ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဒီတစ်ပတ်မှာတော့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခြင်းရှိပါကမြေကွက်များကို မူလမြေအတိုင်းအတာအတိုင်း ပြန်ရနိုင်မရနိုင် ။..... ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။
မေးခွန်း (၁) - ပြန်လည် ရုပ်သိမ်းလို့မရတဲ့ ကိုယ်စားလှယ်လွှဲစာဆိုတာဘာလဲ။
General Power ဆိုသည်မှာ အထွေထွေကိုယ်စားလှယ်လွှဲအပ်ခြင်းကို ဆိုလိုပြီး Special Power ဆိုသည်မှာ အထူးကိုယ်စားလှယ်စာလွှဲအပ်ခြင်းကို ဆိုလိုပါသည်။ ပဋိညာဉ်ဥပဒေပုဒ်မ-၂၀၂ အရ ကိုယ်စားလှယ်သည် လွှဲအပ်ထားသော ကိစ္စရပ်နှင့်အကျိုးသက်ဆိုင်မှုလဲရှိကာ ပဋိညာဉ်တစ်စောင်လဲ သီးခြားရှိလျှင် အဆိုပါ အကျိုးသက်ဆိုင်မှုကို ဆန့်ကျင်၍ ကိုယ်စားလှယ်လွှဲအပ်ထားခြင်းကို ရပ်စဲခြင်း မပြုနိုင်ကြောင်း အတိအလင်း ဖော်ပြထားပြီးဖြစ်ပါသည်။
ပြန်လည်ရုပ်သိမ်းလို့မရသော ကိုယ်စားလွှဲစာရှိကြောင်း ပဋိဉာဉ်တွင် အတိအလင်း ဖော်ပြထားချက်တော့ မရှိပါ။ ပုဒ်မ-၂၀၁ အရ ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်မှာ မည်သည့်အချိန်တွင် ဆုံးခန်းတိုင်ကြောင်း ကိုယ်စားလှယ်လွှဲစာတွင် တိကျစွာ ဖော်ပြထားပါက အဆိုပါကိစ္စရပ်လုပ်ငန်း မပြီးဆုံးခင်အထိ ကိုယ်စားလှယ်လွှဲစာကို ရပ်ဆိုင်း၍မရပါ။ထို့သို့သော ကတိပြုချက်များပါနေသော ကိုယ်စားလှယ်စာများမှ တနည်းအားဖြင့် ရပ်စဲခြင်း မပြုနိုင်သေးသော ကိုယ်စားလှယ်စာများပင်ဖြစ်ပါသည်။
အကြီးအကဲကိုယ်စားလှယ် ပေးအပ်သူမှ အကြောင်းချင်းရာ တစ်စုံတစ်ရာမရှိဘဲ ကတိပြု သတ်မှတ်ချိန် မတိုင်မီ ကိုယ်စားလှယ်လွှဲစာအား ရုတ်သိမ်းလိုလျှင် ပုဒ်မ-၂၀၅ အရ ကိုယ်စားလှယ်ကို လျော်ကြေး ငွေပေးအပ် ရန် တာဝန်ရှိပါသည်။ ထိုသို့သောကိစ္စရပ်များတွင် ကိုယ်စားလှယ်လွှဲအပ်ထားသူမှ ကိုယ်စားလှယ်ထံ ကြိုတင် အကြောင်းမှုတစ်စုံတစ်ရာ မပြုဘဲ ရုတ်သိမ်းခြင်းလဲ မပြုနိုင်ပါ။
