သြစတေးလျတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ သီရိလင်္ကာမှ အမျိုးသားမှာ ၁၀ နှစ် နီးပါး သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ကာ ဒေါ်လာသန်းချီ ငွေစုဆောင်းမိလာသည့်ဖြစ်ရပ် အွန်လိုင်းတွင် နာမည်ကြီးနေ

သြစတေးလျတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ သီရိလင်္ကာမှ အမျိုးသားမှာ ၁၀ နှစ် နီးပါး သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ကာ ဒေါ်လာသန်းချီ ငွေစုဆောင်းမိလာသည့်ဖြစ်ရပ် အွန်လိုင်းတွင် နာမည်ကြီးနေ - Property Knowledge in Myanmar from iMyanmarHouse.com
15 Oct 2024 12:33 pm တွင် တင်ခဲ့သည်
678 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

လွန်ခဲ့သော ၁၀ နှစ်နီးပါးက သြစတေးလျသို့ ရောက်ရှိလာသော သီရိလင်္ကာမှ အလုပ်သမားတစ်ဦး ယခုအခါ သန်းကြွယ်သူဌေးဖြစ်လာသည့် ဘဝရာဇဝင် ဇာတ်ကြောင်းမှာ ယခုအခါ အွန်လိုင်းတွင် နာမည်ကြီးနေသည်။

ဗီနူးသည် ၂၀၁၅ ခုနှစ်တွင် သြစတေးလျသို့ စတင်ရောက်ရှိခဲ့ပြီး 7-Eleven စတိုးတွင် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

သြစတေးလျသို့ ငွေများများစားစားမပါဘဲ ရောက်ရှိလာခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် Airtasker တွင် အချိန်ပိုင်းအလုပ်များ ရှာဖွေ လုပ်ကိုင်ခဲ့သည်။

Airtasker သည် အိမ်အလုပ်အမျိုးမျိုး လုပ်ကိုင်ပေးသူများနှင့် အလုပ်အပ်နှံသူများကြား ချိတ်ဆက်ပေးသည့် ဝက်ဘ်ဆိုက်ဖြစ်ပြီး သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အခြေစိုက်သည်။

ထိုသို့သောအလုပ်များတွင် သန့်ရှင်းရေး၊ ခြံထဲမှအလုပ်များအပါအဝင် အိမ်အလုပ်မျိုးစုံ ပါဝင်သည်။

အလုပ် စတင်လုပ်ကိုင်ချိန်တွင် ပစ္စည်းကိရိယာ များများစားစား မရှိခဲ့ကြောင်း ဗီနူးက ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်သော 7News သို့ ပြောသည်။

“ကျွန်တော်အလုပ်စတဲ့အချိန်မှာ ပစ္စည်းကိရိယာ အများကြီးမရှိခဲ့ပါဘူး။ ဖုန်စုပ်စက်၊ ကြမ်းတိုက်တံ၊ လက်ဆွဲပုံး၊ အဝတ်စုတ်တချို့။ ကျွန်တော့်အိမ်မှာ အဲဒါတွေပဲ ရှိခဲ့ပါတယ်” ဟု ဗီနူးက ပြောသည်။

Airtasker တွင် အလုပ်ရှာကာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ခြင်းမှာ ခရီးရောက်လာသည်။

သို့နှင့် 7-Eleven တွင် ညဆိုင်းအလုပ်သမားအဖြစ် ၉ နှစ်ကြာလုပ်ကိုင်ခဲ့ပြီး ငွေအတော်အတန် စုဆောင်းမိ ခဲ့ပြီးနောက် အလုပ်ထွက်လိုက်ကာ Airtasker မှ အလုပ်များကိုသာ အချိန်ပြည့် လုပ်ကိုင်ခဲ့သည်။

Airtasker ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ဗီနူးသည် Airtasker မှ အလုပ်များကို လုပ်ကိုင်ခဲ့သူများအနက် ဝင်ငွေအကောင်းဆုံး ထိပ်တန်း ၁၀ ဦးထဲတွင် ပါဝင်သည်ဟု ဆိုသည်။

လက်ရှိအားဖြင့် ဗီနူးသည် ရက်သတ္တပတ်လျှင် အိမ်ပေါင်း တစ်ဒါဇင်ခန့် သန့်ရှင်းရေး လုပ်ပေးနေသည်။

