Red Hot Chili Peppers ရော့ခ်ဂီတအဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် Anthony Kiedis ၏ စံအိမ် အရောင်းဈေးကွက်ဝင်လာ

Red Hot Chili Peppers ရော့ခ်ဂီတအဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် Anthony Kiedis ၏ စံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
30 Sep 2024 10:55 am တွင် တင်ခဲ့သည်
305 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အန်သနီ ကီးဒစ် (Anthony Kiedis) (မွေး ၁၉၆၂) သည် အမေရိကန်ဂီတသမားတစ်ဦးဖြစ်ပြီး ကမ္ဘာကျော် ရော့ခ်ဂီတဝိုင်းကြီး Red Hot Chili Peppers ကို တည်ထောင်သူ၊ ရှေ့ထွက်အဆိုတော် ဖြစ်သည်။

Red Hot Chilli Peppers ရော့ခ်ဂီတဝိုင်းကြီး၏ သီချင်းများကို မြန်မာပရိသတ်များ ကောင်းစွာ ရင်းနှီးထိတွေ့ဖူး ကြသည်။

မြန်မာနိုင်ငံတွင် Red Hot Chilli Peppers ၏ သီချင်းများကို ပြန်လည်သီဆိုကြမှုများ ရှိသည်။

Red Hot Chilli Peppers ၏ the zephyr song ကို ဇော်ပိုင်က စိတ်နာတယ်၊ Otherside ကို ဇော်ပိုင်ကပင် လောကသစ်၊ On mercury ကို အာဇာနည်က အားလပ်ရက်၊ Coffee Shop ကို ရင်ဂိုက ကန္တာရကဖေး၊ Californication ကို ချမ့်ခိုင်က အနာဂတ်ခရီးရှည် အစရှိသဖြင့် ပြန်လည်သီဆိုထားကြသည်။

Californication သီချင်းဖြင့် ထင်ရှားခဲ့သူ Red Hot Chilli Peppers မှ ရှေ့ထွက်အဆိုတော် အန်သနီ ကီးဒစ် ပိုင်ဆိုင်နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာသည်။

ယခုအခါ အသက် ၆၁ နှစ်ရှိပြီဖြစ်သော ရော့ခ်ကြယ်ပွင့်ကြီး ကီးဒစ်သည် ယခုဈေးကွက်ဝင်လာသော စံအိမ်တွင် ၂၀၀၄ မှ ၂၀၀၇ ခုနှစ်အထိ ၃ နှစ်နီးပါး နေထိုင်ခဲ့ဖူးသည်။

ကီးဒစ် ယခုစံအိမ်တွင် နေထိုင်ခဲ့စဉ်ကာလအတွင်း Red Hot Chilli Peppers ၏ ဂရမ်မီဆုရ တေးအယ်လ်ဘမ် ဖြစ်သော Stadium Arcadium ကို ထုတ်လုပ်ခဲ့ပြီး ထိုအယ်လ်ဘမ်တွင် Dani California နှင့် Snow (Hey Oh) တို့ကဲ့သို့ အောင်မြင်သောသီချင်းများ ပါဝင်ခဲ့သည်။

ကမ္ဘာကျော်ကြယ်ပွင့်များစွာ အခြေချနေထိုင်ကြသော Beverly Hills အရပ်၏ အချက်အခြာနေရာမှ အနည်းငယ်မျှသာ ဝေးကွာသောနေရာတွင် တည်ရှိပြီး မြေယာအလှပြုပြင်ထားသော စိမ်းလန်းသည့် ခြံဝန်းဖြစ်ကာ အကျယ်အဝန်း ၃ ဧကရှိကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်။

Davies Drive လမ်း၊ အမှတ် ၁၄၁၀ တွင် တည်ရှိသောစံအိမ်ဖြစ်ပြီး Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သည့် Carl Gambino နှင့် Alyson Richards တို့က အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

 (ခြံအကျယ် ၃ ဧကရှိသည်။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

 (ရေကူးကန်။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

(ဧည့်ခန်း။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

(စံအိမ်အကျယ်မှာ စတုရန်းပေ ၆၀၀၀ ရှိသည်။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

(အိပ်ခန်း ၅ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

ခြံအကျယ်မှာ ၁၅၁၅၀၀ စတုရန်းပေကျယ်ဝန်းပြီး စံအိမ်အကျယ်အဝန်း စတုရန်းပေ ၆၀၀၀ ရှိကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ ကျယ်ဝန်းသော ကားရပ်နားကွင်း၊ ဂိုဒေါင်တစ်လုံးနှင့် အမိုးခုံးပြတင်းများပါသော ခေါင်းလောင်းမျှော်စင်တစ်ခုတို့ပါဝင်ကြောင်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်။

