အလုပ်တစ်ခုတွင် မည်မျှ အတွေ့အကြုံရှိသည်ဖြစ်စေ ဝါသနာမပါလျှင် အောင်မြင်မှု မရနိုင်ကြောင်း အမေရိကန်ဘီလျံနာ Jay Chaudhry ပြောကြား
အလုပ်တစ်ခုတွင် မည်မျှ အတွေ့အကြုံရှိသည်ဖြစ်စေ ဝါသနာမပါလျှင် အောင်မြင်မှု မရနိုင်ကြောင်း အမေရိကန်ဘီလျံနာ Jay Chaudhry ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
26 Sep 2024 10:09 am တွင် တင်ခဲ့သည်
403 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဂျေး ချောက်ဒရီ (မွေး ၁၉၅၈) သည် အိန္ဒိယဖွား အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဖြစ်ပြီး Cloud security ကုမ္ပဏီ Zscaler ကို တည်ထောင်သူ၊ စီအီးအို ဖြစ်သည်။
အသက် ၆၆ နှစ်ရှိပြီဖြစ်သူ ဂျေး ချောက်ဒရီသည် သူ၏ ပထမဆုံးကုမ္ပဏီ SecureIT ကို ဇနီးနှင့်အတူ ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
၁၉၉၈ ခုနှစ်တွင် အဆိုပါကုမ္ပဏီကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ရောင်းထုတ်ခဲ့သည်။
ယင်းနောက် AirDefense, Cipher Trust နှင့် CoreHarbor ဟူသော ကုမ္ပဏီ ၃ ခု ထပ်မံ တည်ထောင်ခဲ့ပြီး နောက်ဆုံးတွင် အားလုံးကို ရောင်းချခဲ့ပြန်သည်။
၂၀၀၈ ခုနှစ်တွင်ကား သူ၏ လက်ရှိလည်ပတ်လုပ်ကိုင်နေသော cybersecurity ကုမ္ပဏီ Zscaler ကို တည်ထောင်ခဲ့ပြီး စီအီးအိုအဖြစ် ဦးဆောင်နေသည်။
ပြီးခဲ့သော ရက်သတ္တပတ်အချက်အလက်များအရ Zscaler ၏ ဈေးကွက်တန်ကြေးမှာ ကန်ဒေါ်လာ ၂၅ ဒသမ ၃၁ ဘီလီယံရှိသည်ဟု ဆိုသည်။
ချောက်ဒရီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံခန့်ရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ခန့်မှန်းထား သည်။
အောင်မြင်မှုသို့ ပို့ဆောင်ပေးမည့် လက္ခဏာရပ်နှင့် စပ်လျဉ်းပြီး ချောက်ဒရီက ပြောသည်မှာ ထက်သန်သော ဝါသနာဖြစ်ကြောင်း ပြောသည်။
အထူးသဖြင့် အဓိပ္ပာယ်ရှိသော တစုံတရာ အထမြောက်လိုသည့် ဝါသနာဖြစ်ကြောင်း ချောက်ဒရီက ပြောသည်။
((ဝါသနာ၏ အရေးပါပုံ)) မိမိလုပ်ဆောင်နေရသော အလုပ်အပေါ် ဝါသနာပါလျှင် လုပ်ရသည်မှာ ပိုမိုလွယ်ကူလာသည်။
“ဒါလုပ်ရတာ ကျေနပ်ပျော်ရွှင်နေတာကြောင့် ပိုပြီးကြိုးစားဖို့ တက်ကြွတဲ့စိတ်ရှိစေပါတယ်။ ရလဒ်တွေလည်း ပိုကောင်းလာတယ်။ ရလဒ်တွေကောင်းလာတာကြောင့် ရှေ့ကို ပိုရောက်စေပါတယ်။ ဒါဟာ အောင်မြင်မှုရဲ့ domino effect ပါပဲ။”
ချောက်ဒရီအတွက်မူ ပြင်းပြသောဝါသနာမှာ တစုံတခုကို တည်ထောင်ရခြင်း (သို့မဟုတ်) ကုမ္ပဏီများစွာ တည်ထောင်ရခြင်းမှ အခြေတည်ကြောင်း ၎င်းက ပြောသည်။
ထွန်းသစ်စ ကုမ္ပဏီများကို အခြေတည်ပေးပြီး ထိုကုမ္ပဏီများ၏ ကြီးထွားအောင်မြင်လာမှု ကြည့်နေရသည့် အပေါ် ချောက်ဒရီ အလွန်နှစ်သက်မြတ်နိုးသည်။
((ဝါသနာမရှိလျှင် အတွေ့အကြုံမည်မျှရှိသည်ဖြစ်စေ အလုပ်မဖြစ်))
“လူတွေမှာ ဝါသနာမရှိဘူးဆိုရင် ဘယ်အလုပ်ဖြစ်ဖြစ်၊ အလုပ်အတွေ့အကြုံ ဘယ်လောက်ရှိရှိ အလုပ်မဖြစ် ပါဘူး။”
“ပြဿနာတွေဖြေရှင်းဖို့၊ ရှေ့ဆက်သွားဖို့ မောင်းနှင်အား ရှိလိ့မ်မှာ မဟုတ်ပါဘူး။ အလုပ်တွေ ဆက်လုပ်နေဖို့ အတွက် စိတ်လှုပ်ရှားမှုလည်း ရှိလိမ့်မှာ မဟုတ်ဘူး။ ဝါသနာမရှိဘဲ ထိုင်လုပ်နေရတဲ့အလုပ်ဟာ စိတ်ကျေနပ် စရာ နည်းပါးမှုနဲ့ပဲ အဆုံးသတ်ပါလိမ့်မယ်” ချောက်ဒရီက ဝန်ထမ်းခေါ်ယူရာတွင် ၎င်းတို့မည်မျှလေ့လာထားသည်ကို အဓိကအာရုံစိုက်သည်။
၎င်းတို့ မည်မျှဝါသနာရှိသည်ကို ဖော်ထုတ်နိုင်မည့် မေးခွန်းများ မေးမြန်း၏။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 66-year-old billionaire says there's 1 trait it takes to succeed: 'It doesn't matter how much experience they have' (cnbc)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
Property & Car - Christmas
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service