ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
စိတ်ခွန်အားဖြစ်ဖွယ် ဇာတ်လမ်းအဖုံဖုံ ကျွန်ုပ်တို့ အမြဲလို ဖတ်ရှုကြားသိကြဖူးသည်။
ပင်ကီ ဟာယန်အမည်ရှိ အိန္ဒိယမှ အမျိုးသမီးတစ်ဦး၏ ဘဝဖြစ်စဉ်မှာ အမှန်ပင် စိတ်ခွန်အားပေးနိုင်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်၏။
ပင်ကီသည် အလွန်တရာ ဆင်းရဲမွဲတေလှသော အခြေအနေမဲ့ ဘဝမျိုးမှ ရုန်းထွက်နိုင်ရန် ပညာကို အပြင်းအထန် လေ့လာဆည်းပူးခဲ့ကာ နောက်ဆုံးတွင် ဆရာဝန်တစ်ဦးဖြစ်လာခဲ့သူ ဖြစ်သည်။
အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းကြီးတကြောတွင် တည်ရှိသော ဟိမာချယ် ပရာဒက်ရှ်ပြည်နယ်၊ ဒါရမ်ဆာလာ မြို့ကလေးမှ မက်ဂ်လို့ ဂန့်ဂျ် (McLeod Ganj) အမည်ရှိအရပ်တွင် သူတောင်းစားမိသားစုတစ်စုမှ ပင်ကီ ဟာယန် အမည်ရှိ မိန်းကလေးကို မွေးဖွားသည်။
ထိုဒေသသည် တိဗက်မှ ထွက်ပြေးတိမ်းရှောင်လာသော တိဗက်အစိုးရ အခြေချရာနေရာဖြစ်ပြီး တိဗက်လူမျိုး များစွာ ရောက်ရှိ နေထိုင်နေကြသဖြင့် တိဗက်တန်းဟုလည်း ခေါ်ကြသည်။
အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟလာ နေရူးက တိဗက်မှ ထွက်ပြေးလာသော ဒလိုင်လားမားနှင့်အဖွဲ့ကို ထိုဒေသတွင် နေထိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
တိဗက်မှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာ အခြေစိုက်နေထိုင်ကြသဖြင့် တိဗက်ဘုန်းတော်ကြီးကျောင်း များ၊ ဘုရားကျောင်းကန်များ၊ တိဗက်စာသင်ကျောင်းများ ပေါ်ပေါက်လာသည်။
ဒါရမ်ဆာလာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၆၈၃၁ ပေ မြင့်မားသော ဟိမဝန္တာတောင်ကြောတွင် တည်ရှိသည်။
ဒါရမ်ဆာလာနှင့် ပင်ကီ မွေးဖွားရာ မက်ဂ်လို့ဂန့်ဂျ်အကြား ဆက်သွယ်ရေးမှာ ကောင်းကင်ကြိုးဆွဲ cable car ဖြစ်သည်။
ပင်ကီတို့ မိသားစုသည် မက်ဂ်လို့ဂန့်ဂျ်ရှိ လမ်းများပေါ်တွင် တောင်းရမ်းခြင်း၊ အမှိုက်ပုံးများတွင် စားစရာ လိုက်လံရှာဖွေစားသောက်ရခြင်းတို့ဖြင့် အသက်ရှင်နိုင်ရန် ကြိုးစားကြရသည်။
