Spider-Man ရုပ်ရှင်ဇာတ်လမ်းတွဲတွင် ဗီလိန် Green Goblin နေထိုင်သောအိမ်အဖြစ် ထည့်သွင်းရိုက်ကူး ခဲ့သော နယူးယောက်မြို့မှ triplex ခန်း ကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Spider-Man ရုပ်ရှင်ဇာတ်လမ်းတွဲတွင် ဗီလိန် Green Goblin နေထိုင်သောအိမ်အဖြစ် ထည့်သွင်းရိုက်ကူး ခဲ့သော နယူးယောက်မြို့မှ triplex ခန်း ကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Sep 2024 11:16 am တွင် တင်ခဲ့သည်
335 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်၊ နယူးယောက်မြို့ မန်ဟက်တန်အရပ်ရှိ triplex ခန်း ပိုင်ရှင်သစ်ရှာဖွေနေသည်။

ရုပ်ရှင်ဒါရိုက်တာ Sam Raim ၏ ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများက နာမည်ကြီးခဲ့သော Spider-Man ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးပြီး ယခုအရောင်းဈေးကွက်တင်ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်းမျှသာ ဈေးခေါ်ထားကြောင်း StreetEasy အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အရောင်းကြော်ငြာတွင် ဖော်ပြသည်။

အပိုင်း ၃ ပိုင်း ရိုက်ကူးခဲ့သော Spider-Man ဇာတ်ကားအားလုံး (Spider-Man, Spider-Man 2 နှင့် Spider-Man 3) တို့တွင် ဗီလိန်အဖြစ် ပါဝင်ခဲ့သည့်ဇာတ်ကောင် Green Goblin နေထိုင်ရာနေရာအဖြစ် ယခု triplex ခန်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

Spider-Man ဇာတ်ကားများကို ၂၀၀၂ ၊ ၂၀၀၄ နှင့် ၂၀၀၇ ခုနှစ်တို့တွင် ရုံတင်ပြသခဲ့ပြီး စူပါဗီလိန်အဖြစ် Willem Dafoe ကလည်းကောင်း၊ Spider-Man အဖြစ် Tobey Maguire ကလည်းကောင်း ပါဝင် သရုပ်ဆောင်ခဲ့ကြသည်။

(ဤအခန်း၏ သီးသန့် အမိုးပေါ်လသာဆောင်။ ဓာတ်ပုံ-Yale Wagner)

(တစ်ခုတည်းသော အိပ်ခန်း။ ဓာတ်ပုံ-Yale Wagner)

ယခုအခန်းသည် ၂၀၂၁ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၇၅ သန်းဖြင့် ရောင်းထွက်ခဲ့သည်။

Windsor တာဝါဟု လူသိများသော 5 Tudor City Place အဆောက်အအုံ၏ အပေါ်ဆုံးတွင်ရှိသည်။

စတုရန်းပေ ၃၀၀ ကျယ်ဝန်းသော သီးသန့်အမိုးပေါ်လသာဆောင်၊ ၁၈ ပေ မြင့်မားသော မျက်နှာကြက်ရှိသည့် ခန်းမတစ်ခု၊ ၁၅ ပေရှိသည့် ပြတင်းများ၊ အိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်း ၁ ခန်း ပါဝင်သည်။

(မီးဖိုဆောင်။ ဓာတ်ပုံ-Yale Wagner)

(မီးဖိုဆောင်နှင့်ကပ်လျက် ညစာစားနေရာ၊ လက်ရှိအားဖြင့် Study room အဖြစ် အသုံးပြုထားသည်။ ဓာတ်ပုံ-Yale Wagner)

(အဆောက်အအုံရှိ အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ-Yale Wagner)

(Spider-Man ရုပ်ရှင်ထဲတွင် ဗီလိန် Green Goblin အဖြစ် Willem Dafoe သရုပ်ဆောင်ခဲ့ပုံ။ ဓာတ်ပုံ-Sony Pictures)

သံကြွပ်လက်ရန်းများ တပ်ဆင်ထားသည့် လှေကားမှာ အပေါ်ထပ်ဆီသို့ ဝေ့ဝိုက်တက်သွားသည်။

အပေါ်ထပ်တွင် ဓာတ်ငွေ့မီးဖိုတပ်ဆင်ထားသော မီးဖိုဆောင်ရှိပြီး ကပ်လျက်တွင် ညစာစားနေရာရှိသည်။

