ဗြိတိန်တွင် ဇနီးမောင်နှံနှစ်ဦးသည် အိမ်နီးချင်းနှင့် ခြံစည်းရိုးချပ် ၂ ခုကိစ္စအတွက် တရားတဘောင်ဖြစ်ပွားရာ တသက်လုံး စုဆောင်းထားသောငွေအားလုံး ကုန်ခဲ့ရသည့်ဖြစ်ပုံ

ဗြိတိန်တွင် ဇနီးမောင်နှံနှစ်ဦးသည် အိမ်နီးချင်းနှင့် ခြံစည်းရိုးချပ် ၂ ခုကိစ္စအတွက် တရားတဘောင်ဖြစ်ပွားရာ တသက်လုံး စုဆောင်းထားသောငွေအားလုံး ကုန်ခဲ့ရသည့်ဖြစ်ပုံ - Property News in Myanmar from iMyanmarHouse.com
9 Oct 2024 11:37 am တွင် တင်ခဲ့သည်
408 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်နီးချင်းများ ပြဿနာတက်သည့် ဖြစ်ရပ်မှာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို တွေ့နေရသည်။

သို့သော် အိမ်နီးချင်းနှင့် ပြဿနာတက်သောကြောင့် မိမိတို့ တသက်လုံး စုဆောင်းလာသည့်ငွေ ကန်ဒေါ်လာ ၅၉၆၂၃ ဆုံးရှုံးရလျှင်မူ သာမန်ဖြစ်ရပ်ဟု မဆိုနိုင်တော့ချေ။

ဗြိတိန်ရှိ စုံတွဲတစ်တွဲမှာ ခြံစည်းရိုးချပ် ၂ ခုအတွက် အိမ်နီးချင်းနှင့် အမှုဖြစ်ခဲ့ရာ တသက်လုံး စုဆောင်းထား သမျှငွေ ကုန်သွားခဲ့ကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဗြိတိန်ရှိ နော်ဖော့ခရိုင်တွင် နေထိုင်သော ဂရေဟမ်နှင့် ကက်သရင်း ဘိတ်ဆန်တို့ ဇနီးမောင်နှံမှာ အသက် ၇၅ နှင့် ၇၃ အရွယ်များ ဖြစ်ကြသည်။

ဂရေဟမ်တို့ ဇနီးမောင်နှံက အိမ်နီးချင်းဖြစ်သူ ဝင်ဒီ လိဒ်ဟမ် (Wendy Leedham) ကာရံထားသော ခြံစည်းရိုးပြား ၂ ခု ဖယ်ရှားစေရေးအတွက် အမှုရင်ဆိုင်ခဲ့ရာ တသက်လုံးစုဆောင်းထားငွေ ပေါင် ၄၅၀၀၀ ကုန်သွားသည်။

ဝင်ဒီလိဒ်ဟမ်က နှစ်အိမ်အကြား တဆက်တည်းဖြစ်နေသော အိမ်နှစ်လုံးကြား ယာဉ်မောင်းလမ်း နေရာတွင် ၂၀၁၉ ခုနှစ်အတွင်း ခြံစည်းရိုးထောင်ခဲ့ခြင်း ဖြစ်သည်။

ဂရေဟမ်တို့ ဇနီးမောင်နှံက ပြောသည်မှာ ယခုအိမ်ကို ၁၉၈၇ ခုနှစ်တွင် ဝယ်ယူခဲ့စဉ်က နယ်နိမိတ်သတ်မှတ်ချက်မရှိသော နေအိမ်များအဖြစ် ဖော်ပြထားခဲ့ကြောင်း ပြောသည်။

ထိုခြံစည်းရိုးကိစ္စ အမှုမှာ ၃ နှစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် ခြံစည်းရိုး ထားရှိနိုင်ကြောင်း တရားရုံးက စေ့စပ်ဖြန်ဖြေ အဆုံးအဖြတ်ပေးခဲ့သည်။

ခြံစည်းရိုးကာသူ မစ္စ လိဒ်ဟမ်မှာ အမိန့်မချမီ လအနည်းငယ်အလိုက ကွယ်လွန်သွားခဲ့ရာ အမှုနိုင်ကြောင်း သိမသွားခဲ့။

(အသက် ၇၀ ကျော်အရွယ်များ ရှိနေပြီဖြစ်သော ဂရေဟမ်နှင့် ကက်သရင်း ဘိတ်ဆန်တို့မှာ တသက်လုံး စုဆောင်းထားသော ပေါင် ၄၅၀၀၀ အမှုရင်ဆိုင်ရာတွင် ကုန်သွားခဲ့သည်)