ပထမထပ်တွင် ခမ်းနားထည်ဝါသော ဧည့်ခန်းကြီးရှိသည်။

ဧည့်ခန်းတွင် ကြီးမားသော မှန်ပြတင်းကြီးများ၊မီးလင်းဖို၊ မြင့်မားသောမျက်နှာကြက်၊ ပြင်သစ်တံခါးများရှိသည်။

(ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်း ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

(ရေချိုးခန်း ၅ ခန်းအနက်မှတစ်ခန်း။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

(မီးဖိုဆောင်။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

(ညစာစားခန်း။ ဓာတ်ပုံ-Todd F.Goodman/ LA Light)

(အန်သနီ ကီးဒစ်ကို ဟောလိဝုဒ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Getty Images)

(ဆက်စပ်သတင်းများ)

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂစ်တာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေ သည်မှာ ၂ နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ ၃ သန်းနီးပါး ဈေးလျှော့ပေးလာ

https://www.imyanmarhouse.com/news/read/1107279

ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့်တဦးထံမှ အိမ်ငှားလိုပါသလား (သို့မဟုတ်) ရော့ခ်ဂီတအဖွဲ့ Red Hot Chili Peppers ၏ ဒရမ်သမား မာလီဘူးကမ်းခြေ စံအိမ်ကို တလလျှင် ဒေါ်လာ ၉၅၀၀၀ ဖြင့် အငှားဈေးကွက်တင်

https://www.imyanmarhouse.com/news/read/1087798

ရော့ခ်ဂီတအဖွဲ့ Red Hot Chili Peppers ၏ ဘေ့စ်ဂစ်တာသမား လော့စ်အိန်ဂျလိစံအိမ်ရောင်းချ

https://www.imyanmarhouse.com/news/read/1003320

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : Californication: Former home of Red Hot Chili Peppers’ Anthony Kiedis seeks $11.25M(NY Post) Photo Credit- Todd F.Goodman/ LA Light, Getty Images

[Zawgyi]

Red Hot Chili Peppers ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ေရွ႕ထြက္အဆိုေတာ္ Anthony Kiedis ၏ စံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

အန္သနီ ကီးဒစ္ (Anthony Kiedis) (ေမြး ၁၉၆၂) သည္ အေမရိကန္ဂီတသမားတစ္ဦးျဖစ္ျပီး ကမၻာေက်ာ္ ေရာ့ခ္ဂီတဝိုင္းၾကီး Red Hot Chili Peppers ကို တည္ေထာင္သူ၊ ေရွ႕ထြက္အဆိုေတာ္ ျဖစ္သည္။

Red Hot Chilli Peppers ေရာ့ခ္ဂီတဝိုင္းၾကီး၏ သီခ်င္းမ်ားကို ျမန္မာပရိသတ္မ်ား ေကာင္းစြာ ရင္းႏွီးထိေတြ႔ဖူး ၾကသည္။

ျမန္မာႏိုင္ငံတြင္ Red Hot Chilli Peppers ၏ သီခ်င္းမ်ားကို ျပန္လည္သီဆိုၾကမႈမ်ား ရွိသည္။

Red Hot Chilli Peppers ၏ the zephyr song ကို ေဇာ္ပိုင္က စိတ္နာတယ္၊ Otherside ကို ေဇာ္ပိုင္ကပင္ ေလာကသစ္၊ On mercury ကို အာဇာနည္က အားလပ္ရက္၊ Coffee Shop ကို ရင္ဂိုက ကႏၱာရကေဖး၊ Californication ကို ခ်မ့္ခိုင္က အနာဂတ္ခရီးရွည္ အစရွိသျဖင့္ ျပန္လည္သီဆိုထားၾကသည္။

Californication သီခ်င္းျဖင့္ ထင္ရွားခဲ့သူ Red Hot Chilli Peppers မွ ေရွ႕ထြက္အဆိုေတာ္ အန္သနီ ကီးဒစ္ ပိုင္ဆိုင္ေနထုိင္ခဲ့ဖူးေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ ကန္ေဒၚလာ ၁၁ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ ဝင္လာသည္။

ယခုအခါ အသက္ ၆၁ ႏွစ္ရွိျပီျဖစ္ေသာ ေရာ့ခ္ၾကယ္ပြင့္ၾကီး ကီးဒစ္သည္ ယခုေစ်းကြက္ဝင္လာေသာ စံအိမ္တြင္ ၂၀၀၄ မွ ၂၀၀၇ ခုႏွစ္အထိ ၃ ႏွစ္နီးပါး ေနထိုင္ခဲ့ဖူးသည္။

ကီးဒစ္ ယခုစံအိမ္တြင္ ေနထိုင္ခဲ့စဥ္ကာလအတြင္း Red Hot Chilli Peppers ၏ ဂရမ္မီဆုရ ေတးအယ္လ္ဘမ္ ျဖစ္ေသာ Stadium Arcadium ကို ထုတ္လုပ္ခဲ့ျပီး ထိုအယ္လ္ဘမ္တြင္ Dani California ႏွင့္ Snow (Hey Oh) တို႔ကဲ့သို႔ ေအာင္ျမင္ေသာသီခ်င္းမ်ား ပါဝင္ခဲ့သည္။

