှိလျှင် မိတ္တူ၊ အဆောက်အအုံ ဓာတ်ပုံ၏ရှေ့နောက်ဝဲယာ ဓာတ်ပုံများ၊ ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခ‌ ငွေသွင်းချလံမိတ္တူများနှင့် ဌာနမှ အဆောက်အအုံပုံစံအလိုက် သီးခြားတင်ပြရန် အချက်အလက်များအား တင် ပြပြီး BCC လျှောက်ထားရန် လိုအပ်ပါသည်။

သတ်မှတ်ချက်ပုံစံဖြင့် ကိုက်ညီစွာ မဆောက်လုပ်ထားပါက ဌာနမှ BCC ချထားပေးမည် မဟုတ်ပါ။ အဆောက် အအုံအား ဆောက်လုပ်ခွင့်ပါမစ် တင်ထားသူ မြေရှင်/ကန်ထရိုက်မှာ သတ်မှတ်အချိန်ကာလအတွင်း ခွင့်ပြုပုံစံနှင့် အညီ အဆောက်အအုံအား ဆောက်လုပ်ရန် နှင့် BCC လျှောက်ပေးရန် တာဝန်ရှိကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

သိမွတ္စရာ တိုက္ခန္းမ်ားေနထိုင္ရန္ BCC မက်တဲ့အခါ...

(BCC) ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္မက်ေသးပါက အဘယ္သို႔ဆက္လက္ေဆာင္႐ြက္ရမည္နည္းဆိုတဲ့ ေမးခြန္းအပါအဝင္ သိမွတ္ဖြယ္ရာေမးခြန္းသုံးခုကို ဒီတစ္ပတ္အတြက္ တင္ဆက္ေပးထားပါတယ္႐ွင္။

ေမးခြန္း (၁) - တစ္ဖက္ျခံမွ မိမိပိုင္နက္ေျမကို က်ဴးေက်ာ္တိုးခ်ဲ႕လာျခင္း၊ မိမိ၏ေျမသည္တစ္ဖက္သို႔ပါသြားျခင္းတို႔အတြက္ မည္သို႔ ေျဖ႐ွင္းေဆာင္႐ြက္ႏိုင္သနည္း။

မိမိပိုင္ေျမအား ေျမငွားဂရန္ ေလွ်ာက္ထားျခင္း၊ အမည္ေျပာင္း ေဆာင္႐ြက္ျခင္း၊ သက္တမ္းတိုးျခင္း၊ ေျမကြက္ခြဲစိတ္ျခင္းတို႔ ေဆာင္႐ြက္သည့္အခါ ေျမကြက္နိနမိတ္ တိုင္းတာရျခင္းမ်ား႐ွိၿပီး ဌာနဆိုင္ရာမွာ ကြင္း ဆင္းတိုင္းတာသည့္အခ်ိန္ သတ္မွတ္ေျမပုံ၊ ေျမကြက္မူလ အက်ယ္အဝန္းေပ မျပည့္သည္မ်ားလဲ ၾကဳံရတတ္ပါသည္။ မိမိေျမမွာ တဖက္ျခံမွ အေဆာက္အအုံေဆာက္လုပ္ျခင္း၊ ျခံစည္း႐ိုးခတ္ျခင္းထဲ ပါဝင္ေနလွ်င္လဲ နည္းလမ္းတက်ေျဖ ႐ွင္း ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။ ေျမနယ္နိမိတ္ အျငင္းပႊားမႈအား သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအာဏာပိုင္မ်ားမွ တဆင့္ကြင္းဆင္းေျဖ႐ွင္း ေဆာင္႐ြက္ေပးသည့္အခါမ်ားတြင္လဲ အဆင္ေျပၾကသည္မ်ား ႐ွိပါသည္။ အျငင္းပႊားသူ ႏွစ္ဖက္သေဘာတူညီမႈ ျဖင့္ လိုင္စင္ရ ေျမတိုင္းစာေရးအား ေခၚယူကာ စစ္ေဆးတိုင္းတာျခင္းလဲ ႐ွိၾကပါသည္။

