ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
((ရူးပတ်မားဒေါ့ ဘယ်သူလဲ))
ရူးပတ်မားဒေါ့ (မွေး ၁၉၃၁) သည် သြစတေးလျဖွား၊ အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်၊ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဖြစ်သည်။
News Corp ဟု ရေးသားလေ့ရှိသော News Corporation ကို ပိုင်ဆိုင်ထားပြီး News Corp ၏ လက်အောက် တွင် သတင်းမီဒီယာများစွာရှိရာ ဗြိတိန်တွင် The Sun နှင့် The Times ၊ သြစတေးလျတွင် Daily Telegraph, Herald Sun နှင့် The Australian ၊ အမေရိကန်တွင် Wall Street Journal နှင့် New York Post ၊ အိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သော Realtor.com အစရှိသည်တို့အပြင် အခြား သတင်းဌာနများစွာကို ပိုင်ဆိုင်ထားသည်။
ရုပ်သံဌာနများအနေဖြင့် Sky News Australia နှင့် Fox News တို့ ပိုင်ဆိုင်ထားပြီး 21st Century Fox ရုပ်ရှင် ထုတ်လုပ်ရေးကိုလည်း ၂၀၁၉ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။
ရူးပတ်မားဒေါ့သည် အမေရိကန်တွင် ၃၁ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။
(ရူးပတ်မားဒေါ့၏ အိမ်ထောင်ဆက်များ) ၁။ ၁၉၅၈- Patricia Booker (မဲလ်ဘုန်းမှ လေယာဉ်မယ်) နှင့် လက်ထပ် ၊၁၉၆၇ တွင် ကွာရှင်း။
၂။ ၁၉၆၇- Anna Tory (သတင်းထောက်) နှင့်လက်ထပ် ၊ ၁၉၉၉ တွင် ကွာရှင်း။
၃။ ၁၉၉၉- Wendi Deng (ရူးပတ်မားဒေါ့ပိုင် STAR TV မှ ဒုတိယဥက္ကဌ) နှင့် လက်ထပ်၊ ၂၀၁၃ ကွာရှင်း။
၄။ ၂၀၁၆- Jerry Hall (မော်ဒယ်ဟောင်း) နှင့် လက်ထပ်၊ ၂၀၂၂ ကွာရှင်း။
၅။ ၂၀၂၃- Ann Lesley Smith နှင့် စေ့စပ်၊ ရက်သတ္တ ၂ ပတ်အကြာတွင် ရူးပတ်မားဒေါ့က စေ့စပ်မှု ဖျက်သိမ်း။
၂၀၂၄-ဇွန်လတွင် ရုရှား ဇီဝဗေဒပညာရှင် အယ်လီနာ ရှုကဗာ (Elena Zhukova) နှင့် စေ့စပ်၊ ဇွန်လတွင် မားဒေါ့၏ ကယ်လီဖိုးနီးယား စံအိမ်တွင် လက်ထပ်
((ဒေါ်လာ သန်း ၁၀၀ စီ ကန်တော့ရန် ပြောခဲ့))
ရူးပတ်မားဒေါ့သည် ၎င်းဖြတ်သန်းခဲ့သည့် လုပ်ငန်းနယ်ပယ်တွင် ထပ်တူလျှောက်လှမ်းနေကြသည့် သားသမီးများကို အဆုံးစွန် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။
