လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ... - Property Knowledge in Myanmar from iMyanmarHouse.com
13 Oct 2024 3:11 pm တွင် တင်ခဲ့သည်
451 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ထည့်သွင်းလျှောက်ထားရမယ့် အချက်များအပါအဝင် ဥပဒေနဲ့ပတ်သတ်တဲ့ သိမှတ်စရာအဖြေများကို ဒီတစ်ပတ် ဥပဒေရေးရာအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - ရွာမြေ ၊ ဥယျာဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့် ၊ နေထိုင်ခွင့် ရှိပါသလား။

ရွာမြေများမှာ အဝန်းအဝိုင်းဖြင့် တည်ရှိပြီး ရွာမြေဧက အကျယ်အဝန်း မြေပုံ/မြေရာဇဝင်မှာ ကြေးတိုင် နှင့် မြေစာရင်းဌာနတွင် ရှိပါသည်။ ရွာမြေများမှာ မြေပုံမှတ်တမ်းတွင် ဆေးခြယ်သတ်မှတ်ထားပြီး လူနေထိုင်ခွင့်အတွက် ခွင့်ပြုထားသော မြေအမျိုးအစားပင်ဖြစ်ပါသည်။ ကျေးရွာမြေများအား စာသင်ကျောင်း၊ ဈေး ၊ ဘုန်ကြီးကျောင်း ၊ ကျန်းမာရေး ဆေးပေးခန်း ဟူ၍ မြေနေရာ စနစ်တကျ သတ်မှတ်ပေးထားသည်များ ရှိပါသည်။

အစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေအမျိုးအစားပင်ဖြစ်ပြီး စက်မှုလက်မှု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပါ က မြေငှားဂရန်ချထား သတ်မှတ်ပေးနိုင်ပါသည်။ ယခုအချိန်ထိ တစ်မြို့နယ်လျှင် တစ်ရွာစီမံကိန်းဖြင့် စံပြ ကျေးရွာများအား မြေငှားဂရန် လျှောက်ထား ခွင့်ပြုခဲ့သည်များလဲရှိပါသည်။

ဥယျာဉ်ခြံမြေဆိုသည်မှာ လယ်ယာမြေဥပဒေ-၃(က) ဖော်ပြထားသော မြေအမျိုးအစားထဲတွင် ပါဝင် ပါသည်။ ဥယျာဉ်ခြံမြေမှာ စိုက်ပျိုးမြေအမျိုးအစားပင်ဖြစ်ပြီး လူနေထိုင်ခွင့်မရှိပါ။ လယ်ယာမြေ အမျိုးအစား ပင်ဖြစ်သောကြောင့် ပုံစံ-၇ လျှောက် ထားခြင်း ပြုနိုင်ပါသည်။

တချို့ ဥယျာဉ်ခြံမြေ (G)အမျိုးအစားများမှာ လူနေထိုင်ခွင့် ရပ်ကွက်ကျေးရွာအတွင်းတွင် ရောက်ရှိနေ သည်များလဲ ရှိတတ်ပါသည်။ ထိုသို့သော ကျေးရွာနှင့် နီးကပ်နေသော ဥယျာဉ်ခြံမြေများအား လူနေထိုင်ခွင့် အတွက် ပြောင်းလဲလိုလျှင်လဲ လယ်ယာမြေဥပဒေ- ၃၀(က)(ခ)နှင့်အညီ အခြားနည်းအသုံးပြုနိုင်ရေး စနစ်တ ကျလျှောက်ထားရယူမှသာ တရားဝင်လူနေထိုင်နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေး လိုက်ပါသည်။

မေးခွန်း (၂) - တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ထည့်သွင်းလျှောက်ထားရမယ့် အချက်များကို ရှင်းပြပါ။