ထို႔သို႔ ေဆာင္႐ြက္အဆင္မေျပပါက ေျမစာရင္း႐ုံးသို႔ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္း အေထာက္အထား မူရင္း မ်ား ျပသၿပီး တဖက္သတ္ ေျမကြက္တိုင္းတာရန္ ပုဂၢလိက ေျမတိုင္းတာျခင္း ေလွ်ာက္ထားႏိုင္ပါသည္။ မိမိ ပိုင္ဆိုင္သည့္ ေျမကြက္ အစိတ္အပိုင္းအတြက္ အေထာက္အထားစာ႐ြက္စာတမ္း မူရင္းမ်ားျပသရန္ေတာ့ လိုပါ သည္။ ေျမစာရင္းအရာ႐ွိမ်ားသည္ အထူးေျမတိုင္းတာျခင္း ေဆာင္႐ြက္ရာ၌ ေၾကးတိုင္ႏွင့္ ေျမစာရင္းမင္း ႀကီး၏ သီးျခားအခြင့္အမိန္႔ လိုအပ္ပါသည္။ အထူးေျမတိုင္းတာျခင္းမွာ သာမာန္အပိုင္ဂရန္၊ အငွားဂရန္ ေလွ်ာက္ထားမႈမ်ားတြင္ ေျမတိုင္းတာျခင္းကဲ့သို႔ မဟုတ္ပါ။ ေျမတိုင္းတာျခင္း ေလွ်ာက္ထားသည့္သူသည္ ေျမတိုင္းတာရန္ အမိန္႔ေတာင္းခံသည့္အခါ တိုင္းတာျခင္း ျပဳလုပ္ရမည့္ အထူးအေၾကာင္းအရာကို ႐ွင္းလင္းစြာေဖာ္ျပေပးရန္ လိုပါသည္။ ထို႔အျပင္ ေျမတိုင္းတာျခင္း ျပဳလိုသည့္ ေျမတည္ေနရာ၊ တိုင္းတာလိုသည့္ဧရိယာ၊ စေကးႏွင့္ တိုင္းတာလိုျခင္း အမ်ိဳးအစားကို တိက်စြာ ေဖာ္ျပ ေလွ်ာက္ထားမႈျပဳရပါမည္။

တရား႐ုံးတြင္လဲ လက္႐ွိပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာျခင္း၊ က်ဴးေက်ာ္ေသာ အစိတ္အပိုင္းအား ဖယ္႐ွားေပးေစလိုမႈ၊ ေျမကြက္လက္ေရာက္ေပးေစမႈျဖင့္ တရားမမႈစြဲဆိုႏိုင္ၿပီး တရား႐ုံးအမိန္႔အရ ေျမစာရင္းမွ အခေၾကးေငြယူ၍ ေျမတိုင္းတာေပးျခင္းလဲ ေဆာင္႐ြက္ေပးႏိုင္ပါသည္။ တရား႐ုံးမွ ေျဖ႐ွင္းေဆာင္႐ြက္ေပး ေသာ ေျမယာအျငင္းပႊားမ်ားတြင္ ေျမတိုင္းေကာ္မ႐ွင္အဖြဲ႕လဲ ထား႐ွိေပးၿပီး ေျမတိုင္းတာခ်က္မ်ားအား ထည့္ သြင္းကာ တရား႐ုံးမွ အမိန္႔တစ္ရပ္ ဆုံးျဖတ္ေပးမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပုံစံ(၇)မူရင္း ပ်က္စီး၊ ေပ်ာက္ဆုံးလွ်င္ အသစ္ျပန္ေလွ်ာက္လို႔ရ/မရ သိလိုပါတယ္။

လယ္ယာေျမလုပ္ပိုင္ခြင့္ပုံစံ-(၇) ခ်ထားေပးျခင္းခံရသူသည္ လယ္ယာေျမမွ ရ႐ွိေသာ အက်ိဳးအျမတ္ အား ခံစားပိုင္ခြင့္၊ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ခြင့္ ႐ွိပါသည္။ လယ္ယာေျမလုပ္ပိုင္ခြင့္ ပုံစံ-(၇)အမည္ေပါက္ရ႐ွိသူမွာ ေျမခြန္ႏွင့္ အျခားအခြန္အခ အရပ္ရပ္အား ထမ္းေဆာင္ရန္ တာဝန္႐ွိပါသည္။

ထို႔ေၾကာင့္ အဆိုပါ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပုံစံ-(၇)မွာ သဘာဝေဘးအႏၲရာယ္၊ မီးေဘး၊ ေရေဘး၊ ရန္သူမ်ိဳးငါးပါးေဘးမွ ပုံစံ(၇) ပ်က္စီး၊ ေပ်ာက္ဆုံးပါကလဲ ဒုတိယမူရင္းခြဲ မိတၱဴမွန္ ေလွ်ာက္ထားျခင္း ျပဳႏိုင္ပါသည္။

ထို႔သို႔ေလွ်ာက္ထားရာ၌ မိမိတို႔ လယ္ယာေျမ တည္႐ွိရာအရပ္ေဒသ႐ွိ လယ္ယာေျမဥပေဒပုဒ္မ - (၁၆) အရ ဖြဲစည္းထားေသာ ရပ္ကြက္ / ေက်း႐ြာ လယ္ယာ ေျမစီမံခန္႔ခြဲမႈေကာ္မတီသို႔ အေၾကာင္းၾကားၿပီး ၿမိဳ႕နယ္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈ ဌာနသို႔ သတ္မွတ္ပုံစံျဖင့္ တိုက္႐ိုက္ ေလွ်ာက္ထားျခင္းျပဳရမည္ျဖစ္ပါသည္။

