ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အိမ်သန့်ရှင်းရေးလုပ်ပြီဆိုရင် ကြမ်းတိုက်တာ၊ တံမြက်စည်းလှည်းတာ၊ ဖုန်သုတ်တာတွေပဲ အဓိက လုပ်နေတာလား။ အိမ်မှာ ရှိနေတဲ့ တခြားပစ္စည်းတွေကိုလည်း သန့်ရှင်းပေးသင့်တယ်နော်။ သန့်ရှင်းရေး လုပ်တဲ့အခါ အမှုမဲ့အမှတ်မဲ့ ကျန်ရစ်ခဲ့တဲ့ နေရာတွေ၊ အသုံးအဆောင်တွေ ရှိနိုင်တာကို သင်သိရဲ့လား။ အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတာကို ဒီမှာအကြံပေးပါမယ်နော်။ သန့်ရှင်းရေး မလုပ်ဖြစ်တဲ့ ပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ အမှုန်အမွှားတွေ၊ ရောဂါပိုးမွှားတွေက နည်းအမျိုးမျိုးနဲ့ ကိုယ့်ဆီ ရောက်လာစေနိုင်တယ်လေ။
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတော့
လက်ကိုင်ဖုန်း
နေ့တိုင်း မထိဘဲ၊ မကိုင်ဘဲ မနေနိုင်တာ လက်ကိုင်ဖုန်းတွေပါ။ စမတ်ဖုန်းတွေဆိုတာ ဖုန်းနံပါတ်တွေ၊ အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ သိမ်းဆည်းထားစရာမှန်သမျှ ထည့်ထားတတ်ကြတဲ့ အရာဖြစ်ပြီး အရေးကြီးနေ့ရက်တွေ၊ မှတ်တမ်းတွေအထိ အားကိုးရတဲ့ အသုံးအဆောင် တစ်ခုဖြစ်နေတော့ လက်က မချတော့ပါဘူး။
ကိုယ့်လက်နဲ့ အချိန်မရွေးထိတွေ့ကိုင်တွယ်နေတဲ့ စမတ်ဖုန်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်နေမှာကို သတိထားပါ။ ဖုန်းမျက်နှာပြင်နဲ့ ကာဗာကို အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့ ပွတ်တိုက်သန့်စင်တဲ့ အကျင့်လုပ်ထားပါ။ ဆေးကွာ၊ ပျက်စီးလောက်အောင်တော့ မလုပ်နဲ့ပေါ့။
မီးဖိုချောင်ရဲ့ ထောင့်တွေ
ကြမ်းတိုက်သန့်စင်ထားလို့ ပြောင်လက်နေပါစေ၊ အခန်းထောင့်တွေ၊ချောင်တွေကိုတော့ ပစ်မထားပါနဲ့။ အဲဒီမှာ နှစ်လကြာအောင် ကပ်ကျန်နေတဲ့ဖုန်နဲ့အညစ်အကြေးတွေက ရောဂါပိုးမွှားနဲ့ မှိုတွေကို ဖိတ်ခေါ်မွေးမြူထားသလို ဖြစ်စေပါလိမ့်မယ်။
မမြင်သာတဲ့ ဒီလိုနေရာတွေကို တစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းပေးပါ။
ပန်းကန်ဆေးတဲ့နေရာ/ဘေစင်
