ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
Alps တောင်တန်းများကို တောင်တက်ခရီးသွားလိုသူတိုင်း Zermatt ချိုင့်ဝှမ်းကိုဖြတ်ပြီး သွယ်တန်းထားတဲ့ ပေငါးရာအထိ ရှည်တဲ့ လူကူးကြိုးတံတားကို ဖြတ်သန်းရမှာဖြစ်ပါတယ်။
အလွန်အေးချမ်းလှပတဲ့ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ The Charles Kuonen လူကူးကြိုးတံတားလို့ခေါ်ဆိုပြီး Grächen မှ Zermatt အထိ ဥရောပလမ်းကြောင်းတွေကို ဖြတ်သန်းထားခြင်းဖြစ်ပါတယ်။ ဒီလူကူးကြိုးတံတားကို ဖြတ်သန်းတဲ့သူတိုင်း Matterhorn, Weisshorn နဲ့ the Bernese Alps တောင်တန်းတွေရဲ့ အလှကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မြေပြန့်ချိုင့်ဝှမ်းကနေ အမြင့်ဆုံးအနေအထားမှာ ၈၅ မီတာအထိမြင့်ပြီး ကြိုးတံတားအကျယ်ကတော့ ၆၅ စင်တီမီတာသာ ကျယ်ပြန့်ပါတယ်။ တံတားဖြတ်သန်းသွားလာခွင့် အခမဲ့ဖြစ်ပြီး ရှည်လျားလှတဲ့တံတားကို ဖြတ်သန်းဖို့အတွက် ကြောက်ရွံ့စိတ်ကင်းလွတ်နေမှ ဖြစ်ပါလိမ့်မယ်။ ဆွစ်ဇာလန်နိုင်ငံဟာ အစဉ်အေးခဲနေတဲ့ အအေးပိုင်းဒေသ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လှပတဲ့နေရာတွေ ပေါများတာကြောင့် ကမ္ဘာပေါ်မှာ ခရီးသွားတွေ အလည်အပတ်များပြားတဲ့ နိုင်ငံတစ်ခုအဖြစ်လဲ သတ်မှတ်ထားလေ့ရှိပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရင်ခုန်စိတ်လှုပ်ရှားစရာ အေးမြမှုအပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် Alps တောင်တန်းရဲ့ အရှည်လျားဆုံး လူကူးကြိုးတံတား