ထို့ကြောင့် ပင်ကီ၏ ငယ်ဘဝမှာ ကြေကွဲဖွယ်ရာများ၊ ကြမ်းတမ်းခက်ထန်မှုများ အတိပြီးနေမည်ဆိုသည်ကို ပြောစရာ မလိုတော့ချေ။
သို့သော် ရဲရင့်သော မိန်းကလေး ပင်ကီက မိမိကိုယ်ကို သနားနေရန် ခွင့်မပြု။
ဆုံးဖြတ်ချက်ခိုင်မာမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အပြင်းအထန်ကြိုးစားမှုတို့ဖြင့် မိမိဘဝကို ပြောင်းလဲစေရန် အားထုတ်ခဲ့သည်။
၂၀၀၄ ခုနှစ်အတွင်းတွင်မူ ပင်ကီ၏ ဘဝလမ်းကြောင်း ပြောင်းလဲစေမည့် ဖြစ်ရပ် ပေါ်ပေါက်လာသည်။
ဒါရမ်ဆာလာတွင် Tong-Len အမည်ရှိ ပရဟိတအဖွဲ့ကို တည်ထောင်ထားသူ တိဗက်ဘုန်းတော်ကြီး လော့ဘ်ဆန် ဂျမ်ယန် (Lobsang Jamyang) သည် လမ်းပေါ်တွင် တောင်းရမ်းနေသော ပင်ကီကို သတိပြုမိ ခဲ့သည်။
ဘုန်းတော်ကြီး ဂျမ်ယန်သည်လည်း အခြားတိဗက်များနည်းတူ အိန္ဒိယသို့ ထွက်ပြေးခိုလှုံလာသူ တစ်ဦး ဖြစ်သည်။
ဘုန်းတော်ကြီး ဂျမ်ယန်က ပင်ကီ၏ ဖခင် ကက်ရှ်မီးရီး လာလ်နှင့် တွေ့ဆုံကာ ပင်ကီအား ကျောင်းထား ပေးမည်ဖြစ်ကြောင်းနှင့် ကျောင်းတက်ရန် ခွင့်ပြုစေလိုကြောင်း ပြောခဲ့သည်။
ကနဦးတွင် ကက်ရှ်မီးရီးက လက်မခံ။ ပင်ကီကို မိသားစုအတွက် တောင်းရမ်းရှာဖွေပေးစေလိုသည်။
နာရီပေါင်းများစွာ ပြောဆိုနားချပြီးနောက်ပိုင်းတွင်မူ ပင်ကီ၏ ဖခင်က လက်ခံသွားသည်။
သို့နှင့် ဘုန်းတော်ကြီး ဂျမ်ယန်က ပင်ကီကို ဒါရမ်ဆာလာရှိ Dayanand အစိုးရကျောင်းတွင် ကျောင်းထားပေး ခဲ့သည်။
ဘုန်းတော်ကြီး ဂျမ်ယန်တည်ထောင်ထားသော လေလွင့်ကလေးငယ်များ ခိုလှုံရာအဆောင်တွင် နေထိုင်သူ များအနက် ပထမဆုံးကျောင်းတက်ခွင့်ရသည့် အသုတ်တွင် ပင်ကီပါဝင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်အတွင်း ဖြစ်သည်။
အစပိုင်းတွင် ပင်ကီသည် သူကျင်လည်ကျက်စားခဲ့ရာနေရာနှင့် မိဘများကို လွမ်းဆွတ်သော်လည်း ပညာရေးသည်သာ ဆင်းရဲနုံချာသောဘဝမှ ရုန်းထွက်နိုင်မည့် တစ်ခုတည်းသောလက်မှတ်ဖြစ်ကြောင်း ဆင်ခြင်မိခဲ့ပြီး ကျောင်းစာကို ဖိဖိစီးစီး ကြိုးစားခဲ့သည်။
