ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
● AI နည်းပညာကြောင့် Oracle ၏ ရှယ်ယာဈေးများ ထိုးတက်နေ ● Oracle တည်ထောင်သူ လယ်ရီ အယ်လစ်ဆင်၏ ကြွယ်ဝမှုမှာလည်း တဟုန်တိုး မြင့်တက် ● အယ်လစ်ဆင်က သားဖြစ်သူ ဒေးဗစ်အတွက် Paramount ကုမ္ပဏီ ဝယ်ယူပေး
Oracle ၏ ရှယ်ယာဈေးများ အလွန်ထောင်တက်နေသည်။
စီးပွားရေးလုပ်ငန်းသုံးဆော့ဖ်ဝဲကုမ္ပဏီ Oracle ၏ ရှယ်ယာဈေးမှာ တနင်္လာနေ့က ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်အတွင်း ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
Oracle ၏ အောင်မြင်မှုမှာ AI နည်းပညာ ထွန်းကားလာမှုနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။
Google ကဲ့သို့ ကုမ္ပဏီများ AI နည်းပညာတွင် ငွေမည်သို့ သုံးစွဲနေသည်ကို ရင်းနှီးမြှုပ်နှံသူများ သိလိုနေကြသည်။
Oracle က Cloud နှင့် Database အတွက် ငွေသုံးစွဲမှုများကို ရင်းနှီးမြှုပ်နှံသူများ စိတ်လှုပ်ရှားနေကြသည်။
အများစုအတွက်မူ ထိုအချက်အလက်တို့မှာ မည်သို့မျှ စိတ်ဝင်စားဖွယ်မဟုတ်။
လုပ်ငန်းသုံး ဆော့ဖ်ဝဲ၊ AI အသုံးစရိတ်တို့ကို လူအများစု စိတ်မဝင်စား။
Oracle ၏ ရှယ်ယာဈေးများ မြင့်တက်မှုကြောင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ လယ်ရီ အယ်လစ်ဆင်၏ ကြွယ်ဝမှုမှာ ပိုမိုမြင့်တက်လာသည်။
လယ်ရီ အယ်လစ်ဆင်သည် Oracle ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး ကုမ္ပဏီ၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
ယခင်က အယ်လစ်ဆင်၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၈၀ ဘီလီယံသာ ရှိခဲ့ရာမှ လွန်ခဲ့သော ၂ နှစ်အတွင်း ကန်ဒေါ်လာ ၁၈၁ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။
AI အသုံးစရိတ်အကြောင်း စိတ်မဝင်စားသူများအတွက် သတင်းမီဒီယာနှင့် ဟောလိဝုဒ်တို့အကြောင်း သတင်းတစ်ရပ် ရှိနေသည်။
အယ်လစ်ဆင်က သားဖြစ်သူ ဒေးဗစ်အတွက် Paramount ရုပ်ရှင်နှင့် ရုပ်သံကုမ္ပဏီကို ဝယ်ယူပေးရန် စီစဉ်နေသည်။
အယ်လစ်ဆင်သည် Paramount ကို ဝယ်ယူနိုင်မည့် လုံလောက်သော ငွေပမာဏကို တစ်ပတ်အတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။
တနည်းဆိုရလျှင် တစ်ပတ်တာအတွင်း Paramount ကို ဝယ်ယူနိုင်မည့် ငွေပမာဏ ပိုမိုချမ်းသာလာခြင်း ဖြစ်သည်။
လယ်ရီ အယ်လစ်ဆင်နှင့် private equity ကုမ္ပဏီ RedBird Capital တို့က Paramount ရုပ်ရှင်ကုမ္ပဏီကို ရှုပ်ထွေးသော transaction ဖြင့် ဝယ်ယူရန် စီစဉ်နေသည်။
