ရင်ကွဲနာကျရတော့မည့် ဘရူနိုလေး (သို့မဟုတ်) အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ခွေးလေးနှင့်အတူ အိမ်ငှားရန် နေအိမ်ပေါင်း ၆၀ ကျော်ကို စုံစမ်းခဲ့သော်လည်း ခွေးကို နေခွင့်မပေးသောကြောင့် အိမ်ရာမဲ့ဘဝ မရောက်စေရန် အလွန်ချစ်သောခွေးကလေးကို စွန့်လွှတ်ခဲ့ရ

ရင်ကွဲနာကျရတော့မည့် ဘရူနိုလေး (သို့မဟုတ်) အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ခွေးလေးနှင့်အတူ အိမ်ငှားရန် နေအိမ်ပေါင်း ၆၀ ကျော်ကို စုံစမ်းခဲ့သော်လည်း ခွေးကို နေခွင့်မပေးသောကြောင့် အိမ်ရာမဲ့ဘဝ မရောက်စေရန် အလွန်ချစ်သောခွေးကလေးကို စွန့်လွှတ်ခဲ့ရ - Property News in Myanmar from iMyanmarHouse.com
15 Oct 2024 11:41 am တွင် တင်ခဲ့သည်
881 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် ခွေးပိုင်ရှင်တစ်ဦးသည် အိမ်ငှားရန် အကြိမ်ပေါင်း ၆၀ ကြိုးစားခဲ့သော်လည်း ငှားရမ်းမည့်သူ မရှိသောကြောင့် အိမ်ရာမဲ့ဘဝ မရောက်စေရေးအတွက် မိမိအလွန်ချစ်သောခွေးကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ရသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ဂျိမ်းစ် စထရော့ချ်က သူ၏ Labrador မျိုး ၄ နှစ်သားအရွယ် ဘရူနိုအမည်ရှိ ခွေးလေးနှင့် အိမ်ငှားခွင့်ပေးရန် အိမ်ရှင်တို့ကို စပေါ် ပေါင် ၁၀၀၀ ပေးကာ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။

ဂျိမ်းစ်သည် လက်ရှိတွင် ဝေလပြည်နယ်၊ Denbighshire ခရိုင်မှ Rhyl အမည်ရှိ ပင်လယ်ကမ်းခြေမြို့လေးတွင် နေထိုင်လျက်ရှိပြီး အိမ်ငှားရန် ၈ လခန့် ကြိုးစားခဲ့သော်လည်း အိမ်ရှာမရခဲ့။

ထို့ကြောင့် ခွေးတစ်ကောင်နှင့်အတူ အိမ်ရာမဲ့ဖြစ်ရမည့်အရေး အလေးအနက်ချိန်ဆကာ ဘရူနိုကို စွန့်လွှတ်ရန် ခက်ခဲသည့် ဆုံးဖြတ်ချက် ချလိုက်ရသည်။

Dogs Trust အဖွဲ့က ပြောကြားသည်မှာ အိမ်မွေးတိရ စ္ဆာန်တို့၏ ၁၅ ရာခိုင်နှုန်းခန့်မှာ ခိုလှုံရာစခန်းများသို့ ရောက်ရှိခဲ့ကြကြောင်း၊ ၎င်းတို့၏ သခင်များ နေရာအပြောင်းအရွှေ့ အခက်အခဲကြောင့် အဆိုပါအခြေအနေ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အမျိုးသား အိမ်ရှင်များအသင်း (National Residential Landlords Association) က ပြောသည်မှာမူ အိမ်မွေး တိရ စ္ဆာန်များပါလာသော အိမ်ငှားဆိုးများကြောင့် အိမ်ရှင်များအတွက် ဆိုးကျိုးများ ပိုရှိလာသည်ဟု ဆိုသည်။

ဂျိမ်းစ်သည် Maintenance မန်နေဂျာတစ်ဦးဖြစ်ပြီး ယခင်က လက်တွဲဖော်နှင့်အတူ နေထိုင်ခဲ့ကာ ဘရူနိုကို စတင်မွေးမြူခဲ့သည်။