အဆိုပါ ၂ ခန်းလုံးမှတဆင့် အောက်ဘက်ရှိ ခန်းမဆီသို့ တွေ့မြင်ရသည်။

Triplex ခန်း၏ တစ်ခုတည်းသော အိပ်ခန်းမှာ ဒုတိယထပ်တွင်ရှိပြီး စိတ်ကြိုက်ပြုလုပ်ထားသော အဝတ်အစားထားသိုခန်း ၂ ခုအပြင် linen ဖြင့် ပြုလုပ်ထားသော ဗီရို ၂ ခုလည်းရှိသည်။

ရေချိုးခန်းကို စကျင်ကျောက်ပြားများဖြင့် မွမ်းမံထားသည်။

တတိယထပ်တွင်မူ အမိုးပေါ် လသာဆောင်နှင့် ပစ္စည်းသိုလှောင်ထားသိုရန် နေရာအချို့ရှိသည်။

အခန်းတည်ရှိသော အဆောက်အအုံမှာ သက်တမ်း ၉၅ နှစ်ရှိပြီဖြစ်သော အဆောက်အအုံဖြစ်ပြီး အချိန်ပြည့် လုံခြုံရေးတစ်ဦး၊ စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသော အားကစားခန်းမ၊ အဆောက်အအုံ မန်နေဂျာတစ်ဦး ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NYC home used as Green Goblin’s lair in ‘Spider-Man’ seeks $1.95M (nypost) Photo Credit- Yale Wagner, Sony Pictures

[Zawgyi]

Spider-Man ရုပ္ရွင္ဇာတ္လမ္းတြဲတြင္ ဗီလိန္ Green Goblin ေနထိုင္ေသာအိမ္အျဖစ္ ထည့္သြင္းရိုက္ကူး ခဲ့ေသာ နယူးေယာက္ျမိဳ႕မွ triplex ခန္း ကန္ေဒၚလာ ၁ ဒသမ ၉၅ သန္းမွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္၊ နယူးေယာက္ျမိဳ႕ မန္ဟက္တန္အရပ္ရွိ triplex ခန္း ပိုင္ရွင္သစ္ရွာေဖြေနသည္။

ရုပ္ရွင္ဒါရိုက္တာ Sam Raim ၏ ၂၀၀၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားက နာမည္ၾကီးခဲ့ေသာ Spider-Man ရုပ္ရွင္ဇာတ္လမ္းတြဲမ်ားတြင္ ထည့္သြင္းရိုက္ကူးခဲ့ဖူးျပီး ယခုအေရာင္းေစ်းကြက္တင္ရာတြင္ ကန္ေဒၚလာ ၁ ဒသမ ၉၅ သန္းမွ်သာ ေစ်းေခၚထားေၾကာင္း StreetEasy အိမ္ျခံေျမဝက္ဘ္ဆိုက္၏ အေရာင္းေၾကာ္ျငာတြင္ ေဖာ္ျပသည္။

အပိုင္း ၃ ပိုင္း ရိုက္ကူးခဲ့ေသာ Spider-Man ဇာတ္ကားအားလံုး (Spider-Man, Spider-Man 2 ႏွင့္ Spider-Man 3) တို႔တြင္ ဗီလိန္အျဖစ္ ပါဝင္ခဲ့သည့္ဇာတ္ေကာင္ Green Goblin ေနထုိင္ရာေနရာအျဖစ္ ယခု triplex ခန္းကို အသံုးျပဳခဲ့ျခင္း ျဖစ္သည္။

Spider-Man ဇာတ္ကားမ်ားကို ၂၀၀၂ ၊ ၂၀၀၄ ႏွင့္ ၂၀၀၇ ခုႏွစ္တို႔တြင္ ရံုတင္ျပသခဲ့ျပီး စူပါဗီလိန္အျဖစ္ Willem Dafoe ကလည္းေကာင္း၊ Spider-Man အျဖစ္ Tobey Maguire ကလည္းေကာင္း ပါဝင္ သရုပ္ေဆာင္ခဲ့ၾကသည္။