၂၀၁၉ ခုနှစ် နွေဦးပေါက်တွင် Fox entertainment ၏ ရှယ်ယာများကို Disney ထံရောင်းချခဲ့ပြီးနောက် ရူးပတ်မားဒေါ့က သားသမီးများအနက်မှ အကြီးဆုံး ၄ ဦးကို ၎င်းတို့ရသောငွေများအနက်မှ မိမိကို ဒေါ်လာ သန်း ၁၀၀ ထက်မနည်း ပေးကြရန် တောင်းဆိုခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။
ရူးပတ်မားဒေါ့၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၄ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။
The Fox ကို ရောင်းချရာတွင် ရရှိခဲ့သော ကန်ဒေါ်လာ ၁၂ ဘီလီယံကို ရူးပတ်မားဒေါ့၏ သားသမီးများ ခွဲဝေ ရယူခဲ့ကြခြင်း ဖြစ်သည်။
ရူးပတ်မားဒေါ့ ပြောဆိုခဲ့သော ၄ ဦးအနက် ၃ ဦးကသာ လိုက်နာခဲ့ကြသည်။
Lachlan, Elisabeth နှင့် Prudence တို့အသီးသီးက လေးစားမှု ပြသသောအနေဖြင့် ငွေကြေးကန်တော့ခဲ့ကြ ကြောင်း WSJ က ဖော်ပြသည်။
သို့သော် ဖခင်နှင့် နိုင်ငံရေး၊ စီးပွားရေးတို့တွင် အမြင်မတူမှုများအတွက် မကြာခဏ အငြင်းအခုံဖြစ်လေ့ရှိခဲ့သူ James (၄ ဦးအနက် အငယ်ဆုံး) ကမူ ငွေကန်တော့ရန် ငြင်းဆိုခဲ့သည်။
ရူးပတ်မားဒေါ့က အကြီးဆုံးသား Lachlan ကို အချစ်ဆုံးဖြစ်သည်ဟု ဆိုသည်။
ရူးပတ်မားဒေါ့က ၎င်းကွယ်လွန်လျှင် မီဒီယာ အင်ပါယာကြီးတစ်ခုလုံးကို Lachlan အား အမွေပေးခဲ့လိုသည်။
မားဒေါ့မိသားစုသည် Fox Corp နှင့် News Corp ၂ ခုလုံးကို ထိန်းချုပ်ပိုင်ဆိုင်ထားသည်။
Fox ၏ လက်အောက်တွင် Fox News, Fox ရုပ်သံဌာန ၂၉ ခုလုံး၊ Fox Sports နှင့် အခြားသော Fox ၏ လုပ်ငန်းခွဲများရှိသည်။
News Corp ၏ အောက်တွင် ကမ္ဘာကျော်သတင်းမီဒီယာဌာန များစွာရှိပြီး WSJ, The Times , New York Post နှင့် လက်ယာယိမ်း သတင်းစာများစွာရှိသည်။
Lachlan သည် လက်ရှိအားဖြင့် Fox Corp ၏ အမှုဆောင်ဥက္ကဌ၊ စီအီးအိုအဖြစ် ဆောင်ရွက်နေသည်။
အခြား ညီအစ်ကိုမောင်နှမများနှင့် ကွဲပြားသည့်အချက်မှာ Lachlan က ဖခင်ကြီးနှင့် နိုင်ငံရေး အမြင်တူသည်။
((James နှင့် ဇာတ်လမ်း))
James သည် 21st Century Fox တွင် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အထိ စီအီးအိုတာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း၌ ဖခင်၏ မီဒီယာအင်ပါယာကြီးနှင့် ဝေးဝေးတွင်သာ နေနေသည်။
၂၀၂၀ ပြည့်နှစ်တွင် News Corp ၏ ဘုတ်အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။