ဗီနူးသည် တစ်ရက်လျှင် ဒေါ်လာ ၁၀၀၀ မှ ၁၄၀၀ အထိ ရသည်။

Dailymail သတင်းဌာန၏ ဖော်ပြချက်အရ ဗီနူးအဓိက လုပ်ကိုင်ရသည်မှာ အိမ်ငှားများ အိမ်ပြောင်းချိန်တွင် တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ရခြင်းဖြစ်ပြီး ကော်ဇောသန့်ရှင်းရေးနှင့် ရုံးခန်းသန့်ရှင်းရေးအလုပ်များလည်း ပါဝင်ကြောင်း ဖော်ပြသည်။

[ဗီနူး ကရူးနားရတ်နီ (ပုံတွင်တွေ့ရသူ) သည် သီရိလင်္ကာမှ သြစတေးလျသို့ ၂၀၁၅ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး အောက်ခြေသိမ်းအလုပ်များ ကြိုးစားလုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာသည်]

Airtasker မှ အလုပ်များကို လုပ်ကိုင်ပြီး ၅ နှစ်တာအတွင်း ဒေါ်လာ ၁ ဒသမ ၂ သန်း စုဆောင်းမိခဲ့သည်။

ထို့ကြောင့် ဗီနူးအနေဖြင့် သူအိပ်မက်ခဲ့သောကား၊ သီရိလင်္ကာတွင် ကျန်ရစ်ခဲ့သော မိဘများအတွက် တန်ဖိုးကြီး တိုက်ခန်းတို့ ဝယ်ယူပေးနိုင်ခဲ့သည့်အပြင် မဲလ်ဘုန်းမြို့မြောက်ဘက်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်ကို လက်ငင်းပေးချေငွေ deposit ပေးသွင်းနိုင်လာသည်။

Airtasker ၏ တည်ထောင်သူ၊ စီအီးအို Tim Fung က ဗီနူး၏ အောင်မြင်မှုကို ရည်ညွှန်းပြောကြားရာတွင် မည်သူမဆို အလုပ်ကြိုးကြိုးစားစားလုပ်ကာ အပိုဝင်ငွေရှာဖွေနိုင်ကြသည်သာဖြစ်ကြောင်း ပြောသည်။

[ဗီနူး (ပုံတွင်တွေ့ရသူ) သည် Airtasker မှ သန့်ရှင်းရေးအလုပ်များ ရှာဖွေလုပ်ကိုင်ခဲ့ကာ ဒေါ်လာ ၁ ဒသမ ၂ သန်း ရရှိခဲ့သည်]

ဗီနူး၏ ကြိုးစားအောင်မြင်ပုံဇာတ်လမ်းမှာ အခြားသူတို့ကို စေ့ဆော်ပေးနိုင်သော ဖြစ်ရပ်ဖြစ်ကြောင်း Tim Fung က ပြောသည်။

Airtasker မှ ရှာဖွေသည့် အလုပ်များကို လုပ်ကိုင်ရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်နိုင်ရာ မိမိကိုယ်တိုင် အလုပ်ရှင်သဖွယ် ခံစားရကြောင်းလည်း ဗီနူးက ပြောသည်။

“အလုပ်ကတော့ ကာယအလုပ်ပါပဲ။ ဒါပေမယ့် ဝင်ငွေကောင်းပါတယ်။ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့သဘောနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်နိုင်တာကို သဘောကျပါတယ်။” ဟု ဗီနူးက ပြောသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sri Lankan worker becomes millionaire doing cleaning jobs in Australia (dailymail) Photo Credit-dailymail

[Zawgyi]
 