ကိုယ်စားမယ့် ပန်းကန်ခွက်ယောက်တွေနဲ့ အိုးတွေကိုဆေးကြောမယ့်နေရာကို အမြဲသန့်စင်ထားရပါမယ်။ ဒါကို ပုံမှန်သန့်ရှင်းမှုမရှိရင် အချိန်ကြာလာတာနဲ့အမျှ အညစ်အကြေးအကျန်လေးတွေစုပြီး ကပ်ကျန်နေတာက ဘက်တီးရီးယားအသိုက်အမြုံဖြစ်စေနိုင်တယ်။ ရောဂါပိုးတွေက အဲဒီကနေ ပန်းကန်တွေကို ကပ်ငြိပြီး ဗိုက်ထဲရောက်လာပါလိမ့်မယ်။
တစ်နေ့တာ စားပြီးသောက်ပြီးလို့ ညဘက်ရောက်ပြီဆိုရင် အဆုံးသတ်အနေနဲ့ ဘေစင်ကို သန့်ရှင်းရေး လုပ်လိုက်ပါ။
ရေခဲသေတ္တာ
ရေခဲသေတ္တာထဲက ရက်လွန်ပစ္စည်းတွေက အမှိုက်ပုံးထဲရောက်သွားရင်တောင် သူတို့ဆီက မမြင်ရတဲ့ မှိုတွေ၊ ပိုးမွှားတွေက ကျန်ရစ်ခဲ့တတ်ပါတယ်။ ဘက်တီးရီးယားတွေက အအေးထဲမှာ ပိုပြီးရှင်သန်နိုင်တော့ ပိုဆိုးတာပေါ့။
ဒါ့ကြောင့် ရေခဲသေတ္တာကို တစ်လတစ်ကြိမ်လောက်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေထဲမှာ မုန့်ဖုတ်ဆိုဒါလေး ထည့်ဖျော်ပြီး ရေခဲသေတ္တာရဲ့ ဘေးစင်တွေ၊ နံရံတွေကို ပွတ်သုတ် သန့်စင်ပေးပါ။ ရေနဲ့ ထပ်သုတ်ပြီး အခြောက်ခံပြီးမှ အစားအသောက်တွေပြန်ထည့်ပါ။
ပရိဘောဂပစ္စည်းတွေ
စားပွဲကိုပဲ သုတ်လိုက်ရုံနဲ့ အိမ်မှာသန့်သွားရောလား။ အိမ်မှာရှိတဲ့ ပရိဘောဂ ပစ္စည်းတွေကို တစ်လတစ်ကြိမ်တော့ ဖုန်စုပ်တာ၊ သန့်စင်ပေးတာတွေလုပ်သင့်ပါတယ်။ အနည်းဆုံးတော့ ဖုန်သုတ်၊ လှည်းကျင်းပေးပါ။
တီဗီရီမုတ်
လက်နဲ့အမြဲထိတွေ့နေတဲ့ ပစ္စည်းထဲမှာ တီဗီရီမုတ်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
သန့်ရှင်းရေး လုပ်ဖို့ ဓာတ်ခဲကို အရင်ထုတ်ပါ။ ဆပ်ပြာရည်လေး နည်းနည်းဆွတ်ထားတဲ့ ဂွမ်း သို့မဟုတ် အဝတ်စလေးနဲ့ ခလုတ်လေးတွေ ကြားကို သုတ်ပြီး သန့်စင်ပါ။ နောက်တစ်ဆင့်မှာ ဗီနီဂါ နည်းနည်းရောထားတဲ့ ရေကို ဆွတ်ပြီး ထပ်သုတ်ပါ။ ရေသိပ်မရွှဲစေနဲ့နော်။ သန့်ရှင်းမသွားဘဲ ပျက်သွားပါလိမ့်မယ်။
မျက်နှာကြက်/ပန်ကာ
အောက်မှာရှိတဲ့ ပစ္စည်းတွေကိုပဲ ဂရုစိုက်နေပေမယ့် အပေါ်က မျက်နှာကျက်ကိုရော ပုံမှန် သန့်ရှင်းပေးရဲ့လား။ ပန်ကာ တပ်ထားတယ်ဆို ပိုတောင်ဂရုစိုက်ရဦးမယ်။ လေထဲကနေ အမှုန်အမွှားတွေ ဖြန့်ချနေရင် ဘယ်လိုလုပ်မလဲ။