အိုးအိမ်မှ ဆောက်လုပ်သည့် တိုက်ခန်းများ၊ စည်ပင်မှ ဆောက်လုပ်သည့် တိုက်ခန်းများ၊ ကွန်ဒိုများ၊ တိုက်ခန်းများနှင့် အုတ်နာဘုတ်ထွက်ရှိသော အိမ်ရာ၊ ကွန်ဒို အဆောက်အအုံအတွင်းရှိ အခန်းများအား အမည်ပြောင်း ဆောင်ရွက်လိုသည့်အခါ ဦးစွာပထမ ရာဖြတ်တန်ဖိုးစီစစ်ရေးဌာနသို့ အရောင်းအဝယ်စာချုပ်အား ပြသရမည်။

ထို့ပြင် စာချုပ်နှင့်အတူ ရောင်းသူ၊ ဝယ်သူ၏ မှတ်ပုံတင်၊သန်းခေါင်စာရင်း၊ အမည်ပြောင်းလိုသည့် ကွန်ဒို အခန်း/တိုက်ခန်း၏ ရှေ့နောက်ဘေးနှစ်ဖက်၊ တစ်တိုက်လုံးမြင်သာသည့် ဓာတ်ပုံတို့ပါ ပူးတွဲ၍ ရာဖြတ်ဌာနသို့ တင်ပြပေးရန် လိုအပ်ပါသည်။

ရာဖြတ်ဌာနမှ ရာဖြတ်အရောင်းအဝယ်တန်ဖိုး ထွက်ရှိသည့်အခါ ရောင်းသူဝယ်သူ အခွန်ဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးသို့ သွားရောက်ရမည်ဖြစ်ပါသည်။ ရောင်းချသူမှ ကွန်ဒိုအခန်း/တိုက်ခန်း အပေါ် အမြတ်ခွန်အား ထမ်းဆောင်ပေးရမည်ဖြစ်ကာ ဝယ်ယူသူမှလဲ ဝယ်ခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ဝယ်ယူသူမှာ ဝင်ငွေရလမ်း ဖော်ပြနိုင်သော ငွေဖြူရှိပါက အခွန်ရှင်းလင်းခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။ ရောင်းချသူမှ ဝယ်ယူသူအား ကွန်ဒိုအခန်း/တိုက်ခန်းအား လွှဲပြောင်းပေးအပ်သော ကိုယ်စားလှယ်လွှဲစာလဲ လိုအပ်ပါသေးသည်။

ထို့နောက် သက်ဆိုင်ရာ အိုးအိမ်စည်ပင်ရုံးတွင် အခွန်ဆောင်ပြီးကြောင်းပြသပြီး ကွန်ဒိုအခန်း/တိုက်ခန်း အမည်ပြောင်းခြင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း (၃) - ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်လို့ရနိုင်ပါသလဲ။

ဂရန်မြေများ၊ ဘိုးဘွားမြေ၊ မြေပိုင်မြေများ၊ ပါမစ်၊ စလစ်မြေ၊ လိုင်စင်မြေများ မည်သည့် မြေအမျိုးအစားကို မဆို ဝယ်ယူသည့်အခါတွင် မြေရာဇဝင်မှတ်တမ်းများ၊ ဂရန်လျှောက်ထားဖူးခြင်း၊ ဂရန်လျှောက်ထား ခြင်း၊ အရှုပ်အရှင်းရှိမရှိ သိရှိရန်အတွက် သက်ဆိုင်ရာ ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းဖြစ်ပါက စည်ပင် သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာန (သို့) အခြားမြို့နယ်များဖြစ်ပါက သက်ဆိုင်ရာ‌ မြေစာရင်း ဌာနတွင် စုံစမ်းစစ်ဆေးမှုပြုပြီးမှ ဝယ်ယူသင့်ပါသည်။

သက်ဆိုင်ရာ မြေယာမှတ်တမ်းများအား စစ်ဆေးသည့်အပြင် မြေပြင် လက်ရှိအနေအထားအရ မြေမှာ မည်သူ့ လက်ဝယ်တွင်ရှိကြောင်း လိုက်လံ့ကြည့်ရှုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် စုံစမ်းပြီးမှ ဝယ်ပါ။