“ဘုတ်အဖွဲ့မှာ ကျွန်တော်ဟာ ကိုယ့်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး မသက်မသာခံစားရမှု တော်တော် ကြီးထွားလာတယ်။ တချို့ဆုံးဖြတ်ချက်တွေအပေါ် သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်” ဟု James က The Independent သတင်းဌာနသို့ ပြောခဲ့သည်။
“ဒါကြောင့် ကိုယ့်ကိုယ်ကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့အနေအထားရွေးချယ်ရတာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် မဟုတ်ခဲ့ပါဘူး”
James နှင့် သူ၏ဖခင်အကြား သဘောထားကွဲလွဲမှုမှာ အလွန်ကြီးမားခဲ့ပြီး ရူးပတ်မားဒေါ့ကလည်း ၎င်းကွယ်လွန်လျှင် သူ၏ စီးပွားရေးအင်ပါယာကို သားကြီးကိုသာ ဆက်ခံစေလိုသည်။
ထိုဆုံးဖြတ်ချက်ကို James က လက်မခံ။
James က မိမိဘက်တွင် Elazabeth နှင့် Prudence တို့ရှိကြောင်း ပြောသည်ဟု WSJ က ဖော်ပြသည်။
ရူးပတ်မားဒေါ့၏ မီဒီယာအင်ပါယာ အရိုက်အရာဆက်ခံရေးနှင့်စပ်လျဉ်းပြီး အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်ရှိ တရားရုံးတွင် ကြားနာစစ်ဆေးရန် ရှိနေသည်။
တံခါးပိတ်စစ်ဆေးမှုဖြစ်သောကြောင့် တရားရုံးစာရွက်စာတမ်းများ ကြည့်ရှုခွင့် မရချေ။
တရားရုံးတွင် ရူးပတ်မားဒေါ့နှင့် Lachlan တို့သားအဖ အနိုင်ရမည်ဆိုပါက Lachlan အနေဖြင့် ဖခင်ကြီး နှစ်ပေါင်းများစွာ လိုလားခဲ့သည့်အတိုင်း အရိုက်အရာဆက်ခံနိုင်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနာဂတ်အတွက် ၎င်း၏ အစီအစဉ်မည်သို့ ရှိသည်ဖြစ်စေ ရှယ်ယာရှင်များက လက်ခံကြမည်ဖြစ်ကြောင်း WSJ က ဖော်ပြသည်။
အကယ်၍ ရူးပတ်မားဒေါ့တို့ သားအဖ အရေးနိမ့်ခဲ့မည်ဆိုပါက ကုမ္ပဏီ၏ အရေးပါသော ဆုံးဖြတ်ချက်များအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာနိုင်သည်။
၎င်းတို့မွေးချင်းများမှာ အချင်းချင်း မတည့်ကြ။
အထူးသဖြင့် ကမ္ဘာ့အမြင်နှင့်စပ်လျဉ်းပြီး သဘောထားကွဲပြားကြသည်။
ထိုအခြေအနေက ကုမ္ပဏီ၏ မဟာဗျူဟာမြောက်လားရာကို ချိနဲ့သွားစေနိုင်ကြောင်း ရှယ်ယာရှင်များထံ ပေးစာတွင် ဖော်ပြခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rupert Murdoch demanded his kids give him $100 million each as a sign of respect (fortune)
[Zawgyi]