အထိုင်ချထားလို့ရတဲ့ Stand Fanတွေဆိုလည်း ဒလက်လေးတွေကြားကို ဖုန်တော့သုတ်ပေးဖို့ လိုပါတယ်။ တစ်လတစ်ခါ ဒါမှမဟုတ် ၃လတစ်ခါလောက်တော့ ဖြုတ်ဆေးပေးသင့်ပါတယ်။
လေအေးပေးစက်
အလားတူပဲ အဲကွန်းတွေကို ပုံမှန် servicing လုပ်ပေးဖို့လိုတဲ့အပြင် အတွင်းက air filerလေးတွေ ထုတ်ပြီး ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ တစ်လတစ်ကြိမ် လောက်ပေါ့။
မီးဖို
ဘာမီးဖိုပဲသုံးသုံး မီးပိတ်ထား၊ မချက်ပြုတ်ဘဲ ထားတဲ့ အချိန်မျိုးမှာ မကြာခဏသန့်စင် ပေးသင့်ပါတယ်။ အစားအသောက် ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ အဝတ်စကို စိုတယ်ဆိုရုံလေး ရေဆွတ်ပြီး ဘေးတဝိုက် ချေးညှော်ပေကျံတဲ့ နေရာ သုတ်ပေးပါ။
ဒီလောက်ဆိုရင် အိမ်ထဲက ပိုးမွှားစုနိုင်တဲ့ နေရာတွေကို သန့်ရှင်းရေး လုပ်ပြီးလို့ ကျန်းမာသန့်ရှင်းတဲ့ နေအိမ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
အိမ္ကပစၥည္းေတြကို တစ္လဘယ္ႏွႀကိမ္ သန္႔စင္ေပးသင့္သလဲ
အိမ္သန္႔႐ွင္းေရးလုပ္ၿပီဆိုရင္ ၾကမ္းတိုက္တာ၊ တံျမက္စည္းလွည္းတာ၊ ဖုန္သုတ္တာေတြပဲ အဓိက လုပ္ေနတာလား။ အိမ္မွာ ႐ွိေနတဲ့ တျခားပစၥည္းေတြကိုလည္း သန္႔႐ွင္းေပးသင့္တယ္ေနာ္။ သန္႔႐ွင္းေရး လုပ္တဲ့အခါ အမႈမဲ့အမွတ္မဲ့ က်န္ရစ္ခဲ့တဲ့ ေနရာေတြ၊ အသုံးအေဆာင္ေတြ ႐ွိႏိုင္တာကို သင္သိရဲ႕လား။ အိမ္ကပစၥည္းေတြကို တစ္လဘယ္ႏွႀကိမ္ သန္႔စင္ေပးသင့္သလဲ ဆိုတာကို ဒီမွာအၾကံေပးပါမယ္ေနာ္။ သန္႔႐ွင္းေရး မလုပ္ျဖစ္တဲ့ ပစၥည္းေတြမွာ ကပ္ၿငိေနတဲ့ အမႈန္အမႊားေတြ၊ ေရာဂါပိုးမႊားေတြက နည္းအမ်ိဳးမ်ိဳးနဲ႔ ကိုယ့္ဆီ ေရာက္လာေစႏိုင္တယ္ေလ။
အိမ္ကပစၥည္းေတြကို တစ္လဘယ္ႏွႀကိမ္ သန္႔စင္ေပးသင့္သလဲ
အိမ္ကပစၥည္းေတြကို တစ္လဘယ္ႏွႀကိမ္ သန္႔စင္ေပးသင့္သလဲ ဆိုေတာ့
လက္ကိုင္ဖုန္း