ကိုယ်စားလှယ်လွှဲမှုအား ဆက်လက်ဆောင်ရွက်ခြင်း မပြုလိုသော အခါတွင်လဲ ကိုယ်စားလှယ်ပေးအပ်သူမှဖြစ်စေ၊ကိုယ်စားလှယ်လွှဲစာရရှိသူမှဖြစ်စေ ပုဒ်မ-၂၀၈အရ ကိုယ်စားလှယ်အား ရုတ်သိမ်းကြောင်း အများသိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ မှတ်ပုံတင်အရာရှိရှေ့တွင် လွှဲအပ်ထားသော ကိုယ်စားလှယ်လွှဲစာမှာ မှတ်ပုံတင်အရာရှိထံတွင်ပင် ပြန်လည်ရုတ်သိမ်းမှု ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင်ရုံးမှ မသိရှိပါက အတည် ဖြစ်မည်မဟုတ်ပါ။
ကိုယ်စားလှယ်စာလွှဲစာအား အသိသက်သေနှစ်ဦးရှေ့တွင် ပေးအပ်ရမည်ဖြစ်ကာ နေရပ်လိပ်စာ၊ မှတ်ပုံတင်နှင့် လွှဲအပ်ပေးမည့်အကြောင်းအရာအား တိကျစွာဖော်ပြကာ ပေးအပ်ရမည်ဖြစ်ပါသည်။
ယခုမြေကွက်အရောင်းအဝယ် ဆောင်ရွက်ခြင်းများတွင် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှသာ ရောင်းချသူမှ ဝယ်ယူသူထံ Gp/Sp လွှဲအပ်ခြင်းပြုနိုင်ပါသည်။
ကိုယ်စားလှယ်စာအား ရုတ်သိမ်းခြင်းတစ်စုံတစ်ရာမရှိဘဲ အလိုအလျှောက် ပျက်ပြယ်သော ကိုယ်စား လှယ်လွှဲစာများလဲရှိပါသည်။ ကိုယ်စားလှယ်လွှဲအပ်သူ (သို့) လက်ခံသူမှ သေသွားလျှင်၊ ရူးသွပ်သွားလျှင်၊ တရား ဝင်ရုတ်သိမ်းမှု ဆောင်ရွက်လျှင် ကိုယ်စားလှယ်လွှဲစာ အလိုအလျှောက် ရပ်စဲမည်ဖြစ်ပါသည်။ ကိုယ်စားလှယ် စာမှာ လက်ခံသူမှ ငြင်းပယ်ခြင်းလဲ ပြုနိုင်သလိုလွှဲအပ်သော လုပ်ငန်းဆုံးခန်းတိုင်အောင် ပြီးဆုံးလျှင်လဲ ကိုယ်စားလှယ်စာ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။
မေးခွန်း (၂) - ဂရန်၊ ပါမစ်၊ စလစ်တို့ကို မဝယ်ခင်ရှေ့တွင် ရောင်းထားသလား? ပေါင်ထားသလား?မေတ္တာဖြင့် ပေးထားသလား မည်သို့သိရှိနိုင်ပါသလဲ။
မြို့ပြစီမံကိန်းအသစ်များ ရေးဆွဲပြီး မြို့ကွက်တိုးချဲ့ခြင်းများ ဆောင်ရွက်သည့်အခါ စလစ်မြေ၊ ပါမစ်မြေများကို အမည်ပေါက်ချထားပေးပြီး အဆိုပါမြေများမှာ လူနေထိုင်ခွင့်ရှိကာ ဂရန်လျှောက်ထားမှုအဆင့်ဆင့်လဲ ဆောင်ရွက်နိုင်ပါသည်။
အဆိုပါ ဂရန်၊ပါမစ်၊စလစ်မြေများ၏ မြေရာဇဝင်မှတ်တမ်းများအား တိုက်ဆိုင်စစ်ဆေးမှုပြုလိုပါက စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် စစ်ဆေးမှုပြုနိုင်ပြီး အခြားမြို့နယ်များတွင်တော့ သက်ဆိုင်ရာမြေစာရင်းရုံးတွင် မှတ်တမ်းများကြည့်ရှုစစ်ဆေးနိုင်ပါသည်။ အိုးအိမ်မှ ထုတ်ပေးထားသော ပါမစ်မြေဖြစ်ပါက အိုးအိမ်ရုံးတွင် စုံစမ်းမှုပြုရန်လိုပါသည်။