ၾသစေတးလ်တြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသူ သီရိလကၤာမွ အမ်ဳိးသားမွာ ၁၀ ႏွစ္ နီးပါး သန္႔ရွင္းေရးသမားအျဖစ္ အလုပ္လုပ္ကာ ေဒၚလာသန္းခ်ီ ေငြစုေဆာင္းမိလာသည့္ျဖစ္ရပ္ အြန္လိုင္းတြင္ နာမည္ၾကီးေန
လြန္ခဲ့ေသာ ၁၀ ႏွစ္နီးပါးက ၾသစေတးလ်သို႔ ေရာက္ရွိလာေသာ သီရိလကၤာမွ အလုပ္သမားတစ္ဦး ယခုအခါ သန္းၾကြယ္သူေဌးျဖစ္လာသည့္ ဘဝရာဇဝင္ ဇာတ္ေၾကာင္းမွာ ယခုအခါ အြန္လိုင္းတြင္ နာမည္ၾကီးေနသည္။
ဗီႏူးသည္ ၂၀၁၅ ခုႏွစ္တြင္ ၾသစေတးလ်သို႔ စတင္ေရာက္ရွိခဲ့ျပီး 7-Eleven စတိုးတြင္ စတင္ဝင္ေရာက္ လုပ္ကိုင္ခဲ့သည္။
ၾသစေတးလ်သို႔ ေငြမ်ားမ်ားစားစားမပါဘဲ ေရာက္ရွိလာျခင္း ျဖစ္သည္။
၂၀၁၉ ခုႏွစ္တြင္ အလုပ္အကိုင္ရွာေဖြေရးဝက္ဘ္ဆိုက္ Airtasker တြင္ အခ်ိန္ပိုင္းအလုပ္မ်ား ရွာေဖြ လုပ္ကိုင္ခဲ့သည္။
Airtasker သည္ အိမ္အလုပ္အမ်ဳိးမ်ဳိး လုပ္ကိုင္ေပးသူမ်ားႏွင့္ အလုပ္အပ္ႏွံသူမ်ားၾကား ခ်ိတ္ဆက္ေပးသည့္ ဝက္ဘ္ဆိုက္ျဖစ္ျပီး ၾသစေတးလ်ႏိုင္ငံ၊ ဆစ္ဒနီျမိဳ႕တြင္ အေျခစိုက္သည္။
ထိုသို႔ေသာအလုပ္မ်ားတြင္ သန္႔ရွင္းေရး၊ ျခံထဲမွအလုပ္မ်ားအပါအဝင္ အိမ္အလုပ္မ်ဳိးစံု ပါဝင္သည္။
အလုပ္ စတင္လုပ္ကိုင္ခ်ိန္တြင္ ပစၥည္းကိရိယာ မ်ားမ်ားစားစား မရွိခဲ့ေၾကာင္း ဗီႏူးက ေဒသတြင္း သတင္းဌာန တစ္ခုျဖစ္ေသာ 7News သို႔ ေျပာသည္။
“ကၽြန္ေတာ္အလုပ္စတဲ့အခ်ိန္မွာ ပစၥည္းကိရိယာ အမ်ားၾကီးမရွိခဲ့ပါဘူး။ ဖုန္စုပ္စက္၊ ၾကမ္းတိုက္တံ၊ လက္ဆြဲပံုး၊ အဝတ္စုတ္တခ်ဳိ႕။ ကၽြန္ေတာ့္အိမ္မွာ အဲဒါေတြပဲ ရွိခဲ့ပါတယ္” ဟု ဗီႏူးက ေျပာသည္။
Airtasker တြင္ အလုပ္ရွာကာ ၾကိဳးၾကိဳးစားစား အလုပ္လုပ္ခဲ့ျခင္းမွာ ခရီးေရာက္လာသည္။
သို႔ႏွင့္ 7-Eleven တြင္ ညဆိုင္းအလုပ္သမားအျဖစ္ ၉ ႏွစ္ၾကာလုပ္ကိုင္ခဲ့ျပီး ေငြအေတာ္အတန္ စုေဆာင္းမိ ခဲ့ျပီးေနာက္ အလုပ္ထြက္လုိက္ကာ Airtasker မွ အလုပ္မ်ားကိုသာ အခ်ိန္ျပည့္ လုပ္ကိုင္ခဲ့သည္။
Airtasker ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ ဗီႏူးသည္ Airtasker မွ အလုပ္မ်ားကို လုပ္ကိုင္ခဲ့သူမ်ားအနက္ ဝင္ေငြအေကာင္းဆံုး ထိပ္တန္း ၁၀ ဦးထဲတြင္ ပါဝင္သည္ဟု ဆိုသည္။
လက္ရွိအားျဖင့္ ဗီႏူးသည္ ရက္သတၱပတ္လွ်င္ အိမ္ေပါင္း တစ္ဒါဇင္ခန္႔ သန္႔ရွင္းေရး လုပ္ေပးေနသည္။
ဗီႏူးသည္ တစ္ရက္လွ်င္ ေဒၚလာ ၁၀၀၀ မွ ၁၄၀၀ အထိ ရသည္။
Dailymail သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဗီႏူးအဓိက လုပ္ကိုင္ရသည္မွာ အိမ္ငွားမ်ား အိမ္ေျပာင္းခ်ိန္တြင္ တစ္အိမ္လံုးသန္႔ရွင္းေရးလုပ္ရျခင္းျဖစ္ျပီး ေကာ္ေဇာသန္႔ရွင္းေရးႏွင့္ ရံုးခန္းသန္႔ရွင္းေရးအလုပ္မ်ားလည္း ပါဝင္ေၾကာင္း ေဖာ္ျပသည္။
[ဗီႏူး ကရူးနားရတ္နီ (ပံုတြင္ေတြ႔ရသူ) သည္ သီရိလကၤာမွ ၾသစေတးလ်သို႔ ၂၀၁၅ ခုႏွစ္တြင္ ေရာက္ရွိလာခဲ့ျပီး ေအာက္ေျခသိမ္းအလုပ္မ်ား ၾကိဳးစားလုပ္ကိုင္ခဲ့ျပီးေနာက္ ယခုအခါ သန္းၾကြယ္သူေဌးတစ္ဦး ျဖစ္လာသည္]
Airtasker မွ အလုပ္မ်ားကို လုပ္ကိုင္ျပီး ၅ ႏွစ္တာအတြင္း ေဒၚလာ ၁ ဒသမ ၂ သန္း စုေဆာင္းမိခဲ့သည္။