(ဂရေဟမ်တို့ ဇနီးမောင်နှံက ပြောသည်မှာ ဝင်ဒီ ကာရံခဲ့သော ခြံစည်းရိုးမှာ မိမိတို့အိမ်ရှေ့သို့ ကားဝင်ရန် အတားအဆီးဖြစ်စေကြောင်း ပြောသည်)

(ခြံစည်းရိုးထောင်ခဲ့သူ ဝင်ဒီ (ပုံတွင်တွေ့ရသူ) မှာ အမိန့်မချမီ လအနည်းငယ်အလိုတွင် ကွယ်လွန်သွားရာ အမှုနိုင်ကြောင်း သိမသွားချေ။)

(ဂရေဟမ်တို့ ဇနီးမောင်နှံက မိမိတို့၏ နေအိမ် ၂ လုံးမှာ နယ်နိမိတ်စည်းရိုးမရှိသော အိမ်များအဖြစ် ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း အခိုင်အမာပြောကာ တရားစွဲခဲ့သည်)

(လက်ရှိအချိန်တွင်မူ ခြံစည်းရိုးချပ်များ မရှိတော့။ ဂရေဟမ်က ထိုစည်းရိုးချပ်များကို ကိုယ်တိုင်ဖယ်ရှား ပစ်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအတွက် ရဲစခန်းတွင် တစ်ညအဖမ်းခံခဲ့ရသေးသည်။)

(ဝင်ဒီ ကွယ်လွန်ပြီးနောက် တရားရုံးက ဝင်ဒီအား အနိုင်ပေးခဲ့သည်။ အဆိုပါနေအိမ် ရောင်းချလျှင် ပိုင်ရှင်သစ်တို့က စည်းရိုးပြန်လည်ကာရံလာမည်ကို ဂရေဟမ်တို့စုံတွဲက စိုးရိမ်နေသည်)

ဝင်ဒီ၏ အိမ်မှာ ယခုအခါ သူ၏မိသားစုက ပေါင် ၃၇၅၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ထားသောကြောင့် ပိုင်ရှင်သစ်လက်တွင် ခြံစည်းရိုး ပြန်ရောက်လာမည်ကို ဂရေဟမ်တို့က စိုးရိမ်နေသည်။

“ကျွန်မတို့ ဒီမှာနေတာ ၃၂ နှစ်ရှိပါပြီ။ အဲဒီအိမ်မှာ အရင်ကနေသွားတဲ့သူတွေနဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ အိမ်ရှေ့ ကားထွက်တဲ့လမ်းနေရာကို နှစ်အိမ်လုံး မျှဝေပိုင်ဆိုင်တဲ့နေရာအဖြစ် လက်ခံထားခဲ့ကြပါတယ်” ဟု မစ္စက် ဘိတ်ဆန်က ပြောသည်။

(ဘေးအိမ်တွင် ယခင်ကနေထိုင်ခဲ့သော ပိုင်ရှင်များနှင့် မည်သည့်ပြဿနာမှ မရှိခဲ့ကြောင်း မစ္စက် ဘိတ်ဆန်က ပြောသည်)

(ဂရေဟမ် ဘိတ်ဆန်နှင့် သူ၏အိမ်နီးချင်းနေအိမ်များ၏ နယ်နိမိတ်ပြ မြေပုံ)

(ဂရေဟမ်တို့ ဇနီးမောင်နှံမှာ အိမ်နီးချင်းကို တရားစွဲခဲ့ရာတွင် တရားစရိတ်အတွက် တသက်လုံး စုဆောင်းထားငွေများ ကုန်ခမ်းသွားသောကြောင့် အမှုကို ဆက်မလိုက်တော့ဘဲ အဆုံးသတ်ခဲ့သည်)

(ယာဉ်မောင်းလမ်းနေရာမှာ မျှဝေပိုင်ဆိုင်ခြင်းဖြစ်သည်ကို မြေတိုင်းစာရေး၏ အစီရင်ခံစာတွင် အတည်ပြုထားပြီး ဖြစ်ကြောင်း မစ္စတာ ဂရေဟမ်က ပြောသည်)

(ခြံစည်းရိုးပြား ၂ ချပ်မှာ မိမိတို့အိမ် (ဝဲဘက်) သို့ ယာဉ်အဝင်အထွက်ကို အဟန့်အတားဖြစ်စေကြောင်း ဂရေဟမ်တို့က ပြောသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple loses Rs 50 lakh savings fighting with their neighbours over fence panels (dailymail) Photo Credit-dailymail

[Zawgyi]

ျဗိတိန္တြင္ ဇနီးေမာင္ႏွံႏွစ္ဦးသည္ အိမ္နီးခ်င္းႏွင့္ ျခံစည္းရိုးခ်ပ္ ၂ ခုကိစၥအတြက္ တရားတေဘာင္ျဖစ္ပြားရာ တသက္လံုး စုေဆာင္းထားေသာေငြအားလံုး ကုန္ခဲ့ရသည့္ျဖစ္ပံု