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပုံစံ-(၇)မွာ လယ္ယာေျမႏွင့္ ပတ္သတ္သည့္ အျငင္းပႊားမႈမ်ားအတြက္ ေျဖ႐ွင္းေဆာင္႐ြက္ႏိုင္သည့္ သက္ေသအေထာက္အထားပင္ျဖစ္ကာ လယ္ယာေျမလုပ္ပိုင္ခြင့္မွာ လယ္ ယာေျမပုဒ္မ-(၉)(ဂ)အရ အေမြဆက္ခံႏိုင္သည့္ အခြင့္အေရးလဲ႐ွိပါသည္။ လယ္ယာေျမလုပ္ပိုင္ခြင့္ ပုံစံ-(၇)အား ေရာင္းခ်ျခင္း၊ ေပးကမ္းျခင္း၊ အေမြဆက္ခံျခင္းမ်ား ျပဳလုပ္သည့္အခါ အျငင္းပႊားမႈ မေပၚေပါက္ေစရန္ အခြန္ ေဆာင္၍ မိမိအမည္ေျပာင္း ေဆာင္႐ြက္ျခင္းမ်ား ျပဳလုပ္ထားရမည္ျဖစ္ပါသည္။

ေပ်ာက္ဆုံး/ပ်က္စီးျခင္း ေလွ်ာက္ထားလႊာတြင္ ရပ္ကြက္/ေက်း႐ြာ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ မွန္ကန္ေၾကာင္း ေထာက္ခံခ်က္ႏွင့္အတူ ေက်း႐ြာ႐ွိ လယ္ယာေျမမွတ္ပုံတင္စာရင္း ပုံစံ- (၁၁) ျဖန္႔ေဝလႊာအား မိမိမွတ္ပုံတင္႐ွိသည့္ စာမ်က္ႏွာကို မိတၱဴကူးရယူကာ ေလွ်ာက္လႊာ၌ ပူးတြဲပါဝင္တင္ျပ ေပးရန္ လိုအပ္သည္။

ခ႐ိုင္႐ုံး၏ ၫႊန္ၾကားခ်က္ျဖင့္ ၿမိဳ႕နယ္ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ ကန္႔ကြက္ျခင္း႐ွိမ႐ွိ စီစစ္ျခင္း ျပည္နယ္/တိုင္းေဒသႀကီး ခြင့္ျပဳခ်က္တို႔ ရယူျခင္းတို႔ ေဆာင္႐ြက္ေပးပါသည္။

သတ္မွတ္ရက္အတြင္း ကန္႔ကြက္သူမွ မူရင္းပုံစံ-(၇) အေထာက္အထားမ်ားျဖင့္ ကန္႔ကြက္လာပါက ေလွ်ာက္ထားသူအား ဒုတိယမူရင္းခြဲမိတၱဴမွန္ ထုတ္ေပးမွာ မဟုတ္ပါဘူး။ ကန္႔ကြက္သူ မေပၚေပါက္သည့္ အခါမွသာ ဒဏ္ေၾကးႏွင့္ သတ္မွတ္ဝန္ေဆာင္ခေပးသြင္းေစ၍ လယ္ယာေျမလုပ္ပိုင္ခြင့္ ပုံစံ-( ၇ ) မူရင္းခြဲ မိတၱဴမွန္တစ္ေစာင္အား ေလွ်ာက္ထားသူအား ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕မွ ထုတ္ေပးမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၃) - (BCC) ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္မက်ေသးပါ။မည္သို႔ ေဆာင္႐ြက္ႏိုင္ပါသလဲ။

BCC ဆိုသည္မွာ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ေပးသည့္ အေဆာက္အဦးၿပီးစီးေၾကာင္း အသိအမွတ္ျပဳ (Building Complete Certificate)ျဖစ္ပါသည္။ အေဆာက္အဦး ၿပီးစီးေၾကာင္း အသိအမွတ္ျပဳလက္မွတ္ရ႐ွိျခင္းမွာ လူေနထိုင္ႏိုင္ျခင္းပင္ျဖစ္သျဖင့္ အရပ္ထဲတြင္ လူေနထိုင္ခြင့္လက္မွတ္လို႔ ေခၚဆိုေနၾကျခင္းျဖစ္ပါသည္။