ဂရန်မြေအဖြစ် ပြောင်းလဲလျှောက်ထားခြင်းမရှိသေးတော့ ပါမစ်မြေ၊ စလစ်မြေ မြေအမျိုးအစားများတွင်တော့ အရပ်ကတိစာချုပ်အဆက်အစပ်များသာရှိပြီး စည်ပင်သာယာရေးကော်မတီတွင် မူလအမည်ပေါက် မှတ်တမ်းသာရှိမည်ဖြစ်ပါသည်။ထိုအခါ အရပ်ကတိစာချုပ်အဆက်အစပ်များအား စစ်ဆေးရန် လိုအပ်ကာရောင်းချသူမှ အမှန်တကယ် လွှဲပြောင်းနိုင်သော အခွင့်အရေးရှိမရှိ ကျွမ်းကျင်သူ ဥပဒေပညာရှင်များနှင့် တိုင် ပင်ရန် လိုအပ်ပါသည်။
ပါမစ်မြေအမျိုးအစားမှာ လူကြိုက်များပြီး ပိုင်ဆိုင်မှု စာရွက်စာတမ်းအထောက်များအား အတုအပ ပြု လုပ်ကာ (၂)ဦးလွှဲပြောင်း ရောင်းချခြင်းများ ရှိပါသည်။ ထို့ကြောင့် ပါမစ်အမည်ပေါက် ကိုယ်တိုင်ရောင်းချခြင်း မဟုတ်ပါက မဝယ်ယူသင့်ပါ။ မြေကွက်အရောင်းအဝယ်ပြုရာတွင် စရံပေးစာချုပ်ချုပ်ဆိုခြင်း၊ ကန့်ကွက်ရှိမရှိ၊ သတင်းစာကြေငြာခြင်း၊ အရောင်းအဝယ်ငွေကြေ အရပ်ကတိစာချုပ်ချုပ်ခြင်း၊ ဂရန်မြေဖြစ်ပါက အခွန်ဆောင်၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ မြို့ပြမြေစီမံခန့်ခွဲမှုအဖွဲ့တွင် အမည်ပေါက်ပြောင်းလဲခြင်းတို့ အဆင့်ဆင့် မပျက် မကွက် ဆောင်ရွက်ရန်လိုပါသည်။
မြေကွက်အား လွှဲပြောင်းပိုင်ဆိုင်မှုပြုရာတွင် ဝယ်ယူပိုင်ဆိုင်သူမှာ လက်ဝယ်ထားရှိ ပိုင်ဆိုင်မှုအား စနစ်တကျ လွှဲပြောင်းရယူရန် လိုအပ်ပါသည်။ မြေပြင်အခြေအနေနှင့် အရောင်းအဝယ်ပြုသည့် မြေအားလဲ တိုင်းတာစစ်ဆေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ မေးမြန်းစုံစမ်းရန်လဲ မမေ့ပါနဲ့။ ပါမစ်မြေတစ်ခြမ်း ဝယ်ယူခြင်း ပြုသည်များလဲရှိပြီး အမည်ပေါက်ကိုယ်တိုင်ထံမှ တိုက်ရိုက် ဝယ်ယူခြင်းမဟုတ်သော၊ ပါမစ်မူရင်းလဲ ကိုင်ဆောင်ခွင့်မရှိသော မြေကွက်ဖြစ်နေလျှင် ဝယ်ယူရန်မသင့်လျှော်ပါ။
