ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
တထာဂတ် အဗ်တား တူးလ်စီ (Tathagat Avatar Tulsi) (မွေး-၁၉၈၇) သည် အိန္ဒိယ ရူပဗေဒ သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ယခင်က ကလေး ပါရမီရှင်၊ ဉာဏ်ကြီးရှင်အဖြစ် ကမ္ဘာတဝန်း ကျော်ကြားခဲ့သူ ဖြစ်သည်။
ယခုအခါတွင်မူ တူးလ်စီမှာ အလုပ်လက်မဲ့ဖြစ်နေသည်။ အလွန်ထက်မြက် တောက်ပခဲ့သော ရူပဗေဒပညာရှင် တစ်ဦးအတွက် မျှော်လင့်မထားသည့် အခြေအနေတစ်ရပ်ပင်။
တူးလ်စီကို ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၌ မွေးဖွားသည်။
တူးလ်စီသည် ၉ နှစ်သားအရွယ်တွင်ပင် အထက်တန်းကျောင်း ပြီးဆုံးခဲ့ကာ အသက် ၁၁ နှစ်သားအရွယ်တွင် BSc ဘွဲ့ရခဲ့ပြီး ၁၂ နှစ်သားအရွယ်တွင် Patna Science College မှ မဟာသိပ္ပံဘွဲ့ (MSc) ရခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ဘီဟာပြည်နယ်ဝန်ကြီးချုပ် လာလူး ပရာဆက် ယာဒက်ဗ် (Lalu Prasad Yadav) က ဉာဏ်ကြီးရှင်လေး တူးလ်စီကို ဂုဏ်ပြုသောအနေဖြင့် ဆုချီးမြှင့်ခဲ့သည်။
တူးလ်စီက ဝန်ကြီးချုပ်ချီးမြှင့်သော ငွေကို ငြင်းပယ်ခဲ့၏။
ထို့ကြောင့် ဝန်ကြီးချုပ်က တူးလ်စီကို ကွန်ပြူတာတစ်လုံး ဆုချီးမြှင့်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဂူဂျာရတ်ပြည်နယ်၏ ဝန်ကြီးချုပ် (နောင်အခါ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာ) နာရန်ဒရာ မိုဒီကလည်း ထူးချွန်ထက်မြက်လှသော တူးလ်စီကို ဆုချီးမြှင့်ခဲ့သည်။
ယင်းနောက် ဘင်္ဂလိုမြို့ရှိ အိန္ဒိယ သိပ္ပံအင်စတီကျု (IISc) တွင် PhD တန်းတက်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် PhD ရရှိခဲ့ပြီး ထိုအချိန်တွင် အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည်။
PhD ရပြီး တစ်နှစ်အကြာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လတွင် အိန္ဒိယ နည်းပညာတက္ကသိုလ် (IIT Bombay) တွင် တွဲဖက်ပါမောက္ခအဖြစ် စာချုပ်ဖြင့် ကမ်းလှမ်းခံရရာ တူးလ်စီက ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
တူးလ်စီသည် အိန္ဒိယဖွား အမေရိကန်နိုင်ငံသား ကွန်ပြူတာသိပ္ပံပညာရှင် Lov Grover နှင့်အတူ အမေရိကတွင် ၆ လကြာ သုတေသနလုပ်ခဲ့ဖူးသည်။
တူးလ်စီက Grover နှင့်ပူးပေါင်းပြီး Generalisation of the Quantum Search Algorithm ဟူသော စာတမ်းတစ်စောင် ပြုစုခဲ့သည်။
ယခုအခါ တူးလ်စီသည် အလုပ်ရရန် တရားရုံးတွင် တိုက်ပွဲဝင်နေရသည်။