ပင်ကီသည် အထက်တန်းအောင်မြင်ခဲ့ပြီးနောက်ပိုင်း ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (National Eligibility cum Entrance Test-NEET) ကို ဝင်ရောက်ဖြေဆိုရာတွင် အစိုးရ ဆေးတက္ကသိုလ်များသို့ ဝင်နိုင်မည့် အမှတ်မမီခဲ့။
ပုဂ္ဂလိက ဆေးတက္ကသိုလ်များတွင်တက်ရန်လည်း စရိတ်အလွန်ကြီးမြင့်လှသောကြောင့် ကျောင်းစရိတ် မတတ်နိုင်။
ထိုသို့သောအခြေအနေတွင် ပင်ကီ၏ အိပ်မက်မှာ အကောင်အထည်ပေါ်ရန် မဖြစ်နိုင်တော့မည့် အခြေဆိုက် လာသည်။
သို့သော် ၂၀၁၈ ခုနှစ်တွင် Tong-Len ပရဟိတအဖွဲ့၏ လန်ဒန်ရှိ အဖွဲ့ခွဲက ပင်ကီ၏ ကျောင်းစရိတ်ကို ထောက်ပံ့ပေးခဲ့ရာ ပင်ကီ၏ အိပ်မက် ပြန်လည်ရှင်သန်လာခဲ့ပြီး တရုတ်ပြည်ရှိ အထင်ကရ ဆေးတက္ကသိုလ် တစ်ခုတွင် တက်ရောက်နိုင်ခဲ့သည်။
ထိုသို့ ဆင်းရဲနုံချာစွာ ဘဝဖြတ်သန်းကာ ဆရာဝန်ဖြစ်လာရန် ကြိုးစားနေခဲ့သူ ပင်ကီသည် ဆေးတက္ကသိုလ်မှ MBBS ဘွဲ့ရခဲ့ပြီး ယခုအခါ အိန္ဒိယတွင် ဆရာဝန်တစ်ဦးအဖြစ် ဆေးကုသခွင့်ရရှိရေးအတွက် Foreign Medical Graduate Examination (FMGE) ကို ဖြေဆိုရန် ပြင်ဆင်နေသည်။
ကလေးများကို ကောင်းမွန်သည့် ဘဝမျိုးတွင် ရှင်သန်နိုင်ရန် အားပေးကြရမည်ဖြစ်ကြောင်း၊ ကလေးများကို ငွေထုတ်စက်သဖွယ်သာ အသုံးမပြုသင့်ကြောင်း ဘုန်းတော်ကြီး ဂျမ်ယန်က ပြောသည်။
ဘုန်းတော်ကြီး ဂျမ်ယန်သည် သူ၏ ဘဝတလျှောက်လုံး ပင်ကီအပါအဝင် လမ်းဘေးမှ ခိုကိုးရာမဲ့ ကလေးငယ် ရာပေါင်းများစွာကို စောင့်ရှောက်ကာ ပြုစုပျိုးထောင်ပေးခဲ့ရာ နောင်အခါတွင် ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ အစိုးရဝန်ထမ်း အရာရှိများ ဖြစ်လာကြသည်။
ပင်ကီက ပြောသည်မှာ ဘုန်းတော်ကြီး ဂျမ်ယန်သည် ဖခင်သဖွယ် စိတ်ခွန်အားပေးပြီး မိမိ၏ ဘဝတလျှောက် လုံး ထောက်ပံ့ကူညီပေးခဲ့သူဖြစ်ကြောင်း ပြောပြသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet woman, who lived in slums, used to beg on road, collect food from garbage bin, became doctor after she was…(india)