အသက္ ၉၃ ႏွစ္အရြယ္တြင္ ၅ ၾကိမ္ေျမာက္လက္ထပ္ခဲ့ေသာ ကမၻာေက်ာ္သူေဌးၾကီး ရူးပတ္မားေဒါ့က ၎အား ေလးစားမႈ ျပသေသာအေနျဖင့္ ေဒၚလာ သန္း ၁၀၀ စီ ကန္ေတာ့ၾကရန္ သားသမီးမ်ားကိုေျပာခဲ့၊ ၃ ဦးကသာ လိုက္နာျပီး တစ္ဦးက မေပး
((ရူးပတ္မားေဒါ့ ဘယ္သူလဲ))
ရူးပတ္မားေဒါ့ (ေမြး ၁၉၃၁) သည္ ၾသစေတးလ်ဖြား၊ အေမရိကန္လူမ်ဳိး စီးပြားေရးလုပ္ငန္းရွင္၊ မီဒီယာ လုပ္ငန္းရွင္ သူေဌးၾကီး ျဖစ္သည္။
News Corp ဟု ေရးသားေလ့ရွိေသာ News Corporation ကို ပိုင္ဆိုင္ထားျပီး News Corp ၏ လက္ေအာက္ တြင္ သတင္းမီဒီယာမ်ားစြာရွိရာ ျဗိတိန္တြင္ The Sun ႏွင့္ The Times ၊ ၾသစေတးလ်တြင္ Daily Telegraph, Herald Sun ႏွင့္ The Australian ၊ အေမရိကန္တြင္ Wall Street Journal ႏွင့္ New York Post ၊ အိမ္ျခံေျမ ဝက္ဘ္ဆိုက္ျဖစ္ေသာ Realtor.com အစရွိသည္တို႔အျပင္ အျခား သတင္းဌာနမ်ားစြာကို ပိုင္ဆိုင္ထားသည္။
ရုပ္သံဌာနမ်ားအေနျဖင့္ Sky News Australia ႏွင့္ Fox News တို႔ ပိုင္ဆိုင္ထားျပီး 21st Century Fox ရုပ္ရွင္ ထုတ္လုပ္ေရးကိုလည္း ၂၀၁၉ ခုႏွစ္အထိ ပိုင္ဆိုင္ခဲ့သည္။
ရူးပတ္မားေဒါ့သည္ အေမရိကန္တြင္ ၃၁ ဦးေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ ျဖစ္သည္။
(ရူးပတ္မားေဒါ့၏ အိမ္ေထာင္ဆက္မ်ား) ၁။ ၁၉၅၈- Patricia Booker (မဲလ္ဘုန္းမွ ေလယာဥ္မယ္) ႏွင့္ လက္ထပ္ ၊၁၉၆၇ တြင္ ကြာရွင္း။
၂။ ၁၉၆၇- Anna Tory (သတင္းေထာက္) ႏွင့္လက္ထပ္ ၊ ၁၉၉၉ တြင္ ကြာရွင္း။
၃။ ၁၉၉၉- Wendi Deng (ရူးပတ္မားေဒါ့ပိုင္ STAR TV မွ ဒုတိယဥကၠဌ) ႏွင့္ လက္ထပ္၊ ၂၀၁၃ ကြာရွင္း။
၄။ ၂၀၁၆- Jerry Hall (ေမာ္ဒယ္ေဟာင္း) ႏွင့္ လက္ထပ္၊ ၂၀၂၂ ကြာရွင္း။
၅။ ၂၀၂၃- Ann Lesley Smith ႏွင့္ ေစ့စပ္၊ ရက္သတၱ ၂ ပတ္အၾကာတြင္ ရူးပတ္မားေဒါ့က ေစ့စပ္မႈ ဖ်က္သိမ္း။
၂၀၂၄-ဇြန္လတြင္ ရုရွား ဇီဝေဗဒပညာရွင္ အယ္လီနာ ရွဳကဗာ (Elena Zhukova) ႏွင့္ ေစ့စပ္၊ ဇြန္လတြင္ မားေဒါ့၏ ကယ္လီဖုိးနီးယား စံအိမ္တြင္ လက္ထပ္
((ေဒၚလာ သန္း ၁၀၀ စီ ကန္ေတာ့ရန္ ေျပာခဲ့))
ရူးပတ္မားေဒါ့သည္ ၎ျဖတ္သန္းခဲ့သည့္ လုပ္ငန္းနယ္ပယ္တြင္ ထပ္တူေလွ်ာက္လွမ္းေနၾကသည့္ သားသမီးမ်ားကို အဆံုးစြန္ စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့သည္။