၎င်းတို့စုံတွဲ လမ်းခွဲခဲ့ချိန်တွင် ဂျိမ်းစ်က သူနှင့် ဘရူနို နေထိုင်ရန် နေအိမ်ရှာဖွေခဲ့ရသည်။ “ကျွန်တော် နေအိမ် ၅၀ ကနေ၊ ၆၀ လောက်အထိ ဆက်သွယ်စုံစမ်းခဲ့ပါတယ်” ဟု ဂျိမ်းစ်က ပြောသည်။

ခွေးလေးဘရူနိုအကြောင်း မပြောရသေးမီတွင် အိမ်ငှားရန် အဆင်ပြေနေသော်လည်း ဘရူနိုအကြောင်း ပြောလိုက်သည်နှင့် ချက်ချင်းပင် အိမ်မငှားနိုင်ကြောင်း ပြောဆိုမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဂျိမ်းစ်က ပြောသည်။

“ကျွန်တော်က စပေါ်ငွေကို ၂ ဆ ၊ ၃ ဆလောက်အထိ ပေးမယ့်အပြင် ပေါင် ၁၀၀၀ ထပ်ပေးဦးမယ်လို့ ပြောဆိုကမ်းလှမ်းခဲ့ပါတယ်။ အိမ်ပြောင်းတဲ့အချိန်ကျရင် ပြန်ပြီး ပြုပြင်မွမ်းမံပေးမယ့်အပြင် ကော်ဇောတွေ အသစ်ပြန်ခင်းပေးမယ်လို့ ပြောခဲ့ပေမယ့် အိမ်ငှားလို့ မရခဲ့ပါဘူး”

 

(ဂျိမ်းစ်သည် သူ၏ အချစ်ရဆုံးခွေးလေး ဘရူနို နေထိုင်ခွင့်မပါဘဲ အိမ်ငှားခဲ့ရာတွင် တစ်ပတ်အတွင်း ငှားရမ်းရရှိခဲ့သည်။)

 

ဂျိမ်းစ်သည် အိမ်ရှာနေစဉ်ကာလအတွင်း သူငယ်ချင်းတစ်ဦး၏ ဂိုဒေါင်တွင် ၆ လခန့် နေထိုင်ခဲ့သည်။

နောက်ပိုင်းတွင် အဆိုပါသူငယ်ချင်းစုံတွဲ၌ ကလေးရလာသောကြောင့် ထိုအိမ်မှ ပြောင်းရွှေ့ခဲ့ရသည်။

ယင်းနောက်ပိုင်း ဘရူနိုကို စွန့်လွှတ်ရန်ဟူသော ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံး ဆုံးဖြတ်ချက် ချရမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

“သူ ..ခွေးပေါက်ကလေး ဘဝကတည်းက ကျွန်တော့်ကိုပဲ သိခဲ့တယ်။ ကျွန်တော်သိထားသလောက်ကတော့ သူ့ဘဝမှာ ကျွန်တော်သာ သူ့ရဲ့ ကမ္ဘာလောကကြီးတစ်ခုလုံးပါ” ဟု ဂျိမ်းစ်က ပြောသည်။

ဂျိမ်းစ်က ထိုဒေသတွင် ဘရူနိုကို မွေးလိုသူတစ်ဦး ရှာတွေ့ခဲ့သည်။

သို့သော် ဘရူနိုကို ပေးခဲ့ရသည့် အခိုက်အတန့်မှာ အသည်းအူတို့ကြွေမတတ် ကြေကွဲခဲ့ရကြောင်း ဂျိမ်းစ်က ပြောသည်။

“ဘရူနိုနဲ့ လမ်းခွဲခဲ့ရတာ ၂ လလောက်ရှိပါပြီ။ ကျွန်တော်အခုချိန်ထိ ကြေကွဲရတဲ့ အခိုက်အတန့်တွေ ရှိနေတုန်းပါ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'I had to give up my dog to find a home to rent' (bbc) Photo Credit-James Strauch

 

[Zawgyi]