အရောင်းဟန်ဆောင်ပေါင်နှံခြင်း ပြုထားသော မြေကွက်များရှိနိုင်သောကြောင့် စရန်ပေးစာချုပ်ချုပ်ဆိုသည့်အခါ ရောင်းသူထံမှ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတောင်းယူထားပြီး အရှုပ်အရှင်းပေါ်လာပါ ရောင်းသူ တာဝန်ယူ ဖြေရှင်းရန် စာချုပ်အားပြည့်စုံစွာ ချုပ်ဆိုထားသင့်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။
မေးခွန်း (၃) - သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် မြေကွက်များကို မူလမြေအတိုင်းအတာအတိုင်း ပြန်ရမရ ဆိုတာကို ဗဟုသုတအနေနဲ့ သိပါရစေ။
အမည်ပေါက် ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ အခွန်ဆောင်ထားတဲ့ ကျူးလွန်ခြင်းပြ မြေကွက်များမှာ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးသွားလျှင် မူလမြေနေရာတွင်ပင် ပြန်လည် နေရာချထား သတ်မှတ်ပေးနိုင်ပါသည်။ အဆိုပါ အခွန်ထမ်းဆောင်သော မြေနေရာတွင် နေရာချထားပေးခြင်း မရှိလျှင်လဲ သက်ဆိုင်ရာမှ အခြားနေရာများသို့ ပြောင်းရွှေ့ပြီး ပြန်လည်နေရာချထား ပေးနိုင်ပါသည်။
မြေငှား စာချုပ်ဂရန်သက်တမ်း ခွင့်ပြုသက်တမ်းများ ကျန်ရှိနေသော မြေကွက်များမှာ မူလမြေ အကျယ်အဝန်းဖြင့် ပြန်လည်လျှောက်ထားခြင်း ပြုနိုင်ပါသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ- ၅ အရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် မူဝါဒများ ချမှတ်ပေးခြင်း၊ ယင်းညွှန်ကြားချက်နှင့်အညီ လမ်းညွှန်ချက်များ ချမှတ်နိုင်ရန်အတွက် စီမံခန့်ခွဲရေး ကော်မတီ တစ်ရပ်”လဲ ဖွဲ့စည်းမည်ဖြစ်ပါသည်။
အစိုးရအသိအမှတ်ပြုသည့် မြေအမျိုးအစားများမှာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားခြင်းရှိပါကလဲ ပုဒ်မ - ၄၃ အရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လိုအပ်သည့် အမိန့်ကြေညာစာများဖြင့် ထုတ်ပြန်နိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အပတ္စဥ္ သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖက႑
ဒီတစ္ပတ္မွာေတာ့ သဘာဝေဘးဒဏ္ေၾကာင့္ ပ်က္စီးသြားျခင္း႐ွိပါကေျမကြက္မ်ားကို မူလေျမအတိုင္းအတာအတိုင္း ျပန္ရႏိုင္မရႏိုင္ ။..... ဆိုတဲ့ စိတ္ဝင္စားဖြယ္ေမးခြန္းေလးအပါအဝင္ ေမးခြန္းသုံးခုကို ေ႐ွ႕ေနမွ တိက်မွန္ကန္စြာေျဖၾကားေပးထားပါတယ္။