[Zawgyi]
အိႏိၵယႏိုင္ငံ၊ ဟိမဝႏၱာေတာင္ေပၚျမိဳ႕ေလးရွိ သူေတာင္းစားမိသားစုတြင္ ေမြးဖြားခဲ့ျပီး လမ္းေဘးအမႈိက္ပံုမ်ားမွ စားစရာ ရွာၾကံစားေသာက္ခဲ့ရေသာ မိန္းကေလးမွာ တိဗက္ဘုန္းေတာ္ၾကီးတစ္ပါး၏ ပညာသင္ေပးမႈျဖင့္ ဆရာဝန္ျဖစ္လာခဲ့ပံု
စိတ္ခြန္အားျဖစ္ဖြယ္ ဇာတ္လမ္းအဖံုဖံု ကၽြႏု္ပ္တို႔ အျမဲလို ဖတ္ရႈၾကားသိၾကဖူးသည္။
ပင္ကီ ဟာယန္အမည္ရွိ အိႏိၵယမွ အမ်ဳိးသမီးတစ္ဦး၏ ဘဝျဖစ္စဥ္မွာ အမွန္ပင္ စိတ္ခြန္အားေပးႏိုင္ေသာ ဇာတ္လမ္းတစ္ပုဒ္ျဖစ္၏။
ပင္ကီသည္ အလြန္တရာ ဆင္းရဲမြဲေတလွေသာ အေျခအေနမဲ့ ဘဝမ်ဳိးမွ ရုန္းထြက္ႏိုင္ရန္ ပညာကို အျပင္းအထန္ ေလ့လာဆည္းပူးခဲ့ကာ ေနာက္ဆံုးတြင္ ဆရာဝန္တစ္ဦးျဖစ္လာခဲ့သူ ျဖစ္သည္။
အိႏိၵယႏိုင္ငံ ဟိမဝႏၱာေတာင္တန္းၾကီးတေၾကာတြင္ တည္ရွိေသာ ဟိမာခ်ယ္ ပရာဒက္ရွ္ျပည္နယ္၊ ဒါရမ္ဆာလာ ျမိဳ႕ကေလးမွ မက္ဂ္လို႔ ဂန္႔ဂ်္ (McLeod Ganj) အမည္ရွိအရပ္တြင္ သူေတာင္းစားမိသားစုတစ္စုမွ ပင္ကီ ဟာယန္ အမည္ရွိ မိန္းကေလးကို ေမြးဖြားသည္။
ထိုေဒသသည္ တိဗက္မွ ထြက္ေျပးတိမ္းေရွာင္လာေသာ တိဗက္အစိုးရ အေျခခ်ရာေနရာျဖစ္ျပီး တိဗက္လူမ်ဳိး မ်ားစြာ ေရာက္ရွိ ေနထိုင္ေနၾကသျဖင့္ တိဗက္တန္းဟုလည္း ေခၚၾကသည္။
အိႏိၵယဝန္ၾကီးခ်ဳပ္ ဂ်ဝါဟလာ ေနရူးက တိဗက္မွ ထြက္ေျပးလာေသာ ဒလိုင္လားမားႏွင့္အဖြဲ႔ကို ထိုေဒသတြင္ ေနထုိင္ခြင့္ေပးခဲ့ျခင္း ျဖစ္သည္။
တိဗက္မွ ထြက္ေျပးလာသူ ေထာင္ေပါင္းမ်ားစြာ အေျခစိုက္ေနထိုင္ၾကသျဖင့္ တိဗက္ဘုန္းေတာ္ၾကီးေက်ာင္း မ်ား၊ ဘုရားေက်ာင္းကန္မ်ား၊ တိဗက္စာသင္ေက်ာင္းမ်ား ေပၚေပါက္လာသည္။
ဒါရမ္ဆာလာသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၆၈၃၁ ေပ ျမင့္မားေသာ ဟိမဝႏၱာေတာင္ေၾကာတြင္ တည္ရွိသည္။
ဒါရမ္ဆာလာႏွင့္ ပင္ကီ ေမြးဖြားရာ မက္ဂ္လို႔ဂန္႔ဂ်္အၾကား ဆက္သြယ္ေရးမွာ ေကာင္းကင္ၾကိဳးဆြဲ cable car ျဖစ္သည္။