ဈေးနှုန်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံဖြင့် ဖြစ်သည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း လယ်ရီ အယ်လစ်ဆင်သည် ကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ ပိုမိုချမ်းသာလာခဲ့ပြီး Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်နေရာသို့ ခေတ္တရောက်ရှိခဲ့သေးသည်။
အရောင်းအဝယ် အပြီးသတ်ခဲ့ပါက အယ်လစ်ဆင်သည် အကျပ်ဆိုက်နေသော ဟောလိဝုဒ် စတူဒီယိုနှင့် ရုပ်သံကုမ္ပဏီ Paramount ၏ ရှယ်ယာ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်လာမည် ဖြစ်သည်။
သူ၏ Paramount တွင် ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၆ ဘီလီယံ ဝန်းကျင်ခန့် ရှိန်ိုင်ကြောင်း ခန့်မှန်းကြသည်။
ပြီးခဲ့သော တနင်္လာနေ့က Oracle ၏ ရှယ်ယာဈေး ၅ ရာခိုင်နှုန်း မြင့်တက်မှုကြောင့် အယ်လစ်ဆင်မှာ ကန်ဒေါ်လာ ၇ ဘီလီယံမှ ၈ ဘီလီယံကြား ပိုမိုကြွယ်ဝလာခဲ့ရာ Paramount ကို ဝယ်ရန် ကန်ဒေါ်လာ ၆ ဘီလီယံအပြင် ၁ ဘီလီယံခန့် ပိုနေဦးမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: It took Larry Ellison just a single day to make enough money to buy Paramount (businessinsider)
[Zawgyi]
သားအတြက္ Paramount ကုမၸဏီ ဝယ္ေပးရန္ လိုအပ္ေသာေငြကို ဘီလ်ံနာသူေဌးၾကီး လယ္ရီ အယ္လစ္ဆင္ တစ္ရက္အတြင္း ရရွိ
● AI နည္းပညာေၾကာင့္ Oracle ၏ ရွယ္ယာေစ်းမ်ား ထိုးတက္ေန ● Oracle တည္ေထာင္သူ လယ္ရီ အယ္လစ္ဆင္၏ ၾကြယ္ဝမႈမွာလည္း တဟုန္တိုး ျမင့္တက္ ● အယ္လစ္ဆင္က သားျဖစ္သူ ေဒးဗစ္အတြက္ Paramount ကုမၸဏီ ဝယ္ယူေပး
Oracle ၏ ရွယ္ယာေစ်းမ်ား အလြန္ေထာင္တက္ေနသည္။
စီးပြားေရးလုပ္ငန္းသံုးေဆာ့ဖ္ဝဲကုမၸဏီ Oracle ၏ ရွယ္ယာေစ်းမွာ တနလၤာေန႔က ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျပီး ယခုႏွစ္အတြင္း ၆၄ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာသည္။
Oracle ၏ ေအာင္ျမင္မႈမွာ AI နည္းပညာ ထြန္းကားလာမႈႏွင့္ တိုက္ရိုက္ဆက္ႏႊယ္ေနသည္။
Google ကဲ့သို႔ ကုမၸဏီမ်ား AI နည္းပညာတြင္ ေငြမည္သို႔ သံုးစြဲေနသည္ကို ရင္းႏွီးျမွဳပ္ႏွံသူမ်ား သိလိုေနၾကသည္။
Oracle က Cloud ႏွင့္ Database အတြက္ ေငြသံုးစြဲမႈမ်ားကို ရင္းႏွီးျမွဳပ္ႏွံသူမ်ား စိတ္လႈပ္ရွားေနၾကသည္။
အမ်ားစုအတြက္မူ ထိုအခ်က္အလက္တို႔မွာ မည္သို႔မွ် စိတ္ဝင္စားဖြယ္မဟုတ္။
လုပ္ငန္းသံုး ေဆာ့ဖ္ဝဲ၊ AI အသံုးစရိတ္တို႔ကို လူအမ်ားစု စိတ္မဝင္စား။