ေမးခြန္း (၁) - ျပန္လည္ ႐ုပ္သိမ္းလို႔မရတဲ့ ကိုယ္စားလွယ္လႊဲစာဆိုတာဘာလဲ။ General Power ဆိုသည္မွာ အေထြေထြကိုယ္စားလွယ္လႊဲအပ္ျခင္းကို ဆိုလိုၿပီး Special Power ဆိုသည္မွာ အထူးကိုယ္စားလွယ္စာလႊဲအပ္ျခင္းကို ဆိုလိုပါသည္။ ပဋိညာဥ္ဥပေဒပုဒ္မ-၂၀၂ အရ ကိုယ္စားလွယ္သည္ လႊဲအပ္ထားေသာ ကိစၥရပ္ႏွင့္အက်ိဳးသက္ဆိုင္မႈလဲ႐ွိကာ ပဋိညာဥ္တစ္ေစာင္လဲ သီးျခား႐ွိလွ်င္ အဆိုပါ အက်ိဳးသက္ဆိုင္မႈကို ဆန္႔က်င္၍ ကိုယ္စားလွယ္လႊဲအပ္ထားျခင္းကို ရပ္စဲျခင္း မျပဳႏိုင္ေၾကာင္း အတိအလင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။
ျပန္လည္႐ုပ္သိမ္းလို႔မရေသာ ကိုယ္စားလႊဲစာ႐ွိေၾကာင္း ပဋိဉာဥ္တြင္ အတိအလင္း ေဖာ္ျပထားခ်က္ေတာ့ မ႐ွိပါ။ ပုဒ္မ-၂၀၁ အရ ကိုယ္စားလွယ္၏ လုပ္ပိုင္ခြင့္မွာ မည္သည့္အခ်ိန္တြင္ ဆုံးခန္းတိုင္ေၾကာင္း ကိုယ္စားလွယ္လႊဲစာတြင္ တိက်စြာ ေဖာ္ျပထားပါက အဆိုပါကိစၥရပ္လုပ္ငန္း မၿပီးဆုံးခင္အထိ ကိုယ္စားလွယ္လႊဲစာကို ရပ္ဆိုင္း၍မရပါ။ထို႔သို႔ေသာ ကတိျပဳခ်က္မ်ားပါေနေသာ ကိုယ္စားလွယ္စာမ်ားမွ တနည္းအားျဖင့္ ရပ္စဲျခင္း မျပဳႏိုင္ေသးေသာ ကိုယ္စားလွယ္စာမ်ားပင္ျဖစ္ပါသည္။
အႀကီးအကဲကိုယ္စားလွယ္ ေပးအပ္သူမွ အေၾကာင္းခ်င္းရာ တစ္စုံတစ္ရာမ႐ွိဘဲ ကတိျပဳ သတ္မွတ္ခ်ိန္ မတိုင္မီ ကိုယ္စားလွယ္လႊဲစာအား ႐ုတ္သိမ္းလိုလွ်င္ ပုဒ္မ-၂၀၅ အရ ကိုယ္စားလွယ္ကို ေလ်ာ္ေၾကး ေငြေပးအပ္ ရန္ တာဝန္႐ွိပါသည္။ ထိုသို႔ေသာကိစၥရပ္မ်ားတြင္ ကိုယ္စားလွယ္လႊဲအပ္ထားသူမွ ကိုယ္စားလွယ္ထံ ႀကိဳတင္ အေၾကာင္းမႈတစ္စုံတစ္ရာ မျပဳဘဲ ႐ုတ္သိမ္းျခင္းလဲ မျပဳႏိုင္ပါ။ ကိုယ္စားလွယ္လႊဲမႈအား ဆက္လက္ေဆာင္႐ြက္ျခင္း မျပဳလိုေသာ အခါတြင္လဲ ကိုယ္စားလွယ္ေပးအပ္သူမွျဖစ္ေစ၊ကိုယ္စားလွယ္လႊဲစာရ႐ွိသူမွျဖစ္ေစ ပုဒ္မ-၂၀၈အရ ကိုယ္စားလွယ္အား ႐ုတ္သိမ္းေၾကာင္း အမ်ားသိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္သည္။ မွတ္ပုံတင္အရာ႐ွိေ႐ွ႕တြင္ လႊဲအပ္ထားေသာ ကိုယ္စားလွယ္လႊဲစာမွာ မွတ္ပုံတင္အရာ႐ွိထံတြင္ပင္ ျပန္လည္႐ုတ္သိမ္းမႈ ေဆာင္႐ြက္ႏိုင္ၿပီး မွတ္ပုံတင္႐ုံးမွ မသိ႐ွိပါက အတည္ ျဖစ္မည္မဟုတ္ပါ။