ကမၻာေက်ာ္ၾကယ္ပြင့္မ်ားစြာ အေျခခ်ေနထိုင္ၾကေသာ Beverly Hills အရပ္၏ အခ်က္အျခာေနရာမွ အနည္းငယ္မွ်သာ ေဝးကြာေသာေနရာတြင္ တည္ရွိျပီး ေျမယာအလွျပဳျပင္ထားေသာ စိမ္းလန္းသည့္ ျခံဝန္းျဖစ္ကာ အက်ယ္အဝန္း ၃ ဧကရွိေၾကာင္း ေစ်းကြက္တင္ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

Davies Drive လမ္း၊ အမွတ္ ၁၄၁၀ တြင္ တည္ရွိေသာစံအိမ္ျဖစ္ျပီး Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္သည့္ Carl Gambino ႏွင့္ Alyson Richards တို႔က အေရာင္းေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

(ျခံအက်ယ္ ၃ ဧကရွိသည္။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(ေရကူးကန္။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(ဧည့္ခန္း။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(စံအိမ္အက်ယ္မွာ စတုရန္းေပ ၆၀၀၀ ရွိသည္။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(အိပ္ခန္း ၅ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု-Todd F.Goodman/ LA Light)

ျခံအက်ယ္မွာ ၁၅၁၅၀၀ စတုရန္းေပက်ယ္ဝန္းျပီး စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၆၀၀၀ ရွိကာ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္း၊ က်ယ္ဝန္းေသာ ကားရပ္နားကြင္း၊ ဂိုေဒါင္တစ္လံုးႏွင့္ အမုိးခံုးျပတင္းမ်ားပါေသာ ေခါင္းေလာင္းေမွ်ာ္စင္တစ္ခုတို႔ပါဝင္ေၾကာင္း ေစ်းကြက္တင္ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

ပထမထပ္တြင္ ခမ္းနားထည္ဝါေသာ ဧည့္ခန္းၾကီးရွိသည္။

ဧည့္ခန္းတြင္ ၾကီးမားေသာ မွန္ျပတင္းၾကီးမ်ား၊မီးလင္းဖို၊ ျမင့္မားေသာမ်က္ႏွာၾကက္၊ ျပင္သစ္တံခါးမ်ားရွိသည္။

(ကန္ေဒၚလာ ၁၁ ဒသမ ၂၅ သန္း ေစ်းေခၚထားသည္။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(ေရခ်ဳိးခန္း ၅ ခန္းအနက္မွတစ္ခန္း။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(မီးဖိုေဆာင္။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(ညစာစားခန္း။ ဓာတ္ပံု-Todd F.Goodman/ LA Light)

(အန္သနီ ကီးဒစ္ကို ေဟာလိဝုဒ္တြင္ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီ ၁၉ ရက္က ေတြ႔ခဲ့ရပံု။ ဓာတ္ပံု-Getty Images)

(ဆက္စပ္သတင္းမ်ား)

ေရာ့ခ္ဂီတအဖြဲ႔ၾကီး Red Hot Chilli Peppers ၏ ေဘ့စ္ဂစ္တာသမား ေလာ့အိန္ဂ်လိစံအိမ္ကို ေရာင္းခ်ေန သည္မွာ ၂ ႏွစ္ေက်ာ္ ၾကာျပီ ျဖစ္ေသာ္လည္း ယေန႔တိုင္ ေရာင္းမထြက္ေသးေသာေၾကာင့္ ကန္ေဒၚလာ ၃ သန္းနီးပါး ေစ်းေလွ်ာ့ေပးလာ

https://www.imyanmarhouse.com/news/read/1107279

ကမၻာေက်ာ္ ေရာ့ခ္ၾကယ္ပြင့္တဦးထံမွ အိမ္ငွားလိုပါသလား (သို႔မဟုတ္) ေရာ့ခ္ဂီတအဖြဲ႔ Red Hot Chili Peppers ၏ ဒရမ္သမား မာလီဘူးကမ္းေျခ စံအိမ္ကုိ တလလွ်င္ ေဒၚလာ ၉၅၀၀၀ ျဖင့္ အငွားေစ်းကြက္တင္

https://www.imyanmarhouse.com/news/read/1087798

ေရာ့ခ္ဂီတအဖြဲ႔ Red Hot Chili Peppers ၏ ေဘ့စ္ဂစ္တာသမား ေလာ့စ္အိန္ဂ်လိစံအိမ္ေရာင္းခ်

https://www.imyanmarhouse.com/news/read/1003320

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Californication: Former home of Red Hot Chili Peppers’ Anthony Kiedis seeks $11.25M(NY Post) Photo Credit- Todd F.Goodman/ LA Light, Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြတုန်လှုပ်...
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြတုန်လှုပ်...
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး...
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေး...
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ...
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service