၂၀၁၉ ခုႏွစ္ ေႏြဦးေပါက္တြင္ Fox entertainment ၏ ရွယ္ယာမ်ားကို Disney ထံေရာင္းခ်ခဲ့ျပီးေနာက္ ရူးပတ္မားေဒါ့က သားသမီးမ်ားအနက္မွ အၾကီးဆံုး ၄ ဦးကို ၎တို႔ရေသာေငြမ်ားအနက္မွ မိမိကို ေဒၚလာ သန္း ၁၀၀ ထက္မနည္း ေပးၾကရန္ ေတာင္းဆိုခဲ့ေၾကာင္း Wall Street Journal က ေဖာ္ျပခဲ့သည္။
ရူးပတ္မားေဒါ့၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀ ဒသမ ၄ ဘီလီယံခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။
The Fox ကို ေရာင္းခ်ရာတြင္ ရရွိခဲ့ေသာ ကန္ေဒၚလာ ၁၂ ဘီလီယံကို ရူးပတ္မားေဒါ့၏ သားသမီးမ်ား ခြဲေဝ ရယူခဲ့ၾကျခင္း ျဖစ္သည္။
ရူးပတ္မားေဒါ့ ေျပာဆိုခဲ့ေသာ ၄ ဦးအနက္ ၃ ဦးကသာ လိုက္နာခဲ့ၾကသည္။
Lachlan, Elisabeth ႏွင့္ Prudence တို႔အသီးသီးက ေလးစားမႈ ျပသေသာအေနျဖင့္ ေငြေၾကးကန္ေတာ့ခဲ့ၾက ေၾကာင္း WSJ က ေဖာ္ျပသည္။
သို႔ေသာ္ ဖခင္ႏွင့္ ႏိုင္ငံေရး၊ စီးပြားေရးတို႔တြင္ အျမင္မတူမႈမ်ားအတြက္ မၾကာခဏ အျငင္းအခံုျဖစ္ေလ့ရွိခဲ့သူ James (၄ ဦးအနက္ အငယ္ဆံုး) ကမူ ေငြကန္ေတာ့ရန္ ျငင္းဆိုခဲ့သည္။
ရူးပတ္မားေဒါ့က အၾကီးဆံုးသား Lachlan ကို အခ်စ္ဆံုးျဖစ္သည္ဟု ဆိုသည္။
ရူးပတ္မားေဒါ့က ၎ကြယ္လြန္လွ်င္ မီဒီယာ အင္ပါယာၾကီးတစ္ခုလံုးကို Lachlan အား အေမြေပးခဲ့လိုသည္။
မားေဒါ့မိသားစုသည္ Fox Corp ႏွင့္ News Corp ၂ ခုလံုးကို ထိန္းခ်ဳပ္ပိုင္ဆိုင္ထားသည္။
Fox ၏ လက္ေအာက္တြင္ Fox News, Fox ရုပ္သံဌာန ၂၉ ခုလံုး၊ Fox Sports ႏွင့္ အျခားေသာ Fox ၏ လုပ္ငန္းခြဲမ်ားရွိသည္။
News Corp ၏ ေအာက္တြင္ ကမၻာေက်ာ္သတင္းမီဒီယာဌာန မ်ားစြာရွိျပီး WSJ, The Times , New York Post ႏွင့္ လက္ယာယိမ္း သတင္းစာမ်ားစြာရွိသည္။
Lachlan သည္ လက္ရွိအားျဖင့္ Fox Corp ၏ အမႈေဆာင္ဥကၠဌ၊ စီအီးအိုအျဖစ္ ေဆာင္ရြက္ေနသည္။
အျခား ညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ ကြဲျပားသည့္အခ်က္မွာ Lachlan က ဖခင္ၾကီးႏွင့္ ႏိုင္ငံေရး အျမင္တူသည္။
((James ႏွင့္ ဇာတ္လမ္း))
James သည္ 21st Century Fox တြင္ ၂၀၁၅ မွ ၂၀၁၉ ခုႏွစ္အထိ စီအီးအိုတာဝန္ ထမ္းေဆာင္ျပီးေနာက္ပိုင္း၌ ဖခင္၏ မီဒီယာအင္ပါယာၾကီးႏွင့္ ေဝးေဝးတြင္သာ ေနေနသည္။
၂၀၂၀ ျပည့္ႏွစ္တြင္ News Corp ၏ ဘုတ္အဖြဲ႔မွ ႏႈတ္ထြက္ခဲ့သည္။
