ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသူ ဟောင်ကောင်ရုပ်ရှင်မင်းသမီး Rosamund Kwan က သူ၏ ဟောင်ကောင်ဒေါ်လာ သန်း ၁၅၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၂ သန်း) တန် တိုက်ခန်းကို ပရိသတ်များအား ချပြလာ
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသူ ဟောင်ကောင်ရုပ်ရှင်မင်းသမီး Rosamund Kwan က သူ၏ ဟောင်ကောင်ဒေါ်လာ သန်း ၁၅၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၂ သန်း) တန် တိုက်ခန်းကို ပရိသတ်များအား ချပြလာ - Property News in Myanmar from iMyanmarHouse.com
9 Oct 2024 12:04 pm တွင် တင်ခဲ့သည်
503 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Rosamund Kwan (မွေး ၁၉၆၂) သည် ဟောင်ကောင်ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၁၉၉၀ ပြည့်လွန်ကာလများက ရုံတင်ခဲ့သော Once Upon a Time in China ရုပ်ရှင်ဇာတ်လမ်းတွဲ၌ နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသည်။
Rosamund သည် ၂၀၀၇ ခုနှစ်ကတည်းက ရုပ်ရှင်လောကမှ အနားယူထားသည်။
Rosamund သည် Swordsman II, Saviour of the Soul 2, The Great Conqueror’s Concubine တို့အပြင် အခြားရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
((Rosamund ၏ ဟောင်ကောင် လူနေခန်း))
ST Headline သတင်းတစ်ရပ်၏ ဖော်ပြချက်အရ Rosamund သည် ဟောင်ကောင်ရှိ သူ၏ လူနေခန်းမှ ညဘက်မြင်ကွင်း ဗွီဒီယိုနှင့် အိမ်တွင်းပိုင်း ဓာတ်ပုံများကို တရုတ်ပြည်၏ TikTok ဟု ခေါ်ကြသော Douyin လူမှုကွန်ရက်အကောင့်တွင် တင်လာသည်ဟု ဆိုသည်။
Rosamund သည် ယခင်ကလည်း ဖုန်းရွှေဆရာတစ်ဦးကို ဖိတ်ခေါ်ကာ ယခုအခန်းကို ပြသခဲ့ဖူးသည်။
ဟောင်ကောင်၏ အလတ်တန်းစား လူနေရပ်ကွက်တွင် တည်ရှိပြီး အကျယ်အဝန်း ၂၇၀ စတုရန်းမီတာရှိကာ တောင်တန်းများနှင့် ဝိတိုရိယဆိပ်ကမ်းတို့ကို လှမ်းမျှော်တွေ့မြင်ရသည်။
Rosamund က သူ၏နေအိမ်ခန်းတွင် အခန်းတစ်ခန်းကို ဖိနပ်များ၊ လက်ကိုင်အိတ်များ၊ အဝတ်အစား၊ လက်ဝတ်ရတနာတို့ ထားရှိရန် သီးသန့် အသုံးပြုထားသည်။
Rosamund ၏ လက်ကိုင်အိတ်များသည်ပင်လျှင် ဟောင်ကောင်ဒေါ်လာ ၁၀ သန်းကျော်ဖိုးရှိသည်။
Rosamund သည် လက်ဝတ်ရတနာများလည်း များစွာ စုဆောင်းလေ့ရှိသည်။
၂၀၂၂ ခုနှစ်အတွင်းက သူ၏ လက်ဝတ်ရတနာ ၂၅ ခုကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ သန်း ၃၆၀ ရရှိခဲ့သည်ဟု ဆိုသည်။
Rosamund သည် ၂၀၂၁ ခုနှစ်အတွင်းက TVB ရုပ်သံလိုင်း၏ Fortune Show ရုပ်သံအစီအစဉ်အတွက် ဖုန်းရွှေဆရာ Edward Li ကို ဖိတ်ခေါ်ခဲ့ပြီး မိမိ၏တိုက်ခန်းတွင် ကြီးပွားချမ်းသာစေမည့် နိမိတ်လက္ခဏာရှိ၊ မရှိ စမ်းစစ်စေခဲ့သည်။
သတင်းများအရ Rosamund သည် အဆိုပါအခန်းကို ၂၀၁၈ ခုနှစ်အတွင်းက ဟောင်ကောင်ဒေါ်လာ ၁၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဝယ်ယူပြီးနောက် တစ်နှစ်ခန့်အချိန်ယူက ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ဟောင်ကောင်ဒေါ်လာ သန်း ၁၅၀ ခန့် တန်ကြေးရှိနေပြီ ဖြစ်သည်။
(Rosamund သည် ကော်ဖီနှင့် ဝီစကီဟု အမည်ပေးထားသော ခွေးကလေး ၂ ကောင်နှင့် အတူနေသည်။ ဓာတ်ပုံ-TVB USA)
(သာယာလှပသော ရှုခင်းများ ပိုင်ဆိုင်ထားမှုကပင် ဒေါ်လာ သန်းချီတန်သည်ဟု ဆိုနိုင်သည်။ ဓာတ်ပုံ-TVB USA)
TVB ရုပ်သံအစီအစဉ်တွင် ဖုန်းရွှေဆရာနှင့်အတူ လှည့်လည်ပြသခဲ့စဉ် ထူးခြားသောနေရာတစ်ခုမှာ သူ၏ အဝတ်အစားထားသိုခန်းဖြစ်သည်။
ထိုအခန်းတွင် ရွှေရောင် စင်များဖြင့် ပြည့်နေပြီး တန်ဖိုးကြီး ဖက်ရှင်အမှတ်တံဆိပ်များ ပြည့်နှက်နေကာ High-End ဖက်ရှင်ဆိုင်တစ်ခုနှင့် အလားတူနေသည်။
(Rosamund ၏ ဖက်ရှင်ဆိုင်မှ ကြိုဆိုပါ၏။ ဓာတ်ပုံ-TVB USA)
(သူ၏ ဖက်ရှင်ပစ္စည်းများမှာ ဖက်ရှင်ရူးသွပ်သူ မိန်းကလေးတိုင်း သွားရေကျဖွယ်ပင်။ ဓာတ်ပုံ-TVB USA)
သူ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများနှင့် ဖက်ရှင်လုပ်ငန်းတို့ကြောင့် Rosamund မှာ စင်္ကာပူဒေါ်လာ ၉၄ ဒသမ ၅ သန်းခန့် ချမ်းသာသည်ဟု ခန့်မှန်းရသည်။
(ဧည့်ခန်းထဲမှ ဖုန်းရွှေအစီအရင်။ ဓာတ်ပုံ-TVB USA)
(Rosamund ၏ ဧည့်ခန်း။ ဓာတ်ပုံ-TVB USA)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hong Kong actress Rosamund Kwan unveils $19M home (todayonline) Photo Credit-TVB USA
[Zawgyi]
(Rosamund ၏ ဧည့်ခန်း။ ဓာတ်ပုံ-TVB USA)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Grand Aung Thar Yar
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service