တူးလ်စီသည် ဓာတ်မတည့်မှုကြောင့် အပြင်းအထန် ဖျားနာမှုဖြစ်ပေါ်ခဲ့ရာ တက္ကသိုလ်သို့ ၄ နှစ်ကြာ အလုပ်မသွားနိုင်ဘဲ ရှိခဲ့ပြီးနောက် ရာထူးမှ အထုတ်ခံလိုက်ရသည်။
တူးလ်စီက မိမိအား IIT Bombay မှ IIT Delhi သို့ ပြောင်းပေးရန် ဒေလီ တရားရုံးချုပ်တွင် ၂၀၂၃ နှစ်ကုန်ပိုင်းက တင်ပြထားသည်။
ETV Bharat သတင်းဌာနသို့ တူးလ်စီက ပြောသည်မှာ “၂၀၁၁ ခုနှစ်တုန်းက ကျွန်တော်အဖျားတွေ အရမ်းကြီးခဲ့တယ်။ စစ်ဆေးကြည့်လိုက်တော့ ဓာတ်မတည့်တာကြောင့်ဖြစ်တာ တွေ့ရပါတယ်။ ရောဂါက မသက်သာတာကြောင့် IIT Bombay ကနေ ၄ နှစ်ခွင့်ယူပြီး မွမ်ဘိုင်းကနေ ၂၀၁၃ ခုနှစ်မှာ ရွှေ့ပြောင်း ခဲ့ရပါတယ်။ မွမ်ဘိုင်းကို ကျွန်တော်ပြန်မသွားနိုင်တော့ပါဘူး။ ကျွန်တော့်ရဲ့ ဓာတ်မတည့်တဲ့ ရောဂါကြောင့်ပါ။ နောက်ဆုံး ၂၀၁၉ ခုနှစ်မှာ ကျွန်တော် အလုပ်က အထုတ်ခံရပါတယ်။ ကျန်းမာရေးကြောင့် မွမ်ဘိုင်းမှာ နေလို့ မဖြစ်နိုင်တဲ့အတွက် အထူးကိစ္စရပ်အနေနဲ့ ကျွန်တော့်ကို IIT Delhi ကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။” ဟု ပြောသည်။
“တိုင်းပြည် ပိုမိုတိုးတက်ဖို့အတွက် quantum computer နယ်ပယ်နဲ့ ပတ်သက်ပြီး ကျွန်တော် အလုပ်လုပ် ပေးချင်ပါတယ်။ ဒီအကြောင်းကို ကျွန်တော်လေ့လာနေတာ ကြာမြင့်ခဲ့ပါပြီ။ အသက် ၁၇ နှစ်သားကတည်းက Lov Grover ရဲ့ ကြီးကြပ်မှုနဲ့ အလုပ်တွေလုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ သုတေသန အလုပ်တွေက အစောပိုင်းမှာ အခြေအနေကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ကျန်းမာရေးကြောင့် မွမ်ဘိုင်းကနေ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ကျွန်တော့်သုတေသနအပေါ်မှာ အာရုံမစိုက်နိုင်ခဲ့ပါဘူး”
“ဒါပေမယ့် အခုချိန်မှာ quantum computer နယ်ပယ်နဲ့ ပတ်သက်ပြီး ကျွန်တော်မျှဝေပေးချင်ပါတယ်။ ကျွန်တော် ဒီနယ်ပယ် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်”
တချိန်က အာရှ၏ အထက်မြက်ဆုံး ဘုရားပေးသည့်လက်ဆောင် ကလေးငယ်များတွင် တစ်ဦးအပါအဝင်ဟု သတ်မှတ်ခံခဲ့ရသူ၊ Science မဂ္ဂဇင်းက Superteen ဟု ဖော်ပြခံရသူ၊ The Times မဂ္ဂဇင်းကြီးက Physics Prodigy ဟု ဖော်ပြခံခဲ့ရသူ၊ The Week က Master Mind ဟုဖော်ပြခံခဲ့ရသူ တူးလ်စီမှာ ယခုအခါ အလုပ်လက်မဲ့ ဖြစ်နေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် (၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet Indian genius who completed PhD at 21, became IIT professor at 22, was sacked from job after few years due to... (dnaindia, etvbharat, wikipedia)