ကိုယ္စားလွယ္စာလႊဲစာအား အသိသက္ေသႏွစ္ဦးေ႐ွ႕တြင္ ေပးအပ္ရမည္ျဖစ္ကာ ေနရပ္လိပ္စာ၊ မွတ္ပုံတင္ႏွင့္ လႊဲအပ္ေပးမည့္အေၾကာင္းအရာအား တိက်စြာေဖာ္ျပကာ ေပးအပ္ရမည္ျဖစ္ပါသည္။ ယခုေျမကြက္အေရာင္းအဝယ္ ေဆာင္႐ြက္ျခင္းမ်ားတြင္ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေနာက္ပိုင္းမွသာ ေရာင္းခ်သူမွ ဝယ္ယူသူထံ Gp/Sp လႊဲအပ္ျခင္းျပဳႏိုင္ပါသည္။
ကိုယ္စားလွယ္စာအား ႐ုတ္သိမ္းျခင္းတစ္စုံတစ္ရာမ႐ွိဘဲ အလိုအေလွ်ာက္ ပ်က္ျပယ္ေသာ ကိုယ္စား လွယ္လႊဲစာမ်ားလဲ႐ွိပါသည္။ ကိုယ္စားလွယ္လႊဲအပ္သူ (သို႔) လက္ခံသူမွ ေသသြားလွ်င္၊ ႐ူးသြပ္သြားလွ်င္၊ တရား ဝင္႐ုတ္သိမ္းမႈ ေဆာင္႐ြက္လွ်င္ ကိုယ္စားလွယ္လႊဲစာ အလိုအေလွ်ာက္ ရပ္စဲမည္ျဖစ္ပါသည္။ ကိုယ္စားလွယ္ စာမွာ လက္ခံသူမွ ျငင္းပယ္ျခင္းလဲ ျပဳႏိုင္သလိုလႊဲအပ္ေသာ လုပ္ငန္းဆုံးခန္းတိုင္ေအာင္ ၿပီးဆုံးလွ်င္လဲ ကိုယ္စားလွယ္စာ ရပ္ဆိုင္းသြားမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။
ေမးခြန္း (၂) - ဂရန္၊ ပါမစ္၊ စလစ္တို႔ကို မဝယ္ခင္ေ႐ွ႕တြင္ ေရာင္းထားသလား? ေပါင္ထားသလား?ေမတၱာျဖင့္ ေပးထားသလား မည္သို႔သိ႐ွိႏိုင္ပါသလဲ။
ၿမိဳ႕ျပစီမံကိန္းအသစ္မ်ား ေရးဆြဲၿပီး ၿမိဳ႕ကြက္တိုးခ်ဲ႕ျခင္းမ်ား ေဆာင္႐ြက္သည့္အခါ စလစ္ေျမ၊ ပါမစ္ေျမမ်ားကို အမည္ေပါက္ခ်ထားေပးၿပီး အဆိုပါေျမမ်ားမွာ လူေနထိုင္ခြင့္႐ွိကာ ဂရန္ေလွ်ာက္ထားမႈအဆင့္ဆင့္လဲ ေဆာင္႐ြက္ႏိုင္ပါသည္။
အဆိုပါ ဂရန္၊ပါမစ္၊စလစ္ေျမမ်ား၏ ေျမရာဇဝင္မွတ္တမ္းမ်ားအား တိုက္ဆိုင္စစ္ေဆးမႈျပဳလိုပါက စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတြင္ စစ္ေဆးမႈျပဳႏိုင္ၿပီး အျခားၿမိဳ႕နယ္မ်ားတြင္ေတာ့ သက္ဆိုင္ရာေျမစာရင္း႐ုံးတြင္ မွတ္တမ္းမ်ားၾကည့္႐ႈစစ္ေဆးႏိုင္ပါသည္။ အိုးအိမ္မွ ထုတ္ေပးထားေသာ ပါမစ္ေျမျဖစ္ပါက အိုးအိမ္႐ုံးတြင္ စုံစမ္းမႈျပဳရန္လိုပါသည္။
