ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
မြို့ပြဆိုင်ရာ ဌားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ၌ အဆောက်အအုံဥပစာ ငှားရမ်းခြင်းများ၊ မြေငှားရမ်းခြင်းများ၊ ဈေးဆိုင်ခန်းငှားရမ်းခြင်းများတွင် လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များ ပြဌာန်းထားပါသည်။ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအာဏာအား အမိန့်ကြေငြာစာဖြင့် ကြီးကြပ်ရေးဝန်နှင့်လက်ထောက်ကြီးကြပ်ရေး ဝန်တစ်ဦးအား ခန့်အပ် တာဝန်ပေးအပ်နိုင်ပါသည်။
ပုဒ်မ-၂(ဂ)အရ အိမ်ရှင်ဆိုသည်မှာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတစ်ပါးအတွက်ဖြစ်စေ ဥပစာအတွက် ငှားရမ်းခကို ရထိုက်ခွင့်ရှိသူ သူတစ်ပါးမှ ယုံမှတ်အပ်နှံခံရသူ၊ တဆင့်ပြန်လည် အငှားချထားသူ၊ အိမ်ရှင်ထံမှ တဆင့် ဆိုင်ရာဆိုင်ခွင့် ရထိုက်သူများပါ ပါဝင်ပါသည်။
အိမ်ငှားဆိုသည်မှာ ဥပစာအား လူနေထိုင်ရန်အတွက်ဖြစ်စေ၊ လုပ်ငန်းများလုပ်ဆောင်ရန်အတွက်ဖြစ်စေ၊ မိမိကိုယ်တိုင်၊ အခြားသူတစ်ဦး တစ်ယောက်အတွက် ငှားရမ်းခပေးရသောသူနှင့် လက်ရှိနေထိုင်မြဲ နေထိုင်သူများ အသီးသီးတို့ ပါဝင်ပါသည်။
မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေအရ စံငှားရမ်းခဆိုသည်မှာ တရားမရုံး၏ တရားသူကြီး၏ အမိန့်အားမဆန့်ကျင်ဘဲ ကြီးကြပ်ရေးဝန်က သတ်မှတ်သော ငှားရမ်းခကို ဆိုလိုပါသည်။ စရံခများအား တိုးမြှင့် သတ်မှတ်သည့်အခါများတွင်လဲ ခွင့်ပြုချက်များဖြင့် ၂၅ ရာခိုင်နှုန်းထက် မပိုစေဘဲ(၁)လကြိုတင်၍ အကြောင်းကြားနို့တစ်စာပေးပို့ရန် လိုပါသည်။
အိမ်ငှားမှလဲ ငှားရမ်းခ များသည်ကို အကြောင်းပြု၍ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဝန်ထံ စံငှားရမ်းခ သတ်မှတ်ပေးရန် လျှောက်ထားနိုင်ပါသည်။
ဥပစာအဆောက်အအုံအား နေထိုင်မှုပြုရာတွင် ပြုပြင်မှုများ လုပ်ဆောင်ရန် လိုအပ်ပါကလဲ အိမ်ရှင်မှဖြစ်စေ၊ အိမ်ငှားမှဖြစ်စေ သဘောတူစာချုပ်အရ ပြုပြင်ခွင့်ရှိပြီး အိမ်ရှင်ပြုပြင်မှုအား တာဝန်ယူအချိန်ကာလသတ်မှတ်ပြီး ပျက်ကွက်ပါက အိမ်ငှားမှ ကြီးကြပ်ရေးဝန်ထံ စာဖြင့် ခွင့်ပြုရယူကာ ပြုပြင်ခြင်းပြုနိုင်ပါသည်။ အိမ်ရှင်မှ ရိုးဖြောင့်သောသဘောဖြင့် အိမ်အားပြန်လည်ပြုပြင်ရန် ရယူပါကလဲ တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အိမ်ငှားမှ အိမ်ရှင်ဖြစ်သူမှ အိမ်ပြုပြင်ပေးရန် ညှိနှိုင်းရာတွင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဝန်ထံလျှောက်ထားကာ မိမိစရိတ်ဖြင့် ပြုပြင်နိုင်ပြီး ကုန်ကျစရိတ်ကို ငှားရမ်း ခများထဲမှ နုတ်ပယ်၍ ပေးအပ်ခြင်းပြုနိုင်ပါသည်။
အိမ်ရှင်မှ အိမ်ငှားခကြွေးကျန်များအား တရားစွဲဆို တောင်းခံခြင်းပြုလိုပါကလဲ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဝန်က ထုတ်ပေးသော စံငှားရမ်းခ သက်သေခံလက်မှတ် ပူးတွဲမတင်ပြဘဲ တရားမမှုစွဲဆိုခြင်း မပြုနိုင်ပါ။
အိမ်ငှားမှလဲ နှင်လိုမှုတရားစွဲဆိုခံရသောအခါများတွင် ငှားရမ်းခကြွေးကျန်များနှင့် တရားစရိတ်များ ပေးချေပါမည်ဟု ကတိပြုပြီး ပုဒ်မ-၁၅ နှင့်အညီ ဒီကရီကို ဖျက်သိမ်းပေးပါရန်နှင့် ဆိုင်းငံ့ပေးပါရန် လျှောက် ထားနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေနှင့် စပ်လျဉ်း၍ အိမ်ရှင် အိမ်ငှားလိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။