(ဤအခန္း၏ သီးသန္႔ အမိုးေပၚလသာေဆာင္။ ဓာတ္ပံု-Yale Wagner)

(တစ္ခုတည္းေသာ အိပ္ခန္း။ ဓာတ္ပံု-Yale Wagner)

ယခုအခန္းသည္ ၂၀၂၁ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၁ ဒသမ ၉၉ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးျပီး ၂၀၂၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၇၅ သန္းျဖင့္ ေရာင္းထြက္ခဲ့သည္။

Windsor တာဝါဟု လူသိမ်ားေသာ 5 Tudor City Place အေဆာက္အအံု၏ အေပၚဆံုးတြင္ရွိသည္။

စတုရန္းေပ ၃၀၀ က်ယ္ဝန္းေသာ သီးသန္႔အမိုးေပၚလသာေဆာင္၊ ၁၈ ေပ ျမင့္မားေသာ မ်က္ႏွာၾကက္ရွိသည့္ ခန္းမတစ္ခု၊ ၁၅ ေပရွိသည့္ ျပတင္းမ်ား၊ အိပ္ခန္း ၁ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္း ပါဝင္သည္။

(မီးဖိုေဆာင္။ ဓာတ္ပံု-Yale Wagner)

(မီးဖုိေဆာင္ႏွင့္ကပ္လ်က္ ညစာစားေနရာ၊ လက္ရွိအားျဖင့္ Study room အျဖစ္ အသံုးျပဳထားသည္။ ဓာတ္ပံု-Yale Wagner)

(အေဆာက္အအံုရွိ အားကစားေလ့က်င့္ခန္းမ။ ဓာတ္ပံု-Yale Wagner)

(Spider-Man ရုပ္ရွင္ထဲတြင္ ဗီလိန္ Green Goblin အျဖစ္ Willem Dafoe သရုပ္ေဆာင္ခဲ့ပံု။ ဓာတ္ပံု-Sony Pictures)

သံၾကြပ္လက္ရန္းမ်ား တပ္ဆင္ထားသည့္ ေလွကားမွာ အေပၚထပ္ဆီသို႔ ေဝ့ဝုိက္တက္သြားသည္။

အေပၚထပ္တြင္ ဓာတ္ေငြ႔မီးဖိုတပ္ဆင္ထားေသာ မီးဖိုေဆာင္ရွိျပီး ကပ္လ်က္တြင္ ညစာစားေနရာရွိသည္။

အဆိုပါ ၂ ခန္းလံုးမွတဆင့္ ေအာက္ဘက္ရွိ ခန္းမဆီသို႔ ေတြ႔ျမင္ရသည္။

Triplex ခန္း၏ တစ္ခုတည္းေသာ အိပ္ခန္းမွာ ဒုတိယထပ္တြင္ရွိျပီး စိတ္ၾကိဳက္ျပဳလုပ္ထားေသာ အဝတ္အစားထားသိုခန္း ၂ ခုအျပင္ linen ျဖင့္ ျပဳလုပ္ထားေသာ ဗီရို ၂ ခုလည္းရွိသည္။

ေရခ်ဳိးခန္းကို စက်င္ေက်ာက္ျပားမ်ားျဖင့္ မြမ္းမံထားသည္။

တတိယထပ္တြင္မူ အမိုးေပၚ လသာေဆာင္ႏွင့္ ပစၥည္းသိုေလွာင္ထားသိုရန္ ေနရာအခ်ဳိ႕ရွိသည္။

အခန္းတည္ရွိေသာ အေဆာက္အအံုမွာ သက္တမ္း ၉၅ ႏွစ္ရွိျပီျဖစ္ေသာ အေဆာက္အအံုျဖစ္ျပီး အခ်ိန္ျပည့္ လံုျခံဳေရးတစ္ဦး၊ စတုရန္းေပ ၂၀၀၀ က်ယ္ဝန္းေသာ အားကစားခန္းမ၊ အေဆာက္အအံု မန္ေနဂ်ာတစ္ဦး ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: NYC home used as Green Goblin’s lair in ‘Spider-Man’ seeks $1.95M (nypost) Photo Credit- Yale Wagner, Sony Pictures

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service