အချို့ပါမစ်မြေများမှာ လက်ဝယ်ပိုင်ဆိုင်သူက တစ်ဦး၊ ဂရန်မြေငှားစာချုပ် လျှောက်ထားသူမှ တစ်ဦးလဲ ဖြစ်နေတတ်ပါသည်။

ပါမစ်မြေအမျိုးအစားမှာ ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားခြင်းလဲ ပြုနိုင်သောကြောင့် ပါမစ်မူရင်းဖြင့် ဝယ်ယူသူတစ်ဦးနှင့် အရပ်ကတိစာချုပ် အဆက်အစပ်များဖြင့် ဝယ်ယူသူနောက်တစ်ဦး စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် ဂရန်လျှောက်ထားခြင်းပြုသည့်အခါမှ ထိပ်တိုက်တွေ့ကာ အငြင်းပွှားမှု ပေါ်ပေါက်မည် ဖြစ်ပါသည်။

ပါမစ်မူရင်းဖြင့် ဂရန်မြေငှားစာချုပ် လျှောက်ထားခြင်းများ ဌာနတွင် ကြိုတင်ရှိနှင့်ပါက စုံစမ်းဝယ်ယူမှု မပြုခဲ့သော နောက်ဝယ်သူမှာ နစ်နာဆုံးရှုံးမည်သာဖြစ်ပြီး ရောင်းချသူအား ၎င်း၏ နစ်နာမှုအတွက် အမှုဖွင့်လှစ် တရားစွဲဆိုခြင်းသာ ပြုရမည်ဖြစ်ပါသည်။

အကယ်၍ ပါမစ်ပျောက်ဖြင့် ရှေ့ဝယ်သူမှ ဂရန်လျှောက်ထားခြင်းဖြစ်ပါက နောက်ပါမစ်မူရင်း ကိုင် ဆောင်၍ ဝယ်ယူသူမှာ ဌာနအား အကြောင်းကြားမှုပြုပြီး ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်မှုများ၌ ပါမစ်မူရင်းတင်ပြ၍ ကန့်ကွက်ခြင်းပေါ်ပေါက်လာပါက ထုတ်ပေးထားသော မြေငှားစာချုပ်ဂရန်မူရင်းအား ပယ်ဖျက်မည်ကြောင်း လျှောက်ထားသူအား ဌာနမှ တံဆိပ်တုံးထု၍ လက်မှတ်ရေးထိုးခိုင်းသည်များလဲရှိကြောင်း၊ ပါမစ်မြေအား ဝယ်ယူရာတွင် အထူးသတိထား၍ စစ်ဆေးဝယ်ယူမှ သင့်လျှော်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေလ့လာစရာ တိုက္ခန္းအမည္ေျပာင္းေလွ်ာက္ထားတဲ့အခါ ...

တိုက္ခန္းအမည္ေျပာင္းေလွ်ာက္ထားတဲ့အခါ ထည့္သြင္းေလွ်ာက္ထားရမယ့္ အခ်က္မ်ားအပါအဝင္ ဥပေဒနဲ႔ပတ္သတ္တဲ့ သိမွတ္စရာအေျဖမ်ားကို ဒီတစ္ပတ္ ဥပေဒေရးရာအေမးအေျဖက႑မွာ တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - ႐ြာေျမ ၊ ဥယ်ာဥ္ျခံေျမေတြမွာ ေဆာက္လုပ္ခြင့္ ၊ ေနထိုင္ခြင့္ ႐ွိပါသလား။