ဂရန္ေျမအျဖစ္ ေျပာင္းလဲေလွ်ာက္ထားျခင္းမ႐ွိေသးေတာ့ ပါမစ္ေျမ၊ စလစ္ေျမ ေျမအမ်ိဳးအစားမ်ားတြင္ေတာ့ အရပ္ကတိစာခ်ဳပ္အဆက္အစပ္မ်ားသာ႐ွိၿပီး စည္ပင္သာယာေရးေကာ္မတီတြင္ မူလအမည္ေပါက္ မွတ္တမ္းသာ႐ွိမည္ျဖစ္ပါသည္။ထိုအခါ အရပ္ကတိစာခ်ဳပ္အဆက္အစပ္မ်ားအား စစ္ေဆးရန္ လိုအပ္ကာေရာင္းခ်သူမွ အမွန္တကယ္ လႊဲေျပာင္းႏိုင္ေသာ အခြင့္အေရး႐ွိမ႐ွိ ကြၽမ္းက်င္သူ ဥပေဒပညာ႐ွင္မ်ားႏွင့္ တိုင္ ပင္ရန္ လိုအပ္ပါသည္။
ပါမစ္ေျမအမ်ိဳးအစားမွာ လူႀကိဳက္မ်ားၿပီး ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းအေထာက္မ်ားအား အတုအပ ျပဳ လုပ္ကာ (၂)ဦးလႊဲေျပာင္း ေရာင္းခ်ျခင္းမ်ား ႐ွိပါသည္။ ထို႔ေၾကာင့္ ပါမစ္အမည္ေပါက္ ကိုယ္တိုင္ေရာင္းခ်ျခင္း မဟုတ္ပါက မဝယ္ယူသင့္ပါ။ ေျမကြက္အေရာင္းအဝယ္ျပဳရာတြင္ စရံေပးစာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ကန္႔ကြက္႐ွိမ႐ွိ၊ သတင္းစာေၾကျငာျခင္း၊ အေရာင္းအဝယ္ေငြေၾက အရပ္ကတိစာခ်ဳပ္ခ်ဳပ္ျခင္း၊ ဂရန္ေျမျဖစ္ပါက အခြန္ေဆာင္၍ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ၿမိဳ႕ျပေျမစီမံခန္႔ခြဲမႈအဖြဲ႕တြင္ အမည္ေပါက္ေျပာင္းလဲျခင္းတို႔ အဆင့္ဆင့္ မပ်က္ မကြက္ ေဆာင္႐ြက္ရန္လိုပါသည္။
ေျမကြက္အား လႊဲေျပာင္းပိုင္ဆိုင္မႈျပဳရာတြင္ ဝယ္ယူပိုင္ဆိုင္သူမွာ လက္ဝယ္ထား႐ွိ ပိုင္ဆိုင္မႈအား စနစ္တက် လႊဲေျပာင္းရယူရန္ လိုအပ္ပါသည္။ ေျမျပင္အေျခအေနႏွင့္ အေရာင္းအဝယ္ျပဳသည့္ ေျမအားလဲ တိုင္းတာစစ္ေဆးရန္ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံ ေမးျမန္းစုံစမ္းရန္လဲ မေမ့ပါနဲ႔။ ပါမစ္ေျမတစ္ျခမ္း ဝယ္ယူျခင္း ျပဳသည္မ်ားလဲ႐ွိၿပီး အမည္ေပါက္ကိုယ္တိုင္ထံမွ တိုက္႐ိုက္ ဝယ္ယူျခင္းမဟုတ္ေသာ၊ ပါမစ္မူရင္းလဲ ကိုင္ေဆာင္ခြင့္မ႐ွိေသာ ေျမကြက္ျဖစ္ေနလွ်င္ ဝယ္ယူရန္မသင့္ေလွ်ာ္ပါ။
အေရာင္းဟန္ေဆာင္ေပါင္ႏွံျခင္း ျပဳထားေသာ ေျမကြက္မ်ား႐ွိႏိုင္ေသာေၾကာင့္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုသည့္အခါ ေရာင္းသူထံမွ မွတ္ပုံတင္၊ အိမ္ေထာင္စုစာရင္းေတာင္းယူထားၿပီး အ႐ႈပ္အ႐ွင္းေပၚလာပါ ေရာင္းသူ တာဝန္ယူ ေျဖ႐ွင္းရန္ စာခ်ဳပ္အားျပည့္စုံစြာ ခ်ဳပ္ဆိုထားသင့္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။