The Independent သတင္းဌာနက ထုိႏွစ္အတြင္း ေရးသားေဖာ္ျပခဲ့မႈအရ News Corp တြင္ ထိုႏွစ္က အလုပ္လုပ္ကိုင္ရမႈ အေျခအေန အဖုအထစ္မ်ားရွိေနခဲ့ျပီး James ႏွင့္ သူ၏ဖခင္အၾကား ခပ္တန္းတန္းျဖစ္သြား ခဲ့သည္ဟု ဆိုသည္။
“ဘုတ္အဖြဲ႔မွာ ကၽြန္ေတာ္ဟာ ကိုယ့္ရဲ႕ အေနအထားနဲ႔ ပတ္သက္ျပီး မသက္မသာခံစားရမႈ ေတာ္ေတာ္ ၾကီးထြားလာတယ္။ တခ်ဳိ႕ဆံုးျဖတ္ခ်က္ေတြအေပၚ သေဘာထားကြဲလြဲမႈေတြ ရွိခဲ့ပါတယ္” ဟု James က The Independent သတင္းဌာနသို႔ ေျပာခဲ့သည္။
“ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ဖယ္ရွားျပီး ပိုမိုေကာင္းမြန္တဲ့အေနအထားေရြးခ်ယ္ရတာဟာ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ မဟုတ္ခဲ့ပါဘူး”
James ႏွင့္ သူ၏ဖခင္အၾကား သေဘာထားကြဲလြဲမႈမွာ အလြန္ၾကီးမားခဲ့ျပီး ရူးပတ္မားေဒါ့ကလည္း ၎ကြယ္လြန္လွ်င္ သူ၏ စီးပြားေရးအင္ပါယာကို သားၾကီးကိုသာ ဆက္ခံေစလိုသည္။
ထိုဆံုးျဖတ္ခ်က္ကို James က လက္မခံ။
James က မိမိဘက္တြင္ Elazabeth ႏွင့္ Prudence တို႔ရွိေၾကာင္း ေျပာသည္ဟု WSJ က ေဖာ္ျပသည္။
ရူးပတ္မားေဒါ့၏ မီဒီယာအင္ပါယာ အရိုက္အရာဆက္ခံေရးႏွင့္စပ္လ်ဥ္းျပီး အေမရိကန္ျပည္ေထာင္စု၊ နီဗားဒါးျပည္နယ္ရွိ တရားရံုးတြင္ ၾကားနာစစ္ေဆးရန္ ရွိေနသည္။
တံခါးပိတ္စစ္ေဆးမႈျဖစ္ေသာေၾကာင့္ တရားရံုးစာရြက္စာတမ္းမ်ား ၾကည့္ရႈခြင့္ မရေခ်။
တရားရံုးတြင္ ရူးပတ္မားေဒါ့ႏွင့္ Lachlan တို႔သားအဖ အႏိုင္ရမည္ဆိုပါက Lachlan အေနျဖင့္ ဖခင္ၾကီး ႏွစ္ေပါင္းမ်ားစြာ လိုလားခဲ့သည့္အတိုင္း အရိုက္အရာဆက္ခံႏိုင္မည္ျဖစ္ေၾကာင္း၊ ကုမၸဏီအနာဂတ္အတြက္ ၎၏ အစီအစဥ္မည္သို႔ ရွိသည္ျဖစ္ေစ ရွယ္ယာရွင္မ်ားက လက္ခံၾကမည္ျဖစ္ေၾကာင္း WSJ က ေဖာ္ျပသည္။
အကယ္၍ ရူးပတ္မားေဒါ့တို႔ သားအဖ အေရးနိမ့္ခဲ့မည္ဆိုပါက ကုမၸဏီ၏ အေရးပါေသာ ဆံုးျဖတ္ခ်က္မ်ားအေပၚ ၾကီးမားသည့္ သက္ေရာက္မႈမ်ား ရွိလာႏိုင္သည္။
၎တို႔ေမြးခ်င္းမ်ားမွာ အခ်င္းခ်င္း မတည့္ၾက။
အထူးသျဖင့္ ကမၻာ့အျမင္ႏွင့္စပ္လ်ဥ္းျပီး သေဘာထားကြဲျပားၾကသည္။
ထိုအေျခအေနက ကုမၸဏီ၏ မဟာဗ်ဴဟာေျမာက္လားရာကို ခ်ိနဲ႔သြားေစႏိုင္ေၾကာင္း ရွယ္ယာရွင္မ်ားထံ ေပးစာတြင္ ေဖာ္ျပခဲ့သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Rupert Murdoch demanded his kids give him $100 million each as a sign of respect (fortune)