အိမ္နီးခ်င္းမ်ား ျပႆနာတက္သည့္ ျဖစ္ရပ္မွာ ကမၻာေပၚရွိ မည္သည့္ေနရာတြင္မဆို ေတြ႔ေနရသည္။

သို႔ေသာ္ အိမ္နီးခ်င္းႏွင့္ ျပႆနာတက္ေသာေၾကာင့္ မိမိတို႔ တသက္လံုး စုေဆာင္းလာသည့္ေငြ ကန္ေဒၚလာ ၅၉၆၂၃ ဆံုးရံႈးရလွ်င္မူ သာမန္ျဖစ္ရပ္ဟု မဆိုႏိုင္ေတာ့ေခ်။

ျဗိတိန္ရွိ စံုတြဲတစ္တြဲမွာ ျခံစည္းရိုးခ်ပ္ ၂ ခုအတြက္ အိမ္နီးခ်င္းႏွင့္ အမႈျဖစ္ခဲ့ရာ တသက္လံုး စုေဆာင္းထား သမွ်ေငြ ကုန္သြားခဲ့ေၾကာင္း Daily Mail သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ျဗိတိန္ရွိ ေနာ္ေဖာ့ခရိုင္တြင္ ေနထိုင္ေသာ ဂေရဟမ္ႏွင့္ ကက္သရင္း ဘိတ္ဆန္တို႔ ဇနီးေမာင္ႏွံမွာ အသက္ ၇၅ ႏွင့္ ၇၃ အရြယ္မ်ား ျဖစ္ၾကသည္။

ဂေရဟမ္တို႔ ဇနီးေမာင္ႏွံက အိမ္နီးခ်င္းျဖစ္သူ ဝင္ဒီ လိဒ္ဟမ္ (Wendy Leedham) ကာရံထားေသာ ျခံစည္းရိုးျပား ၂ ခု ဖယ္ရွားေစေရးအတြက္ အမႈရင္ဆိုင္ခဲ့ရာ တသက္လံုးစုေဆာင္းထားေငြ ေပါင္ ၄၅၀၀၀ ကုန္သြားသည္။

ဝင္ဒီလိဒ္ဟမ္က ႏွစ္အိမ္အၾကား တဆက္တည္းျဖစ္ေနေသာ အိမ္ႏွစ္လံုးၾကား ယာဥ္ေမာင္းလမ္း ေနရာတြင္ ၂၀၁၉ ခုႏွစ္အတြင္း ျခံစည္းရိုးေထာင္ခဲ့ျခင္း ျဖစ္သည္။

ဂေရဟမ္တို႔ ဇနီးေမာင္ႏွံက ေျပာသည္မွာ ယခုအိမ္ကို ၁၉၈၇ ခုႏွစ္တြင္ ဝယ္ယူခဲ့စဥ္က နယ္နိမိတ္သတ္မွတ္ခ်က္မရွိေသာ ေနအိမ္မ်ားအျဖစ္ ေဖာ္ျပထားခဲ့ေၾကာင္း ေျပာသည္။

ထိုျခံစည္းရိုးကိစၥ အမႈမွာ ၃ ႏွစ္ခန္႔ ၾကာျမင့္ခဲ့ျပီးေနာက္ ေနာက္ဆံုးတြင္ ျခံစည္းရိုး ထားရွိႏိုင္ေၾကာင္း တရားရံုးက ေစ့စပ္ျဖန္ေျဖ အဆံုးအျဖတ္ေပးခဲ့သည္။

ျခံစည္းရိုးကာသူ မစၥ လိဒ္ဟမ္မွာ အမိန္႔မခ်မီ လအနည္းငယ္အလိုက ကြယ္လြန္သြားခဲ့ရာ အမႈႏိုင္ေၾကာင္း သိမသြားခဲ့။

(အသက္ ၇၀ ေက်ာ္အရြယ္မ်ား ရွိေနျပီျဖစ္ေသာ ဂေရဟမ္ႏွင့္ ကက္သရင္း ဘိတ္ဆန္တို႔မွာ တသက္လံုး စုေဆာင္းထားေသာ ေပါင္ ၄၅၀၀၀ အမႈရင္ဆိုင္ရာတြင္ ကုန္သြားခဲ့သည္)

(ဂေရဟမ္တို႔ ဇနီးေမာင္ႏွံက ေျပာသည္မွာ ဝင္ဒီ ကာရံခဲ့ေသာ ျခံစည္းရိုးမွာ မိမိတို႔အိမ္ေရွ႕သို႔ ကားဝင္ရန္ အတားအဆီးျဖစ္ေစေၾကာင္း ေျပာသည္)