ပင္ကီတို႔ မိသားစုသည္ မက္ဂ္လို႔ဂန္႔ဂ်္ရွိ လမ္းမ်ားေပၚတြင္ ေတာင္းရမ္းျခင္း၊ အမႈိက္ပံုးမ်ားတြင္ စားစရာ လိုက္လံရွာေဖြစားေသာက္ရျခင္းတို႔ျဖင့္ အသက္ရွင္ႏိုင္ရန္ ၾကိဳးစားၾကရသည္။
ထို႔ေၾကာင့္ ပင္ကီ၏ ငယ္ဘဝမွာ ေၾကကြဲဖြယ္ရာမ်ား၊ ၾကမ္းတမ္းခက္ထန္မႈမ်ား အတိျပီးေနမည္ဆိုသည္ကို ေျပာစရာ မလိုေတာ့ေခ်။
သို႔ေသာ္ ရဲရင့္ေသာ မိန္းကေလး ပင္ကီက မိမိကိုယ္ကို သနားေနရန္ ခြင့္မျပဳ။
ဆံုးျဖတ္ခ်က္ခိုင္မာမႈ၊ စိတ္ဓာတ္ၾကံ႕ခိုင္မႈ၊ အျပင္းအထန္ၾကိဳးစားမႈတို႔ျဖင့္ မိမိဘဝကို ေျပာင္းလဲေစရန္ အားထုတ္ခဲ့သည္။
၂၀၀၄ ခုႏွစ္အတြင္းတြင္မူ ပင္ကီ၏ ဘဝလမ္းေၾကာင္း ေျပာင္းလဲေစမည့္ ျဖစ္ရပ္ ေပၚေပါက္လာသည္။
ဒါရမ္ဆာလာတြင္ Tong-Len အမည္ရွိ ပရဟိတအဖြဲ႔ကို တည္ေထာင္ထားသူ တိဗက္ဘုန္းေတာ္ၾကီး ေလာ့ဘ္ဆန္ ဂ်မ္ယန္ (Lobsang Jamyang) သည္ လမ္းေပၚတြင္ ေတာင္းရမ္းေနေသာ ပင္ကီကို သတိျပဳမိ ခဲ့သည္။
ဘုန္းေတာ္ၾကီး ဂ်မ္ယန္သည္လည္း အျခားတိဗက္မ်ားနည္းတူ အိႏိၵယသို႔ ထြက္ေျပးခိုလံႈလာသူ တစ္ဦး ျဖစ္သည္။
ဘုန္းေတာ္ၾကီး ဂ်မ္ယန္က ပင္ကီ၏ ဖခင္ ကက္ရွ္မီးရီး လာလ္ႏွင့္ ေတြ႔ဆံုကာ ပင္ကီအား ေက်ာင္းထား ေပးမည္ျဖစ္ေၾကာင္းႏွင့္ ေက်ာင္းတက္ရန္ ခြင့္ျပဳေစလိုေၾကာင္း ေျပာခဲ့သည္။
ကနဦးတြင္ ကက္ရွ္မီးရီးက လက္မခံ။ ပင္ကီကို မိသားစုအတြက္ ေတာင္းရမ္းရွာေဖြေပးေစလိုသည္။
နာရီေပါင္းမ်ားစြာ ေျပာဆိုနားခ်ျပီးေနာက္ပိုင္းတြင္မူ ပင္ကီ၏ ဖခင္က လက္ခံသြားသည္။
သို႔ႏွင့္ ဘုန္းေတာ္ၾကီး ဂ်မ္ယန္က ပင္ကီကို ဒါရမ္ဆာလာရွိ Dayanand အစိုးရေက်ာင္းတြင္ ေက်ာင္းထားေပး ခဲ့သည္။
ဘုန္းေတာ္ၾကီး ဂ်မ္ယန္တည္ေထာင္ထားေသာ ေလလြင့္ကေလးငယ္မ်ား ခိုလံႈရာအေဆာင္တြင္ ေနထိုင္သူ မ်ားအနက္ ပထမဆံုးေက်ာင္းတက္ခြင့္ရသည့္ အသုတ္တြင္ ပင္ကီပါဝင္ခဲ့ျခင္းျဖစ္ျပီး ၂၀၀၄ ခုႏွစ္အတြင္း ျဖစ္သည္။
အစပိုင္းတြင္ ပင္ကီသည္ သူက်င္လည္က်က္စားခဲ့ရာေနရာႏွင့္ မိဘမ်ားကို လြမ္းဆြတ္ေသာ္လည္း ပညာေရးသည္သာ ဆင္းရဲႏံုခ်ာေသာဘဝမွ ရုန္းထြက္ႏိုင္မည့္ တစ္ခုတည္းေသာလက္မွတ္ျဖစ္ေၾကာင္း ဆင္ျခင္မိခဲ့ျပီး ေက်ာင္းစာကို ဖိဖိစီးစီး ၾကိဳးစားခဲ့သည္။