ေန႔တိုင္း မထိဘဲ၊ မကိုင္ဘဲ မေနႏိုင္တာ လက္ကိုင္ဖုန္းေတြပါ။ စမတ္ဖုန္းေတြဆိုတာ ဖုန္းနံပါတ္ေတြ၊ အခ်က္အလက္ေတြ၊ ဓာတ္ပုံေတြနဲ႔ သိမ္းဆည္းထားစရာမွန္သမွ် ထည့္ထားတတ္ၾကတဲ့ အရာျဖစ္ၿပီး အေရးႀကီးေန႔ရက္ေတြ၊ မွတ္တမ္းေတြအထိ အားကိုးရတဲ့ အသုံးအေဆာင္ တစ္ခုျဖစ္ေနေတာ့ လက္က မခ်ေတာ့ပါဘူး။
ကိုယ့္လက္နဲ႔ အခ်ိန္မေ႐ြးထိေတြ႕ကိုင္တြယ္ေနတဲ့ စမတ္ဖုန္းေတြမွာ ေရာဂါပိုးမႊားေတြ ကပ္ေနမွာကို သတိထားပါ။ ဖုန္းမ်က္ႏွာျပင္နဲ႔ ကာဗာကို အနည္းဆုံးတစ္ေန႔တစ္ႀကိမ္ေတာ့ ပြတ္တိုက္သန္႔စင္တဲ့ အက်င့္လုပ္ထားပါ။ ေဆးကြာ၊ ပ်က္စီးေလာက္ေအာင္ေတာ့ မလုပ္နဲ႔ေပါ့။
မီးဖိုေခ်ာင္ရဲ႕ ေထာင့္ေတြ
ၾကမ္းတိုက္သန္႔စင္ထားလို႔ ေျပာင္လက္ေနပါေစ၊ အခန္းေထာင့္ေတြ၊ေခ်ာင္ေတြကိုေတာ့ ပစ္မထားပါနဲ႔။ အဲဒီမွာ ႏွစ္လၾကာေအာင္ ကပ္က်န္ေနတဲ့ဖုန္နဲ႔အညစ္အေၾကးေတြက ေရာဂါပိုးမႊားနဲ႔ မိႈေတြကို ဖိတ္ေခၚေမြးျမဴထားသလို ျဖစ္ေစပါလိမ့္မယ္။
မျမင္သာတဲ့ ဒီလိုေနရာေတြကို တစ္ပတ္တစ္ႀကိမ္ေလာက္ေတာ့ သန္႔႐ွင္းေပးပါ။
ပန္းကန္ေဆးတဲ့ေနရာ/ေဘစင္
ကိုယ္စားမယ့္ ပန္းကန္ခြက္ေယာက္ေတြနဲ႔ အိုးေတြကိုေဆးေၾကာမယ့္ေနရာကို အၿမဲသန္႔စင္ထားရပါမယ္။ ဒါကို ပုံမွန္သန္႔႐ွင္းမႈမ႐ွိရင္ အခ်ိန္ၾကာလာတာနဲ႔အမွ် အညစ္အေၾကးအက်န္ေလးေတြစုၿပီး ကပ္က်န္ေနတာက ဘက္တီးရီးယားအသိုက္အျမဳံျဖစ္ေစႏိုင္တယ္။ ေရာဂါပိုးေတြက အဲဒီကေန ပန္းကန္ေတြကို ကပ္ၿငိၿပီး ဗိုက္ထဲေရာက္လာပါလိမ့္မယ္။
တစ္ေန႔တာ စားၿပီးေသာက္ၿပီးလို႔ ညဘက္ေရာက္ၿပီဆိုရင္ အဆုံးသတ္အေနနဲ႔ ေဘစင္ကို သန္႔႐ွင္းေရး လုပ္လိုက္ပါ။
ေရခဲေသတၱာ
ေရခဲေသတၱာထဲက ရက္လြန္ပစၥည္းေတြက အမိႈက္ပုံးထဲေရာက္သြားရင္ေတာင္ သူတို႔ဆီက မျမင္ရတဲ့ မိႈေတြ၊ ပိုးမႊားေတြက က်န္ရစ္ခဲ့တတ္ပါတယ္။ ဘက္တီးရီးယားေတြက အေအးထဲမွာ ပိုၿပီး႐ွင္သန္ႏိုင္ေတာ့ ပိုဆိုးတာေပါ့။
ဒါ့ေၾကာင့္ ေရခဲေသတၱာကို တစ္လတစ္ႀကိမ္ေလာက္ေတာ့ သန္႔႐ွင္းေရးလုပ္ေပးသင့္ပါတယ္။ ေရထဲမွာ မုန္႔ဖုတ္ဆိုဒါေလး ထည့္ေဖ်ာ္ၿပီး ေရခဲေသတၱာရဲ႕ ေဘးစင္ေတြ၊ နံရံေတြကို ပြတ္သုတ္ သန္႔စင္ေပးပါ။ ေရနဲ႔ ထပ္သုတ္ၿပီး အေျခာက္ခံၿပီးမွ အစားအေသာက္ေတြျပန္ထည့္ပါ။
ပရိေဘာဂပစၥည္းေတြ