[Zawgyi]
အိႏိၵယ ဥာဏ္ၾကီးရွင္လူငယ္ တူးလ္စီ အသက္ ၁၂ ႏွစ္အရြယ္တြင္ မဟာသိပၸံဘြဲ႔ရကာ အသက္ ၂၂ ႏွစ္တြင္ အိႏိၵယနည္းပညာတကၠသိုလ္၌ ပါေမာကၡျဖစ္လာခဲ့ေသာ္လည္း ယခုအခါ အလုပ္ရရန္ ၾကိဳးစားရုန္းကန္ေနရပံု
တထာဂတ္ အဗ္တား တူးလ္စီ (Tathagat Avatar Tulsi) (ေမြး-၁၉၈၇) သည္ အိႏိၵယ ရူပေဗဒ သိပၸံပညာရွင္တစ္ဦးျဖစ္ျပီး ယခင္က ကေလး ပါရမီရွင္၊ ဥာဏ္ၾကီးရွင္အျဖစ္ ကမၻာတဝန္း ေက်ာ္ၾကားခဲ့သူ ျဖစ္သည္။
ယခုအခါတြင္မူ တူးလ္စီမွာ အလုပ္လက္မဲ့ျဖစ္ေနသည္။ အလြန္ထက္ျမက္ ေတာက္ပခဲ့ေသာ ရူပေဗဒပညာရွင္ တစ္ဦးအတြက္ ေမွ်ာ္လင့္မထားသည့္ အေျခအေနတစ္ရပ္ပင္။
တူးလ္စီကို ၁၉၈၇ ခုႏွစ္တြင္ အိႏိၵယႏိုင္ငံ၊ ဘီဟာျပည္နယ္၌ ေမြးဖြားသည္။
တူးလ္စီသည္ ၉ ႏွစ္သားအရြယ္တြင္ပင္ အထက္တန္းေက်ာင္း ျပီးဆံုးခဲ့ကာ အသက္ ၁၁ ႏွစ္သားအရြယ္တြင္ BSc ဘြဲ႔ရခဲ့ျပီး ၁၂ ႏွစ္သားအရြယ္တြင္ Patna Science College မွ မဟာသိပၸံဘြဲ႔ (MSc) ရခဲ့သည္။
၁၉၉၄ ခုႏွစ္တြင္ ဘီဟာျပည္နယ္ဝန္ၾကီးခ်ဳပ္ လာလူး ပရာဆက္ ယာဒက္ဗ္ (Lalu Prasad Yadav) က ဥာဏ္ၾကီးရွင္ေလး တူးလ္စီကို ဂုဏ္ျပဳေသာအေနျဖင့္ ဆုခ်ီးျမွင့္ခဲ့သည္။
တူးလ္စီက ဝန္ၾကီးခ်ဳပ္ခ်ီးျမွင့္ေသာ ေငြကို ျငင္းပယ္ခဲ့၏။
ထို႔ေၾကာင့္ ဝန္ၾကီးခ်ဳပ္က တူးလ္စီကို ကြန္ျပဴတာတစ္လံုး ဆုခ်ီးျမွင့္ခဲ့သည္။
၂၀၁၂ ခုႏွစ္တြင္ ဂူဂ်ာရတ္ျပည္နယ္၏ ဝန္ၾကီးခ်ဳပ္ (ေနာင္အခါ အိႏိၵယဝန္ၾကီးခ်ဳပ္ျဖစ္လာ) နာရန္ဒရာ မိုဒီကလည္း ထူးခၽြန္ထက္ျမက္လွေသာ တူးလ္စီကို ဆုခ်ီးျမွင့္ခဲ့သည္။
ယင္းေနာက္ ဘဂၤလိုျမိဳ႕ရွိ အိႏိၵယ သိပၸံအင္စတီက်ဳ (IISc) တြင္ PhD တန္းတက္ခဲ့ျပီး ၂၀၀၉ ခုႏွစ္၊ ၾသဂုတ္လတြင္ PhD ရရွိခဲ့ျပီး ထိုအခ်ိန္တြင္ အသက္ ၂၁ ႏွစ္အရြယ္သာ ရွိေသးသည္။
PhD ရျပီး တစ္ႏွစ္အၾကာ ၂၀၁၀ ျပည့္ႏွစ္၊ ဇူလိုင္လတြင္ အိႏိၵယ နည္းပညာတကၠသိုလ္ (IIT Bombay) တြင္ တြဲဖက္ပါေမာကၡအျဖစ္ စာခ်ဳပ္ျဖင့္ ကမ္းလွမ္းခံရရာ တူးလ္စီက ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။
တူးလ္စီသည္ အိႏိၵယဖြား အေမရိကန္ႏိုင္ငံသား ကြန္ျပဴတာသိပၸံပညာရွင္ Lov Grover ႏွင့္အတူ အေမရိကတြင္ ၆ လၾကာ သုေတသနလုပ္ခဲ့ဖူးသည္။
တူးလ္စီက Grover ႏွင့္ပူးေပါင္းျပီး Generalisation of the Quantum Search Algorithm ဟူေသာ စာတမ္းတစ္ေစာင္ ျပဳစုခဲ့သည္။
ယခုအခါ တူးလ္စီသည္ အလုပ္ရရန္ တရားရံုးတြင္ တိုက္ပြဲဝင္ေနရသည္။