႐ြာေျမမ်ားမွာ အဝန္းအဝိုင္းျဖင့္ တည္႐ွိၿပီး ႐ြာေျမဧက အက်ယ္အဝန္း ေျမပုံ/ေျမရာဇဝင္မွာ ေၾကးတိုင္ ႏွင့္ ေျမစာရင္းဌာနတြင္ ႐ွိပါသည္။ ႐ြာေျမမ်ားမွာ ေျမပုံမွတ္တမ္းတြင္ ေဆးျခယ္သတ္မွတ္ထားၿပီး လူေနထိုင္ခြင့္အတြက္ ခြင့္ျပဳထားေသာ ေျမအမ်ိဳးအစားပင္ျဖစ္ပါသည္။ ေက်း႐ြာေျမမ်ားအား စာသင္ေက်ာင္း၊ ေဈး ၊ ဘုန္ႀကီးေက်ာင္း ၊ က်န္းမာေရး ေဆးေပးခန္း ဟူ၍ ေျမေနရာ စနစ္တက် သတ္မွတ္ေပးထားသည္မ်ား ႐ွိပါသည္။

အစိုးရစီမံခန္႔ခြဲခြင့္႐ွိေသာ ေျမအမ်ိဳးအစားပင္ျဖစ္ၿပီး စက္မႈလက္မႈ စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးလာပါ က ေျမငွားဂရန္ခ်ထား သတ္မွတ္ေပးႏိုင္ပါသည္။ ယခုအခ်ိန္ထိ တစ္ၿမိဳ႕နယ္လွ်င္ တစ္႐ြာစီမံကိန္းျဖင့္ စံျပ ေက်း႐ြာမ်ားအား ေျမငွားဂရန္ ေလွ်ာက္ထား ခြင့္ျပဳခဲ့သည္မ်ားလဲ႐ွိပါသည္။

ဥယ်ာဥ္ျခံေျမဆိုသည္မွာ လယ္ယာေျမဥပေဒ-၃(က) ေဖာ္ျပထားေသာ ေျမအမ်ိဳးအစားထဲတြင္ ပါဝင္ ပါသည္။ ဥယ်ာဥ္ျခံေျမမွာ စိုက္ပ်ိဳးေျမအမ်ိဳးအစားပင္ျဖစ္ၿပီး လူေနထိုင္ခြင့္မ႐ွိပါ။ လယ္ယာေျမ အမ်ိဳးအစား ပင္ျဖစ္ေသာေၾကာင့္ ပုံစံ-၇ ေလွ်ာက္ ထားျခင္း ျပဳႏိုင္ပါသည္။

တခ်ိဳ႕ ဥယ်ာဥ္ျခံေျမ (G)အမ်ိဳးအစားမ်ားမွာ လူေနထိုင္ခြင့္ ရပ္ကြက္ေက်း႐ြာအတြင္းတြင္ ေရာက္႐ွိေန သည္မ်ားလဲ ႐ွိတတ္ပါသည္။ ထိုသို႔ေသာ ေက်း႐ြာႏွင့္ နီးကပ္ေနေသာ ဥယ်ာဥ္ျခံေျမမ်ားအား လူေနထိုင္ခြင့္ အတြက္ ေျပာင္းလဲလိုလွ်င္လဲ လယ္ယာေျမဥပေဒ- ၃၀(က)(ခ)ႏွင့္အညီ အျခားနည္းအသုံးျပဳႏိုင္ေရး စနစ္တ က်ေလွ်ာက္ထားရယူမွသာ တရားဝင္လူေနထိုင္ႏိုင္သည့္ အခြင့္အေရးရ႐ွိမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပး လိုက္ပါသည္။

 

ေမးခြန္း (၂) - တိုက္ခန္းအမည္ေျပာင္းေလွ်ာက္ထားတဲ့အခါ ထည့္သြင္းေလွ်ာက္ထားရမယ့္ အခ်က္မ်ားကို ႐ွင္းျပပါ။

အိုးအိမ္မွ ေဆာက္လုပ္သည့္ တိုက္ခန္းမ်ား၊ စည္ပင္မွ ေဆာက္လုပ္သည့္ တိုက္ခန္းမ်ား၊ ကြန္ဒိုမ်ား၊ တိုက္ခန္းမ်ားႏွင့္ အုတ္နာဘုတ္ထြက္႐ွိေသာ အိမ္ရာ၊ ကြန္ဒို အေဆာက္အအုံအတြင္း႐ွိ အခန္းမ်ားအား အမည္ ေျပာင္း ေဆာင္႐ြက္လိုသည့္အခါ ဦးစြာပထမ ရာျဖတ္တန္ဖိုးစီစစ္ေရးဌာနသို႔ အေရာင္းအဝယ္စာခ်ဳပ္အား ျပသရမည္။

