Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင့်သုံးခဲ့ပြီး ကုမ္ပဏီ ကြီးပွားအောင်မြင်လာစေရန် အထောက်အကူပြုခဲ့
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင့်သုံးခဲ့ပြီး ကုမ္ပဏီ ကြီးပွားအောင်မြင်လာစေရန် အထောက်အကူပြုခဲ့ - Property News in Myanmar from iMyanmarHouse.com
25 Sep 2024 12:32 pm တွင် တင်ခဲ့သည်
577 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Amazon.com Inc. ကို တည်ထောင်သူ၊ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ် (Jeff Bezos) ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀၉ ဘီလီယံ ရှိသည်။
ဂျက်ဘေးဇော့စ်သည် e-commerce ထိပ်သီး Amazon ကို တည်ထောင်ရာတွင် customer များ စိတ်ကျေနပ်မှု ရရှိစေရေးကို သော့ချက်မဟာဗျူဟာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။
((ဘာတွေဖြစ်လာလဲ))
Customer တို့ တွေ့ကြုံရသော Bezos Effect မှာ ငြင်းပယ်မရနိုင်သော သက်သေတစ်ခုဖြစ်၏။
Customer ဗဟိုပြုမှုနှင့် ထိုအကြောင်းကို ဦးစားပေးမှုတို့နှင့် စပ်လျဉ်းပြီး ဂျက်ဘေးဇော့စ်ထက် သာလွန်သူ အနည်းငယ်မျှသာ ရှိနိုင်သည်။
ဂျက်ဘေးဇော့စ်သည် ကုမ္ပဏီ၏ အစည်းအဝေးများတွင် ထိုင်ခုံလွတ်တစ်လုံး ထားရှိလေ့ရှိပြီး ထိုထိုင်ခုံကို customer အဖြစ် သတ်မှတ်ကာ အစည်းအဝေးခန်းအတွင်း အရေးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။
“ပြင်ပ ကမ္ဘာမှာ customer တစ်ယောက်ကို စိတ်ပျက်အောင် လုပ်လိုက်မိရင် သူ့ရဲ့ မိတ်ဆွေ ၆ ယောက်ဆီကို သတင်းရောက်သွားမယ်။ အင်တာနက်မှာ customer ကို စိတ်ပျက်အောင် လုပ်မိရင်တော့ သူ့ မိတ်ဆွေ သူငယ်ချင်း အယောက် ၆၀၀၀ ဆီကို သတင်းပျံ့သွားမယ်” ဟု ဂျက်ဘေးဇော့စ် တခါက ပြောဖူးသည်။
ဂျက်ဘေးဇော့စ်၏ ‘Customer ပထမ’ မူဝါဒက Amazon ကို အကြီးအကျယ် အကျိုးရှိစေခဲ့ခြင်းအပေါ် ငြင်းချက်ထုတ်ရန် ခက်လှသည်။
ယခုသတင်းရေးသားနေချိန်တွင် Amazon ၏ ဈေးကွက်တန်ကြေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၀၂ ထရီလီယံ ရှိပြီး Apple, Microsoft, Nvidia နှင့် Alphabet တို့ပြီးလျှင် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် တန်ကြေးအကြီးဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေသည်။
((ဘာကြောင့် အရေးကြီးတာလဲ))
အမေရိကန် customer စိတ်ကျေနပ်မှု ညွှန်းကိန်း (ACSI) အရ Amazon ၏ e-commerce ဝက်ဘ်ဆိုက်သည် ၂၀၂၃ ခုနှစ်အတွင်း အမှတ် ၁၀၀ ပေးသည့်အနက် ၈၃ မှတ်အထိ ရရှိခဲ့သည်။
သို့သော် Amazon ၏ ရမှတ်များမှာ အတက်အကျ အမျိုးမျိုးရှိခဲ့သည်။
၂၀၀၂၊ ၂၀၀၃၊ ၂၀၀၇ နှင့် ၂၀၁၃ ခုနှစ်တို့တွင် ရမှတ် ၈၈ မှတ်ဖြင့် အမှတ်အများဆုံး ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်မူ ရမှတ် ၇၈ မှတ်ဖြင့် အမှတ်အနည်းဆုံးနှစ် ဖြစ်ခဲ့သည်။
(ဓာတ်ပုံ-Statista)
e-commerce နယ်ပယ်တွင် Amazon ၏ လွှမ်းမိုးထားနိုင်မှုမှာ ထင်ရှားနေဆဲပင်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အချက်အလက်များအရ Amazon.com သည် တစ်ကမ္ဘာလုံးတွင် လူသုံးအများဆုံး၊ ဈေးဝယ်မှု အများဆုံး e-commerce ဝက်ဘ်ဆိုက်အဖြစ် ရပ်တည်ခဲ့သည်။
Amazon သည် ဝက်ဘ်ဆိုက် သုံးစွဲမှုတွင် ဈေးကွက်ဝေစု ၁၄ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ရရှိထားရာ ၎င်း၏ ပြိုင်ဖက်များဖြစ်သော eBay (၃ ရာခိုင်နှုန်း) ၊ Amazon ၏ ဂျပန်ဝက်ဘ်ဆိုက်ဖြစ်သော amazon.co.jp (၂ ဒသမ ၆၆ ရာခိုင်နှုန်း) တို့ထက် အပြတ်အသတ် သာလွန်ခဲ့သည်။
(ဓာတ်ပုံ-Statista)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos Had A Habit Of Keeping An Empty Chair For The Most Important Person In The Room At Company Meetings: This Strategy Helped The Amazon Founder Build The E-Commerce Giant We Know Today (benzinga) Photo Credit-Statista
[Zawgyi]
((ဘာတွေဖြစ်လာလဲ))
(ဓာတ်ပုံ-Statista)
(ဓာတ်ပုံ-Statista)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
၅ နှစ်အရွယ်ကတည်းက မိခင်၏ စွန့်ပစ်ခံရကာ အဘွားနှင့် နေထိုင်ခဲ့ရပြီး နာမည်ကျော်ကြားစပြုချိန်တွင် မိခင်က ဆက်သွယ်လာကာ သူ၏ အကြ
၅ နှစ်အရွယ်ကတည်းက မိခင်၏ စွန့်ပစ်ခံရကာ အဘွားနှင့် နေထိုင်ခဲ့ရပြီး နာမည်ကျော်ကြားစပြုချိန်တွင် မိခင်က ဆက်သွယ်လာကာ သူ၏ အကြ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
sales-gallery
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service