ရင္ကြဲနာက်ရေတာ့မည့္ ဘရူႏိုေလး (သို႔မဟုတ္) အဂၤလန္တြင္ အမ်ဳိးသားတစ္ဦးက ေခြးေလးႏွင့္အတူ အိမ္ငွားရန္ ေနအိမ္ေပါင္း ၆၀ ေက်ာ္ကို စံုစမ္းခဲ့ေသာ္လည္း ေခြးကို ေနခြင့္မေပးေသာေၾကာင့္ အိမ္ရာမဲ့ဘဝ မေရာက္ေစရန္ အလြန္ခ်စ္ေသာေခြးကေလးကို စြန္႔လႊတ္ခဲ့ရ

အဂၤလန္တြင္ ေခြးပိုင္ရွင္တစ္ဦးသည္ အိမ္ငွားရန္ အၾကိမ္ေပါင္း ၆၀ ၾကိဳးစားခဲ့ေသာ္လည္း ငွားရမ္းမည့္သူ မရွိေသာေၾကာင့္ အိမ္ရာမဲ့ဘဝ မေရာက္ေစေရးအတြက္ မိမိအလြန္ခ်စ္ေသာေခြးကို စြန္႔လႊတ္ရန္ ဆံုးျဖတ္လိုက္ရသည္။

အသက္ ၄၂ ႏွစ္အရြယ္ရွိ ဂ်ိမ္းစ္ စထေရာ့ခ်္က သူ၏ Labrador မ်ဳိး ၄ ႏွစ္သားအရြယ္ ဘရူႏိုအမည္ရွိ ေခြးေလးႏွင့္ အိမ္ငွားခြင့္ေပးရန္ အိမ္ရွင္တို႔ကို စေပၚ ေပါင္ ၁၀၀၀ ေပးကာ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ခဲ့သည္။

ဂ်ိမ္းစ္သည္ လက္ရွိတြင္ ေဝလျပည္နယ္၊ Denbighshire ခရိုင္မွ Rhyl အမည္ရွိ ပင္လယ္ကမ္းေျချမိဳ႕ေလးတြင္ ေနထုိင္လ်က္ရွိျပီး အိမ္ငွားရန္ ၈ လခန္႔ ၾကိဳးစားခဲ့ေသာ္လည္း အိမ္ရွာမရခဲ့။

ထို႔ေၾကာင့္ ေခြးတစ္ေကာင္ႏွင့္အတူ အိမ္ရာမဲ့ျဖစ္ရမည့္အေရး အေလးအနက္ခ်ိန္ဆကာ ဘရူႏိုကို စြန္႔လႊတ္ရန္ ခက္ခဲသည့္ ဆံုးျဖတ္ခ်က္ ခ်လိုက္ရသည္။

Dogs Trust အဖြဲ႔က ေျပာၾကားသည္မွာ အိမ္ေမြးတိရ စၦာန္တို႔၏ ၁၅ ရာခုိင္ႏႈန္းခန္႔မွာ ခိုလံႈရာစခန္းမ်ားသို႔ ေရာက္ရွိခဲ့ၾကေၾကာင္း၊ ၎တို႔၏ သခင္မ်ား ေနရာအေျပာင္းအေရႊ႕ အခက္အခဲေၾကာင့္ အဆိုပါအေျခအေန ဆိုက္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

အမ်ဳိးသား အိမ္ရွင္မ်ားအသင္း (National Residential Landlords Association) က ေျပာသည္မွာမူ အိမ္ေမြး တိရ စၦာန္မ်ားပါလာေသာ အိမ္ငွားဆိုးမ်ားေၾကာင့္ အိမ္ရွင္မ်ားအတြက္ ဆိုးက်ဳိးမ်ား ပိုရွိလာသည္ဟု ဆိုသည္။

ဂ်ိမ္းစ္သည္ Maintenance မန္ေနဂ်ာတစ္ဦးျဖစ္ျပီး ယခင္က လက္တြဲေဖာ္ႏွင့္အတူ ေနထုိင္ခဲ့ကာ ဘရူႏိုကို စတင္ေမြးျမဴခဲ့သည္။

၎တို႔စံုတြဲ လမ္းခြဲခဲ့ခ်ိန္တြင္ ဂ်ိမ္းစ္က သူႏွင့္ ဘရူႏို ေနထိုင္ရန္ ေနအိမ္ရွာေဖြခဲ့ရသည္။ “ကၽြန္ေတာ္ ေနအိမ္ ၅၀ ကေန၊ ၆၀ ေလာက္အထိ ဆက္သြယ္စံုစမ္းခဲ့ပါတယ္” ဟု ဂ်ိမ္းစ္က ေျပာသည္။