ေမးခြန္း (၃) - သဘာဝေဘးဒဏ္ေၾကာင့္ ပ်က္စီးသြားသည့္ ေျမကြက္မ်ားကို မူလေျမအတိုင္းအတာအတိုင္း ျပန္ရမရ ဆိုတာကို ဗဟုသုတအေနနဲ႔ သိပါရေစ။
အမည္ေပါက္ ဂရန္ေျမ၊ ဘိုးဘြားပိုင္ေျမ၊ အခြန္ေဆာင္ထားတဲ့ က်ဴးလြန္ျခင္းျပ ေျမကြက္မ်ားမွာ သဘာဝေဘးအႏၲရာယ္၊ မီးေဘးအႏၲရာယ္တစ္ခုခုေၾကာင့္ ပ်က္စီးဆုံး႐ႈံးသြားလွ်င္ မူလေျမေနရာတြင္ပင္ ျပန္လည္ ေနရာခ်ထား သတ္မွတ္ေပးႏိုင္ပါသည္။ အဆိုပါ အခြန္ထမ္းေဆာင္ေသာ ေျမေနရာတြင္ ေနရာခ်ထားေပးျခင္း မ႐ွိလွ်င္လဲ သက္ဆိုင္ရာမွ အျခားေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ၿပီး ျပန္လည္ေနရာခ်ထား ေပးႏိုင္ပါသည္။
ေျမငွား စာခ်ဳပ္ဂရန္သက္တမ္း ခြင့္ျပဳသက္တမ္းမ်ား က်န္႐ွိေနေသာ ေျမကြက္မ်ားမွာ မူလေျမ အက်ယ္အဝန္းျဖင့္ ျပန္လည္ေလွ်ာက္ထားျခင္း ျပဳႏိုင္ပါသည္။ က်ဴးေက်ာ္သူမ်ားေနထိုင္ကာ ေျမယာမွတ္တမ္းမ်ားအတိအက် မ႐ွိေသာ အရပ္ေဒသမ်ား႐ွိ ေျမေနရာမ်ား ျဖစ္ပါက အစိုးရမွ ျပန္လည္ ေနရာခ်ထားေပးႏိုင္မည္မဟုတ္ပါ။
သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ- ၅ အရ သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈအတြက္ မူဝါဒမ်ား ခ်မွတ္ေပးျခင္း၊ ယင္းၫႊန္ၾကားခ်က္ႏွင့္အညီ လမ္းၫႊန္ခ်က္မ်ား ခ်မွတ္ႏိုင္ရန္အတြက္ စီမံခန္႔ခြဲေရး ေကာ္မတီ တစ္ရပ္”လဲ ဖြဲ႕စည္းမည္ျဖစ္ပါသည္။
အစိုးရအသိအမွတ္ျပဳသည့္ ေျမအမ်ိဳးအစားမ်ားမွာ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ပ်က္စီးသြားျခင္း႐ွိပါကလဲ ပုဒ္မ - ၄၃ အရ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ လိုအပ္သည့္ အမိန္႔ေၾကညာ စာမ်ားျဖင့္ ထုတ္ျပန္ႏိုင္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။
လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ညတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။
ေမးခြန္းေပးပို႔ရန္ Link ➡ https://www.imyanmarhouse.com/property-questions-answers-ask
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com