(ျခံစည္းရိုးေထာင္ခဲ့သူ ဝင္ဒီ (ပံုတြင္ေတြ႔ရသူ) မွာ အမိန္႔မခ်မီ လအနည္းငယ္အလိုတြင္ ကြယ္လြန္သြားရာ အမႈႏိုင္ေၾကာင္း သိမသြားေခ်။)

(ဂေရဟမ္တို႔ ဇနီးေမာင္ႏွံက မိမိတို႔၏ ေနအိမ္ ၂ လံုးမွာ နယ္နိမိတ္စည္းရိုးမရွိေသာ အိမ္မ်ားအျဖစ္ ဝယ္ယူခဲ့ၾကျခင္းျဖစ္ေၾကာင္း အခိုင္အမာေျပာကာ တရားစြဲခဲ့သည္)

(လက္ရွိအခ်ိန္တြင္မူ ျခံစည္းရိုးခ်ပ္မ်ား မရွိေတာ့။ ဂေရဟမ္က ထိုစည္းရိုးခ်ပ္မ်ားကို ကိုယ္တိုင္ဖယ္ရွား ပစ္ခဲ့ျခင္းျဖစ္ျပီး ထိုကိစၥအတြက္ ရဲစခန္းတြင္ တစ္ညအဖမ္းခံခဲ့ရေသးသည္။)

(ဝင္ဒီ ကြယ္လြန္ျပီးေနာက္ တရားရံုးက ဝင္ဒီအား အႏိုင္ေပးခဲ့သည္။ အဆိုပါေနအိမ္ ေရာင္းခ်လွ်င္ ပိုင္ရွင္သစ္တို႔က စည္းရိုးျပန္လည္ကာရံလာမည္ကို ဂေရဟမ္တို႔စံုတြဲက စိုးရိမ္ေနသည္)

ဝင္ဒီ၏ အိမ္မွာ ယခုအခါ သူ၏မိသားစုက ေပါင္ ၃၇၅၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္ထားေသာေၾကာင့္ ပိုင္ရွင္သစ္လက္တြင္ ျခံစည္းရိုး ျပန္ေရာက္လာမည္ကို ဂေရဟမ္တို႔က စိုးရိမ္ေနသည္။

“ကၽြန္မတို႔ ဒီမွာေနတာ ၃၂ ႏွစ္ရွိပါျပီ။ အဲဒီအိမ္မွာ အရင္ကေနသြားတဲ့သူေတြနဲ႔ ဘာျပႆနာမွ မရွိခဲ့ပါဘူး။ အိမ္ေရွ႕ ကားထြက္တဲ့လမ္းေနရာကို ႏွစ္အိမ္လံုး မွ်ေဝပိုင္ဆိုင္တဲ့ေနရာအျဖစ္ လက္ခံထားခဲ့ၾကပါတယ္” ဟု မစၥက္ ဘိတ္ဆန္က ေျပာသည္။

(ေဘးအိမ္တြင္ ယခင္ကေနထိုင္ခဲ့ေသာ ပိုင္ရွင္မ်ားႏွင့္ မည္သည့္ျပႆနာမွ မရွိခဲ့ေၾကာင္း မစၥက္ ဘိတ္ဆန္က ေျပာသည္)

(ဂေရဟမ္ ဘိတ္ဆန္ႏွင့္ သူ၏အိမ္နီးခ်င္းေနအိမ္မ်ား၏ နယ္နိမိတ္ျပ ေျမပံု)

(ဂေရဟမ္တို႔ ဇနီးေမာင္ႏံွမွာ အိမ္နီးခ်င္းကို တရားစြဲခဲ့ရာတြင္ တရားစရိတ္အတြက္ တသက္လံုး စုေဆာင္းထားေငြမ်ား ကုန္ခမ္းသြားေသာေၾကာင့္ အမႈကို ဆက္မလိုက္ေတာ့ဘဲ အဆံုးသတ္ခဲ့သည္)

(ယာဥ္ေမာင္းလမ္းေနရာမွာ မွ်ေဝပိုင္ဆိုင္ျခင္းျဖစ္သည္ကို ေျမတိုင္းစာေရး၏ အစီရင္ခံစာတြင္ အတည္ျပဳထားျပီး ျဖစ္ေၾကာင္း မစၥတာ ဂေရဟမ္က ေျပာသည္)

(ျခံစည္းရိုးျပား ၂ ခ်ပ္မွာ မိမိတို႔အိမ္ (ဝဲဘက္) သို႔ ယာဥ္အဝင္အထြက္ကို အဟန္႔အတားျဖစ္ေစေၾကာင္း ဂေရဟမ္တို႔က ေျပာသည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple loses Rs 50 lakh savings fighting with their neighbours over fence panels (dailymail) Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြတုန်လှုပ်...
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြတုန်လှုပ်...
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး...
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး...
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ...
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service