ထို႔ေၾကာင့္ ဗီႏူးအေနျဖင့္ သူအိပ္မက္ခဲ့ေသာကား၊ သီရိလကၤာတြင္ က်န္ရစ္ခဲ့ေသာ မိဘမ်ားအတြက္ တန္ဖုိးၾကီး တိုက္ခန္းတို႔ ဝယ္ယူေပးႏိုင္ခဲ့သည့္အျပင္ မဲလ္ဘုန္းျမိဳ႕ေျမာက္ဘက္တြင္ အိပ္ခန္း ၃ ခန္းပါ ေနအိမ္ကို လက္ငင္းေပးေခ်ေငြ deposit ေပးသြင္းႏိုင္လာသည္။
Airtasker ၏ တည္ေထာင္သူ၊ စီအီးအို Tim Fung က ဗီႏူး၏ ေအာင္ျမင္မႈကို ရည္ညႊန္းေျပာၾကားရာတြင္ မည္သူမဆို အလုပ္ၾကိဳးၾကိဳးစားစားလုပ္ကာ အပိုဝင္ေငြရွာေဖြႏိုင္ၾကသည္သာျဖစ္ေၾကာင္း ေျပာသည္။
[ဗီႏူး (ပံုတြင္ေတြ႔ရသူ) သည္ Airtasker မွ သန္႔ရွင္းေရးအလုပ္မ်ား ရွာေဖြလုပ္ကိုင္ခဲ့ကာ ေဒၚလာ ၁ ဒသမ ၂ သန္း ရရွိခဲ့သည္]
ဗီႏူး၏ ၾကိဳးစားေအာင္ျမင္ပံုဇာတ္လမ္းမွာ အျခားသူတို႔ကို ေစ့ေဆာ္ေပးႏိုင္ေသာ ျဖစ္ရပ္ျဖစ္ေၾကာင္း Tim Fung က ေျပာသည္။
Airtasker မွ ရွာေဖြသည့္ အလုပ္မ်ားကို လုပ္ကိုင္ရာတြင္ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ျဖင့္ လုပ္ေဆာင္ႏိုင္ရာ မိမိကိုယ္တိုင္ အလုပ္ရွင္သဖြယ္ ခံစားရေၾကာင္းလည္း ဗီႏူးက ေျပာသည္။
“အလုပ္ကေတာ့ ကာယအလုပ္ပါပဲ။ ဒါေပမယ့္ ဝင္ေငြေကာင္းပါတယ္။ ေျပာင္းလြယ္ျပင္လြယ္ရွိတဲ့သေဘာနဲ႔ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္ လုပ္ႏိုင္တာကို သေဘာက်ပါတယ္။” ဟု ဗီႏူးက ေျပာသည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sri Lankan worker becomes millionaire doing cleaning jobs in Australia (dailymail) Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန့်ချမှတ်...
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန့်ချမှတ်...
လူတို့ သေဆုံးခွင့်မရှိကြောင်း ပိတ်ပင်တားမြစ်ထားသော ပြင်သစ်နိုင်ငံမှ မြို့ ၃ မြို့အကြောင်း၊ တားမြစ်ချက်ကို မလိုက်နာပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ထား...
လူတို့ သေဆုံးခွင့်မရှိကြောင်း ပိတ်ပင်တားမြစ်ထားသော ပြင်သစ်နိုင်ငံမှ မြို့ ၃ မြို့အကြောင်း၊ တားမြစ်ချက်ကို မလိုက်နာပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ထား...
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်နေ...
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်နေ...
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယခုအခါ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလိုမြို့တွင် တောင်းရမ်းစားသောက် နေရသည့် သင်ခန်းစာရဖွယ် ဖြစ်ရပ်...

သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ
သိမှတ်စရာ နှစ် ၉၀ ဂရန်သက်တမ်းကုန်သွားသည့်အခါ
အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေက
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေက
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
imyanmarmarket
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service