တူးလ္စီသည္ ဓာတ္မတည့္မႈေၾကာင့္ အျပင္းအထန္ ဖ်ားနာမႈျဖစ္ေပၚခဲ့ရာ တကၠသိုလ္သို႔ ၄ ႏွစ္ၾကာ အလုပ္မသြားႏိုင္ဘဲ ရွိခဲ့ျပီးေနာက္ ရာထူးမွ အထုတ္ခံလုိက္ရသည္။
တူးလ္စီက မိမိအား IIT Bombay မွ IIT Delhi သို႔ ေျပာင္းေပးရန္ ေဒလီ တရားရံုးခ်ဳပ္တြင္ ၂၀၂၃ ႏွစ္ကုန္ပိုင္းက တင္ျပထားသည္။
ETV Bharat သတင္းဌာနသို႔ တူးလ္စီက ေျပာသည္မွာ “၂၀၁၁ ခုႏွစ္တုန္းက ကၽြန္ေတာ္အဖ်ားေတြ အရမ္းၾကီးခဲ့တယ္။ စစ္ေဆးၾကည့္လိုက္ေတာ့ ဓာတ္မတည့္တာေၾကာင့္ျဖစ္တာ ေတြ႔ရပါတယ္။ ေရာဂါက မသက္သာတာေၾကာင့္ IIT Bombay ကေန ၄ ႏွစ္ခြင့္ယူျပီး မြမ္ဘိုင္းကေန ၂၀၁၃ ခုႏွစ္မွာ ေရႊ႕ေျပာင္း ခဲ့ရပါတယ္။ မြမ္ဘိုင္းကို ကၽြန္ေတာ္ျပန္မသြားႏိုင္ေတာ့ပါဘူး။ ကၽြန္ေတာ့္ရဲ႕ ဓာတ္မတည့္တဲ့ ေရာဂါေၾကာင့္ပါ။ ေနာက္ဆံုး ၂၀၁၉ ခုႏွစ္မွာ ကၽြန္ေတာ္ အလုပ္က အထုတ္ခံရပါတယ္။ က်န္းမာေရးေၾကာင့္ မြမ္ဘိုင္းမွာ ေနလို႔ မျဖစ္ႏိုင္တဲ့အတြက္ အထူးကိစၥရပ္အေနနဲ႔ ကၽြန္ေတာ့္ကို IIT Delhi ကို ေျပာင္းေရႊ႕ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။” ဟု ေျပာသည္။
“တိုင္းျပည္ ပိုမိုတိုးတက္ဖို႔အတြက္ quantum computer နယ္ပယ္နဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္ အလုပ္လုပ္ ေပးခ်င္ပါတယ္။ ဒီအေၾကာင္းကို ကၽြန္ေတာ္ေလ့လာေနတာ ၾကာျမင့္ခဲ့ပါျပီ။ အသက္ ၁၇ ႏွစ္သားကတည္းက Lov Grover ရဲ႕ ၾကီးၾကပ္မႈနဲ႔ အလုပ္ေတြလုပ္ခဲ့တယ္။ ကၽြန္ေတာ့္ရဲ႕ သုေတသန အလုပ္ေတြက အေစာပိုင္းမွာ အေျခအေနေကာင္းမြန္ခဲ့တယ္။ ဒါေပမယ့္ က်န္းမာေရးေၾကာင့္ မြမ္ဘိုင္းကေန ေျပာင္းေရႊ႕ခဲ့ျပီးေနာက္ပိုင္း ကၽြန္ေတာ့္သုေတသနအေပၚမွာ အာရံုမစိုက္ႏိုင္ခဲ့ပါဘူး”
“ဒါေပမယ့္ အခုခ်ိန္မွာ quantum computer နယ္ပယ္နဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္မွ်ေဝေပးခ်င္ပါတယ္။ ကၽြန္ေတာ္ ဒီနယ္ပယ္ ေျပာင္းလဲသြားေအာင္ လုပ္ေဆာင္ေပးႏိုင္ပါတယ္”
တခ်ိန္က အာရွ၏ အထက္ျမက္ဆံုး ဘုရားေပးသည့္လက္ေဆာင္ ကေလးငယ္မ်ားတြင္ တစ္ဦးအပါအဝင္ဟု သတ္မွတ္ခံခဲ့ရသူ၊ Science မဂၢဇင္းက Superteen ဟု ေဖာ္ျပခံရသူ၊ The Times မဂၢဇင္းၾကီးက Physics Prodigy ဟု ေဖာ္ျပခံခဲ့ရသူ၊ The Week က Master Mind ဟုေဖာ္ျပခံခဲ့ရသူ တူးလ္စီမွာ ယခုအခါ အလုပ္လက္မဲ့ ျဖစ္ေနသည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္ (၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Meet Indian genius who completed PhD at 21, became IIT professor at 22, was sacked from job after few years due to... (dnaindia, etvbharat, wikipedia)