စားပြဲကိုပဲ သုတ္လိုက္႐ုံနဲ႔ အိမ္မွာသန္႔သြားေရာလား။ အိမ္မွာ႐ွိတဲ့ ပရိေဘာဂ ပစၥည္းေတြကို တစ္လတစ္ႀကိမ္ေတာ့ ဖုန္စုပ္တာ၊ သန္႔စင္ေပးတာေတြလုပ္သင့္ပါတယ္။ အနည္းဆုံးေတာ့ ဖုန္သုတ္၊ လွည္းက်င္းေပးပါ။
တီဗီရီမုတ္
လက္နဲ႔အၿမဲထိေတြ႕ေနတဲ့ ပစၥည္းထဲမွာ တီဗီရီမုတ္လည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ အနည္းဆုံး တစ္ပတ္တစ္ႀကိမ္ေလာက္ေတာ့ သန္႔႐ွင္းေရး လုပ္ေပးသင့္ပါတယ္။
သန္႔႐ွင္းေရး လုပ္ဖို႔ ဓာတ္ခဲကို အရင္ထုတ္ပါ။ ဆပ္ျပာရည္ေလး နည္းနည္းဆြတ္ထားတဲ့ ဂြမ္း သို႔မဟုတ္ အဝတ္စေလးနဲ႔ ခလုတ္ေလးေတြ ၾကားကို သုတ္ၿပီး သန္႔စင္ပါ။ ေနာက္တစ္ဆင့္မွာ ဗီနီဂါ နည္းနည္းေရာထားတဲ့ ေရကို ဆြတ္ၿပီး ထပ္သုတ္ပါ။ ေရသိပ္မ႐ႊဲေစနဲ႔ေနာ္။ သန္႔႐ွင္းမသြားဘဲ ပ်က္သြားပါလိမ့္မယ္။
မ်က္ႏွာၾကက္/ပန္ကာ
ေအာက္မွာ႐ွိတဲ့ ပစၥည္းေတြကိုပဲ ဂ႐ုစိုက္ေနေပမယ့္ အေပၚက မ်က္ႏွာက်က္ကိုေရာ ပုံမွန္ သန္႔႐ွင္းေပးရဲ႕လား။ ပန္ကာ တပ္ထားတယ္ဆို ပိုေတာင္ဂ႐ုစိုက္ရဦးမယ္။ ေလထဲကေန အမႈန္အမႊားေတြ ျဖန္႔ခ်ေနရင္ ဘယ္လိုလုပ္မလဲ။
အထိုင္ခ်ထားလို႔ရတဲ့ Stand Fanေတြဆိုလည္း ဒလက္ေလးေတြၾကားကို ဖုန္ေတာ့သုတ္ေပးဖို႔ လိုပါတယ္။ တစ္လတစ္ခါ ဒါမွမဟုတ္ ၃လတစ္ခါေလာက္ေတာ့ ျဖဳတ္ေဆးေပးသင့္ပါတယ္။
ေလေအးေပးစက္
အလားတူပဲ အဲကြန္းေတြကို ပုံမွန္ servicing လုပ္ေပးဖို႔လိုတဲ့အျပင္ အတြင္းက air filerေလးေတြ ထုတ္ၿပီး ေဆးေၾကာသန္႔စင္ေပးသင့္ပါတယ္။ တစ္လတစ္ႀကိမ္ ေလာက္ေပါ့။
မီးဖို
ဘာမီးဖိုပဲသုံးသုံး မီးပိတ္ထား၊ မခ်က္ျပဳတ္ဘဲ ထားတဲ့ အခ်ိန္မ်ိဳးမွာ မၾကာခဏသန္႔စင္ ေပးသင့္ပါတယ္။ အစားအေသာက္ ခ်က္ျပဳတ္တဲ့ေနရာမွာ သန္႔႐ွင္းေနဖို႔အေရးႀကီးပါတယ္။ အဝတ္စကို စိုတယ္ဆို႐ုံေလး ေရဆြတ္ၿပီး ေဘးတဝိုက္ ေခ်းေညႇာ္ေပက်ံတဲ့ ေနရာ သုတ္ေပးပါ။
ဒီေလာက္ဆိုရင္ အိမ္ထဲက ပိုးမႊားစုႏိုင္တဲ့ ေနရာေတြကို သန္႔႐ွင္းေရး လုပ္ၿပီးလို႔ က်န္းမာသန္႔႐ွင္းတဲ့ ေနအိမ္ေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: hellosayarwon