ထို႔ျပင္ စာခ်ဳပ္ႏွင့္အတူ ေရာင္းသူ၊ ဝယ္သူ၏ မွတ္ပုံတင္၊သန္းေခါင္စာရင္း၊ အမည္ေျပာင္းလိုသည့္ ကြန္ဒို အခန္း/တိုက္ခန္း၏ ေ႐ွ႕ေနာက္ေဘးႏွစ္ဖက္၊ တစ္တိုက္လုံးျမင္သာသည့္ ဓာတ္ပုံတို႔ပါ ပူးတြဲ၍ ရာျဖတ္ဌာနသို႔ တင္ျပေပးရန္ လိုအပ္ပါသည္။

ရာျဖတ္ဌာနမွ ရာျဖတ္အေရာင္းအဝယ္တန္ဖိုး ထြက္႐ွိသည့္အခါ ေရာင္းသူဝယ္သူ အခြန္ေဆာင္ႏိုင္ရန္ သက္ဆိုင္ရာ ၿမိဳ႕နယ္အခြန္႐ုံးသို႔ သြားေရာက္ရမည္ျဖစ္ပါသည္။ ေရာင္းခ်သူမွ ကြန္ဒိုအခန္း/တိုက္ခန္း အေပၚ အျမတ္ခြန္အား ထမ္းေဆာင္ေပးရမည္ျဖစ္ကာ ဝယ္ယူသူမွလဲ ဝယ္ခြန္ထမ္းေဆာင္ရမည္ျဖစ္ပါသည္။ ဝယ္ယူသူမွာ ဝင္ေငြရလမ္း ေဖာ္ျပႏိုင္ေသာ ေငြျဖဴ႐ွိပါက အခြန္႐ွင္းလင္းျခင္းလဲ ေဆာင္႐ြက္ႏိုင္ပါသည္။ ေရာင္းခ်သူမွ ဝယ္ယူသူအား ကြန္ဒိုအခန္း/တိုက္ခန္းအား လႊဲေျပာင္းေပးအပ္ေသာ ကိုယ္စားလွယ္လႊဲစာလဲ လိုအပ္ပါေသးသည္။

ထို႔ေနာက္ သက္ဆိုင္ရာ အိုးအိမ္စည္ပင္႐ုံးတြင္ အခြန္ေဆာင္ၿပီးေၾကာင္းျပသၿပီး ကြန္ဒိုအခန္း/တိုက္ခန္း အမည္ေျပာင္းျခင္း ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ဝယ္ထားသည့္ ပါမစ္ေျမကြက္မွာ ဂရန္သစ္ေလွ်ာက္ထားသူ႐ွိေနလွ်င္ ဘယ္လိုလုပ္လို႔ရႏိုင္ပါသလဲ။

ဂရန္ေျမမ်ား၊ ဘိုးဘြားေျမ၊ ေျမပိုင္ေျမမ်ား၊ ပါမစ္၊ စလစ္ေျမ၊ လိုင္စင္ေျမမ်ား မည္သည့္ ေျမအမ်ိဳးအစားကို မဆို ဝယ္ယူသည့္အခါတြင္ ေျမရာဇဝင္မွတ္တမ္းမ်ား၊ ဂရန္ေလွ်ာက္ထားဖူးျခင္း၊ ဂရန္ေလွ်ာက္ထား ျခင္း၊ အ႐ႈပ္အ႐ွင္း႐ွိမ႐ွိ သိ႐ွိရန္အတြက္ သက္ဆိုင္ရာ ရန္ကုန္ၿမိဳ႕ေတာ္ နယ္နိမိတ္အတြင္းျဖစ္ပါက စည္ပင္ သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပႏွင့္ ေျမစီမံခန္႔ခြဲမႈဌာန (သို႔) အျခားၿမိဳ႕နယ္မ်ားျဖစ္ပါက သက္ဆိုင္ရာ‌ ေျမစာရင္း ဌာနတြင္ စုံစမ္းစစ္ေဆးမႈျပဳၿပီးမွ ဝယ္ယူသင့္ပါသည္။