Oracle ၏ ရွယ္ယာေစ်းမ်ား ျမင့္တက္မႈေၾကာင့္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ လယ္ရီ အယ္လစ္ဆင္၏ ၾကြယ္ဝမႈမွာ ပိုမိုျမင့္တက္လာသည္။
လယ္ရီ အယ္လစ္ဆင္သည္ Oracle ကို ပူးတြဲတည္ေထာင္ခဲ့သူျဖစ္ျပီး ကုမၸဏီ၏ ရွယ္ယာ ၄၀ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားသည္။
ယခင္က အယ္လစ္ဆင္၏ ၾကြယ္ဝမႈ ကန္ေဒၚလာ ၈၀ ဘီလီယံသာ ရွိခဲ့ရာမွ လြန္ခဲ့ေသာ ၂ ႏွစ္အတြင္း ကန္ေဒၚလာ ၁၈၁ ဘီလီယံအထိ ျမင့္တက္လာခဲ့သည္။
AI အသံုးစရိတ္အေၾကာင္း စိတ္မဝင္စားသူမ်ားအတြက္ သတင္းမီဒီယာႏွင့္ ေဟာလိဝုဒ္တို႔အေၾကာင္း သတင္းတစ္ရပ္ ရွိေနသည္။
အယ္လစ္ဆင္က သားျဖစ္သူ ေဒးဗစ္အတြက္ Paramount ရုပ္ရွင္ႏွင့္ ရုပ္သံကုမၸဏီကို ဝယ္ယူေပးရန္ စီစဥ္ေနသည္။
အယ္လစ္ဆင္သည္ Paramount ကို ဝယ္ယူႏိုင္မည့္ လံုေလာက္ေသာ ေငြပမာဏကို တစ္ပတ္အတြင္း ရရွိခဲ့ျခင္း ျဖစ္သည္။
တနည္းဆိုရလွ်င္ တစ္ပတ္တာအတြင္း Paramount ကို ဝယ္ယူႏိုင္မည့္ ေငြပမာဏ ပိုမိုခ်မ္းသာလာျခင္း ျဖစ္သည္။
လယ္ရီ အယ္လစ္ဆင္ႏွင့္ private equity ကုမၸဏီ RedBird Capital တို႔က Paramount ရုပ္ရွင္ကုမၸဏီကို ရႈပ္ေထြးေသာ transaction ျဖင့္ ဝယ္ယူရန္ စီစဥ္ေနသည္။
ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၈ ဒသမ ၄ ဘီလီယံျဖင့္ ျဖစ္သည္။
ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း လယ္ရီ အယ္လစ္ဆင္သည္ ကန္ေဒၚလာ ၈ ဒသမ ၁ ဘီလီယံ ပိုမိုခ်မ္းသာလာခဲ့ျပီး Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္ကို ျဖတ္ေက်ာ္ကာ ကမၻာ့ဒုတိယအခ်မ္းသာဆံုး ပုဂၢိဳလ္ေနရာသို႔ ေခတၱေရာက္ရွိခဲ့ေသးသည္။
အေရာင္းအဝယ္ အျပီးသတ္ခဲ့ပါက အယ္လစ္ဆင္သည္ အက်ပ္ဆိုက္ေနေသာ ေဟာလိဝုဒ္ စတူဒီယိုႏွင့္ ရုပ္သံကုမၸဏီ Paramount ၏ ရွယ္ယာ ၇၇ ဒသမ ၅ ရာခိုင္ႏႈန္း ပိုင္ဆိုင္လာမည္ ျဖစ္သည္။
သူ၏ Paramount တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမွာ ကန္ေဒၚလာ ၆ ဘီလီယံ ဝန္းက်င္ခန္႔ ရွိႏို္င္ေၾကာင္း ခန္႔မွန္းၾကသည္။
ျပီးခဲ့ေသာ တနလၤာေန႔က Oracle ၏ ရွယ္ယာေစ်း ၅ ရာခိုင္ႏႈန္း ျမင့္တက္မႈေၾကာင့္ အယ္လစ္ဆင္မွာ ကန္ေဒၚလာ ၇ ဘီလီယံမွ ၈ ဘီလီယံၾကား ပုိမိုၾကြယ္ဝလာခဲ့ရာ Paramount ကို ဝယ္ရန္ ကန္ေဒၚလာ ၆ ဘီလီယံအျပင္ ၁ ဘီလီယံခန္႔ ပိုေနဦးမည္ ျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: It took Larry Ellison just a single day to make enough money to buy Paramount (businessinsider)