တိုက္ခန္းမ်ား ဝယ္ယူမႈျပဳသည့္အခါ ဝယ္ယူသူမွာ BCC ရ႐ွိၿပီးေသာ အေဆာက္အအုံတိုက္ခန္း ဟုတ္မဟုတ္ ေမးျမန္းၾကမည္သာျဖစ္ပါသည္။ လူေနထိုင္ႏိုင္သည့္ အေဆာက္အအုံျဖစ္ေၾကာင္း သက္ဆိုင္ရာမွ အသိအမွတ္ျပဳျခင္းမ႐ွိဘဲ မိမိမွ ဝယ္ယူေနထိုင္လွ်င္ ဒဏ္ေၾကးထမ္းေဆာင္ရျခင္း၊ ဖယ္႐ွား ထြက္ခြာေပးရျခင္းတို႔ ေနာင္တခ်ိန္ျဖစ္ေပၚလာႏိုင္ပါသည္။

ေဆာက္လုပ္ခြင့္ ပါမစ္ေလွ်ာက္ထားကာ တရားဝင္မေဆာက္လုပ္ေသာ အေဆာက္အအုံမွာ အစိမ္းဘုတ္၊ ေဆာက္ လုပ္ခြင့္ပါမစ္ မရ႐ွိသလို၊ အေဆာက္အအုံၿပီးစီးေၾကာင္း အသိအမွတ္ျပဳမႈ BCC လဲ ရ႐ွိလာမည္မဟုတ္ပါ။ ေဆာက္လုပ္ခြင့္ပါမစ္ခ်ထားေပးၿပီး BCC ေလွ်ာက္ထားကာ ခြင့္ျပဳခ်က္မရ႐ွိေသးေသာ အေဆာက္အအုံျဖစ္ပါက ခြင့္ျပဳခ်က္ရ႐ွိရန္မွာ အစိမ္းဘုတ္ ေဆာက္လုပ္ခြင့္ပါမစ္အတိုင္း ေဆာက္လုပ္မွ BCC အေဆာက္အဦၿပီးစီးေၾကာင္း အသိ အမွတ္ျပဳ လက္မွတ္ရ႐ွိႏိုင္မည္ျဖစ္ပါသည္။ ခြင့္ျပဳပုံစံအတိုင္း ေဆာက္လုပ္ၿပီးစီးပါကလဲ ကာလတတန္ဖိုးစီစစ္ေရးအဖြဲ႕သို႔ တင္ျပကာ အခြန္ထမ္းေဆာင္ရမည္ျဖစ္ပါသည္။

BCC ေလွ်ာက္ထားရာတြင္ အခြန္စည္းၾကပ္ၿပီးေၾကာင္း ေထာက္ခံခ်က္ႏွင့္အတူ ေဆာက္လုပ္ခြင့္ပါမစ္၊ မူလေဆာက္လုပ္ခြင့္ပုံစံ (Drawing) မိတၱဴ၊ ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မိတၱဴ၊ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာမွ အေဆာက္အအုံၿပီးစီးျဖစ္ေၾကာင္း မွတ္ခ်က္၊ စီးပြားေရးလုပ္ငန္းသုံးအေဆာက္အအုံျဖစ္ပါက မီးသတ္ဦးစီးဌာန ေထာက္ ခံခ်က္၊ ေျမ႐ွင္( GP/SP)မ်ား႐ွိလွ်င္ မိတၱဴ၊ အေဆာက္အအုံ ဓာတ္ပုံ၏ေ႐ွ႕ေနာက္ဝဲယာ ဓာတ္ပုံမ်ား၊ ေဆာက္လုပ္ခြင့္ပုံစံ စစ္ေဆးခ‌ ေငြသြင္းခ်လံမိတၱဴမ်ားႏွင့္ ဌာနမွ အေဆာက္အအုံပုံစံအလိုက္ သီးျခားတင္ျပရန္ အခ်က္အလက္မ်ားအား တင္ ျပၿပီး BCC ေလွ်ာက္ထားရန္ လိုအပ္ပါသည္။

သတ္မွတ္ခ်က္ပုံစံျဖင့္ ကိုက္ညီစြာ မေဆာက္လုပ္ထားပါက ဌာနမွ BCC ခ်ထားေပးမည္ မဟုတ္ပါ။ အေဆာက္ အအုံအား ေဆာက္လုပ္ခြင့္ပါမစ္ တင္ထားသူ ေျမ႐ွင္/ကန္ထ႐ိုက္မွာ သတ္မွတ္အခ်ိန္ကာလအတြင္း ခြင့္ျပဳပုံစံႏွင့္ အညီ အေဆာက္အအုံအား ေဆာက္လုပ္ရန္ ႏွင့္ BCC ေလွ်ာက္ေပးရန္ တာဝန္႐ွိေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ညတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
imyanmarmarket
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service