သက္ဆိုင္ရာ ေျမယာမွတ္တမ္းမ်ားအား စစ္ေဆးသည့္အျပင္ ေျမျပင္ လက္႐ွိအေနအထားအရ ေျမမွာ မည္သူ႕ လက္ဝယ္တြင္႐ွိေၾကာင္း လိုက္လံ့ၾကည့္႐ႈၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံတြင္ စုံစမ္းၿပီးမွ ဝယ္ပါ။ အခ်ိဳ႕ပါမစ္ေျမမ်ားမွာ လက္ဝယ္ပိုင္ဆိုင္သူက တစ္ဦး၊ ဂရန္ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားသူမွ တစ္ဦးလဲ ျဖစ္ေနတတ္ပါသည္။

ပါမစ္ေျမအမ်ိဳးအစားမွာ ပါမစ္ေပ်ာက္ျဖင့္ ဂရန္ေလွ်ာက္ထားျခင္းလဲ ျပဳႏိုင္ေသာေၾကာင့္ ပါမစ္မူရင္းျဖင့္ ဝယ္ယူသူတစ္ဦးႏွင့္ အရပ္ကတိစာခ်ဳပ္ အဆက္အစပ္မ်ားျဖင့္ ဝယ္ယူသူေနာက္တစ္ဦး စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ျပႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္ ဂရန္ေလွ်ာက္ထားျခင္းျပဳသည့္အခါမွ ထိပ္တိုက္ေတြ႕ကာ အျငင္း ပႊားမႈ ေပၚေပါက္မည္ ျဖစ္ပါသည္။

ပါမစ္မူရင္းျဖင့္ ဂရန္ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားျခင္းမ်ား ဌာနတြင္ ႀကိဳတင္႐ွိႏွင့္ပါက စုံစမ္းဝယ္ယူမႈ မျပဳခဲ့ေသာ ေနာက္ဝယ္သူမွာ နစ္နာဆုံး႐ႈံးမည္သာျဖစ္ၿပီး ေရာင္းခ်သူအား ၎၏ နစ္နာမႈအတြက္ အမႈဖြင့္လွစ္ တရားစြဲဆိုျခင္းသာ ျပဳရမည္ျဖစ္ပါသည္။

အကယ္၍ ပါမစ္ေပ်ာက္ျဖင့္ ေ႐ွ႕ဝယ္သူမွ ဂရန္ေလွ်ာက္ထားျခင္းျဖစ္ပါက ေနာက္ပါမစ္မူရင္း ကိုင္ ေဆာင္၍ ဝယ္ယူသူမွာ ဌာနအား အေၾကာင္းၾကားမႈျပဳၿပီး ေျဖ႐ွင္း ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။

ပါမစ္ေပ်ာက္ျဖင့္ ဂရန္ေလွ်ာက္မႈမ်ား၌ ပါမစ္မူရင္းတင္ျပ၍ ကန္႔ကြက္ျခင္းေပၚေပါက္လာပါက ထုတ္ ေပးထားေသာ ေျမငွားစာခ်ဳပ္ဂရန္မူရင္းအား ပယ္ဖ်က္မည္ေၾကာင္း ေလွ်ာက္ထားသူအား ဌာနမွ တံဆိပ္တုံး ထု၍ လက္မွတ္ေရးထိုးခိုင္းသည္မ်ားလဲ႐ွိေၾကာင္း၊ ပါမစ္ေျမအား ဝယ္ယူရာတြင္ အထူးသတိထား၍ စစ္ေဆး ဝယ္ယူမွ သင့္ေလွ်ာ္မည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ညတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက
imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service