ပင္ကီသည္ အထက္တန္းေအာင္ျမင္ခဲ့ျပီးေနာက္ပိုင္း ေဆးတကၠသိုလ္ဝင္ခြင့္ စာေမးပြဲ (National Eligibility cum Entrance Test-NEET) ကို ဝင္ေရာက္ေျဖဆိုရာတြင္ အစိုးရ ေဆးတကၠသိုလ္မ်ားသို႔ ဝင္ႏိုင္မည့္ အမွတ္မမီခဲ့။
ပုဂၢလိက ေဆးတကၠသိုလ္မ်ားတြင္တက္ရန္လည္း စရိတ္အလြန္ၾကီးျမင့္လွေသာေၾကာင့္ ေက်ာင္းစရိတ္ မတတ္ႏိုင္။
ထိုသို႔ေသာအေျခအေနတြင္ ပင္ကီ၏ အိပ္မက္မွာ အေကာင္အထည္ေပၚရန္ မျဖစ္ႏိုင္ေတာ့မည့္ အေျခဆိုက္ လာသည္။
သို႔ေသာ္ ၂၀၁၈ ခုႏွစ္တြင္ Tong-Len ပရဟိတအဖြဲ႔၏ လန္ဒန္ရွိ အဖြဲ႔ခြဲက ပင္ကီ၏ ေက်ာင္းစရိတ္ကို ေထာက္ပံ့ေပးခဲ့ရာ ပင္ကီ၏ အိပ္မက္ ျပန္လည္ရွင္သန္လာခဲ့ျပီး တရုတ္ျပည္ရွိ အထင္ကရ ေဆးတကၠသိုလ္ တစ္ခုတြင္ တက္ေရာက္ႏိုင္ခဲ့သည္။
ထိုသို႔ ဆင္းရဲႏုံခ်ာစြာ ဘဝျဖတ္သန္းကာ ဆရာဝန္ျဖစ္လာရန္ ၾကိဳးစားေနခဲ့သူ ပင္ကီသည္ ေဆးတကၠသိုလ္မွ MBBS ဘြဲ႔ရခဲ့ျပီး ယခုအခါ အိႏိၵယတြင္ ဆရာဝန္တစ္ဦးအျဖစ္ ေဆးကုသခြင့္ရရွိေရးအတြက္ Foreign Medical Graduate Examination (FMGE) ကို ေျဖဆိုရန္ ျပင္ဆင္ေနသည္။
ကေလးမ်ားကို ေကာင္းမြန္သည့္ ဘဝမ်ဳိးတြင္ ရွင္သန္ႏိုင္ရန္ အားေပးၾကရမည္ျဖစ္ေၾကာင္း၊ ကေလးမ်ားကို ေငြထုတ္စက္သဖြယ္သာ အသံုးမျပဳသင့္ေၾကာင္း ဘုန္းေတာ္ၾကီး ဂ်မ္ယန္က ေျပာသည္။
ဘုန္းေတာ္ၾကီး ဂ်မ္ယန္သည္ သူ၏ ဘဝတေလွ်ာက္လံုး ပင္ကီအပါအဝင္ လမ္းေဘးမွ ခိုကိုးရာမဲ့ ကေလးငယ္ ရာေပါင္းမ်ားစြာကို ေစာင့္ေရွာက္ကာ ျပဳစုပ်ဳိးေထာင္ေပးခဲ့ရာ ေနာင္အခါတြင္ ဆရာဝန္မ်ား၊ အင္ဂ်င္နီယာမ်ား၊ အစိုးရဝန္ထမ္း အရာရွိမ်ား ျဖစ္လာၾကသည္။
ပင္ကီက ေျပာသည္မွာ ဘုန္းေတာ္ၾကီး ဂ်မ္ယန္သည္ ဖခင္သဖြယ္ စိတ္ခြန္အားေပးျပီး မိမိ၏ ဘဝတေလွ်ာက္ လံုး ေထာက္ပံ့ကူညီေပးခဲ့သူျဖစ္ေၾကာင္း ေျပာျပသည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Meet woman, who lived in slums, used to beg on road, collect food from garbage bin, became doctor after she was…(india)