ေခြးေလးဘရူႏိုအေၾကာင္း မေျပာရေသးမီတြင္ အိမ္ငွားရန္ အဆင္ေျပေနေသာ္လည္း ဘရူႏိုအေၾကာင္း ေျပာလိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ အိမ္မငွားႏိုင္ေၾကာင္း ေျပာဆိုမႈႏွင့္ ရင္ဆိုင္ခဲ့ရေၾကာင္း ဂ်ိမ္းစ္က ေျပာသည္။

“ကၽြန္ေတာ္က စေပၚေငြကို ၂ ဆ ၊ ၃ ဆေလာက္အထိ ေပးမယ့္အျပင္ ေပါင္ ၁၀၀၀ ထပ္ေပးဦးမယ္လို႔ ေျပာဆိုကမ္းလွမ္းခဲ့ပါတယ္။ အိမ္ေျပာင္းတဲ့အခ်ိန္က်ရင္ ျပန္ျပီး ျပဳျပင္မြမ္းမံေပးမယ့္အျပင္ ေကာ္ေဇာေတြ အသစ္ျပန္ခင္းေပးမယ္လို႔ ေျပာခဲ့ေပမယ့္ အိမ္ငွားလို႔ မရခဲ့ပါဘူး”

(ဂ်ိမ္းစ္သည္ သူ၏ အခ်စ္ရဆံုးေခြးေလး ဘရူႏို ေနထုိင္ခြင့္မပါဘဲ အိမ္ငွားခဲ့ရာတြင္ တစ္ပတ္အတြင္း ငွားရမ္းရရွိခဲ့သည္။)

ဂ်ိမ္းစ္သည္ အိမ္ရွာေနစဥ္ကာလအတြင္း သူငယ္ခ်င္းတစ္ဦး၏ ဂိုေဒါင္တြင္ ၆ လခန္႔ ေနထိုင္ခဲ့သည္။

ေနာက္ပိုင္းတြင္ အဆိုပါသူငယ္ခ်င္းစံုတြဲ၌ ကေလးရလာေသာေၾကာင့္ ထိုအိမ္မွ ေျပာင္းေရႊ႕ခဲ့ရသည္။

ယင္းေနာက္ပိုင္း ဘရူႏိုကို စြန္႔လႊတ္ရန္ဟူေသာ ေၾကကြဲဝမ္းနည္းဖြယ္အေကာင္းဆံုး ဆံုးျဖတ္ခ်က္ ခ်ရမႈႏွင့္ ရင္ဆိုင္ခဲ့ရသည္။

“သူ ..ေခြးေပါက္ကေလး ဘဝကတည္းက ကၽြန္ေတာ့္ကိုပဲ သိခဲ့တယ္။ ကၽြန္ေတာ္သိထားသေလာက္ကေတာ့ သူ႔ဘဝမွာ ကၽြန္ေတာ္သာ သူ႔ရဲ႕ ကမၻာေလာကၾကီးတစ္ခုလံုးပါ” ဟု ဂ်ိမ္းစ္က ေျပာသည္။

ဂ်ိမ္းစ္က ထိုေဒသတြင္ ဘရူႏိုကို ေမြးလိုသူတစ္ဦး ရွာေတြ႔ခဲ့သည္။

သို႔ေသာ္ ဘရူႏိုကို ေပးခဲ့ရသည့္ အခိုက္အတန္႔မွာ အသည္းအူတို႔ေၾကြမတတ္ ေၾကကြဲခဲ့ရေၾကာင္း ဂ်ိမ္းစ္က ေျပာသည္။

“ဘရူႏိုနဲ႔ လမ္းခြဲခဲ့ရတာ ၂ လေလာက္ရွိပါျပီ။ ကၽြန္ေတာ္အခုခ်ိန္ထိ ေၾကကြဲရတဲ့ အခိုက္အတန္႔ေတြ ရွိေနတုန္းပါ”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'I had to give up my dog to find a home to rent' (bbc) Photo Credit-James Strauch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service